Lily gift shop

Lily gift shop Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Lily gift shop, Gift Shop, Sagaing.

တစ်ချိန်က လူငယ် တစ်ယောက်ရဲ့ အိပ်မက်လေးတွေ ခုတော့ ကျိုးကြေ . . . .
28/03/2024

တစ်ချိန်က လူငယ် တစ်ယောက်ရဲ့ အိပ်မက်လေးတွေ ခုတော့ ကျိုးကြေ . . . .

  ( Attack on Titan )Gelgar ဟာ AOT  ထဲ က မထင်မရှား character တစ်ယောက်ပါ သူဟာ Titan တွေ နိမ်နှင်းရတဲ့ Levi's squad အဖွဲ့ဝ...
28/03/2024

( Attack on Titan )

Gelgar ဟာ AOT ထဲ က မထင်မရှား character တစ်ယောက်ပါ
သူဟာ Titan တွေ နိမ်နှင်းရတဲ့ Levi's squad အဖွဲ့ဝင်တစ်ယောက်ဖြစ်တယ်
တစ်နေ့ သူဟာ မြို့ပြင်ကို mission တစ်ခုအတွက် တာဝန်ကျတယ်
ညဘက်မှာ သူ့ ဂျူနီယာ အဖွဲ့ဝင်တွေကို ကာကွယ်ပြီး Titan အင်အား အများအပြားကို သတ်ဖြတ်ရင်း ကျဆုံးသွားတယ်
သူ မသေခင်မှာ သူ သောက်ချင်ခဲ့တဲ့ အရက်တောင် သူမသောက်သွား ရပါဘူး
Aotကြည့်သူတိုင်း ဒီအခန်းကို မှတ်မိကြမှာပါ
ကြည့်တုန်းကတော့ ကျွန်တော်တို့ဟာသအဖြစ်ရယ်ခဲ့ကြတယ် ဒီကောင့်ဘဝကလဲ သနားစရာပါလို့ တွေးမိပေမယ့် သနားစရာ ဟာသ ဖြစ်ခဲ့တယ်
ခုတော့ အဲ့ဒီအခြေနေတွေကို ကျွန်တော်တို့ အသက်ကြီးလာတာနဲ့ အလိုက် အရွယ်ရောက်လာတာနဲ့အမျှ နားလည်လာကြပြီ အဲ့အခြေနေကိုလဲ ရောက်လာကြပြီ Gelgar ဟာ ကိုယ့်ဘဝရဲ့ နောက်ဆုံး အချိန်မှာတောင် သူ့ရဲ့ နောက်ဆုံးဆန္ဒလေးကို ပြည့်မသွားရပါဘူး
သူဟာ ‌နောက်ဆုံးအချိန်ရောက်နေတာတောင် အရက်ကို သတိ ရမိပါတယ်
စာဖတ်နေသူရော နောက်ဆုံးအချိန်မှာ ဘာလုပ်မိမယ်လို့ ထင်ပါသလဲ ??
AOT ထဲက ဘဝ ဇာတ်ကောင်တိုင်းမှာ အမျိုးမျိုး ဇာတ်လမ်းဆုံးသွားကြပါတယ်
သေမယ်ဆိုတာ သိနေတာတောင် ကိုယ့်အသက်ရဲ့ အရေးကြီးဆူံးအချိန်ရောက်နေတာတောင်

ကိုယ်မှန်တယ်ထင်တာကို ဆက်လုပ်သွားသူ

ကိုယ်ချစ်တဲ့သူတွေကို တမ်းတ သွားသူ

အရေးကြီးနေတောင် မိမိကိုယ် ဂရုမစိုက်နိုင်အောင် မိသားစုအတွက် အလုပ်လုပ်သွားသူ

အနာဂတ်အတွက် ပေးဆပ်သွားသူ အများကြီးပါ

သင်ရော ဘယ်လိုမျိုးထဲ ပါပါ သလဲ ?

ကျွန်တော်တော့ Gelgar အဖြစ်ကို ပြန်ကြည့်မိတာ အရင်လို မရယ်မိတော့ပါ။

မင်းကတော့ တစ်ရက်လောက် ပစ်ထားလိုက်တာငါ့မှာတော့ နာရီတွေကျော်ဖြတ်ရတာ အတွေးပေါင်းများစွာနဲ့ ဝမ်းနည်းပက်လက် မိုးလင်းရင် မင်းမ...
30/01/2024

မင်းကတော့ တစ်ရက်လောက် ပစ်ထားလိုက်တာ

ငါ့မှာတော့ နာရီတွေကျော်ဖြတ်ရတာ အတွေးပေါင်းများစွာနဲ့ ဝမ်းနည်းပက်လက်

မိုးလင်းရင် မင်းမရှိဘူး ဆိုတဲ့ အတွေးက အခါခါသတ်

အလုပ်မှာလဲ စိတ်မပါ ရင်ထဲကော ‌၊ အတွေးထဲ ကော မင်း နေရာ ယူ

အပေါင်းသင်းတွေနဲ့ဝိုင်းနေလဲ lonely ဖြစ်တဲ့ ခံစားချက်

အရာအားလုံးဟာ ကိုယ်ကလွဲ လို့ ကာလာစုံ ၊ ကိုယ်ကတော့ အဖြူ၊အမဲ

ညဘက်ဆို မင်း ထားသွားပြီဆိုတဲ့အတွေးနဲ့ အရူးမီးဝိုင်း

လောက ကြီး မှောက်ခုံ လှန်တယ်ဆိုတာ ကိုယ်တိုင်ကြုံမှ သိရတာပါ

ကျွန်တော် နှင့် နေကြာပန်း ကြိုက်သော သူမ မြို့ပြ မှာ တက္ကသိုလ် တက်ပြီး ကျောင်းပိတ်ရက် နယ်မြို့လေး သို့ ပြန်လာ ချိန် . . ....
30/01/2024

ကျွန်တော် နှင့် နေကြာပန်း ကြိုက်သော သူမ

မြို့ပြ မှာ တက္ကသိုလ် တက်ပြီး ကျောင်းပိတ်ရက် နယ်မြို့လေး သို့ ပြန်လာ ချိန် . . . .

လေပြေလေး တစ်ဖြတ် မှာ လေယူရာ ယိမ်းနေတဲ့ နေကြာပန်းတွေ . . .

ဖြည်းဖြည်းချင်း ရွေ့ နေတဲ့ တိမ်‌စိုင် . . .

လတ်ဆတ်တဲ့ နယ်မြို့ရဲ့ လေပြေ. . .

နေကြာခင်း ထဲ ပြေးဆော့နေကြတဲ့ ကလေးတွေ . .

ရယ်မောသံတွေ . . .

‌ဪ ... လေယူရာ ယိမ်းနေတဲ့ နေရောင်ချည်လေးကြားက နေကြာပန်းလေးတွေကို သူမ ကိုလဲ မြင်စေချင်သည်။

ခုတော့ သူမ ထွက်သွားသည်မှာ ၂နှစ်နဲ့ ၁၆ ရက် ရှိခဲ့ပြီ။

မျှော်လင့်နေခဲ့သော တစ်စုံတစ်ယောက် ဆီမှ စာ တစ်စောင် .........
30/01/2024

မျှော်လင့်နေခဲ့သော တစ်စုံတစ်ယောက် ဆီမှ စာ တစ်စောင် .........

မင်းရဲ့အသံလေးက ဒီလူ အတွက်တော့ အကောင်းဆုံးသော ဆေးမင်းရဲ့ အသံလေး ကြားလိုက်ရင် ခေါင်းထဲ ရှုပ်နေတာတွေ ရှင်းသွားတယ် လေးလံနေတာ...
08/12/2023

မင်းရဲ့အသံလေးက ဒီလူ အတွက်တော့ အကောင်းဆုံးသော ဆေး

မင်းရဲ့ အသံလေး ကြားလိုက်ရင်

ခေါင်းထဲ ရှုပ်နေတာတွေ ရှင်းသွားတယ်

လေးလံနေတာတွေ ပေါ့ သွားတယ်

ပူပန်နေတာတွေ ငြိမ်းအေး သွားတယ်

တိုနေတဲ့စိတ်တွေ မင်းမှာ အပြစ်ဆိုတာ မမြင်မိတော့အောင် ပျော် ကျ သွားတယ်

မင်းရဲ့ အသံလေးက ဒီလူတစ်ယောက်ကိုတော့ အဆိုးတွေကနေ ကောင်းအောင် ကုစား နိုင်တယ်

မင်းရဲ့အသံလေးကြားလိုက်ရရင် လောက ကြီး ပြောင်းပြန်လှန်တယ် ဆိုတာ မျိုး.......

ထိုလောက် အထိ မင်းအသံလေးကို စွဲလမ်း ပါကြောင်း..........

မင်း လဲ တိမ် တွေ လို မကြာခင် ပျောက်ကွယ် သွားဦးမယ် . . . .
08/12/2023

မင်း လဲ တိမ် တွေ လို မကြာခင် ပျောက်ကွယ် သွားဦးမယ် . . . .

ငါ့ မှာ အကြောက်တရား တစ်ခု ရှိတယ် Eren ...နင့်ကို ဆုံးရှုံးရမှာက ငါ့ကို အချိန်တိုင်း စိုးမိုးနေခဲ့တဲ့ အရာပဲ ........
23/11/2023

ငါ့ မှာ အကြောက်တရား တစ်ခု ရှိတယ် Eren ...

နင့်ကို ဆုံးရှုံးရမှာက ငါ့ကို အချိန်တိုင်း စိုးမိုးနေခဲ့တဲ့ အရာပဲ ........

Address

Sagaing

Website

Alerts

Be the first to know and let us send you an email when Lily gift shop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category