Phadusarpe

ဆရာတော် ဦးဥတ္တမအကြောင်း တစေ့တစောင်းဆရာတော် ဦးဥတ္တမသည် ဗြိတိသျှကိုလိုနီခေတ် မြန်မာ့လွတ်လပ်ရေးလှုပ်ရှားမှု၏ ရှေ့ဆောင်ပုဂ္ဂ...
09/09/2026

ဆရာတော် ဦးဥတ္တမအကြောင်း တစေ့တစောင်း

ဆရာတော် ဦးဥတ္တမသည် ဗြိတိသျှကိုလိုနီခေတ် မြန်မာ့လွတ်လပ်ရေးလှုပ်ရှားမှု၏ ရှေ့ဆောင်ပုဂ္ဂိုလ်၊ ရခိုင်အမျိုးသားရေးခေါင်းဆောင်နှင့် နိုင်ငံရေးသံဃာတော်တစ်ပါး ဖြစ်သည်။ မြန်မာပြည်သူများအတွင်း အမျိုးသားစိတ်ဓာတ်နှင့် နိုင်ငံရေးအသိအမြင် နိုးကြားလာစေရန် အရေးပါစွာ ဆောင်ရွက်ခဲ့သဖြင့် “မြန်မာ့လွတ်လပ်ရေး မီးရှူးတန်ဆောင်”ဟု ဂုဏ်ပြုခေါ်ဝေါ်ကြသည်။

မွေးဖွားခြင်းနှင့် ငယ်ဘဝ

ဆရာတော် ဦးဥတ္တမကို ၁၈၇၉ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်တွင် စစ်တွေမြို့အနီး ရူပရွာ၌ ဖွားမြင်ခဲ့သည်။ လူအမည်မှာ ပေါ်ထွန်းအောင်ဖြစ်ပြီး ရခိုင်တိုင်းရင်းသား ဖြစ်သည်။ ဗုဒ္ဓဘာသာရဟန်းဘောင်သို့ ဝင်ရောက်ပြီးနောက် “ဥတ္တမ”ဟူသော ဓမ္မအမည်ကို ခံယူခဲ့သည်။

ငယ်စဉ်ကပင် ပညာသင်ကြားရေးကို စိတ်ဝင်စားခဲ့ပြီး အင်္ဂလိပ်စာနှင့် မြန်မာစာတို့ကို လေ့လာခဲ့သည်။ ထို့နောက် ရဟန်းဘောင်၌ ပါဠိ၊ သက္ကတနှင့် ဗုဒ္ဓဘာသာဆိုင်ရာ ပညာရပ်များကို ဆက်လက်သင်ယူခဲ့သည်။

နိုင်ငံခြားသို့ သွားရောက်လေ့လာခြင်း

ဆရာတော်သည် အိန္ဒိယနိုင်ငံ ကာလကတ္တားမြို့တွင် နှစ်အတော်ကြာ ပညာသင်ကြားခဲ့ပြီး အိန္ဒိယနိုင်ငံအတွင်းရှိ အမျိုးသားရေးနှင့် လွတ်လပ်ရေးလှုပ်ရှားမှုများကို ကိုယ်တိုင်လေ့လာတွေ့ရှိခဲ့သည်။ ထို့အပြင် ပြင်သစ်၊ အီဂျစ်၊ ဂျပန်၊ ကိုရီးယား၊ တရုတ်၊ ကမ္ဘောဒီးယား၊ ထိုင်းနှင့် သီရိလင်္ကာနိုင်ငံများသို့လည်း သွားရောက်ခဲ့သည်။

၁၉၀၇ ခုနှစ်တွင် ဂျပန်နိုင်ငံသို့ ရောက်ရှိခဲ့ပြီး တိုကျိုမြို့ရှိ ဗုဒ္ဓဘာသာပညာရေးအဖွဲ့အစည်းတစ်ခု၌ ပါဠိနှင့် သက္ကတဘာသာများကို သင်ကြားပေးခဲ့သည်။ ဂျပန်နိုင်ငံ၏ ခေတ်မီဖွံ့ဖြိုးတိုးတက်မှုနှင့် အမျိုးသားစည်းလုံးညီညွတ်မှုတို့ကို လေ့လာပြီး မြန်မာနိုင်ငံတွင်လည်း ပညာရေး၊ စည်းလုံးညီညွတ်ရေးနှင့် ကိုယ့်အားကိုယ်ကိုးရေးတို့ လိုအပ်ကြောင်း ယုံကြည်လာခဲ့သည်။

မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိခြင်း

ဆရာတော်သည် ၁၉၁၁ ခုနှစ်ခန့်တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့သည်။ ထိုအချိန်တွင် မြန်မာအမျိုးသားရေးလှုပ်ရှားမှုများကို ဦးဆောင်နေသည့် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA)နှင့် ဆက်သွယ်ပူးပေါင်းကာ နိုင်ငံရေးတရားများ ဟောပြောခဲ့သည်။

ဆရာတော်၏ ဟောပြောချက်များမှာ—

- ကိုလိုနီအုပ်ချုပ်မှုကို မျက်စိမှိတ်လက်ခံမနေရန်၊
- မိမိတို့၏ အမျိုးသားအခွင့်အရေးကို သိရှိရန်၊
- မြန်မာ့ယဉ်ကျေးမှုနှင့် ဘာသာရေးကို ထိန်းသိမ်းရန်၊
- နိုင်ငံခြားကုန်ပစ္စည်းများကို သပိတ်မှောက်ရန်၊
- အမျိုးသားစည်းလုံးညီညွတ်ရေး တည်ဆောက်ရန်တို့ကို အဓိကထားခဲ့သည်။

“ကရက်ဒေါက် ထွက်သွား” လှုပ်ရှားမှု

ဆရာတော် ဦးဥတ္တမ၏ အထင်ရှားဆုံး နိုင်ငံရေးလှုပ်ရှားမှုမှာ ထိုစဉ်က မြန်မာနိုင်ငံဘုရင်ခံ ဆာရယ်ဂျီနယ် ကရက်ဒေါက်ကို ဆန့်ကျင်သည့် “ကရက်ဒေါက် ထွက်သွား”ဟူသော ကြွေးကြော်ချက် ဖြစ်သည်။

ဆရာတော်သည် ကရက်ဒေါက်အစိုးရ၏ အုပ်ချုပ်ရေးမူဝါဒများကို ပြင်းပြင်းထန်ထန်ဝေဖန်ပြီး မြန်မာပြည်သူများအား ကိုလိုနီအစိုးရကို မကြောက်ရွံ့ဘဲ မိမိတို့၏ အခွင့်အရေးအတွက် ရပ်တည်ရန် တိုက်တွန်းခဲ့သည်။ ထိုသို့သော ဟောပြောချက်များသည် အမျိုးသားရေးစိတ်ဓာတ်ကို အလွန်တက်ကြွစေခဲ့သည်။

ဆရာတော်သည် အကြမ်းဖက်မှုကို အားမပေးဘဲ ငြိမ်းချမ်းသော ဆန္ဒပြမှု၊ သပိတ်မှောက်မှုနှင့် မပူးပေါင်းရေးတို့ကို အဓိကထားခဲ့သည်။ အိန္ဒိယအမျိုးသားရေးခေါင်းဆောင် မဟတ္တမဂန္ဒီ၏ အကြမ်းမဖက်ရေးမူဝါဒများကလည်း ဆရာတော်၏ အတွေးအခေါ်အပေါ် လွှမ်းမိုးမှုရှိခဲ့သည်။

အကျဉ်းချခံရခြင်း

ဆရာတော်၏ ကိုလိုနီဆန့်ကျင်ရေး ဟောပြောမှုများကြောင့် ဗြိတိသျှအစိုးရက ဆရာတော်ကို ပုန်ကန်မှုနှင့် အစိုးရဆန့်ကျင်ရေး ဟောပြောမှု စွဲချက်များဖြင့် အကြိမ်ကြိမ် ဖမ်းဆီးအကျဉ်းချခဲ့သည်။

၁၉၂၁ ခုနှစ်တွင် “ကရက်ဒေါက် ထွက်သွား” ဟောပြောချက်နှင့် ဆက်စပ်၍ ဖမ်းဆီးခံခဲ့ရသည်။ ထိုအချိန်က ဆရာတော်သည် နိုင်ငံရေးဟောပြောမှုကြောင့် ဗြိတိသျှအစိုးရက ဖမ်းဆီးအကျဉ်းချခဲ့သည့် မြန်မာနိုင်ငံ၏ ပထမဆုံး နိုင်ငံရေးသံဃာတော်များထဲမှ တစ်ပါး ဖြစ်လာခဲ့သည်။ ၁၉၂၁ ခုနှစ်မှ ၁၉၂၇ ခုနှစ်အတွင်း ထောင်ကျသည့်အချိန်က အပြင်တွင်ရှိသည့်အချိန်ထက် ပိုများခဲ့သည်ဟု သုတေသနရင်းမြစ်များတွင် ဖော်ပြထားသည်။

ကွယ်လွန်ခြင်း

ဆရာတော် ဦးဥတ္တမသည် နှစ်ရှည်လများ အကျဉ်းချခံရခြင်း၊ ကျန်းမာရေးချို့တဲ့ခြင်းတို့ကြောင့် နေမကောင်းဖြစ်ခဲ့ပြီး ၁၉၃၉ ခုနှစ် စက်တင်ဘာလ ၉ ရက်တွင် ရန်ကုန်မြို့၌ ကွယ်လွန်ခဲ့သည်။ ထိုအချိန်တွင် အသက် ၅၉ နှစ် ရှိပြီဖြစ်သည်။

ဆရာတော်ကွယ်လွန်သည့် စက်တင်ဘာလ ၉ ရက်နေ့ကို ယနေ့တိုင် “ဦးဥတ္တမနေ့”အဖြစ် အထိမ်းအမှတ်ပြုကြသည်။

အမွေအနှစ်နှင့် သမိုင်းဝင်အရေးပါမှု

ဆရာတော် ဦးဥတ္တမ၏ အဓိကအမွေအနှစ်များမှာ—

၁။ မြန်မာပြည်သူများ၏ အမျိုးသားစိတ်ဓာတ်ကို နိုးကြားစေခြင်း၊
၂။ ကိုလိုနီအုပ်ချုပ်မှုကို ငြိမ်းချမ်းစွာ ဆန့်ကျင်ရန် လမ်းပြခြင်း၊
၃။ သံဃာတော်များ နိုင်ငံရေးနှင့် လူမှုရေးကိစ္စများတွင် ပါဝင်ဆောင်ရွက်နိုင်ကြောင်း ပြသခြင်း၊
၄။ နောင်ပေါ်ပေါက်လာမည့် အမျိုးသားရေးခေါင်းဆောင်များနှင့် လွတ်လပ်ရေးလှုပ်ရှားမှုများအတွက် အခြေခံလမ်းခင်းပေးခြင်း၊
၅။ ရခိုင်ပြည်နယ်နှင့် မြန်မာနိုင်ငံတစ်ဝန်းတွင် လွတ်လပ်ရေးသမိုင်း၏ အရေးပါသော ပုဂ္ဂိုလ်တစ်ဦးအဖြစ် ကျန်ရစ်ခြင်းတို့ ဖြစ်သည်။

အကျဉ်းချုပ်အားဖြင့် ဆရာတော် ဦးဥတ္တမသည် ရဟန်းတစ်ပါးအဖြစ်သာမက အမျိုးသားရေးခေါင်းဆောင်၊ ကိုလိုနီဆန့်ကျင်ရေးတက်ကြွလှုပ်ရှားသူနှင့် မြန်မာ့လွတ်လပ်ရေးလမ်းစဉ်၏ ရှေ့ဆောင်မီးရှူးတန်ဆောင်တစ်ဦး ဖြစ်ခဲ့သည်။

သားထွီးလူ

နေပြည်တော်ကို ဗဟိုပြုပြီးသားရာ တနာရီတိုက်ခတ်နှုန်းက မိုခါမာ အဖလို့ရာမှတ်ဇာအချိန်အထိ တိုက်ဖို့လေးဆိ တိုင်းပြည်အသစ် မပေါ်မ...
08/09/2026

နေပြည်တော်ကို ဗဟိုပြုပြီးသားရာ
တနာရီတိုက်ခတ်နှုန်းက
မိုခါမာ အဖလို့ရာမှတ်
ဇာအချိန်အထိ တိုက်ဖို့လေးဆိ
တိုင်းပြည်အသစ် မပေါ်မချင်း

သူပုန်ဖြူ

သူပုန်ဖြူ ချစ်ခြင်းမေတ္တာ၊ နှလုံးသားရေးရာနှင့် ပတ်သတ်လာလျှင် လူသားတိုင်း ကဗျာဆရာ ဖြစ်ခွင့်ရှိသလို တော်လှန်ရေးနှင့် ပတ်သတ...
07/09/2026

သူပုန်ဖြူ

ချစ်ခြင်းမေတ္တာ၊ နှလုံးသားရေးရာနှင့် ပတ်သတ်လာလျှင် လူသားတိုင်း ကဗျာဆရာ ဖြစ်ခွင့်ရှိသလို တော်လှန်ရေးနှင့် ပတ်သတ်လျှင်လည်း မည်သူမဆို သူပုန်ဖြူ ဖြစ်ခွင့်ရှိသည်။

07/09/2026

ရက္ခိတရို့ အိမ်အပြန်

ရွီး - ဦးဖေသန်း
ရွတ် - သားထွီးလူ


စစ်တွေဆန်ပြဿနာနိ သမိုင်းကြောင်း___________________________________လွန်ခဲ့သော နှစ်ပေါင်း (၅၄) နှစ်တိတိ၊ ၁၉၆၇-ခုနှစ် သြဂုတ...
12/08/2026

စစ်တွေဆန်ပြဿနာနိ သမိုင်းကြောင်း
___________________________________

လွန်ခဲ့သော နှစ်ပေါင်း (၅၄) နှစ်တိတိ၊ ၁၉၆၇-ခုနှစ် သြဂုတ်လ (၁၃) ရက်နေ့ နေ့လယ် ဆယ့်နှစ်နာရီခန့်တွင် စစ်တွေမြို့တွင် အာဏာပိုင်အချို့သည် စစ်တွေမြို့ ဆေးရုံတွင် လူနာအယောက်ငါးဆယ်စာ နေရာကြိုတင်ပြင်ဆင် ထားရန် ညွှန်ကြားချက်ကို ဆေးရုံအုပ်ချုပ်သူများအား လာပေးသွားခဲ့သည်။ ထို့နောက် ထိုနေ့မွန်းလွဲပိုင်းတွင် ဆန္ဒပြလူအုပ်အား စစ်တပ်က ပစ်သတ်သည့်အတွက် ဆေးရုံတွင် ကြိုတင်မှာထားသော နေရာများပြည့်လျှံသွားရုံမကဘဲ လူပေါင်းနှစ်ရာကျော် သေဆုံးသွားခဲ့ရသည်။

၁၉၆၇-ခုနှစ်၏ ထိုဖြစ်စဉ် ထိုအချိန်က ဆန္ဒပြလူအုပ်ကို ပစ်သတ်ရန် လက်တွေ့မြေပြင်အခြေအနေထဲတွင် အမိန့်ပေးခဲ့သူမှာ ထိုစဉ်က ခလရ (၂၀) တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးတင့်လွင် ဖြစ်ပြီး၊ ထိုစဉ်က ၄င်း၏ အထက်အရာရှိမှာ ထိုစဉ်က အလယ်ပိုင်းတိုင်း တိုင်းမှူး ဗိုလ်မှူးကြီး တင်ဦး (ယနေ့ခတ်တွင် NLD ဦးတင်ဦး) ဖြစ်သည်။

ထိုစဉ်က အရပ်ဘက် အာဏာပိုင်များက ထမင်းငတ်နေကြသော ပြည်သူလူထုအား ဆန်ဝေပေးနိုင်မည့် အစီအစဉ်များကို ချမှတ်လုပ်ဆောင်နိုင်ရန် အားထုတ်နေကြသည့်အချိန်တွင် တပ်ဘက်က ထိပ်ပိုင်းမှလာသောအမိန့်အားဖြင့် ဆန္ဒပြသူများကို ပစ်သတ်ခဲ့ကြောင်း ထိုစဉ်ကဖြစ်ရပ်များတွင် ပါ၀င်ဒဏ်ရာရခဲ့ပြီး၊ အသက်မသေဘဲ ကျန်ရစ်ခဲ့ကြသည့်သူများက ပြောကြားခဲ့ကြသည်။ထိုစစ်တွေ ဆန်ပြဿနာကို ပြန်ပြောင်းလှန်လှောကြည့်နိုင်ရန်အလို့ငှာ အောက်ပါ မှတ်စုတိုများကို နံပါတ်စဉ်ထိုး ရေးသားတင်ပြအပ်ပါသည်။ ကိုယ်တွေ့ ကြုံခဲ့ရသူများ၏ ပြောကြားချက်များကို အဓိက အခြေခံ ရေးသားပါသည်။

(၁) ထို ၁၉၆၇-ခုနှစ် သြဂုတ်လ ဖြစ်ရပ် မတိုင်မီက တော်လှန်ရေးကောင်စီ ဥက္ကဌ ဗိုလ်ချုပ်ကြီးနေ၀င်းသည် အနောက်နိုင်ငံတစ်နိုင်ငံတွင် ခွေး(ပြိုင်)ပွဲသွားလောင်းရာမှ ဒေါ်လာနှစ်သန်းဖိုး ရှုံးလာခဲ့ရာ ထိုလောင်းကစားကြွေးကို ထေနိုင်ထင့်နိုင်ရန်အတွက် တိုင်းပြည်၏ဆန်စပါးအထွက်ကို စုသိမ်းရောင်းချနိုင်ရန် ကြိုးစားနေသည် ဟု ဆိုသည်။ ဤအချက်ကို အတည်ပြုနိုင်ခြင်းမရှိပါ။ သို့ရာတွင် ဤဆန်ပြဿနာ ဖြစ်ပေါ်လာရခြင်းသည် စျေးကွက်စီးပွားရေးကို ချုပ်ကိုင်ရန်ကြိုးစားသော အစိုးရ၏ လွဲမှားစီမံခန့်ခွဲမှု (mis-management) ကြောင့် ဖြစ်ပွားခဲ့ရသည် ဆိုလျှင်မူကား အငြင်းပွားဖွယ်ရာ မရှိပေ။

(၂) ၁၉၆၇-ခုနှစ် ဇူလိုင် သြဂုတ် အတောအတွင်း ရခိုင်ပြည်အတွင်း ဆန်စပါးစျေးနှုန်းသည် ဆယ်ဆခန့် ကြောက်မက်ဖွယ်ရာ ထိုးတက်သွားခဲ့ရာ နယ်ဘက်ကျေးရွာများတွင် ရွာထဲမှ မည်သူ မည်ဝါ ပိုင်သည့် (မိမိကိုယ်တိုင် ပိုင်သည့်) ဆန်စပါးကိုပင်ဖြစ်စေ ရွာပြင်သို့ ရွှေ့ပြောင်းယူသွားခွင့်မပြုသည့် ဂါမပညတ်များကို တုတ်တပြက် ဓါးတပြက်ဖြင့် ကျင့်သုံးလာကြသည်။ ရွှေတစ်ကျပ်သားလျှင် သုံးရာကျပ်သာကျသင့်သည့် ခေတ်ကာလတွင် ဆန်တစ်အိတ်၏ စျေးနှုန်း သည် ၂၀-ကျပ်မှ ၂၀၀-ကျပ်သို့ထိုးတက်သွားရာ တစ်နေ့လုပ်မှ တစ်နေ့စားရသည့် မြို့ပေါ် ဆင်းရဲသားများမှာ အမှန်တကယ်ပင် ထမင်းငတ်ကြတော့သည်။ ရွှေတစ်ကျပ်သားကို ခြောက်သိန်းပေးရသည့် ခေတ်မှာဆိုလျှင် ဆန်တစ်အိတ်ကို ကျပ်ငွေ လေးသိန်းပေးမှ ၀ယျလို့ရတော့မညျ့ အခြေအနေပင် ဖြစ်လေသည်။

(၃) စစ်တွေမြို့ပေါ်မှ ဆင်းရဲသားမိသားစုများ (အထူးသဖြင့် ကုလားများ) ထမင်းငတ်နေကြသဖြင့် တတ်နိုင်သူအချို့က တစ်နိုင်တပိုင် ဒါနပြုကြသည်။ ထိုသို့သော ပုဂ္ဂလိက အစီအစဉ်များမှာလည်း ရေရှည် ပြုလုပ်နိုင်ခြင်းမရှိပေ။ ဥပမာ စစ်တွေ လူဂုဏ်ထံ အမျိုးသမီးတစ်ဦးသည် မိမိ၏ ငါးမူးသား ရွှေလက်ကောက်များကို တစ်နေ့တစ်ကွင်းရောင်းချကာ ဆန်တစ်အိတ်စီ ၀ယျယူပွီး ချက်ပြုတ် လှူဒါန်းခဲ့သည် ဟု ဆိုသည်။ သို့ရာတွင် ထိုကဲ့သို့ လှူဒါန်းပြီး ဆယ့်တစ်ရက်မြောက်အကြာ လက်ကောက်ဆယ့်တစ်ကွင်း ကုန်ပြီး သောအခါ ထိုအစီအစဉ်ကို ၄င်းက ရပ်လိုက်သည် ဟု ဆိုသည်။

(၄) အင်္ဂလိပ်ခေတ်တွင် ဆူးအက်တူးမြောင်းကိုဖြတ်ကာ ဥရောပသို့ ဆန်တင်ပို့ ရောင်းချနိုင်သဖြင့် ကြွယ်၀ခဲ့သော ရခိုင်ပြည်တွင် ဆန်ပြဿနာကာလအတွင်းက မြို့ပေါ်လမ်းမကြီးတွင် နေထိုင်သည့် မိသားစုအချို့ကပင် ဆန်ပြုတ် ပြုတ်စားရသည့် အခြေအနေရောက်လာခဲ့ကြသည်။ သြဂုတ်လ (၁၁) ရက်နေ့ နှင့် (၁၂) ရက်နေ့တို့တွင် မငြိမ်မသက်မှုများ စတင်ဖြစ်ပွားသည်။ စစ်တွေမြို့ပေါ်တွင် လူအများ ထမင်းငတ်နေကြသော်လည်း အစိုးရက ကုန်သွယ်/လယ်ယာဌာနအားဖြင့် ၀ယျယူသိမျးဆညျးကာ နိုင်ငံခြားသို့ တင်ပို့မည့် ဆန်များကို တင်ဆောင်ထားသည့် သင်္ဘောကြီးတစ်စီး မြစ်ထဲမှာ ရပ်ထားသည်ကို မြင်နေရသည် ဟုလည်း ဆိုသည်။ ထို့အပြင် ဆန်တင် ဗျတ် (ခေါ်) အင်ဂျင်မဲ့ ကုန်တင် ဆွဲသင်္ဘော နှစ်စီးလည်း စစ်တွေအနီး ရေပြင်တွင် ရှိနေသည်။ သြဂုတ်လ (၁၁) ရက်နေ့တွင် ငတ်ပြတ်နေကြသောမိသားစုများသည် ထိုဆန်တင် ရေယာဉ်နှစ်စီးပေါ်မှ ဆန်များ နှင့် ကုန်းပေါ်ရှိ ဆန်ဂိုဒေါင်တစ်လုံးကို ဖောက်ကာ ဆန်များကို တစ်နိုင်တပိုင် လာရောက်ယူငင်ကြသည်။ ထိုရေယာဉ်များပေါ်မှ ဆန်များလာရောက် ယူငင်ခြင်းကို မပြုနိုင်ကြစေရန် ရေယာဉ်များကို ကမ်းအနီးကပ်ထားရာကနေ အဝေးသို့ မောင်နှင်သွားစေရာ တွင် ဆန်ယူနေသူအမျိုးသမီးများ ရေယာဉ်ပေါ် ပါသွားခဲ့သည် ဆိုသော သတင်းများထွက်ပေါ်လာရာ ပိုမိုမငြိမ်မသက် ဖြစ်လာခဲ့သည်။

(၅) ထိုစဉ်က အရပ်ဘက်ဒေသဆိုင်ရာ အာဏာပိုင်များတွင် လမ်းစဉ်ပါတီ၏ ဒေသပါတီကော်မတီ တိုင်းခွဲ (၁၃) မှာ ရခိုင်ပြည်၏ အမြင့်ဆုံးအာဏာပိုင်ဖြစ်သည်။ ထိုထိုသော ဒေသအာဏာပိုင်အပေါင်းတို့ကလည်း ဤအကျပ်အတည်းကို မည်ကဲ့သို့ ကျော်လွှားရမည်ဆိုသည်ကို အကြိတ်အနယ် ဆွေးနွေးတိုင်ပင်ကြသည်။ အဆိုပါဆွေးနွေးပွဲများတွင် နိုင်ငံတော်က စပါး၀ယ်ယူကာနိုင်ငံခြားတင်ပို့ခြင်းကို အလေးပေးလိုသည့် လေသံဖြင့် မျက်နှာလို မျက်နှာရ လေသံဖြင့် ဆွေးနွေးခဲ့သည် ဟု (ဆန်အစည်းအဝေး ခေါ်) ဆွေးနွေးပွဲများပြင်ပသို့ သတင်းထွက်လာသည့် အစည်းအဝေးတက်ရောက်သူ သုံးဦးဖြစ်သည့် (မြို့မိမြို့ဖလိုလို လူထုကိုယ်စားလှယ် လိုလို ပုဂ္ဂိုလ်များ ဖြစ်ကြသည့် ) ဦးမောင်ဦးကျော် ၊ ဦးဘခင် နှင့် ဦးကျော်မောင်တို့၏ မိသားစု နေအိမ် အသီးသီးမှာ သြဂုတ်လ (၁၂) ရက်နေ့တွင် လူအုပ်စုများ၏ ခဲဖြင့်ပစ်ပေါက်ခြင်းကို ခံရသည်။ ထိုဖြစ်စဉ်ထဲက သမိုင်း၀င်စကားတစ်ခွန်းမှာ လမ်းစဉ်ပါတီ၏ တိုင်းခွဲ (၁၃)၏ အကြီးအကဲတစ်ဦးဖြစ်သူ ဒုတိယ ဗိုလ်မှူးကြီး ရွှေဇံအောင် (ရေတပ်) ၏ စကားဖြစ်သည်။ ဆန်မရှိရင် မုန့်တီစား သင့်သည်ဟု ၄င်းက ပြောခဲ့သည်ဟုဆိုရာ ပြည်သူအများက ဒေါသအကြီးအကျယ် ထွက်ကြသည်ဟု ဆိုသည်။ (၄င်းက ထိုအတိုင်းပြောခဲ့ခြင်း ဟုတ်ချင်မှဟုတ်မည် ဟု ယူဆရသည်။ ရခိုင်တွေက မုန့်တီကို အရမ်းကြိုက်တော့ ဒီလိုရှားပါးနေတဲ့ အချိန်မှာ ဆန်အခြေခံ ရိုးရာစားစရာဖြစ်တဲ့ မုန့်တီကိုလည်း အစားထိုးအားပြု စားကြဖို့ဆိုသည့်သဘော ပြောခဲ့ခြင်း ဖြစ်ကောင်းဖြစ်မည်ဟု ခန့်မှန်းရကြောင်း ခေတ်ပြိုင်ပုဂ္ဂိုလ်အချို့က ဆိုသည်။ )

(၆) သြဂုတ်လ (၁၃) ရက်နေ့ မွန်းတည့် (၁၂) နာရီတွင် ရာချီသော လူအုပ်စုဖြင့် စစ်တွေမြို့ ၀ငျ်ကဘာကှငျးအနီး အတုလမာရဇိန် ပြည်လုံးချမ်းသာ ဘုရားကြီးစုရပ်မှ နေ၍ ဆန္ဒပြလူအုပ် စတင်ချီတက်သည်။ ဦးခိုင်အောင်ကျော် ရေးသားသော မှတ်တမ်းများ၏ အဆိုအရ ဘုရားကြီးမှ စတင်စုဝေးထွက်ခွာလာသူ ကျောင်းသားလူငယ် (၁၃) ဦးမှာ ၄င်းနှင့်၄င်း၏ သူငယ်ချင်း ကျောင်းသား (၁၂) ဦးဖြစ်ပြီး ၄င်းတို့ ကိုင်ဆောင်လာသော ခေါင်းစည်းစာတမ်း ဆန်ပြသနာဖြေရှင်းပါ ၊ - - - - - ရခိုင့်အရေးတော်ပုံ အောင်ရမည် ဆိုသည့် ခေါင်းစည်းစာတမ်းကို ၄င်းကိုယ်တိုင် အိမ်က ရေးဆွဲယူလာခဲ့ခြင်းဖြစ်သည်ဟု ၄င်းက ဆိုထားသည်။ ဆန္ဒပြပွဲတွင် ကိုယ်တိုင်ကိုယ်ကျပါ၀င်ခဲ့ကြသည့် ပုဂ္ဂိုလ်များ၏ အဆိုအရ ဆန္ဒပြသူများ ဟစ်ကြွေးကြသည့် ကြွေးကြော်သံများထဲမှ အချို့မှာ - ပြုတ်ဆန်မစား ရခိုင်သား ဆန်ပြုတ်မစား ရခိုင်သား ဆန်ကွဲမစား ရခိုင်သား တို့ဖြစ်ကြသည်ဟု ဆိုသည်။ ဆန္ဒပြနေသည့်အချိန် ရွေ့လျားကြာမြင့်လာသောအခါ တောင်းဆိုချက်များမှာ လတ်တလော အခြေအနေကို ပြေလည်စေလိုသည့် တောင်းဆိုချက်များသာမက နောက်ကွယ်က နိုင်ငံရေးပြဿနာများအား ထင်ဟပ်သည့် ကြွေးကြော်သံများ ပေါ်ထွက်လာခဲ့သည် ဟု ဆိုသည်။ ထိုအထဲမှ အချို့မှာ တောပန်ဇင်းအရေး ဒို့အရေး ပါတီ ပါတီ လီးပါတီ တို့ဖြစ်ကြသည်ဟု ဆိုသည်။

(၇) ဆန္ဒပြလူစုလူဝေးသည် မြို့ဆင်ခြေဖုံးရပ်ကွက်များတစ်လျှောက် ရွေ့လျားရင်း လူဦးရေ ကြီးထွားသထက် ကြီးထွားလာသည်။ ဘုရားကြီး၊ ဒိုး၀န်းရွာ (ယခု ရွာကြီးတောင်)၊ ဆင်ကူးလမ်း ၊ အုန်းတပင် ၊ သင်္ဘောဆိပ် ၊ လမ်းမတော် . . . ထို့နောက် လမ်းမကြီးအတိုင်းမြို့ထဲတည့်တည့် မြို့တောင်ဘက်သို့ ဦးတည်သွားကြသည်။ စစ်တွေထောင်ဗူး၀သို့ ရောက်သောအခါ ကိုအေးကျော် နှင့် ကိုရွှေ၀င်းတို့အား လွှတ်ပေးရန် ဆန္ဒပြသူများက တောင်းဆိုသည်။ ကိုအေးကျော်မှာ ယခုလက်ရှိတွင် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်၏ ဒုတိယဥက္ကဌဖြစ်သူ ဦးအေးကျော် ဖြစ်သည်။ ကိုအေးကျော်အပါအ၀င် မိတ်ဆွေငါးဦးတို့မှာ လွန်ခဲ့သည့် နှစ်လခန့် ၁၉၆၇-ခုနှစ် ဇွန်လခန့်က သဘာ၀အားဖြင့် ဆန်ရေစပါးပေါကြွယ်ဝသော ရခိုင်ပြည်နယ်သည် မဆလ အစိုးရလက်ထက်တွင် မတရားသဖြင့် စုတ်ပြတ်နုံချာ ဆင်းရဲငတ်ပြတ်သွားရခြင်းဖြစ်သည် ဆိုသည့် သဘောကို ဘားဘူဟိယင့် ဆန်ဟိယင့်၊ ဒိုင်းကျီဟိယင့် ရီဟိယင့် ဆိုသည့်ခေါင်းစည်းဖြင့် ရေးသားထားသည့် လက်ကမ်းစာစောင်များကို ရေးသား/ပုံနှိပ် ဖြန့်ချိခြင်း နံရံကပ်ခြင်း များ ပြုလုပ်သဖြင့် ထောင်ဒဏ်ကျခံနေကြရခြင်းဖြစ်သည်။ ထိုပုဂ္ဂိုလ်ငါးဦးမှာ သြဂုတ် ၁၃ ဆန်ပြဿနာ အရေးအခင်းကို ရှေးဦးခင်းကျင်းနှိုးဆွခဲ့သူများ ဖြစ်သည် ဟု ဆိုနိုင်သည်။ ထို ငါးဦးထဲမှ စစ်တွေ ထောင်ထဲတွင် ထောင်ကျနေသူ နှစ်ဦးဖြစ်သည့် ကိုအေးကျော် နှင့် ကိုရွှေ၀င်း တို့အား ထောင်မှ လွှတ်ပေးရန် သွားရောက်တောင်းဆိုခဲ့ကြသည်။

(၈) ထို့နောက် ဆန္ဒပြလူအုပ်သည် ထောင်ဗူး၀ က ပြန်လှည့်လာပြီး စစ်တွေ ပုလုပ်တောင် (ယခု ရဲနွယ်စု) ရပ်ကွက်၊ မကျည်းမြိုင် ၊ ထိုမှ မီးစက်ခွဆုံ၊ ထိုမှ ကုန်သည်လမ်းအတိုင်း ပြန်တက်လာကာ ကသည်းရွာထိပ် ကုန်းတံတားငယ် ၊ ယင်းနှင့် ကပ်လျက် မြဆန်စက်ရှေ့သို့ ရောက်ရှိသည်။ မြဆန်စက်ရှေ့သို့ရောက်သောအခါ ဆန္ဒပြလူဦးရေမှာ တစ်မြို့လုံးနီးကပါး (လူဦးရေ သိန်းချီကာ) ဖြစ်နေလေပြီ။ မြဆန်စက်ရှေ့သို့ လူစုလူဝေး၏ ထိပ်ဖျားက ရောက်နေသည့်အချိန်တွင် ပုလုတ်တောင်ရပ်ကွက် ဘုမခွဆုံတွင်မူကား နောက်က လိုက်ပါ လာသည့် လူစီးကြောင်းက ရှိနေသေး သည်။

(၉) မြဆန်စက်ရှေ့တွင် ဟီးနိုးကားကြီး အနည်းဆုံးသုံးစီးကို ရပ်လျက် စစ်တပ်က စောင့်ကြပ်ပိတ်ဆို့ထားသည်။ လူအုပ်စုရှေ့တက်မလာရအောင် သံဆူကြိုးပတ် သစ်သားဘောင်တန်း အဆီးအတားများဖြင့် ပိတ်ထားသည်။ ရှေ့ဆက်မတိုးဘဲ လူအုပ်အနေဖြင့် နောက်ပြန်ဆုတ်ရန် စစ်တပ်က တောင်းဆိုသည်။ ဆွေးနွေးညှိနှိုင်းရန် (သို့မဟုတ်၊ လူငါးဦးထက် ပိုမစုရသည့် ပုဒ်မ ၁၄၄ ကိုဖတ်ပြသည်ကိုနားဆင်ရန်) ကိုယ်စားလှယ် ငါးဦးထွက်လာကာ ဆွေးနွေးကြဖို့ အာဏာပိုင်များက ပြောကြားသည်။ လူအုပ်စု၏ ကိုယ်စားလှယ်ငါးဦးက ၄င်းတို့မူလထွက်ခွာလာရာ ၀ငျ်ကဘာကှငျးမှာ သိပ်မဝေးတော့ပြီဖြစ်ကြောင်း ထိုနေရာတွင် လူစုခွဲရန် ရည်ရွယ်ထားကြောင်းတင်ပြရာ ၄င်းတို့နှင့် ညှိနှိုင်းကြသူများ (ဆိုလိုသည်မှာ လမ်းစဉ်ပါတီ တိုင်းခွဲ ၁၃ အကြီးအကဲ ဗိုလ်မှူးစောဖြူ နှင့် အဖွဲ့) က သဘောတူညီသည်။ သဘောတူညီချက်အရ အတားအဆီးများကို ဟပေးပြီး လေးယောက်တစ်တန်းစီ အားဖြင့် ရှေ့သို့ခရီးဆက်ကြသည်။ သို့ရာတွင် လေးယောက်တစ်တွဲစီ စုစုပေါင်း အယောက်နှစ်ရာခန့် ထွက်ရှိ ရှေ့ဆက်ပြီးသည့်အချိန်တွင် ဗိုလ်မှူးတင့်လွင် ဦးစီးသည့် စစ်တပ်က စတင်ပစ်ခတ်သည်။ ကောက်ပင်များကို ရိတ်လှီးလိုက်သလို လူအများအတုံးအရုံး လဲကျသွားကြသည်။ သေသူများ နှင့် မသေမရှင် ဒဏ်ရာရနေသူများ အားလုံးကို အသင့်ရပ်ထားသော ဟီးနိုးကားကြီးသုံးစီးအပေါ်ပစ်တင်၍ သွားရောက်မြှုပ်နှံသည်။ အနည်းဆုံး လူနှစ်ရာ သေဆုံး/ပျောက်ဆုံးသည်။ တပ်ဦးမှ ချီတက်သူများ အပစ်ခတ်ခံရပြီးနောက် လူတန်းကြီးမှာ အလျှိုလျှိုပျောက်ကွယ်သွားသည်။ နောက်နေ့များတွင် နေ့ဘက်ရော ညဘက်ပါ အိမ်ပြင်မထွက်ကြရန် အာဏာပိုင်များက တားမြစ်သည်။

(၁၀) သေဆုံးသူဦးရေကို အစိုးရက ဆယ့်ခုနှစ်ဦးရှိသည် ဟု ကြေငြာသည်။ နောက်ထပ် နှစ်ဦးထပ်တိုးရာ ၄င်းတို့အလိုအရ စုစုပေါင်း (၁၉) ဦးဖြစ်သည်။ မေးမြန်းပြောကြားချက်များအရ သေဆုံးသူများနှင့် မသေမရှင်များကို နှစ်နေရာခွဲ၍ မြှုပ်နှံခဲ့သည် ဟု ဆိုရာတွင် မြှုပ်နှံသည့်နေရာကို ပြောကြရာတွင် ဝိဝါဒကှဲပွားမှုရှိနသေညျ။ သေချာသည့်နေရာတစ်ခုမှာ စစ်တွေ သင်္ချိုင်းကြီးအတွင်းတစ်နေရာတွင် မြှုပ်နှံခဲ့သည် ဆိုသည့်အချက်ဖြစ်သည်။ စစ်သားများ ဟီးနိုးကားများနှင့် လာရောက်မြှုပ်နှံခဲ့သည့်ညက သင်္ချိုင်းကြီးမှ သင်္ချိုင်းစောင့်မှာ မသေမရှင် ဒဏ်ရာရနေသူများ၏ ငြီးတွားသံများ၊ တောင်းပန်သံများ၊ ကျွန်တော်/ကျွန်မ မသေသေးပါဘူး တိုးရှိုးသံများကို ကြားနေခဲ့ရပြီးနောက် ခဏကြာသောအခါ ထိုအသံများ ပျောက်ကွယ် သွားခဲ့သည် ဟု ထိုအချိန်က သင်္ချိုင်းစောင့်က သိမီသူ တော်တော်များများအား ပြောပြချန်ထားရစ်ခဲ့သည်။ သို့ဖြစ်၍ စစ်တွေ သင်္ချိုင်းကြီးတွင် မြှုပ်နှံခဲ့သည် ဆိုသည့်အချက်မှာ ယုံမှားသံသယ ဖြစ်ဖွယ်ရာမရှိ ဟု ဆိုနိုင်သည်။ နောက်ထပ် စုပေါင်းမြှုပ်နှံသည့် နေရာတစ်ခုမှာ စစ်တွေမြို့နယ် အုန်းတောကြီးဖြစ်သည်ဟု တချို့က ဆိုသည်။ တချို့ကလည်း စစ်တွေမြို့နယ် သဲချောင်းတွင်ဖြစ်သည် ဟု ဆိုသည်။ အသေအချာသိရှိနိုင်ခြင်းမရှိသေးပေ။

(၁၁) ၁၉၆၇-ခုနှစ် သြဂုတ်လ (၁၃) ရက်၊ ထိုနေ့ထိုရက်တွင် မြောက်ဦးမြို့၌လည်း ဆန်ရှားပါးမှုကို အလားတူ အခြေခံသော မငြိမ်မသက်မှုများ တစ်ချိန်တည်း ဖြစ်ပွားခဲ့ရာ စစ်တပ်က မိုးပေါ်ထောင်ပစ်ကာ လူအုပ်ကို တားဆီးနိုင်ခဲ့သည်။ နောက်နေ့ သြဂုတ် (၁၄) ရက်နေ့တွင် လူအများအား ဆန်ဝေငှပေးခြင်းအားဖြင့် ပြဿနာ ကို လျော့ပါးသက်သာစေခဲ့သည်ဟု ဆိုသည်။

(၁၂) မြဆန်စက်ရှေ့တွင် ဆန္ဒပြလူအုပ်စုက ကပိုင်သား ထင်းချောင်းများဖြင့် ပစ်ပေါက်သည့်အတွက် စစ်တပ်က သေနတ်ဖြင့်ပစ်သတ်ခဲ့ရကြောင်း ဆင်ခြေပေးမှုများရှိခဲ့သော်လည်း တာ၀န်ရှိသူများအနေဖြင့် ထိုနေ့ ဆန္ဒပြပွဲစသည်နှင့် တစ်ပြိုင်နက် စစ်တွေဆေးရုံကြီးတွင် လူနာအနည်းဆုံးငါးဆယ်လာမည်ဖြစ်သည့်အတွက် နေရာများကို ကြိုတင်ရှင်းလင်းထားပါရန် ဆေးရုံအုပ်ချုပ်သူများအား အာဏာပိုင်များက ကြိုတင်ညွှန်ကြားချက် ပေးခဲ့သည် ဆိုသောအချက်မှာ ဖြစ်ရပ်နောက်ပိုင်း စုံစမ်းရေး ကော်မရှင်၏ မေးမြန်းမှုများအတွင်း ပေါ်ပေါက်ခဲ့သည်ဟု ဆိုသည်။

(၁၃) ယခုဆောင်းပါးသည် ဤသမိုင်းမှတ်စုများအား သည်ထက်မက ပိုမိုပြည့်စုံတိကျသော သမိုင်းမှတ်တမ်းများအဖြစ် ပြုစုနိုင်ရေးအတွက် အခြေခံ ကျောရိုးချခင်းကြည့်ခြင်းသာဖြစ်ပြီး နှုတ်ပြောမှတ်တမ်းများကိုသာ အဓိက အခြေခံပါသည်။ သိမီသူများ တတ်ပွန်သူများ ပါ၀င်ဖြည့်စွက် တည်းဖြတ် ရေးသားခြင်း အားဖြင့် နောင်လာနောက်သားများ သိရှိသင့်သည့် သမိုင်းဖြစ်ရပ်တစ်ခုကို မကွယ်မဝှက် မှတ်တမ်းရေးထိုးနိုင်စေလိုသော စေတနာဖြင့် ရေးသားအပ်ပါသည်။

ထွန်းမြတ်နိုင်သို့ အိတ်ဖွင့်ပေးစာသရဝဏ်-ပြည် မင်္ဂလာပါထွန်းမြတ်နိုင်။ ဟိုးအရင်တုန်းက မင်းက တိုးရစ်ဂိုဒ် ခနလုပ်ဖူးတော့ ဘာပ...
09/08/2026

ထွန်းမြတ်နိုင်သို့ အိတ်ဖွင့်ပေးစာ

သရဝဏ်-ပြည်

မင်္ဂလာပါထွန်းမြတ်နိုင်။ ဟိုးအရင်တုန်းက မင်းက တိုးရစ်ဂိုဒ် ခနလုပ်ဖူးတော့ ဘာပဲဖြစ်ဖြစ် ခရီးသွားလုပ်ငန်းက လုပ်ဖော်ကိုင်ဖက် အဖြစ်သဘောထားပါတယ် ။ ဒါပေမယ့် မင်းအသက်က (၄၁)နှစ် ၊ စာရေးနေတဲ့ ငါ့အသက်က (၅၁) နှစ်ဆိုတော့ အသက်ကလည်း ဆယ်နှစ်ကွာ ၊ ဂိုဒ်လောကမှာလည်း ငါဟာမင်းထက် လုပ်သက် ၁၀ နှစ် ၊ ၁၅ နှစ်လောက်ပိုပြီးရှေ့ရောက်မယ်ထင်ပါတယ် ။

မင်းကလဲ ဂိုဒ်အလုပ်ကိုစွဲစွဲမြဲမြဲလုပ်တာမဟုတ်ပဲ ၊ ဟန်ပြသဘောလောက် ခနတဖြုတ်လုပ်ခဲ့တာဆိုတော့ Tour ခရီးစဉ်တွေ အတူသွားရလောက်တဲ့အထိတော့ မသိကျွမ်း ခဲ့ဖူးပါဘူး ။

ဘာပဲဖြစ်ဖြစ် ရန်ကုန်တက်ပြီတိုးရစ်ဂိုဒ်ခန ၊ မော်ဒယ်လိုလို ဘာလိုလိုလဲ ခနလုပ်ခဲ့တဲ့သူဆိုတော့ အတွေးအခေါ်အယူအဆ အတိုင်းအတာတခုအထိရှိလိမ့်မယ်လို့ ယူဆတာပဲ ။ဧည့်လမ်းညွှန်တယောက်ရဲ့ဦးနှောက်ဟာ စဉ်းစားတွေးခေါ်ဉာဏ်ရှိမယ်လို့ မျှော်လင့်တာပဲ။

၂၀၀၉ မှာ မင်းတို့ AA အဖွဲ့ ကို လူ ၂၆ ယောက်နဲ့စထောင်တယ် ။ KIA လို့ခေါ်တဲ့ ကချင် လွတ်မြောက်ရေး တပ်က မင်းတို့ကိုကျောထောက်နောက်ခံ ကူညီပေးခဲ့တယ် ။ အဲဒိနောက်မှာ ရခိုင်မှာ ရှိတဲ့ရဲစခန်းတွေကိုမင်းတို့၀င်စီးတယ် ။

ရခိုင်လူမျိုးစစ်စစ် ရဲတပ်သားတွေအပါအ၀င် ရဲ တွေကျဆုံးတယ် ။ နောက်တော့ တိုက်ပွဲတွေဟိုမှာ သည်မှာ ဖြစ်တယ် ။ ရဲတွေကိုဖမ်း၊ စစ်သားတွေကိုဖမ်းရုံမက ၊ မီးသတ်သမားတွေ ၊ လူ၀င်မှုကြီးကြပ်ရေး ဌာန်က၀န်ထမ်းတွေကိုဖမ်းတယ်၊ MY Tel ကုမ္မဏီက၀န်ထမ်းတွေကိုဖမ်းတယ် ၊ ချင်းပြည်နယ် ပလက်ဝမြို့နယ်က လွှတ်တော်အမတ် ဦးဝှေ့တင်းကိုဖမ်းတယ် ၊ နောက်ဆုံး တော့ ဘူးသီးတောင်မြို့နယNLD ဥက္ကဌ ကို ဖမ်းပြီး သတ်ပစ်လိုက်တယ် (စစ်တပ်က လက်နက်ကြီးနဲ့ပစ်လို့သေတယ်လို့ ပြောတာကို ငါမယုံပါဘူး ၊ မင်းတို့ဖမ်းထားတုန်းသေတာမို့ မင်းတို့လက်ချက်နဲ့သေတယ်လို့ပဲသတ်မှတ်ပါတယ် )။

တဖက်မှာလည်း မင်းရဲ့ ညီမအရင်းနဲ့ယောက်ဖဟာအကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ အဖမ်းခံနေရပါတယ် ။မင်းရဲ့ဇနီးနဲ့ကလေးဟာထိုင်းနိုင်ငံမှာ ဗီဇာသက်တမ်းလွန်မှုနဲ့အဖမ်းခံနေရပါတယ်

။မင်းရဲ့ခေါင်းဆောင်မှုအောက်မှာ ကျဆုံးခဲ့တဲ့ရခိုင်လူငယ်တွေလည်း တသောင်းခွဲလောက်ရှိပြီလို့ သိရပါတယ် ။ အဲဒိတော့ အရာရာဟာ၀မ်းနည်းဖွယ်ရာပါပဲ ။ မင်းတို့ဘက်ကအဖမ်းအဆီးခံရသူ မင်းအမျိုးတွေအတွက် ၊ အခြားအပြစ်မဲ့ရခိုင်အရပ်သားတွေအတွက် ငါစိတ်မကောင်း သလို ၊ မင်းတို့ဖမ်းလို့ နှိပ်စက်လို့ ရက်ရက်စက်စက် သတ်ဖြတ်ကြလို့ သေသွားသူတွေ ၊ ခုထိဖမ်းထားသူတွေ အတွက်ရော ၊ ကျဆုံးသွားတဲ့ ရခိုင် လူငယ်တွေအတွက်ရော ၊ တပ်မတော်သား အပါအ၀င် ရဲတပ်ဖွဲ့ ၀ငျတှအေတှကျရော အားလုံးအတွက်ငါစိတ်မကောင်းဘူး ။ အဲဒိတော့ငါထောက်ပြချင်တယ် ။

တော်လှန်ရေးတခုကို လူမျိုးရေး မုန်းတီးစိတ်နဲ့လုပ်ရင် ဘယ်တော့မှ မအောင်မြင်နိုင်ဘူး ။ ငါထပ်ပြောမယ် ။ ဗမာမုန်းတီးစိတ်ကိုအခြေခံပြီးလုပ်နေတဲ့ မင်းတို့ရခိုင့်တော်လှန်ရေး ဟာ ဘယ်လိုမှအောင်မြင်လာနိုင်စရာအကြောင်းမရှိဘူး ။

ဘာ့ကြောင့်လဲဆိုတော့ တိုးတက်တဲ့အမြင် တိုးတက်တဲ့အတွေးအခေါ်၊ နိုင်ငံတကာကလက်ခံတဲ့ အယူအဆမူဝါဒတွေမင်းတို့မှာ မရှိဘူး ။ ဗမာကိုသတ်ပြီးရခိုင်နိုင်ငံတော်ကြီးတည်ထောင်မယ်ဆိုတဲ့ ဘိုးတော်ဘုရားလက်ထက်ကအတွေးအခေါ်လောက်နဲ့ပဲ မင်းတို့ အလုပ်လုပ်နေကြလို့ပဲ ။

ဗမာကိုလူမျိုးတုန်းသွားအောင် မင်းတို့AA မစွမ်းဆောင်နိုင်သလို ၊ ရခိုင်တွေမျိုးတုန်းသွားအောင်လည်း တပ်ကစွမ်းဆောင်နိုင်မှာ မဟုတ်ဘူး ။ ကိုယ့်လူမျိုး ၊ ကိုယ့်ဒေသဖွံဖြိုးတိုးတက်ချင်တာကိုလက်ခံလို့ရပေမယ့် ကိုယ့်လူမျိုးမှကိုယ့်လူမျိုး ကျန်တဲ့ဗမာကို ရန်သူအဖြစ် မုန်းတီးနေတဲ့ အငုံ့စိတ်တွေ ရှိနေသမျှပတ်လုံး မင်းတို့ ဘယ်လိုမှမအောင်မြင်နိုင်ဘူး ။

ရခိုင်သူငယ်ချင်းတွေ ငါ့မှာ အများကြီးရှိတယ် ။ မျှတတဲ့အမြင်ရှိတဲ့ ရခိုင်တွေကိုလည်းငါတွေ့ဖူးတယ် ။ ငါ့အသိရခိုင်ကြီးတယောက်ကပြောတယ် ။ တချို့ရခိုင်တွေဟာ ကလေးလေးတယောက်ကိုငယ်စဉ်အခါတည်းက ဗမာတွေဟာ ငါတို့ရခိုင်နိုင်ငံတော်ကြီးကိုဖျက်ဆီးသွားတာ ၊ ငါတို့မဟာမုနိဘုရားကြီးကိုခိုးသွားတာ စသည်ဖြင့် အမုန်းစကားတွေကိုပဲ နုနယ်လှတဲ့နှလုံးသားထဲကိုရိုက်ထည့်သလိုပြောနေလေ့ရှိတယ် ၊ အဲဒါကိုကျွန်တော်လက်မခံဘူး ကိုညီလို့ပညာတတ်ရခိုင်ကြီးတယောက်ကပြောပါတယ် ။အဲဒိရခိုင်ကြီးကပဲဆက်ပြီး

အဲဒိလို ကျွန်တော့်ရှေ့မှာသင်ပေးရင် ကျွန်တော်ကပြောလိုက်တယ် ၊ အဲဒါဘာဖြစ်သလဲကွာ စစ်ပွဲဆိုတာ နိုင်တဲ့သူကယူတာပဲ ၊ ငါတို့ဘုရားကိုလည်း သူတို့ကောင်းကောင်းမွန်မွန်မန္တလေးမှာ ထားတာပဲ ။ သူတို့လက်ထဲမှာ မို့ လူတွေအများကြီးလွယ်လွယ်ကူကူလာဖူးလို့ရတာ ၊ ငါတို့ဘာသာရခိုင်ပြည်နယ်ကျောက်တော်မှာထားရင် ချောင်ထဲရောက်ပြီးဘယ်လိုလုပ် ဘုရားဖူးတွေအလွယ်တကူဖူးလို့ရတော့မလဲ လို့ပြော လိုက်တယ် လို့ရခိုင်စာရေးဆရာကြီးကကျွန်တော့်ကိုမကြာခနပြောပြပါတယ် ။

ရခိုင်အားလုံးအစွန်းမရောက်ပေမယ့်အချို့သောရခိုင်တွေဟာအစွန်းရောက်အယူအဆရှိတယ် ။ ချေးချောက်ကိုရေနှူးသလို ဘိုးတော်ဘုရားရဲ့သားတော်လက်ထက်က ရခိုင်ကိုတိုက်ခိုက်အနိုင်ယူသွားတာကို ငိုပွဲဖွဲ့ပြီး ရခိုင့်နိုင်ံတော်ကြီးအချုပ်အခြာကျဆုံးခဲ့တဲ့ နေ့ဆိုပြီး ၁၇၈၂ ခု ဒီဇင်ဘာလ ၃၁ ရက်နေ့ကို နှစ်စဉ်၀မ်းနည်းလို့မဆုံးအောင် အမုန်းတရားတွေပွားသထက်ပွားအောင် လုပ်ကြတယ် ။

ဒါပေမယ့် ဗမာဘုရင် နန္ဒဘုရင်ရဲ့လက်ထက် ပဲခူးဟံသာ၀တီက ကမ္ဘောဇသာဒီနန်းတော်ကြီးကို ရခိုင်တပ်တွေနဲ့တောင်ငူ တပ်တွေပေါင်းပြီး ၁၅၉၉ မှာ မီးရှို့ဖျက်ဆီး ၊ ရရာမှန်သမျှ လူယက်ယူငင်ကြတာ ကိုတော့ ဗမာတော်တော်များများ ဟာ အရေးအရာလုပ်ပြီး ဘယ်သူမှ မျိုးဆက်သစ်တွေကို လက်ဆင့်ကမ်းအမုန်းတရားတွေပေးမနေလို့ ဗမာတော်တော်များများ ဟာ ပဲခူးကိုရခိုင်တပ်တွေဖျက်သွားတာ သိသူနည်းပါတယ် ။

သိတဲ့သူတွေကလည်း တနုံ့နုံ့ဖြစ်မနေဘူး ။ အော် သူတို့ပဒေသရာဇ် ဘုရင်အချင်းချင်း နန်းလုကြ၊ စစ်ပြိုင်ကြ၊ အာဏာရူးကြတာ ပဲ ၊ လူမျိုးအချင်းချင်း ဘာမုန်းစရာရှိလဲလို့ပဲတွေးကြပါတယ် ။

ထွန်းမြတ်နိုင်တို့လို ဒီဇင်ဘာလရောက်တိုင်း ရခိုင့်အချုပ်အခြားဆုံးရှုံးခဲ့တဲ့နေ့တို့ ၊ ရခိုင့်နိုင်ငံတော်ကြီးကျဆုံးခဲ့တဲ့နေ့လို့ ဘယ်သူမှတွေးမနေအားပါဘူး ။

ဗမာဘုရင် သီပေါမင်းကို အင်္ဂလိပ်က၁၈၈၅မှာ ဖမ်းသွားတော့လည်း ပဒေသရာဇ်စနစ်နဲ့ ကိုလိုနီစနစ်အားပြိုင်ရာမှာ ကိုလိုနီစနစ်ကနိုင်သွားတဲ့ဖြစ်ရပ်တခုလို့ပဲ ဗမာပြည်သူလူထုကအောက်မေ့ပါတယ် ။

ကိုယ့်ဘုရင်ပါတော်မူသွားတာစိတ်မကောင်းဘူး ။ ဒါပေမယ့် ဒါတွေကိုတသသလုပ်မနေဘူး ။ အမျိုးသားအောင်ပွဲနေ့ကိုတောင် သီပေါမင်းပါတော်မူတဲ့နေ့ကို အဆိုပြုပေမယ့် အများစုကလက်မခံဘူး ။ ကိုယ်ရှုံးခဲ့တဲ့နေ့ကို တသသလုပ်နေရင်ဘယ်လိုလုပ်ပြီးကျက်သရေမင်္ဂလာရှိမှာလည်း ၊ ဒါကြောင့် ပထမ ကျောင်းသာသပိတ်မှောက်ခဲ့တဲ့ တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်နေ့ကိုပဲ အမျိုးသားအောင်ပွဲနေ့အဖြစ်ကျင်းပခဲ့ပါတယ် ။

ဂျပန်နိုင်ငံကိုလည်းအမေရိကန်ပြည်ထောင်စုက ဒုတိယကမ္ဘာစစ်မှာ အနုမြူဗုံးနှစ်လုံးကျဲခဲ့လို့ လူပေါင်း သုံးသိန်းနီးပါး အသေဆိုးနဲ့သေခဲ့ရပေမယ့် ဂျပန်ဟာအမေရိကန်လူမျိုးတွေအပေါ်မှာ အာဃာတမထားခဲ့ပဲ ပူးပေါင်းဆောင်ရွက်လိုက်တာ အခုလိုချမ်းသာလာတာပါပဲ။

ဘိုးတော်ဘုရားသားတော်နဲ့ရခိုင်ဘုရင်ဖြစ်ခဲ့တဲ့စစ်ပွဲ မှာလည်း အခု စာရေးသူအပါ၀င် ဘယ်ဗမာမှ၀င်ပါခဲ့ကြတာမရှိပါဘူး ။ ဖြစ်ခဲ့တာက ၁၈ ရာစုမှာပါ ။ အခုက ၂၁ ရာစုမှာပါ။

အဲဒိတော့ထွန်းမြတ်နိုင်တို့ကိုပြောချင်တာက နာစရာရှိတာတွေ အမုန်းတရားတွေ အာဃာတတွေကိုလျှောက်တွေးနေလို့ကတော့ ဘယ်တော့မှ စိတ်ဒုက္ခသံသရာဆုံးမှာ မဟုတ်ဘူး ။ အစွန်းရောက်မျိုးချစ်စိတ်ကိုဖျောက်ပြီး ပြည်ထောင်စုစိတ်ဓာတ်မွေးမှပဲတိုင်းပြည်ကကောင်းမယ် ။

အခုပဲ မင်းဦးဆောင်ပြီး ရခိုင်ပြည်နယ်မှာထကြွသောင်းကျန်းလိုက်တာ ရခိုင်လူထု နဲ့ မြန်မာနိုင်ငံကြီး ဘာအကျိုးထူးတွေရသလဲ ။ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေရပ်ကုန်တယ် ၊ ရခိုင်တော်တော်များများ စစ်ဘေးရှောင်ဒုက္ခသည်တွေဖြစ်ကုန်တယ်၊ ရခိုင်လူငယ်လေးတွေ မင်းတို့မြေ ှာက်ပေးလို့ လူတသောင်းကျော်သေခဲ့ရပြီ ။

တိုးရစ်တွေလည်း မြောက်ဦး၊ စစ်တွေ စတဲ့ရခိုင်မြောက်ပိုင်းကိုအလာနည်းသွားလို့ဒေသခံ ဟိုတယ်လုပ်ငန်းရှင်တွေ၊ တိုးရစ်ဂိုဒ်တွေ၊မော်တော်ပိုင်ရှင်တွေ၊ ကားပိုင်ရှင်တွေ ၊ မော်တော်မောင်းတဲ့သူတွေ ၊ ကားမောင်းတဲ့သူတွေ ၊ စျေးသည်တွေ အားလုံးအလုပ်အကိုင်ပါးကုန်ကြပြီ ။

နှစ်ဖက်တပ်ဖွဲ့တွေ ရင်ဆိုင်ပစ်ကြခတ်ကြတိုက်ခိုက်ကြလို ဘုရားတွေထိတယ် ၊ ဘုန်းကြီးကျောင်းတွေထိတယ် ၊ လူနေအိမ်တွေထိတယ် ၊ရပ်ထဲရွာထဲလက်နက်ကြီးတွေကျပြီးပေါက်ကွဲတယ်။ မိုင်းတွေထိကြတယ်။ မင်းတို့ဟာက တော်လှန်ရေးလုပ်တာနဲ့မတူတော့ဘူး ၊ ကိုယ့်ဒေသကိုကိုယ် ဒုက္ခပေးနေသလိုပဲ ။

ဘူးသီးတောင်၊မောင်တော စတဲ့ အရပ်ဒေသက လူငယ်လေးတွေ ၊ ပညာမတတ်သူတွေဟာ ဒါတွေကိုမစဉ်းစားနိုင်ပဲ မင်းလျောက်ဖြီးဖြန်းမျှော်လင့်နေတဲ့ ၂၀၂၀ ရခိုင့်နိုင်ငံတော်အိပ်မက်ဆိုတာကြီးကို အဟုတ်ထင်ပြီး အသက်တွေသေပေးနေရတာတန်ရဲ့လား လို့မေးချင်တယ်။

ကရင် အမျိုးသားအစည်းအရုံး ကဖဒိုမန်းငြိမ်းမောင်ပြောတာလေးကို ပြန်ပြီးကိုးကားချင်တယ်။ ဖဒိုမန်းငြိမ်းမောင်ကပြောတယ်

ဒီနေ့ရခိုင်တွေ စိတ်ကူးယဉ်နေတဲ့ စိတ်ကူးယဉ်အိပ်မက်ဆိုတာကို ကျွန်တော်တို့ကရင်တွေ လွန်ခဲ့တဲ့ နှစ်ပေါင်း (၇၀)ကမက်ခဲ့ပြီးပါပြီ။ကျွန်တော်တို့ကရင်တွေက တော်လှန်ရေးစလုပ်တုန်းက သီးခြားကရင်ပြည်နယ်အနေနဲ့ ကျွန်တော်တို့တာထွက်ခဲ့တာပါ ။

ဒါပေမယ့်တကယ်တမ်းတော်လှန်ရေးလုပ်လာတ့အခါ တော်လှန်ရေးအတွေ့အကြုံအရ ၊တော်လှန်ရေးကပေးတဲ့အသိတရားတွေအရ ဒါဟာဘယ်လိုနည်းနဲ့မှမဖြစ်နိုင်ပါဘူး ။ဒီတိုင်းပြည်ကနေကျွန်တော်တို့ကရင်တွေ သီးခြားခွဲထွက်ပြီး နေလို့မဖြစ်နိုင်ဘူး ဆိုတာ ကျွန်တော်တို့ရဲ့ဘဝပေးသင်ခန်းစာတွေအရသိလာရတယ်။

ကျွန်တော်တို့စုပေါင်းနေခြင်းကသာ တိုင်းပြည်ဟာ တစည်းတလုံးတည်းဖြစ်မယ်ဆိုတဲ့ဟာကို သိလာခဲ့တယ်။ ဖက်ဒရယ်ပြည်ထောင်စုကိုသွားမယ်ဆိုတာကို ၁၉၄၉ ၊ ၁၉၅၀ လောက်ကတည်းက ကျွန်တော်တို့ကရင်တွေ အဓိကထားပြောခဲ့ကြတာပါ

အဲဒိတော့ဝါရင့်တော်လှန်ရေးအဖွဲ့ကြီးဖြစ်တဲ့ KNU တောင် အမှန်အတိုင်းသိမြင်လာပြီး ခွဲထွက်တာတို့ ဗမာမုန်းတီးရေးလှုံ့ဆော်တာတို့မလုပ်တော့ဘူး ။ ဥပဒေဘောင်ထဲကနေ ကိုယ့်ပြည်နယ် ကိုယ့်လူမျိး တိုးတက်ရာတိုးတက်ကြောင်းကို ရှာကြံနေပြီ ထွန်းမြတ်နိုင်ရေ။

လက်နက်ကိုင်ပြီးတိုက်ကြတဲ့အခါ အင်အာနည်းသူနဲ့ အင်အားများသူ ရေရှည်မှာ အင်အားနည်းသူဟာတဖြည်းဖြည်း တဖြုတ်ဖြုတ်နဲ့ ပျောက်ပျက်သွားတတ်တယ် ။ တိုက်ပွဲတိုင်း မှာ ရခိုင်တယောက် ၊ တပ်မတော်က တပ်သားတယောက်သေတယ် ထားကြပါစို့ ။ ရေရှည်မှာ ရခိုင်လူငယ်ဘယ်နှစ်ယောက် AA ထဲကိုထပ်ထည့်နိုင်မလဲ ။ ကြာလာတဲ့အခါ ရခိုင်တွေ နာလိမ့်မယ် ။

ရခိုင်အများစုဟာ ရခိုင်ပြည်နယ်မှာမရှိကြဘူး ၊ ရခိုင်လူငယ်အများစုဟာ နိုင်ငံခြားမှာ ၊ ရန်ကုန်မှာ ရောက်နေတာများတယ် ။အဲဒိတော့ အခုလို မိုက်မိုက်ကမ်းကမ်း ဆက်ပြီး လက်နက်ကိုင်လမ်းစဉ်အတိုင်းဆက်တိုက်နေမယ်ဆိုရင် ရေရှည်မှာ ရခိုင်ဘက်ကအကျအဆုံးများလိမ့်မယ် ။


ရခိုင်ပြည်နယ်မှာ ရခိုင်တွေနည်းသွားတဲ့အခါ မင်းတို့မုန်းတယ်ဆိုတဲ့ ဘင်္ဂလီတွေကပဲ နယ်မြေကြီးစိုးသွားလိမ့်မယ် ။ မင်းတို့နယ်မြေတွေ ၊ မင်းတို့အမျိုးကောင်းသမီးတွေကိုလုယူသွားကြလိမ့်မယ် ။ ဗမာကိုမုန်းရင်းမုန်းရင်းနဲ့ မင်းတို့ကိုဘင်္ဂလီကဝါးသွားလိမ့်မယ် ။

ငါတခုနားမလည်နိုင်တာက မင်းတို့လောက် ကုလားကိုမုန်းတဲ့ တိုင်းရင်းသားလည်းမြန်မာနိုင်ငံမှာမရှိတော့ဘူး ။ ဒါပေမယ့် ဒီနေ့အချိန်အထိ ဘယ်ကုလားရွာကိုမှမင်းတို့၀င်မစီးဖူးဘူး ၊ ဘယ် ARSA အကြမ်းဖက်အဖွဲ့ကိုမှ မင်းတို့ သေနတ်တချက်မဖောက်ဖူးဘူး ။

မင်းတို့နဲ့ အဲဒိ အာတားအူလာတို့ ခေါင်းဆောင်တဲ့ အာရကန်ရိုဟင်ဂျာသွေးစည်းညီညွတ်ရေးတပ် ဆိုတာက ညီနောက်မဟာမိတ်တွေလား ၊ ရခိုငျတှကြေေးရှာကိုမီး၇ှို့ ၊ ရခိုင်အမျိုးသမီးတွေကို လစ်ရင်လစ်သလို ဒုက္ခပေး ၊ ဗုဒ္စဘာသာ၀င်တွေ ၊ ဟိန္ဒူဘာသာ၀င်တွေကိုသတ် နေတဲ့ အဲဒိ အကြမ်းဖက်အဖွဲ့တွေနဲ့ကျ မင်းတို့ဘာလို့ လက်ကိုင်ကိုင်မတိုက်ကြပဲ မြန်မာမီးသတ်တို့ ၊ ရဲတို့၊လ၀က ၀နျထမျးတို့ ၊ဆောက်လုပ်ရေး၀န်ထမ်းတို့ ကျ အနိုင်ကျင့်ဖမ်းဆီးသတ်ဖြတ်နေရတာလည်း ။

အဲဒိတချက်တော့ငါလိုက်မမီဘူး ထွန်းမြတ်နိုင် ။ပြောလိုက်ရင်တော့ AAဟာ ပလက်၀နယ်မြေကိုအခြေပြုထားတာမို့ မေယုတောင်တန်းတဖက်က ဘင်္ဂလီသူပုန်တွေကို မတိုက်နိုင်သေးတာလိုလို ဘာလိုလို ရခိုင်လူငယ်တွေကိုမင်းတို့ဝါဒဖြန့်လေ့ရှိတယ်။

ငါမြင်တာတော့ မင်းတို့ AA ဟာ နိုင်ငံရေးလုပ်နေတာမဟုတ်ဘူး ။ တော်လှန်ရေးလုပ်နေတာလည်းမဟုတ်ဘူး ။ မင်းတို့လုပ်နေတာက

(၁) ဗမာမုန်းတီးရေး

(၂) တပ်မတော်မုန်းတီးရေး

(၃)ဒေါ်အောင်ဆန်းစုကြည်မုန်းတီးရေး

ဆိုတဲ့ အမုန်းသုံးပါးနဲ့အလုပ်လုပ်နေတာကိုတွေ့တာပဲ ။ AAတာ၀န်အမုန်း(၃)ပါးပေါ့ ။ အဲဒါတွေကိုတွေ့နေရတယ်။ တိုးရစ်ဂိုဒ်ချင်းဆိုတော့မြွေမြွေချင်းခြေမြင်ပေါ့ကွာ ။

My Tel ၀နျထမျးကိုဖမျးတာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့အကျိုးစီးပွားကို (မဆီမဆိုင်အောက်ခြေ၀န်ထမ်းကို) တိုက်ခိုက်တာ ၊ ဒေါ်အောင်ဆန်းစုကြည် ICJ ကိုသွားတာကိုထောက်ခံပွဲလုပ်ဖို့ လိုက်လံစည်းရုံးနေတဲ့ ဘူးသီးတောင်မြို့နယ် NLD ပါတီဥက္ကဌ ဦးရဲသိန်းကိုဖမ်းဆီး ပြီး နောက်တော့ တပ်က လက်နက်ကြီးနဲ့ထုလို့သေပါပြီလို့ပြောတာဟာ တကယ်တမ်းကျရင် ဒေါ်အောင်ဆန်းစုကည်အပေါ်မှာ ခါးခါးသီးသီးမုန်းနေတဲ့ အမုန်းကြောင့်ဒါကိုလုပ်တာပဲ ။

မဟုတ်ဘူးလို့မင်းပြောရင် မင်းတို့ရခိုင်အချင်းချင်း ဘူးသီးတောင် NLD ဥက္ကဌကိုဘာမှဖမ်းစရာအကြောင်းမရှိဘူး ။

အဲဒိတော့မင်းတို့ရဲ့ တော်လှန်ရေးဟာ နိုင်ငံရေး အယူအဆကိုအဆင့်မြင့်မြင့်အခြေခံပြီးတော်လှန်တာမဟုတ်ပဲနဲ့ လူမျိုးရေးအစွဲ ၊ အမုန်းတရားတွေနဲ့တည်ဆောက်ထားတာမို့ မအောင်မြင်နိုင်ဘူး ။

ကမ္ဘာပေါ်မှာရှိသမျှလက်နက်ကိုင်တော်လှန်ရေးတွေဟာ လူမျိုးရေးအစွဲ နဲ့ ၊အမုန်းတရားနဲ့လုပ်ခဲ့တဲ့ဘယ်တော်လှန်ရေးမှမအောင်မြင်ဘူး ။

ဆရာစံဟာအင်္ဂလိပ်ကိုမုန်းတဲ့စိတ်သိပ်ကြီးလွန်းတဲ့အမြင်နဲ့တော်လှန်ရေးထလုပ်တော့မအောင်မြင်ဘူး၊ ဗိုလ်ချုပ်အောင်ဆန်းဟာ လူမျိုးရေးအမုန်းတရားမပါပဲ တနိုင်ငံလုံးအကျိုးအတွက် တော်လှန်ရေးလုပ်တော့အောင်မြင်ခဲ့တယ် ။

ဒါပေမယ့် မင်းတို့ဟာ ဗိုလ်ချုပ်အောင်ဆန်းကိုလည်းမုန်းတယ် ၊ သူ့သမီးဒေါ်အောင်ဆန်းစုကြည်ကိုလည်းမုန်းတယ် ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာရခိုင်တွေမဟုတ်ကြလို့ပဲ ။

အဲဒိတော့လူတယောက်ရဲ့အရည်အချင်း ၊ လူတယောက်ရဲ့တန်ဖိုးကို မင်းတို့တိုင်းတာတဲ့ဘောင်ကသိပ်ကျဉ်းလွန်းတယ် ။လူတယောက်ဟာ အရည်အချင်းဘယ်လောက်ရှိရှိ ရခိုင်ဆိုရင်လက်ခံမယ် ၊ ဗမာဆိုရင်ဆန့်ကျင်မယ် ဆိုတဲ့ အတွေးဟာ သိပ်တိမ်ပါတယ် ။

မင်းတို့ဟာ ဘုံပေါက်သာကျော်တို့ ၊ ဦးစိန္တာ တို့ ၊ ဦးဥတ္တမတို့ ပဲ ထပ်ခါတလဲလဲချီးကျူးအားကျမယ် ။ ၊သခင်ကိုယ်တော်မှိုင်းအစ ၊ ဗိုလ်ချုပ်အောင်ဆန်းအလယ် ၊ ဒေါ်အောင်ဆန်းစုကြည်အဆုံးမင်းတို့မုန်းကြမယ် ။

ဘာကြောင့်လဲဆိုတော့ ဗမာဖြစ်နေလို့။ အဲဒိလိုတွေးကတည်းက မင်းတို့ဟာ ဘာနိုင်ငံရေး၊ဘာတော်လှန်ရေး အတွေးအခေါ်မှမရှိပဲ ၁၇၈၂ က ပဒသေရာဇျစနဈကိုပွနျအသကျသှငျးခငြျနတေဲ့ခတျေမီိတော့တဲ့ (ဒိတ်အောက်နေပြီဖြစ်တဲ့) အတွေးအခေါ်တွေနဲ့ လက်နက်ကိုင်တိုက်နေတာလို့ပဲ ငါမြင်ပါတယ် ။

မြန်မာပြည်မှာပေါ်ပေါက်ခဲ့သမျှတော်လှန်ရေးအဖွဲ့တွေအားလုံးဟာ ဗ.က.ပ နဲ့KNU ,KIAကအစ၊ ADSDF အဆုံး စစ်ယူနီဖောင်း၀တ်ပြီးရန်သူကိုရဲရဲဝံ့ဝံ့ရင်ဆိုင်ခဲ့တယ် ။

မင်းတို့ AA ကျမှပဲ အရပ်၀တ်နဲ့ထွက်တိုက် ၊ပြီးရင်ရွာထဲ၀င်ပြေးဆိုတဲ့ မိန်းမလျာဗျူဟာနဲ့အလုပ်လုပ်ကြတယ် ။

ရခိုင်လူငယ်တွေက မိုက်ရူးရဲနဲ့အသက်တွေပေးရ၊ ရခိုင်စီးပွားရေးသမားတွေက ရန်ပုံငွေတွေ လစဉ်ထည့်၀င်ရ ၊ ပြည်ပရောက်ရခိုင်အလုပ်သမားလေးတွေက မရှိမဲ့ရှိမဲ့ရန်ပုံငွေတွေထည့်၀င်ကြရ ၊

မင်းကတော့ ဘန်ကောက်လိုလို ၊မဲဆောက်လိုလို မှာထိုင်ပြီးဇိမ်ကျနေရ ။ဗမာမုန်းတီးရေး၊ တပ်မုန်းတီးရေး၊ NLD မုန်းတီးရေးတရားလေးတွေဟောပြီး တော်ကီလေးတွေပေးကာ မင်းသားလိုလို မော်ဒယ်လိုလို ၊ စစ်ဦးစီးချုပ်လိုလို လုပ်နေရ ။

တကယ်သေကြတော့ အောက်ခြေက ရခိုင်လေးတွေ ၊ တကယ်ပြေးကြရတော့အောက်ခြေကပြည်သူလူထု ။ အဲဒါမင်းအတွက်တန်ပေမယ့်သူတို့အတွက်တန်ရဲ့လား ။

မင်းတို့စိတ်ကူးယဉ်နေတဲ့ လွတ်လပ်သော ရခိုင့်နိုင်ငံတော်ကြီးကရော ဘယ်တော့မှဖြစ် လာမှာမဟုတ်ဘူး ။

ပြည်ထောင်စုထဲမှာနေပြီး ဖက်ဒရယ်စနစ်အတိုင်း အာဏာခွဲဝေ ၊သယံဇာတခွဲဝေဖို့ နိုင်ငံရေးအရ တောင်းကြရမှာမဟုတ်ဘူးလား ။

ဒီပုံအတိုင်း ဆက်သွားရင် ရခိုင်တွေပဲလုံးပါးပါး လိမ့်မယ် ၊ အမုန်းတရားတွေဟာ အမှန်ကိုမမြင်နိုင်အောင် တားဆီးပိတ်ပင်ထားလေ့ရှိတယ်။ ပညာဉာဏ်အလင်းနဲ့ အရှိတရားကိုအားလုံးမြင်နိုင်ပါစေ ။ သာလီစွပါ။

သရ၀ဏ်(ပြည်)

စောင့်ကြည့်သတင်းဂျာနယ်
အတွဲ (၁၄)၊ အမှတ် (၄၂), ၄/ ၁/ ၂၀၂၀

“လူငယ်တိ စာဖတ်ကတ်ပါ”ဗဟုသုတ၊ အတွေးအခေါ်၊ ဖြတ်ထိုးဉာဏ်၊ ဖြန့်ကျက်တွေးခေါ်စဉ်းစားဉာဏ်၊ သိပ္ပံသဘောတရား၊ ထီထွင်ကြံဆမှုအားကောင...
02/08/2026

“လူငယ်တိ စာဖတ်ကတ်ပါ”

ဗဟုသုတ၊ အတွေးအခေါ်၊ ဖြတ်ထိုးဉာဏ်၊ ဖြန့်ကျက်တွေးခေါ်စဉ်းစားဉာဏ်၊ သိပ္ပံသဘောတရား၊ ထီထွင်ကြံဆမှုအားကောင်းရေ စာအုပ်ချေတိကို ဖတ်ကတ်ပါလို့ အကြံပြုပါရေ။

အစ်ကို, ကိုညိုထွန်းအောင်
၂၀၂၁ ခုနှစ်၊ စက်တမ်ဘာလ(၁၂)ရက်၊ တနင်္ဂနွီနိ

ခေတ်သစ် အာရက္ခ အိုဒက်ဆီးများ အလိုဟိသည်။ ——- လူတိုင်း အိမ်ကို လွမ်းဖူးရေ။ ကိုယ့်ပြည်ကို ပြန်လာချင်လူ တိ မကန် ဟိရေ။ ကိုယ့်...
23/07/2026

ခေတ်သစ် အာရက္ခ အိုဒက်ဆီးများ အလိုဟိသည်။
——-

လူတိုင်း အိမ်ကို လွမ်းဖူးရေ။

ကိုယ့်ပြည်ကို ပြန်လာချင်လူ တိ မကန် ဟိရေ။

ကိုယ့်ပြည်၊ ကိုယ့်မြို့၊ ကိုယ့်ရပ်ရွာ ကို ပြန်လာချင်လူတိ မကန်ဟိရေ။

မတတ်သာလို့ ကိုယ့်ပြည်၊ ကိုယ့်မြို့၊ ကိုယ့်ရပ်ရွာမှာ ချန်ထားခပနာ၊ ဝီးရစ်နီကတ်ရရေ ကိုယ့် ချစ်မယား၊ ချစ်သားသမီးတိ ဘားကို ပြန်လာချင်လူတိ မကန် ဟိရေ။

ကိုယ့်ပြည်၊ ကိုယ့်မြို့၊ ကိုယ့်ရပ်ရွာမှာ ကျန်ရစ်နီကတ်တေ ဘော်ဒါ အပေါင်းအသင်း မိတ်ဆွီ သူငယ်ချင်းတိဘားကို ပြန်လာချင်လူတိ မကန် ဟိရေ။

***
ယင်းပိုင်မျိုး ပြန်လာချင်ရေ အထဲမှာ အိုဒက်ဆီး လေ့ပါရေ။

ယေလေ့ အိုဒက်ဆီး၏ အိမ်ပြန်ခရီးက နှစ် ၂၀ တောင်ကြာခရေ။

မွီးကင်းစ သားချေနန့် ချစ်မယားကို ချန်ထားပစ်ခပနာ၊ စစ်ထွက်တိုက်ရရေ။ စစ်ပွဲက ၁၀ နှစ်ကြာရေ။ စစ်ပွဲပြီးလို့ အိမ်ကို ပြန်ရေ ခရီးကြမ်း လမ်းခရီးက ၁၀ နှစ်ကြာရေ။

ယေလေ့ ဇာပင်ဖြစ်ဖြစ်
အဖမြီနန့် ကိုယ့်သားမယား ဘားကို ရောက်အောင်ပြန်ဖို့ ကြိုးစားခရေ။

နောက်ဆုံး
ဇာပင်ဖြစ်ဖြစ် အိုဒက်ဆီး တစ်ယောက် သူ့နိုင်ငံ၊ သူ့ပြည်၊ သူ့မိသားစု ဘားကို အသက်ရှင်လျက်နန့် ရောက်အောင်ပြန်လာနိုင်ခရေ။

***
BC ၁၂ ရာစုက အိုဒက်ဆီးစွာ သူ့အိမ်ပြန်ခရီးကို အခက်အခဲပေါင်းစုံနန့် ရင်ဆိုင်ပနာ မရောက်ရောက်အောင် ကြိုးစားခရရေပိုင်၊

၂၁ ရာစု ခေတ်သစ် အာရက္ခ(ရက္ခိုင်)တိလေ့

ကိုယ့်ပြည်၊ ကိုယ့်မြို့၊ ကိုယ့်ရပ်ရွာ၊ ကိုယ့်သားမယား၊ ကိုယ့်အမျိုးအဆွီ၊ ကိုယ့်မိတ်ဆွီ သူငယ်ချင်း၊ ကိုယ့်ဘော်ဒါ အရင်း၊ ကိုယ့်အဖမြီဘားကို အခက်အခဲပေါင်းစုံနန့် ရောက်အောင်ပြန်ဖို့ ကြိုးစားနီကတ်ရရေ လူတိ မကန် ဟိရေ။
(တချို့က ပြန်ရောက်တေ။ တချို့က ကံမကောင်းလို့ ပြန်မရောက်နိုင်ခ)
***

တဖက်မှာလေ့ ကိုယ့်ပြည်၊ ကိုယ့်မြို့၊ ကိုယ့်ရပ်ရွာ ကို ပြန်မလာချင်ရေ Anti-အိုဒက်ဆီး အာရက္ခတိလေ့ မကန်ဟိရေ။

***
ကိုယ့်ပြည်၊ ကိုယ့်မြို့၊ ကိုယ့်ရပ်ရွာ ကို ပြန်လာချင်ရေ ခေတ်သစ် ရက္ခတိထဲမှာ အလွှာပေါင်းစုံက ပညာသျှင်တိအပါအဝင် အာရက္ခ အိုဒက်ဆီးဆရာဝန်တိနန့် တည်ဆောက်ရီး ကျွမ်းကျင်ရေ ခေတ်သစ် အိုဒက်ဆီးတိ ပြန်လာနိုင်ပါဇီ။

***
ခေတ်သစ် အာရက္ခ အိုဒက်ဆီး တိ၏ အိမ်ပြန်ခရီး ဖြောင့်ဖြူးသာယာနိုင်ပါဇီ။

မောင်နှင်းခိုင် (ပုဏ္ဏားကျွန်း)

Address

Akyab
Sittwe

Alerts

Be the first to know and let us send you an email when Phadusarpe posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Phadusarpe:

Shortcuts

Share

Category