20/08/2022
ကြားဖူးကြလား ဒီလိုစကားမျိုး👎🏻👎🏻👎🏻
“ယောက််ျားဆိုတာ လှေကားသုံးထစ်ဆင်းတာနဲ့ လူပျိုပြန်ဖြစ်တယ်
ညည်းက မိန်းကလေး
ယောက်ျားနဲ့ ကွဲပြီး. တစ်ခုလတ်ဖြစ်သွားရင်
ဘာမှ သုံးစားလို့မရတော့ဘူး
ဒီတော့ ဘယ်လောက်ဆိုးဆိုး သည်းခံပေါင်း …
ယောက်ျား ကျေနပ်အောင် မျက်နှာအရိပ်အကဲကြည့်နေ” ဆိုတဲ့ …
ကိုယ်ချင်းစာလို့ ပြောပြသလိုလိုနဲ့
အိမ်ထောင်ရေး အဝီစိငရဲက မရုန်းထွက်နိုင်အောင် ပြောတဲ့ စကားလုံးတွေ
ယောက်ျားကစွန့်ပစ်သွားရင်ပဲ မိန်းကလေးတစ်ယောက် ဘဝကြီးက ရစရာမရှိအောင် စုတ်ပြတ်သွားတော့မယ့်အလား brainwash လုပ်တဲ့ စကားလုံးတွေ
ကျွန်မလည်း ကြားခဲ့ဖူးတာပေါ့😔
ဒါပေမယ့် ကျွန်မအတွက်တော့
အဲ့လိုကြားရလေ
အရွဲ့တိုက်ပြီး ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်ပြချင်လေ ဖြစ်ခဲ့တယ်😏
ပိုကြိုးစားပြခဲ့တယ်
သူတို့ကြောက်အောင် ခြောက်တဲ့စကားတွေက
ကျွန်မအတွက် Challenge တစ်ခု.
ပိုကြိုးစားပြချင်စိတ်တစ်ခုကို ဖြစ်စေခဲ့တယ်
ခုတော့ … အဲ့လို ပြောခဲ့တဲ့သူအားလုံးကို ကျေးဇူးတင်ပါတယ်
ကိုယ့်ကို ဘယ်တော့မှ မငဲ့ညှာ မစဉ်းစားပေးခဲ့တဲ့ ယောက်ျားတစ်ယောက်ဟာ
ကျွန်မအတွက် မရှိလည်းဖြစ်တဲ့
"Nothing for me” ဆိုတာ ပြနိုင်ခဲ့သလို
“I’m everything for myself” ဆိုတာ အချိန်နဲ့အမျှ သက်သေပြနိုင်ခဲ့လို့ပါ
သူတို့ရဲ့ ခပ်နှိမ်နှိမ်စကားတွေကြောင့်သာ
ဒီအခြေအနေထိ ရောက်လာခဲ့တာလေ…
ဟိုးလွန်ခဲ့တဲ့ ၁၀ နှစ်ကျော်က
အဲ့ဒီစကားပြောတဲ့ အမျိုးသမီးကြီးကို
သားသမီးချင်းကိုယ်ချင်းစာပြီး စကားပြောပါလားလို့
ကျွန်မအဒေါ်က သွားပြောခဲ့တဲ့အချိန်မှာ …
"ကျွန်မက သားယောက်ျားလေးတွေပဲ မွေးထားတာ
သမီးမရှိတော့ ကိုယ်ချင်းမစာတတ်ဘူး" လို့
ဒူးလေးနန့်ရင်း ပြန်ပြောခဲ့တဲ့
အမျိုးသမီးကြီးတစ်ယောက်ကို
မျက်စိထဲ ပြေးမြင်ရင်း
ကျေးဇူးတွေ အခါခါ တင်နေမိတာတော့အမှန် …
ဘယ်လို စိတ်ညစ်ဝမ်းနည်းအားငယ်စရာပဲ ကြုံကြုံ
အဲ့ဒီမြင်ကွင်း . အဲ့ဒီစကားကို ပြန်မြင်ယောင်ရင်း
အဲ့ဒီတုန်းကလောက် အခြေအနေ မဆိုးသေးပါဘူးလေ လို့ပဲ စဉ်းစားရင်း ကိုယ့်ကိုယ်ကို Moti ပေးမိတယ်
ဒီတော့ … မိန်းမသားတွေအနေနဲ့
အပေါ်က စကားမျိုး
ကျွန်မလို ကြားဖူးကြရင် …
စိတ်မပျက်ပါနဲ့ … ဝမ်းမနည်းပါနဲ့ … အားမငယ်ပါနဲ့
သူတို့က လူပျိုဖြစ်ဖို့ လှေကား သုံးထစ်ဆင်းတိုင်း …
ကိုယ်က အောင်မြင်ဖို့ လှေကား သုံးထစ် တက်ပြလိုက်ပါ
သူတို့ လှေကားထစ်များများဆင်းလေ
ကိုယ်လှေကားထစ်များများတက်နိုင်လေ
ဖြစ်အောင်လုပ်ပြပါ 👍🏻👍🏻👍🏻
သူတို့ရဲ့ လှေကားထစ်များများဆင်းခြင်းက
သူတို့ကို လူပျိုခဏခဏပြန်ဖြစ်စေပြီး .
မိန်းကလေးတွေ ပိုဝိုင်းနေစေတာမျိုး ဖြစ်ကောင်းဖြစ်နေပါလိမ့်မယ်
ဒါပေမယ့် ခဏခဏ ဖြစ်လိုက်ပျက်လိုက်ဆိုရင်
Recycle လူပျိုပေါ့လေ
အဲ့ဒီအချိန်မှာ ကိုယ်ကတော့ လှေကားထစ်တွေကို
တစ်ဆင့်ပြီးတစ်ဆင့် တက်လှမ်းရင်း
အသစ်အသစ်သော Brand new အောင်မြင်မှုတွေကို ရယူပြလိုက်ပါနော်
ချစ်ခြင်းအားဖြင့် ❤️
နန်းတင်မိုးသူ
စာလေးတွေ copy ယူမယ်ဆိုရင်
နာမည်လေး မဖြုတ်ခဲ့ဖို့တော့ တောင်းပန်ပါရစေရှင် 🙏🏻