10/02/2021
ကြောက်ခေတ်ရဲ့ နောက်ဆုံးမျိုးဆက်ဟာ
ငါတို့ပဲ ဖြစ်ရမယ်
"ခလေးက နိုင်ငံရေးအကြောင်းမပြောရဘူး အဖမ်းခံရတတ်တယ် ကိုယ်နဲ့မဆိုင်ဘူး"ဆိုတဲ့စကားကို
နားထောင်ခဲ့ရတယ်
ကျောင်းမှာသော့ခတ်ထားတဲ့ ကွန်ပျူတာအခန်းကို ဒီTVက ဘာထူးလို့ သော့ခတ်ထားတာလဲ ဆိုပြီး ချောင်းကြည့်ခဲ့ဖူးတယ်
ကာယအချိန်မှာမြက်နုတ်ပြီး သက်မွေးအချိန်မှာ
သန့်ရှင်းရေးလုပ်ခဲ့ရဖူးတယ်
လူမျိုးရေးဝါဒ မုန်းတီးရေးတွေ အခြေခံထားတဲ့
အစိမ်းရောင် စာအုပ်ကို အလွတ်ကျက် ဂျင်းထည့်ခံခဲ့ရတယ်
၏,သည်မရွေးအလွတ်ကျက်ပြီး ရခဲ့တဲ့ ပထမဆုတွေကို ဂုဏ်ယူခဲ့ဖူးတယ်
Creative Thinking, Alternative Thinking ဆိုတာဘာလဲ မသိကိုယ်ဘာကို ဝါသနာပါလဲ..
ဘယ်အပိုင်းမှာထူးချွန်လဲ သိခွင့်မရခဲ့ကြဘူး
ဘဝ အသက်မွေးဝမ်းကြောင်းအတွက်
ရတဲ့အမှတ်နဲ့ ဘာလုပ်ရင် အဆင်ပြေမလဲဆိုတာပဲ
စဉ်းစားခဲ့ကြရတယ်
တခြားနိုင်ငံက ခလေးတွေ ၁၂နှစ် ၁၃နှစ်နဲ့ တခုခုတီထွင်တာ ကြားရရင် ဂြိုဟ်သားမြင်တဲ့အတိုင်း
ငေးကြည့်နေခဲ့ဖူးတယ်
ငါလည်း ဖြစ်နိုင်ပါလား လုပ်နိုင်ပါလားဆိုတာမျိုး
တွေးမိဖို့တောင်အသိတရား မရှိခဲ့ဘူး
တကယ်တမ်းက ကျွန်တော်တို့တွေ ငယ်ငယ်ကတည်းက Brainwashedလုပ်ပြီး စနစ်တကျအသတ်ခံခဲ့ရတာ။
အခု ကျွန်တော်တို့ကိုယ်ပိုင်အတွေးအခေါ် အယူအဆနဲ့ အမှားအမှန်ကို ကောင်းကောင်းခွဲခြားနိုင်တဲ့ အခြေအနေမှာ ကျွန်တော်တို့ ငြိမ်နေလိုက်ရင်ကျွန်တော်တို့ရဲ့ နောင်လာမယ့် မျိုးဆက်မှာလည်း ဒီလိုပဲ အသတ်ခံရဦးမှာပဲ
တနည်းအားဖြင့်ဒါဟာ ကျွန်တော်တို့ ရဲ့
နောင်လာမယ့်မျိုးဆက်, မြန်မာနိုင်ငံရဲ့
အနာဂတ်အတွက်ပဲ
ခုချိန် ကျွန်တော်တို့ဘဝ,အနာဂတ်ကို
ပြုပြင်ပြောင်းလဲပေးမယ့်ခေါင်းဆောင်ကောင်းတစ်ယောက်ရှိပါလျက်နဲ့ ရဲရဲဝင့်ဝင့်ပြတ်ပြတ်သားသား ရပ်တည်ရမယ့်အချိန်မှာ
ကိုယ်နဲ့မဆိုင်သလို ငြိမ်နေဦးမယ်ဆိုရင်...
ကိုယ်တွေထက် မိုက်တဲ့သူရှိပါဦးမလား???
crd