Books of Guide M.m

Books of Guide M.m Thaw Ta

"လောကမှာ ဂုဏ်သရေ သိက္ခာရှိပါတယ်ဆိုတဲ့ လူတွေဟာ မမြင်ကွယ်ရာမှာ ဒီလိုပဲ ဖောက်ပြန်နေတတ်ကြတာပဲလား မရွှေ""အပြင် လူ ဟုတ်လားဒီစက...
29/02/2024

"လောကမှာ ဂုဏ်သရေ သိက္ခာရှိပါတယ်ဆိုတဲ့ လူတွေဟာ
မမြင်ကွယ်ရာမှာ ဒီလိုပဲ ဖောက်ပြန်နေတတ်ကြတာပဲလား မရွှေ"

"အပြင် လူ ဟုတ်လား
ဒီစကားကို ငြိမ်းသဘောကျသွားပြီ
ငြိမ်လည်း အပြင်လူပဲ
ဒီအိမ်ထည်းမှာ ငြိမ်းမြင်သမျှ ကြားသမျှတွေကို ပွဲကြည့်ပရိတ်သတ်တယောက် ထိုင်ကြည့်နေရတာက လွဲလို့ ငြိမ်းဘာများ တတ်နိုင်လို့လည်း "တဲ့

ရောဂါသည်လေး ငြိမ်းရဲ့
ဘဝဖြတ်သန်းပုံနဲ့ စိတ်ခံစားချက်တွေဟာ ဒီကာလမှာ ကိုယ်တွေရဲ့ စိတ်ခံစားချက်တွေနဲ့တောင် တူညီလိုက်တာလို့ ခံစားရစေပါတယ် ၊

လူတွေရဲ့ လောဘ ဒေါသ မောဟတွေ ဖောက်ပြန်ကြပုံတွေကို အကုန်သိနေတဲ့ ရောဂါသည်မလေး အကြောင်းကို ရေးပြထားတဲ့ ဆရာမ မိုးမိုး (အင်းလျား)ရဲ့စာအုပ်လေးပဲ ဖြစ်ပါတယ် ။

ဘယ်စာအုပ်ဖတ်ရမလဲ တွေးနေရင် ဒီစာအုပ်လေးကို ဖတ်ကြည့်လို့ ပြောချင်ပါတယ် ။

Books of Guide M.m

ဆရာမ ဂျူးရဲ့ ပင်လယ်နှင့် တူသောမိန်းမများ စာအုပ်လေးဖတ်ပြီးတော့ရဲရင့်ပြတ်သားပြီး ဦးတည်ချက် တခုထဲကိုပဲသေသည်တိုင် ဆုပ်ကိုင်သ...
24/02/2024

ဆရာမ ဂျူးရဲ့ ပင်လယ်နှင့် တူသောမိန်းမများ စာအုပ်လေးဖတ်ပြီးတော့

ရဲရင့်ပြတ်သားပြီး ဦးတည်ချက် တခုထဲကိုပဲ
သေသည်တိုင် ဆုပ်ကိုင်သွားနိုင်သော မမ အိမ်စိုးမေ သာ
အခုအချိန်ထိများ အသက်ရှင်နေရင် လို့ တွေးကြည့်မိသည်ထိ

အင်္ဂလိပ်ခေတ် ဂျပန်ခေတ် တွေကနေ
အခြေခံပြီး ရေးထားတာမို့
တချို့ အကြောင်းအရာတွေက
လက်ရှိ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို ရေးထားတာလားလို့တောင် ထင်ရလောက်အောင်

ဒီကာလမှာ ဒီစာအုပ်လေးဟာ ဖတ်ကို ဖတ်ကြည့်သင့်တဲ့ထဲမှာ ပါတယ် ။

@..
Books of Guide M.m

21/02/2024

စာအုပ်ကောင်းတာလေးတွေ ဖတ်ရရင် သူများကိုလည်း ဖတ်စေချင်တာ ။

Address

Salin

Website

Alerts

Be the first to know and let us send you an email when Books of Guide M.m posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category