SU's Handmade

SU's Handmade shopping and retail

05/09/2026

CROCHET CARE 🤍
Crochet အထည်ကို ဘယ်လိုကြာကြာလှအောင် ထိန်းသိမ်းမလဲ⁉️
ဒီ Post လေးမှာမျှဝေပေးမှာကတော့ crochet ချစ်သူတွေအတွက် crocheterတွေ က လက်နဲ့သေသေချာချာဖန်တီးထားတဲ့ Crochet အထည်လေးတွေကဂရုစိုက်ပေးရင် ကြာရှည်လှပစွာနဲ့ အကြာကြီးအသုံးပြုလို့ရပါတယ် ✨

🤍 1. အထည်ကို အလွန်အကျွံ မဆွဲပါနဲ့
Crochet အထည်တွေက ချည်သားနဲ့ ချည်ဆက်ပုံအပေါ်မူတည်ပြီး ဆွဲအားများရင် ပုံပျက်နိုင်ပါတယ်။ ဝတ်ဆင်တဲ့အခါ အလွန်အကျွံဆွဲတာ၊ ချိတ်မိတာတွေကို သတိထားပေးပါ။

🤍 2. ဂျိတ်နဲ့မချိတ်ဘဲ ခေါက်သိမ်းပေးပါ
အချိန်ကြာကြာ hanger နဲ့ချိတ်ထားရင် ပခုံးပိုင်းတွေ ရွဲသွားတာ ပုံပျက်သွား ဖြစ်နိုင်ပါတယ်။ မဝတ်တဲ့အချိန်မှာ သပ်သပ်ရပ်ရပ်ခေါက်ပြီးသိမ်းတာထက် roll ပုံစံသိမ်းထားတာ ပိုကောင်းပါတယ်။

🤍 3. အိတ်၊ လက်ဝတ်ရတနာတွေနဲ့ မငြိအောင် သတိထားပါ
Crochet အထည်မှာ ချည်ကွင်းလေးတွေရှိတာကြောင့် အိတ်ကြိုး၊ လက်စွပ်၊ နားကပ် စတာတွေနဲ့ ငြိပြီး ချည်ထွက်လာနိုင်ပါတယ်။ ဝတ်တဲ့အခါ နည်းနည်းလေး သတိထားပေးရုံနဲ့ အထည်လေးကို ပိုကြာကြာထိန်းသိမ်းနိုင်ပါတယ်။

🤍 4. သိမ်းတဲ့နေရာကို ခြောက်သွေ့ပြီး သန့်ရှင်းအောင်ထားပါ
စိုထိုင်းတဲ့နေရာမှာ ကြာကြာသိမ်းထားရင် အနံ့မကောင်းတာနဲ့ မှိုတက်တာတွေ ဖြစ်နိုင်ပါတယ်။ ခြောက်သွေ့ပြီး လေဝင်လေထွက်ကောင်းတဲ့နေရာမှာ သိမ်းပေးပါ။ဖြစ်နိုင်ရင် silica gel အထုတ်လေးထည့်ပေးထားပါ

🤍 5. မဝတ်တဲ့အချိန်မှာ အပေါ်ကပစ္စည်းတွေနဲ့ ဖိမထားပါနဲ့
Crochet အထည်လေးတွေကို အလေးအရမ်းတင်ထားရင် ပုံစံပျက်သွားနိုင်ပါတယ်။ Crochet အထည်တွေကို သီးသန့်နေရာလေးပေးပြီး သိမ်းထားတာ အကောင်းဆုံးပါ။

✨ အထည်လေးတစ်ထည်ရဲ့ အလှက ဖန်တီးသူရဲ့လက်ရာတင်မကဘဲ ဝတ်ဆင်သူရဲ့ ဂရုစိုက်မှုနဲ့လည်း သက်ဆိုင်ပါတယ်။ 🤍

သင့်ရဲ့ချစ်စရာ Crochet လေးတွေကို ကြာရှည်စွာ လှလှလေး ဝတ်ဆင်အသုံးပြုနိုင်ဖို့ ဒီ Care Tips လေးတွေကို Save ထားနော် 🧶✨




05/09/2026

Hair bandana ✨✨💖

📍Can order now


#

30/08/2026

NEW PROJECT 🤍

✨ Starting a new crochet journey… 🧶
Project အသစ်လေး ဘာဖြစ်လာမလဲ စောင့်ကြည့်ပေးပါဦးနော် 💖




21/08/2026

📌 Crochet Care Tips

Crochet handmade လေးတွေကို ကြာကြာလှလှပပ အသုံးပြုချင်ရင် လျှော်ဖွတ်တဲ့ပုံစံနဲ့ အခြောက်ခံတဲ့ပုံစံ က အရေးကြီးပါတယ်ရှင်✨

🫧 Washing
✅လျှော်တဲ့အခါ ဖြစ်နိုင်ရင် လက်နဲ့ ခပ်ဖွဖွလေးပွတ်ပြီးလျှော်ပါ
✅ရေအေး သို့မဟုတ် အနည်းငယ်နွေးတဲ့ရေကို အသုံးပြုပါ
✅အပျော့စားဆပ်ပြာရည် (Mild detergent) လေးကို အနည်းငယ်သာသုံးထည့်ပြီး အားပြင်းပြင်း မပွတ်ပါနဲ့၊ မညှစ်လိမ်ပါနဲ့၊ Shape ပျက်နိုင်ပါတယ်

🌿 Drying
✅လျှော်ပြီးရင် towel နဲ့ အသာအယာဖိပြီး ရေစုပ်ယူပါ
✅ဖြန့်ထားပြီး လေဝင်လေထွက်ကောင်းတဲ့နေရာမှာ အခြောက်ခံပါ
✅နေရောင်ပြင်းပြင်းအောက်မှာ တိုက်ရိုက်မထားပါနဲ့
✅ Hanger နဲ့ ချိတ်ပြီး အခြောက်မခံပါနဲ့ — အလေးချိန်ကြောင့် shape တွဲကျနိုင်ပါတယ်

🤎 Crochet item တစ်ခုချင်းစီကို ချစ်ခြင်းမေတ္တာ‌‌အပြည့် နဲ့ ပြုလုပ်ထားတာမို့ အသုံးပြုပြီးတဲ့အခါလည်း ဂရုစိုက်ပေးရင်ပိုကြာကြာ လှပနေမှာပါ။ 🧶✨





Quality is in the details.Can Order  now 💖
14/08/2026

Quality is in the details.

Can Order now 💖





11/08/2026

Hair bandana ✨✨💖

📍Can order now




28/07/2026

🙏ဝါဆိုလပြည့်နေ့🙏

၂၀၂၆ ခုနှစ် ဇူလိုင်လ (၂၉) ရက်နေ့မှာ ကျရောက်တဲ့ ဗုဒ္ဓဘာသာဝင်တို့ အလေးအမြတ်ထားရာ "ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့" နေ့လေးမှာ ကိုယ်စိတ်နှလုံးအေးချမ်းခြင်းကြပါစေ ကောင်းမှုကုသိုလ်များပွားများနိင်ပါစေ ဘေးအန္တရာယ်အပေါင်းမှ ကင်းဝေးပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်ရှင်....

#ဝါဆိုလပြည့်နေ့
#ဆုတောင်း

💦မိုးအေးအေးနဲ့ အေးချမ်းတဲ့ ဇွန်လလေးကိုကြိုဆိုလိုက်ရ‌အောင်ရှင်💖
31/05/2026

💦မိုးအေးအေးနဲ့ အေးချမ်းတဲ့ ဇွန်လလေးကိုကြိုဆိုလိုက်ရ‌အောင်ရှင်💖

ဟုတ်ပါ့😏
21/05/2026

ဟုတ်ပါ့😏

ဟုတ်ပါ့

Address

Sanchaung

Website

Alerts

Be the first to know and let us send you an email when SU's Handmade posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share