01/09/2023
Group of Death ထဲကျရောက်ခဲ့တဲ့ နယူးကာဆယ်နဲ့ ချန်ပီယံလိဂ်မဲခွဲပွဲ
---------
ဩဂုတ် ၃၁
၂၀၂၃-၂၄ ချန်ပီယံလိဂ်အုပ်စုမဲခွဲမှုကို ကျင်းပပြုလုပ်ခဲ့ရာမှာ အင်္ဂလန်ပရီးမီးယားလိဂ်ကလပ်အသင်းတွေထဲမှာ နယူးကာဆယ်အသင်းက ပီအက်စ်ဂျီ၊ ဒေါ့မွန်၊ အေစီမီလန်အသင်းတွေနဲ့ Group of Death မှာကျခဲ့ပြီး အုပ်စုကျပ်ခဲ့ပါတယ်။
ကျန်တဲ့အုပ်စုတွေမှာတော့ မန်ယူက ဘိုင်ယန်၊ ကိုဗင်ဟေဂင်၊ ဂါလာတာစာရေး၊ မန်စီးတီးက လိုက်ပ်ဇစ်၊ ရက်စတားဘဲလ်ဂရိတ်၊ ယန်းဘွိုင်း၊ အာဆင်နယ်က ဆီဗီလာ၊ ပီအက်စ်ဗွီ၊ လန်းစ်၊ အသင်းတွေနဲ့ တစ်အုပ်စုတည်းကျရောက်ခဲ့ပါတယ်။