P is for Psychology

P is for Psychology 🔱 Psychology နဲ့ပက်သက်ပြီး လေ့လာထားသမျှ မျှဝေပေးမဲ့ Pageလေးပါ၊ စိတ်ပညာ စာအုပ်တွေလည်း မှာလို့ရပါတယ်။

လူတစ်ယောက်ရဲ့ စိတ်ထဲမှာ ကိုယ့်စကား ပိုအရေးပါစေမဲ့  'Name Calling Technique'တစ်ယောက်ယောက်နဲ့ စကားပြောတဲ့အခါ သူတို့ရဲ့ အာရ...
15/09/2026

လူတစ်ယောက်ရဲ့ စိတ်ထဲမှာ ကိုယ့်စကား ပိုအရေးပါစေမဲ့ 'Name Calling Technique'

တစ်ယောက်ယောက်နဲ့ စကားပြောတဲ့အခါ သူတို့ရဲ့ အာရုံစိုက်မှုကို ရချင်လို့ပဲဖြစ်ဖြစ်၊ ကိုယ့်ကို ပိုပြီး ရင်းနှီးခင်မင်သွားစေချင်လို့ပဲဖြစ်ဖြစ် သုံးလို့ရတဲ့ စိတ်ပညာဆိုင်ရာ နည်းလမ်းလေးတစ်ခု ရှိပါတယ်။

အဲ့ဒါကတော့ 'Name Calling Technique' လို့ ခေါ်တဲ့ စကားပြောဆိုမှု စိတ်ပညာ နည်းလမ်းလေးပါပဲ။
ဘယ်လို သုံးရမလဲဆိုရင် -
* မေးခွန်းမေးတဲ့အခါ - "မနက်ဖြန် အားလား" လို့ ရိုးရိုးမေးမယ့်အစား "ကိုအောင်... မနက်ဖြန် အားလား" ဆိုပြီး နာမည်လေး ရှေ့က တပ်ခေါ်လိုက်ပါ။
* စကားပြောဆိုတဲ့အခါ - "ကျေးဇူးပါပဲ" လို့ ပြောမယ့်အစား "ကျေးဇူးပါနော် မဆု" ဆိုပြီး နာမည်လေး ထည့်ပြောပေးလိုက်ပါ။

ဒီနည်းလမ်းက စိတ်ပညာအရ ဘာကြောင့် အလုပ်လုပ်တာလဲ?

စိတ်ပညာရှင် Dale Carnegie ရဲ့ လေ့လာချက်အရ လူတစ်ယောက်အတွက် ကမ္ဘာပေါ်မှာ အသာယာဆုံးနဲ့ အရေးအကြီးဆုံး အသံဟာ "မိမိရဲ့ နာမည်" ပဲ ဖြစ်ပါတယ်။ ( ငယ်ငယ်က နာမည်အရင်းကို ဆူခံရခံနီးတိုင်း အော်ခေါ်ခံရဖူးတယ်ဟုတ်)

စကားပြောရင်း တစ်ဖက်လူရဲ့ နာမည်ကို ထည့်ခေါ်ပေးလိုက်တဲ့အခါ -
* အာရုံစိုက်မှု ရရှိခြင်း - တစ်ဖက်လူရဲ့ ဦးနှောက်က မသိစိတ်ကနေ ချက်ချင်း အာရုံပြန်စိုက်လာအောင် လှုံ့ဆော်ပေးပါတယ်။
* တန်ဖိုးထားခံရသလို ခံစားရခြင်း - "ဒီလူ ငါ့ကို တကယ် အလေးထားပြီး သတိရနေတာပဲ" ဆိုတဲ့ မသိစိတ် ခံစားချက်ကို ရရှိစေပါတယ်။
* ရင်းနှီးမှု ပိုမြန်စေခြင်း - သာမန် စကားပြောတာထက် သူစိမ်းဆန်တဲ့ခံစားချက်ကို လျှင်မြန်စွာ လျှော့ချပေးပြီး ယုံကြည်မှုကို တည်ဆောက်ပေးပါတယ်။

နောက်တစ်ခါ သူငယ်ချင်းတွေ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ စကားပြောတဲ့အခါ စကားပြောရင်း သူတို့ရဲ့ နာမည်လေးတွေကို မသိမသာ ထည့်ခေါ်ကြည့်လိုက်ပါနော်။

စိတ်ပညာသမိုင်း၏ အစ - အပိုင်း ၁ဒဿနိကဗေဒရဲ့ လက်အောက် ဘာသာရပ်လေးကနေ စိတ်ပညာအဖြစ် ဘယ်လိုပြောင်းလဲလာခဲ့သလဲ။ ကျွန်မတို့နေ့စဉ် ...
13/09/2026

စိတ်ပညာသမိုင်း၏ အစ - အပိုင်း ၁
ဒဿနိကဗေဒရဲ့ လက်အောက် ဘာသာရပ်လေးကနေ စိတ်ပညာအဖြစ် ဘယ်လိုပြောင်းလဲလာခဲ့သလဲ။

ကျွန်မတို့နေ့စဉ် ကြုံတွေ့နေရသည့် စိတ်ခံစားချက်များ၊ အပြုအမူများကို သိပ္ပံနည်းကျ လေ့လာသည့် "စိတ်ပညာ" (Psychology) ဆိုတာ ဘယ်လိုအခြေအနေကနေ စတင်လာခဲ့သလဲဆိုတာ စိတ်ဝင်စားစရာ ဖြစ်ပါတယ်။

📜 ဒဿနိကဗေဒမှသည် သိပ္ပံဘာသာရပ်ဆီသို့

ရှေးယခင်က စိတ်ပညာဆိုသည်မှာ သီးခြားဘာသာရပ် မဟုတ်ဘဲ ဒဿနိကဗေဒ (Philosophy) ရဲ့ လက်အောက်မှာပဲ ရှိခဲ့တာပါ။ စိတ်ဆိုတာ ဘာလဲ၊ အသိဉာဏ်ဆိုတာ ဘာလဲဆိုတာကို တွေးခေါ်မှုများဖြင့်သာ အဖြေရှာခဲ့ကြပါတယ်။

🔬 ဇီဝကမ္မဗေဒ (Physiology) ရဲ့ အခန်းကဏ္ဍ ၁၉ ရာစုမှာတော့ ပညာရှင်များဟာ စိတ်ကို တွေးဆရုံဖြင့် မပြီးဘဲ လက်တွေ့ တိုင်းတာစမ်းသပ်ချင်လာကြပါတယ်။ ဒီနေရာမှာ အဓိက တံတားထိုးပေးလိုက်တာကတော့ ဇီဝကမ္မဗေဒ (Physiology) ပါပဲ။ ဦးနှောက်၊ အာရုံကြောစနစ် (Nerves) နဲ့ ခန္ဓာကိုယ်ရဲ့ တုံ့ပြန်မှုများကို ဓာတ်ခွဲခန်းထဲမှာ စမ်းသပ်လေ့လာရင်းမှ "စိတ်ပညာ" ဟာ ဒဿနိကဗေဒမှ ခွဲထွက်ပြီး သီးသန့် "သိပ္ပံနည်းကျ စိတ်ပညာ" အဖြစ် ပေါ်ပေါက်လာခဲ့ပါတယ်။

🏛️ သီးခြား စိတ်ပညာဓာတ်ခွဲခန်း ပေါ်ပေါက်လာခြင်း

၁၈၇၉ ခုနှစ်တွင် ဂျာမနီနိုင်ငံ Leipzig တက္ကသိုလ်၌ ပထမဆုံး စိတ်ပညာဓာတ်ခွဲခန်းကို ထူထောင်ခဲ့သူ Wilhelm Wundt ကိုလည်း သိပ္ပံနည်းကျ စိတ်ပညာ၏ ဖခင်အဖြစ် သတ်မှတ်ခဲ့ကြပါတယ်။
နိဂုံးချုပ်ရလျှင် စိတ်ပညာဆိုသည်မှာ ဒဿနိကဗေဒ၏ "အတွေးအမြင်" နှင့် ဇီဝကမ္မဗေဒ၏ "လက်တွေ့စမ်းသပ်မှု" တို့ ပေါင်းစည်းရာမှ မွေးဖွားလာခဲ့သော ဘာသာရပ်တစ်ခု ဖြစ်ပါတယ်။

ဆက်ရန်…….

#စိတ်ပညာ

10/09/2026

ဒီနေ့ Phonics ချိန်မှာ သားသားRyanနဲ့ Khun Sattကို Roll Play ကစားခိုင်းပြီး ရှုပ်ထွေးတဲ့ long vowelတွေကို တကယ် နားလည် မလည်သိနိုင်ဖိုါ Feynman Technique လို့ခေါ်တဲ့ နည်းလမ်းလေးနဲ့ စမ်းသပ်ကြည့်ခဲ့ပါတယ်။

ဒီနည်းလမ်းလေးရဲ့ အကျိုးကျေးဇူးတွေကတော့-

* အမှန်တကယ် နားလည်မှုရှိမရှိ သိရှိနိုင်ခြင်း: စာကို ကျက်မှတ်ရုံတင် မဟုတ်ဘဲ မိမိဘာသာ နားလည်အောင် စိစစ်ပြီးမှသာ သူတစ်ပါးကို ပြန်ရှင်းပြနိုင်တာကြောင့် ကလေးရဲ့ အမှန်တကယ် နားလည်မှုကို တိုင်းတာနိုင်ပါတယ်။
* မှတ်ဉာဏ် ပိုမိုခိုင်မာစေခြင်း (Active Recall): စာကို ဒီအတိုင်း ပြန်ဖတ်တာထက် ဦးနှောက်ကို အသုံးပြုပြီး ထုတ်ဖော်ရှင်းပြရတဲ့အတွက် သင်ယူထားတဲ့ အကြောင်းအရာတွေဟာ ရေရှည်မှတ်ဉာဏ်ထဲ ရောက်ရှိသွားပါတယ်။
* အားနည်းချက်ကို ချက်ချင်းသိနိုင်ခြင်း: ပြန်ရှင်းပြတဲ့အခါ ထစ်နေတာ သို့မဟုတ် မရှင်းလင်းတဲ့ အစိတ်အပိုင်းတွေရှိရင် ကလေးရော မိဘပါ ချက်ချင်း ရိပ်မိနိုင်တာကြောင့် ထိုနေရာကို ထပ်မံဖြည့်ဆည်းပေးလို့ ရပါတယ်။
* စကားပြောစွမ်းရည်နှင့် ယုံကြည်မှု တိုးတက်လာခြင်း: ကိုယ်ပိုင်စကားလုံးတွေနဲ့ စနစ်တကျ ပြန်လည်စုစည်း ပြောဆိုရတဲ့အတွက် စကားပြောစွမ်းရည် (Communication Skills) ပိုကောင်းလာပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှု ပိုမိုရရှိလာပါတယ်။
* တွေးခေါ်မှုစွမ်းရည် တိုးတက်ခြင်း: အကြောင်းအရာတစ်ခုကို လွယ်ကူရှင်းလင်းအောင် စုစည်းတွေးခေါ်ရတာကြောင့် ကလေးရဲ့ စိစစ်တွေးခေါ်နိုင်စွမ်း (Critical Thinking) ကို မြှင့်တင်ပေးပါတယ်။

ထိရောက်အောင် ပြုလုပ်ပေးနိုင်မည့် နည်းလမ်းများ
* ကလေးကို ဖိအားမပေးဘဲ ကစားနည်းတစ်ခုလို ("ဒီနေ့ သမီး/သားက ဆရာမလုပ်၊ မေမေက ကျောင်းသူလုပ်မယ်") သဘောထားပြီး ပြုလုပ်ပါ။
* ကလေး ပြန်ရှင်းပြနေစဉ် ကြားဖြတ်မပြင်ဘဲ အဆုံးထိ နားထောင်ပေးပါ၊ ပြီးမှ မရှင်းတာတွေကို အေးဆေးမေးမြန်းပါ။
* ခက်ခဲတဲ့ စာလုံးတွေအစား ကလေးရဲ့ ကိုယ်ပိုင်စကားလုံးနဲ့ ရိုးရှင်းအောင် ရှင်းပြနိုင်ရင် ချီးမွမ်းပေးပါ။

အားလုံးပဲ ကာယ၊ ဉာဏ၊ စာရိတ္တဖွံ့ဖြိုးကြပါစေ။ ✨

#ကလေးပညာရေး
#အင်္ဂလိပ်စာသင်ယူမှု

စကားပြောရင် ညာနေသလားဆိုတာ သိနိုင်မယ့် 'Eye Direction' စိတ်ပညာအသိတစ်ယောက်ယောက်နဲ့ စကားပြောရင်း "သူ ပြောနေတာ တကယ်ပဲလား၊ ညာ...
09/09/2026

စကားပြောရင် ညာနေသလားဆိုတာ သိနိုင်မယ့် 'Eye Direction' စိတ်ပညာ

အသိတစ်ယောက်ယောက်နဲ့ စကားပြောရင်း "သူ ပြောနေတာ တကယ်ပဲလား၊ ညာပြောနေတာလား" ဆိုပြီး သံသယဝင်ဖူးတယ် မဟုတ်လား။
ဒါကို ခွဲခြားရလွယ်အောင် ကူညီပေးမယ့် စိတ်ပညာ ဆိုင်ရာ အချက်လေးတစ်ခု ရှိပါတယ်။ အဲ့ဒါကတော့ "စကားပြောနေချိန် မျက်လုံး ဘာလုပ်နေလဲ" ဆိုတာကို ကြည့်တာပါ။

ဘယ်လို ခွဲခြားမလဲဆိုရင် -
၁။ ဘယ်ဘက်အပေါ်ကို မော့ကြည့်ရင် (အမှန်တကယ် စဉ်းစားတာ)
လူတွေဟာ အတိတ်က တကယ်ဖြစ်ခဲ့တဲ့ အဖြစ်အပျက်တွေ၊ အမှတ်တရတွေကို ပြန်စဉ်းစားတဲ့အခါ မျက်လုံးက ဘယ်ဘက်အပေါ် ကို အလိုလို မော့ကြည့်မိတတ်ပါတယ်။ (ဦးနှောက်ရဲ့ မှတ်ဉာဏ်အပိုင်းကို သုံးနေတာပါ)။
၂။ ညာဘက်အပေါ်ကို မော့ကြည့်ရင် (ပုံပြင်ဆင်တာ/ညာတာ)
အဖြစ်အပျက်တစ်ခုကို စိတ်ကူးထဲကနေ အသစ်ဖန်တီးနေရင် သို့မဟုတ် စကားလုံးဆင်နေရင်တော့ မျက်လုံးက ညာဘက်အပေါ် ကို မော့ကြည့်မိတတ်ပါတယ်။ (ဦးနှောက်ရဲ့ ဖန်တီးမှုအပိုင်းကို သုံးနေတာပါ)။

သတိထားရမယ့်အချက် -
ဒီနည်းက ဘယ်သန်တွေဆိုရင် ပြောင်းပြန်ဖြစ်နိုင်သလို၊ လူတိုင်းမှာ ၁၀၀% တော့ မမှန်နိုင်ပါဘူး။ ဒါပေမဲ့ ပုံမှန်စကားပြောနေရင်း စိတ်လှုပ်ရှားပြီး ညာဘက်အပေါ်ကို လုံးဝကြီး ကြည့်နေရင်တော့ တစ်ခုခု လုပ်ကြံဖန်တီးနေပြီလို့ ဆိုနိုင်ပါတယ်။

နောက်တစ်ခါ စကားပြောရင် သူတို့ မျက်လုံးလေးတွေကို သတိထားကြည့်ကြည့်ပြီး မှန်မမှန် စမ်းသပ်ကြည့်လိုက်တော့နော်။

#စိတ်ပညာ #လူမှုဆက်ဆံရေး

စုဆောင်းထားတဲ့ ရတနာတွေထဲက တစ်အုပ်ပါ🍀ခုခေတ် Model Psychology အရဆို လိုအပ်ချက်တွေ၊ လွဲမှားမှုတွေ ရှိနေပြီဆိုပေသိ စာရွက်ဝါဝ...
05/09/2026

စုဆောင်းထားတဲ့ ရတနာတွေထဲက တစ်အုပ်ပါ🍀
ခုခေတ် Model Psychology အရဆို လိုအပ်ချက်တွေ၊ လွဲမှားမှုတွေ ရှိနေပြီဆိုပေသိ စာရွက်ဝါဝါလေးကိုင်ပြီး ဖတ်ရတာ တစ်ကြောင်း၊ သမိုင်းအစကို သေချာ သိရတာတစ်ကြောင်း စတဲ့ အကြောင်းကြောင်းတွေကြောင့် ကြိုက်မိနှစ်သက်မိတဲ့ စာအုပ်လေးပါ။

အတွေးလွန်နေတာကို ခဏအတွင်း ရပ်တန့်ပေးမယ့် 3-3-3 Ruleတစ်ခါတလေကျရင် ကျွန်တော်တို့ ဦးနှောက်က မလိုအပ်ဘဲ အတိတ်က အမှားတွေ ဒါမှမ...
04/09/2026

အတွေးလွန်နေတာကို ခဏအတွင်း ရပ်တန့်ပေးမယ့် 3-3-3 Rule

တစ်ခါတလေကျရင် ကျွန်တော်တို့ ဦးနှောက်က မလိုအပ်ဘဲ အတိတ်က အမှားတွေ ဒါမှမဟုတ် မဖြစ်သေးတဲ့ အနာဂတ်အကြောင်းတွေကို ဆက်တိုက်လိုက်တွေးပြီး စိတ်ဖိစီး စိတ်ရှုပ်နေတတ်ကြတယ် မဟုတ်လား။ အဲ့ဒီလိုမျိုး Overthinking ဝင်လာတဲ့အခါ စိတ်ကို ချက်ချင်း ငြိမ်းချမ်းသွားစေမယ့် စိတ်ပညာ နည်းလမ်းတစ်ခု ရှိပါတယ်။

အဲ့ဒါကတော့ '3-3-3 Rule' လို့ ခေါ်တဲ့ Grounding Technique လေးပဲ ဖြစ်ပါတယ်။ ကျွန်တော်လည်း စိတ်ရှုပ်လာရင် အမြဲသုံးလေ့ရှိတဲ့ ရိုးရှင်းတဲ့ နည်းလမ်း ၃ ဆင့်ပါ။

၁။ မြင်ရတဲ့ အရာ ၃ ခုကို ရှာပါ သင့်ပတ်ဝန်းကျင်မှာ ရှိနေတဲ့ ပစ္စည်း ၃ ခု (ဥပမာ - နာရီ၊ စာအုပ်၊ ဖုန်း) ကို မျက်လုံးနဲ့ သေချာ ကြည့်ပြီး စိတ်ထဲကနေ အမည်တပ်လိုက်ပါ။

၂။ အသံ ၃ ခုကို နားထောင်ပါ အခုလက်ရှိ ကြားနေရတဲ့ အသံ ၃ ခု (ဥပမာ - ပန်ကာသံ၊ ကားသံ၊ ငှက်တွန်သံ) ကို အာရုံစိုက်ပြီး စိတ်ထဲမှာ မှတ်သားလိုက်ပါ။

၃။ ခန္ဓာကိုယ် အစိတ်အပိုင်း ၃ ခုကို လှုပ်ရှားပါ သင့်ရဲ့ လက်ချောင်းလေးတွေကို လှုပ်တာ၊ ပုခုံးကို မြှင့်လိုက်ချလိုက် လုပ်တာ သို့မဟုတ် ခြေချောင်းလေးတွေကို လှုပ်ရှားပေးလိုက်ပါ။
ဒီလို လုပ်လိုက်တာနဲ့ သင့်ရဲ့ ဦးနှောက်ဟာ မရှိသေးတဲ့ အတွေးတွေထဲကနေ ရုန်းထွက်လာပြီး အခုလက်ရှိ ပစ္စုပ္ပန်အချိန်ဆီကို ချက်ချင်း အာရုံပြန်ရောက်သွားပါလိမ့်မယ်။
နောက်တစ်ခါ အလွန်အကြူး တွေးပြီး စိတ်ပင်ပန်းလာရင် ဒီ 3-3-3 Rule လေးကို စမ်းကြည့်လိုက်ဦးနော်။

Photo - Pinterest

#စိတ်ပညာ

#စိတ်ပညာ

၅ စက္ကန့်အတွင်း တစ်ဖက်လူရဲ့ စိတ်ကို သိနိုင်တဲ့ Mind Trickတစ်ခါတလေကျရင် ကျွန်တော်တို့ဟာ ကိုယ်နဲ့ စကားပြောနေတဲ့သူက ငါပြောတ...
31/08/2026

၅ စက္ကန့်အတွင်း တစ်ဖက်လူရဲ့ စိတ်ကို သိနိုင်တဲ့ Mind Trick

တစ်ခါတလေကျရင် ကျွန်တော်တို့ဟာ ကိုယ်နဲ့ စကားပြောနေတဲ့သူက ငါပြောတာကို တကယ်ပဲ စိတ်ဝင်စားရဲ့လား၊ ဒါမှမဟုတ် ဟန်ဆောင်ပြီး နားထောင်နေတာလားဆိုတာကို ခွဲခြားရခက်တတ်ကြတယ် မဟုတ်လား။ အထူးသဖြင့် လူမှုဆက်ဆံရေးမှာ ဒါဟာ အရေးကြီးတဲ့ ကိစ္စတစ်ခု ဖြစ်လာတတ်ပါတယ်။

စိတ်ပညာမှာ တစ်ဖက်လူရဲ့ ခန္ဓာကိုယ်ဘာသာစကား (Body Language) ကို ကြည့်ပြီး ၅ စက္ကန့်အတွင်း သူတို့ရဲ့ စိတ်အမှန်ကို သိနိုင်တဲ့ ရိုးရှင်းတဲ့ Mind Trick လေးတွေ ရှိပါတယ်။ ဒီနေ့မှာတော့ လွယ်လွယ်ကူကူနဲ့ စမ်းသပ်ကြည့်လို့ရမဲ့ နည်းလမ်း ၂ ခုကို ပြောပြချင်ပါတယ်။

၁။ ခြေထောက်ကို ကြည့်ပါ (Check the Feet)
ကျွန်တော်တို့ စကားပြောနေတုန်း သူတို့မျက်နှာက ပြုံးပြနေပေမဲ့ ခြေထောက်က ကိုယ့်ဘက်ကို တည့်တည့်လှည့်မနေဘဲ တံခါးဘက် ဒါမှမဟုတ် အပြင်ဘက်ကို လှည့်နေပြီဆိုရင်၊ အဲ့ဒီလူက စကားပြောရတာ ငြီးငွေ့နေပြီး ထွက်သွားချင်နေပြီလို့ ယူဆလို့ရပါတယ်။ မသိစိတ်ကနေ သူတို့ထွက်သွားချင်တဲ့ လမ်းကြောင်းကို ခြေထောက်က ညွှန်ပြနေတာပါ။

၂။ ခေါင်းငြိမ့်ပြပါ (The Nod Trick)
ဒါကတော့ ပိုပြီး စပ်စုရတာ လွယ်ပါတယ်။ ကိုယ်စကားပြောနေတုန်းမှာ ခေါင်းကို မသိမသာလေး ဖြည်းဖြည်းချင်း ညိမ့်ပြကြည့်ပါ။ တစ်ဖက်လူကလည်း မသိစိတ်ကနေ ကိုယ်နဲ့အတူ ခေါင်းလိုက်ညိမ့်နေရင်၊ အဲ့ဒါက ကိုယ်ပြောတာကို သူစိတ်ဝင်စားနေပြီး ဆက်ပြီး နားထောင်ချင်နေတယ်ဆိုတဲ့ လက္ခဏာပဲ ဖြစ်ပါတယ်။

ဒါကြောင့် နောက်တစ်ခါ တစ်ယောက်ယောက်နဲ့ စကားပြောရင် ဒီနည်းလမ်း ၂ ခုကို စမ်းကြည့်လိုက်ဦးနော်။
#စိတ်ပညာ #လူမှုဆက်ဆံရေး #ဆန်းသစ်တဲ့အသိပညာ

📌Spotlight Effect တစ်ခါတလေကျရင် ကျွန်တော်တို့ဟာ အသေးအဖွဲ ကိစ္စလေးတွေကစလို့ အရာရာကို လိုက်တွေးပြီး စိတ်ဖိစီးနေတတ်ကြတယ် မဟ...
30/08/2026

📌Spotlight Effect

တစ်ခါတလေကျရင် ကျွန်တော်တို့ဟာ အသေးအဖွဲ ကိစ္စလေးတွေကစလို့ အရာရာကို လိုက်တွေးပြီး စိတ်ဖိစီးနေတတ်ကြတယ် မဟုတ်လား။ "ငါ လုပ်လိုက်တာ လွန်သွားပြီလား"၊ "ငါ ပြောလိုက်တာကို သူများတွေ ဘာထင်သွားမလဲ" ဆိုပြီး မလိုအပ်ဘဲ စိတ်ပင်ပန်းနေတတ်ပါတယ်။
ဒါပေမဲ့ စိတ်ပညာမှာ 'Spotlight Effect' လို့ ခေါ်တဲ့ အယူအဆတစ်ခု ရှိပါတယ်။ ကျွန်တော်တို့ဟာ ကိုယ့်ကိုယ်ကိုယ် မီးမောင်းထိုးပြခံထားရသလို၊ ကိုယ့်ရဲ့ အမှားနဲ့ အပြုအမူတွေကို လူတွေအမြဲ စောင့်ကြည့်နေကြတယ်လို့ ထင်တတ်ကြတာပါ။

တကယ်တော့ အမှန်တရားက ကျွန်တော်တို့ ထင်ထားတာထက် အများကြီး ပိုရိုးရှင်းပါတယ်။ လူတိုင်းက ကိုယ့်ကိုပဲ စောင့်ကြည့်မနေကြပါဘူး။ အားလုံးဟာ သူတို့ရဲ့ ကိုယ်ပိုင်ပြဿနာတွေ၊ သူတို့ရဲ့ ဘဝတွေနဲ့ပဲ သူတို့ အလုပ်ရှုပ်နေကြတာပါ။

ဒါကြောင့် သူများတွေ ဘာထင်မလဲဆိုတဲ့ အကြောက်တရားနဲ့တင် ကိုယ့်ရဲ့ တန်ဖိုးရှိတဲ့ အချိန်တွေကို မကုန်ဆုံးလိုက်ပါနဲ့။ ကိုယ့်ရဲ့ ဘဝကို ကိုယ်တိုင် စိတ်ကြိုက်၊ စိတ်အေးချမ်းစွာနဲ့ပဲ ရဲရဲဝံ့ဝံ့ ရှင်သန်ဖို့ လိုအပ်ပါတယ်။

ဒီစာလေးကို ဖတ်ပြီး စိတ်ထဲ ပေါ့ပါးသွားခဲ့ရင် သို့မဟုတ် ဒီစကားလေးတွေ လိုအပ်နေမယ့် မိတ်ဆွေတစ်ယောက်ယောက် ရှိရင်လည်း မျှဝေပေးခဲ့ပါဦးနော်။
#စိတ်ပညာ #အပြုသဘောဆောင်သောအတွေးများ

🚨 ”ကလေးတွေ လိမ်ပြောတာ ကြုံရတဲ့အခါ စိတ်ခုဖူးကြလား မေမေတို့ ဆရာမတို့...“ 🤔"သမီး မုန့်မစားရသေးဘူး" (စားပြီးသားကို ထပ်စားချင...
12/06/2026

🚨 ”ကလေးတွေ လိမ်ပြောတာ ကြုံရတဲ့အခါ စိတ်ခုဖူးကြလား မေမေတို့ ဆရာမတို့...“ 🤔

"သမီး မုန့်မစားရသေးဘူး" (စားပြီးသားကို ထပ်စားချင်လို့)၊ "သား ဒါကို မဆော့ဘူး/မယူဘူး" (လက်ထဲမှာ သက်သေရှိနေရက်နဲ့) စတဲ့ ရိုးရိုးလေးနဲ့ လိမ်ပြောတတ်တဲ့ ကလေးတွေရဲ့ အလေ့အထကြောင့် စိတ်မကောင်းဖြစ်ရ၊ စိတ်တိုရဖူးကြမှာပါပဲ။
"ကလေးပဲ ရှိသေးတယ်၊ ဘာလို့ အကျင့်မကောင်းတာလဲ" လို့ ချက်ချင်း အပြစ်မတင်လိုက်ပါနဲ့ဦး။ ကလေးစိတ်ပညာ (Child Psychology) အရ ကလေးတွေဟာ လူကြီးတွေလို ဉာဏ်ဆင်ပြီး လိမ်တာမျိုးမဟုတ်ဘဲ အောက်ပါ အကြောင်းရင်း (၃) ချက်ကြောင့် လိမ်ပြောမိတတ်ကြတာ ဖြစ်ပါတယ် 👇

၁။ အပြစ်ပေးခံရမှာ ကြောက်လို့ (Self-Defense)
တစ်ခုခု မှားလုပ်မိတဲ့အခါ (ဥပမာ - ဖန်ခွက်ခွဲမိတာ၊ မုန့်ဖိတ်ကျတာ) ဆူပူကြိမ်းမောင်းခံရမှာ သို့မဟုတ် အရိုက်ခံရမှာကို အလွန်အမင်း ကြောက်လန့်တဲ့အတွက် "သမီး/သား မလုပ်ဘူး" ဆိုပြီး မသိစိတ်ကနေ မိမိကိုယ်ကို အလိုအလျောက် ကာကွယ်ပြီး လိမ်ပြောလိုက်တာပါ။

၂။ အာရုံစိုက်ခံချင်လို့ (Attention Seeking)
လူကြီးတွေ အလုပ်များနေတဲ့အခါ၊ သို့မဟုတ် မောင်နှမအချင်းချင်း ကြားထဲမှာ ပိုပြီး အချစ်ခံချင်တဲ့အခါ သူတို့ကို ပိုပြီး ဂရုစိုက်လာအောင်၊ သနားလာအောင် ရည်ရွယ်ပြီး မဟုတ်တာတွေကို ရှိတယ်ဆိုပြီး ပုံကြီးချဲ့ ပြောတတ်ကြပါတယ်။

၃။ စိတ်ကူးနဲ့ လက်တွေ့ကို ရောထွေးသွားတာ (Imagination vs. Reality)
ကလေးတွေရဲ့ ဦးနှောက်ဟာ ဖွံ့ဖြိုးဆဲဖြစ်လို့ မိမိရဲ့ စိုးရိမ်စိတ် ဒါမှမဟုတ် စိတ်ကူးယဉ်မှုကို လက်တွေ့အရှိတရားနဲ့ ရောထွေးတတ်ပါတယ်။ ဥပမာ - လူကြီးတွေက လေသံပြတ်ပြတ်သားသားနဲ့ သတိပေးလိုက်တာမျိုး သို့မဟုတ် လှမ်းတားလိုက်တာမျိုးကိုပဲ ကလေးက "မရိုက်ဘဲနဲ့ ရိုက်တယ်"၊ "မအော်ဘဲနဲ့ အော်တယ်" ဆိုပြီး သူတို့ စိတ်ထဲ ကြောက်လန့်သွားတဲ့ ခံစားချက်အတိုင်း ပုံဖော်ပြီး လိမ်ပြောမိတတ်တာမျိုး ဖြစ်ပါတယ်။

💡 မေမေတို့ ဆရာမတို့ သတိထားဖို့က -
ကလေးတွေ လိမ်ပြောတဲ့အခါ "ချက်ချင်း ဒေါသတကြီးနဲ့ ရိုက်နှက်ဆူပူတာမျိုး" မလုပ်ပါနဲ့။ ဒါဟာ ကလေးကို နောက်တစ်ခါ ပိုပြီး ပိပိရိရိ လိမ်ပြောတတ်အောင် တွန်းပို့လိုက်သလို ဖြစ်သွားတတ်ပါတယ်။
အကောင်းဆုံးကတော့ ကလေးကို အေးဆေးတည်ငြိမ်စွာနဲ့ - "သား/သမီး အမှန်အတိုင်းပြောရင် မေမေ/ဆရာမ လုံးဝမဆူဘူး။ အမှန်အတိုင်းပြောတဲ့ ကလေးကိုပဲ ပိုချစ်တာ" ဆိုပြီး ဘေးကင်းလုံခြုံတဲ့ ပတ်ဝန်းကျင်တစ်ခု ကို အရင်ဖန်တီးပေးပါ။ ကလေးက အမှန်အတိုင်း ဝန်ခံလာတဲ့အခါမှာလည်း မဆူဘဲ ချီးမွမ်းပေးပြီးမှ ဘာကြောင့် မလုပ်သင့်ကြောင်း နူးညံ့စွာ ရှင်းပြပေးပါရှင်။ ❤️

💬 မေမေတို့ ဆရာမတို့ရော ကလေးတွေ အခုလို လိမ်ပြောတာမျိုး ကြုံရတဲ့အခါ ဘယ်လို ကိုင်တွယ်လေ့ရှိကြလဲရှင်။ ကွန်မန့်မှာ မျှဝေပေးခဲ့ပါဦးနော်... 👇
#ကလေးစိတ်ပညာ #ဆရာမနှင့်မိဘ #ကလေးပြုစုပျိုးထောင်နည်း

Valentine Day Wish 📝 ချစ်ခြင်းမေတ္တာဆိုတာ ပျော်ရွှင်မှုနဲ့ နွေးထွေးမှုတွေ ပေးနိုင်သလို တစ်ခါတစ်ရံ စွဲလန်းလွန်းသွားတဲ့အခါ...
14/02/2026

Valentine Day Wish 📝

ချစ်ခြင်းမေတ္တာဆိုတာ ပျော်ရွှင်မှုနဲ့ နွေးထွေးမှုတွေ ပေးနိုင်သလို တစ်ခါတစ်ရံ စွဲလန်းလွန်းသွားတဲ့အခါမှာ စိတ်ပိုင်းဆိုင်ရာ မလုံခြုံမှုတွေဖြစ်စေပြီး အန္တရာယ်ရှိတဲ့ အနေအထား အထိပါရောက်နိုင်ကြောင်း Crime Psychology ရဲ့ အကြောင်းအရာအချို့မှာ တွေ့နိုင်ပါတယ်။

စိတ်ပညာရူထောင့်အရဆိုရင် ဒီလိုအဖြစ်တွေဟာ လွန်ကဲတဲ့ အချစ်စိတ် စွဲလန်းမှု (obsession) ၊ မနာလို ဝန်တိုမှု နဲ့ လက်မခံနိုင်မှု စတဲ့အချက်တွေကြောင့်ပဲ ဖြစ်ပါတယ်။ ဒါတွေကြောင့်ပဲ ကိုယ်မှ မပိုင်ရရင် ဘယ်သူမှ မပိုင်စေရဘူးဆိုတဲ့ အတွေးတွေ ဖြစ်ပေါ်လာပြီး အဆုံးသတ်မကောင်းကြတာပဲ ဖြစ်ပါတယ်။

ဒီနေ့လို Valentine Day ဟာ ချစ်ခြင်းကို ဖော်ကြူးကြတဲ့ နေ့ဖြစ်တာကြောင့် လှပတဲ့ချစ်ခြင်းဟာ ရယူခြင်းသပ်သပ်မဟုတ်ဘဲ လေးစားမှု၊ ပေးဆပ်မှု၊ တန်ဖိုးထားမှု နဲ့ ယုံကြည်မှုတွေ ပါဝင်တဲ့အကြောင်း ပြန်လည်သတိရကြမယ်ဆိုရင် တစ်ကမ္ဘာလုံးရဲ့ Crime Psychology မှာ အချစ်က စ တဲ့ ဖြစ်ရပ်တွေ မပါတော့ဖို့ မျှော်လင့်မိပါတယ်။

Address

Kyun Taw Road
Sanchaung

Website

Alerts

Be the first to know and let us send you an email when P is for Psychology posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category