HTOO BOOK HOUSE

Call Directions Contact the business

HTOO BOOK HOUSE 📖📚☕

 🔥စာအုပ်လဲဖတ်ချင်တယ် ကိုယ်လိုချင်တာလေးတွေက ဈေးများနေလို့ မဝယ်ဖြစ်သေးတာဆိုတဲ့စာဖတ်သူလေးတွေကိုရည်ညွှန်းပါတယ်နော်။💖ဒီစာအုပ်...
30/12/2025

🔥

စာအုပ်လဲဖတ်ချင်တယ် ကိုယ်လိုချင်တာလေးတွေက ဈေးများနေလို့ မဝယ်ဖြစ်သေးတာဆိုတဲ့စာဖတ်သူလေးတွေကိုရည်ညွှန်းပါတယ်နော်။💖

ဒီစာအုပ်လေးတွေကတော့ မင်မင်အပြောင်းအရွေ့နဲ့ အနည်းငယ်ထိခိုက်မိထားတာလေးတွေရယ်၊အရေအတွက်အနည်းငယ်ကျန်တာလေးတွေကို လျော့ဈေးလေးနဲ့ရောင်းပေးပါမယ်နော်။(တွန့်နေတာမျိုးလေးပါတာမို့ လက်ခံပေးနိုင်မှယူပါနော်)

လက်ဆောင်ပေးမယ့်စာအုပ်လေးလဲပါတာမို့
နှစ်သစ်ဆုတောင်းရင်း လက်ဆောင်လေးတွေရယူနိုင်ပါတယ်ရှင်။🎁🎇

နှစ်သစ်မှာကောင်းခြင်း‌မင်္ဂလာတွေပြည့်စုံကြပါစေရှင်။အသက်ရှူတိုင်းငွေဝင်ပါစေ။အိမ်မက်တွေအမှန်တကယ်ပြည့်ဝပါစေရှင် ။🍀💸

ယူမယ့်သူလေးတွေက cbမှာ နာမည်၊လိပ်စာ၊ဖုန်းနံပါတ်အပြည့်အစုံလာပေးရပါမယ်နော်။

စာအုပ်လက်ဆောင်လေးတွေကို ၁.၁.၂၀၂၆ရက်နေ့မှာ မဲနှိုက်ရွေးချယ်ပေးပါ့မယ်ရှင်။

စာအုပ်ဈေးလေးတွေကို တစ်ပုံချင်းအောက်မှာရေးထားပေးပါတယ်ရှင်။

တကယ်တော့ ကျွန်တော်တို့က မစစ်မှန်တဲ့ လူတွေနဲ့ တွေ့တဲ့ အခါ စိတ်ညစ်ကြတယ် ။ စိတ်ပျက်တတ်ကြတယ် ။ အဲဒါရဲ့နောက်က ငါတို့ကို ဘာ le...
03/09/2025

တကယ်တော့ ကျွန်တော်တို့က မစစ်မှန်တဲ့ လူတွေနဲ့ တွေ့တဲ့ အခါ စိတ်ညစ်ကြတယ် ။ စိတ်ပျက်တတ်ကြတယ် ။ အဲဒါရဲ့နောက်က ငါတို့ကို ဘာ lesson တွေ ပေးသွားလဲ ။ သူတို့ဆီက ဘာတွေရလိုက်လဲဆိုတာကို ဆက်တွေးဖို့ မေ့နေတတ်ကြပါတယ် ။ ဒီလိုတွေးပေးမယ်ဆိုရင် ကျွန်တော်တို့ ပိုပြီး update ဖြစ်လာပါလိမ့်မယ် ။

အဲဒီလိုပဲ ကောင်းတဲ့လူတွေနဲ့ တွေ့တဲ့အခါ သူက ငါ့အပေါ် ကောင်းလိုက်တာဆိုတဲ့ နေရာလောက်မှာပဲ ရပ်နေကြတယ် ။ သူက ဘယ်နေရာမှာ တော်လဲ... သူ့ဆီက ဘာတွေ အတုယူသင့်လဲ... ဒါတွေကို လိုက်မြင်ပြီး လိုက်သင်ယူကြည့်ပါ ။ ကျွန်တော်တို့ မသိသေးတဲ့ အရာတွေ ၊ မတူညီတဲ့ နည်းလမ်းတွေ အများကြီးကို သင်ယူနိုင်ပါလိမ့်မယ် ။

အနှစ်ချုပ်အားဖြင့်တော့ ကောင်းတာတွေ ပေးသည်ဖြစ်စေ ၊ ဆိုးတာတွေ ပြုသွားသည်ဖြစ်စေ ယူတတ်ရင်တော့ လူတိုင်းက သင့်ရဲ့ဆရာပါ ။ လူတွေ အများကြီးနဲ့ နေတဲ့အခါ လေ့လာကြည့်ပါ ။ lesson တွေကို မှတ်ယူပါ ။ You will be better .

#လွတ်လပ်သောဘဝ #ပိုင် (That's for U)

 #မေတ္တာရှင်မလေးပေါ်လီယာနာ (မူရင်းရေးသားသူ-Eleanor H.Porter)----------------------------ဆရာထင်လင်း ဘာသာပြန်ထားတဲ့ စာအုပ်...
03/09/2025

#မေတ္တာရှင်မလေးပေါ်လီယာနာ (မူရင်းရေးသားသူ-Eleanor H.Porter)
---------------------------
-ဆရာထင်လင်း ဘာသာပြန်ထားတဲ့ စာအုပ်ကလေး ပေါ်လီယာနာ။

-ပေါ်လီယာနာက အချစ်၀တ္ထုလည်းမဟုတ်ဘူး ၊ အလွမ်းအဆွေးလဲ မဟုတ်ဘူး။ ထိတွေ့မိသူတိုင်းကို ကြည်နူးစေတဲ့ စာအုပ်တစ်အုပ်။

-‌ ပေါ်လီယာနာ ‌ဆိုတာက (၁၁) နှစ် အရွယ်၊ မျက်နှာမှာ မဲ့ခြောက်တွေနဲ့ မိဘမဲ့ ကလေးမလေးတယောက်။

-မိဘတွေ မရှိတော့တဲ့နောက် အဒေါ်ဖြစ်သူရဲ့ စံအိမ်ကြီးမှာ နေထိုင်ခွင့်ရသော်လည်း ထပ်ခိုးမှာသာ နေခွင့်ရရှာတဲ့ သနားစရာ ကလေးမလေး။

-လောကဓံတွေ ဘယ်လို ရိုက်ခတ်ပါစေ ၊ ၀မ်းသာစရာကို ရှာကြံပြီး စိတ်ဖြေတတ်တယ်။ သူ့မှာ ကစားနည်းတစ်ခုရှိတယ်၊ ၀မ်းသာတမ်းစကားနည်းတဲ့ ။

-အဲ့ကစားနည်းနဲ့ သူရော တခြားသူတွေကိုပါ ပျော်ရွှင်‌စေခဲ့တယ်။
(မဟုတ်သေးဘူး) စာဖတ်သူ ကိုပါ ပျော်ရွှင်စေလိမ့်မယ်။

"သမီး သိပ်-သိပ်ကို ၀မ်းသာတယ်။ ဘာအတွက်မဆို
၀မ်းသာတယ်။ အခိုက်အတန့် လမ်းမလျှောက်နိုင်ပဲ ဖြစ်သွားတာကိုတောင် ၀မ်းသာတယ်။ ဘာကြောင့်လဲဆိုတော့ ခြေနှစ်ချောင်းနဲ့ လမ်းလျှောက်ရတာဟာ ဘယ်လောက် ကောင်းတယ်ဆိုတာ မလျှောက်နိုင်တဲ့ အခါကျမှ သိတာ အန်တီရဲ့။ နက်ဖြန်ဆိုရင် သမီး ၈ လှမ်းတောင် လျှောက်ရတော့မယ်"

- positive thinking တွေနဲ့ ၀မ်းသာစရာကစားနည်းလေးတွေက ဒီစာအုပ်လေးထဲမှာ အများကြီးပါပဲ။

- ဒီစာအုပ်လေးက အတွေးအသစ်တွေ၊ ပျော်ရွှင်မှုရသတွေ ‌ပေးစွမ်းနိုင်တဲ့ ဘာသာပြန် စာအုပ်ကောင်းတစ်အုပ်ဖြစ်လို့ ဖတ်ကြည့်ဖို့ အချိန်ပေးရတာတန်တယ်ဆိုတဲ့အကြောင်း ညွှန်းလိုက်ပါရစေဗျ။

Review by Thura Phyo Maung Maung

အချစ်ကိုဘဝလို့ထင်နေတဲ့သူတွေဖတ်သင့်သောစာအုပ်----------------------------------------------------------------------------ည...
03/09/2025

အချစ်ကိုဘဝလို့ထင်နေတဲ့သူတွေဖတ်သင့်သောစာအုပ်
----------------------------------------------------------------------------ညီမလေးကအချစ်ကိုကိုးကွယ်သတဲ့လား
မိုးမိုး(အင်းလျား)

ဒီစာအုပ်ကအထူးသဖြင့်ဆယ်ကျော်သက်မိန်းကလေးတွေ မဖြစ်မနေကိုဖတ်သင့်တယ်။

စုစုလှိုင်ဆိုတဲ့ ဆယ်တန်းကျောင်းသူလေး _
သူမဟာ စာအရမ်းဖတ်တယ်။ဒါပေမယ့် ဝမ်းနည်းစရာကောင်းတာတစ်ခုက ဖတ်ရမယ့်စာပေအမျိူးအစားမရွေးတတ်ခဲ့ဘူး။သူမရဲ့ပင်ကိုယ်ဗီဇ အကြိုက်ကြောင့်လဲဖြစ်မှာပေါ့။စုဟာ အချစ်ဝတ္ထုတွေဖတ်ပြီး စိတ်ကူးယဉ်တယ်၊အသက်ကလဲငယ် ဘဝအတွေ့အကြုံနည်းတာတွေကြောင့် လက်တွေ့ကျကျမတွေးခေါ်တတ်ဘူး။

စုဟာ စာအရမ်းဖတ်တဲ့အတွက်အပြောအဆို၊အနေအထိုင်နူးညံ့တယ်။သို့သော်လဲ ဖတ်ရမယ့်စာပေအမျိုးအစားမှားနေတဲ့အခါ စာပေအဆိပ်သင့်သွားတယ်လို့ထင်မိတယ်။နောက်တစ်ချက် စုကိုမှားစေတာက သူ့ရဲ့အုပ်ထိန်းသူတွေနဲ့လဲအနည်းနဲ့အများဆိုင်တယ်။စုရဲ့ အဖေနဲ့အဒေါ်ဟာ စုကိုဗိုင်းကောင်းကျောက်ဖိဖြစ်အောင် စာပဲပေးဖတ်ခဲ့တယ်။အကျိုးဆက်က စုဟာမျက်စိပွင့်နားပွင့်မရှိပဲအပြင်လောကရဲ့အတွေ့အကြုံတွေလဲနည်းကာ အချစ်ဝတ္ထုတွေနဲ့ စိတ်ကူးယဉ်ဖို့လောက်သာ
သိတော့တယ်။ဒီလိုနဲ့ စုဟာ ရပ်ကွက်ထဲက ကလေကချေအလေလိုက်နေတဲ့ လမ်းသရဲ နေမင်းဆိုတဲ့သူနဲ့တွေ့ပြီးအချစ်တစ်ခုကို ဘဝထင်ကာ ဆင်းရဲတွင်းထဲခုန်ဆင်းခဲ့တယ်။နေမင်းဆိုတဲ့ လမ်းသရဲကလဲ အပေအတေ၊အရှက်
မရှိ ဘာမဆို တစ်ဇွတ်ထိုး၊တစ်ဇောက်ကန်း လုပ်တာကိုစု ခင်ဗျာမှာ ဘယ်လောက်ဆိုးဆိုး ငါပြုပြင်ရင်ရမှာပဲဆိုတဲ့ စိတ်နဲ့ ယောကျာ်းတစ်ယောက်ရဲ့ဗီဇကို ပြုပြင်လို့ရမယ် အထင်နဲ့ စုရဲ့တစ်ဘဝလုံးပေးပြီး ချစ်ခဲ့တာ အဆုံးမှာတော့ သူမ ဘဝပဲ စုန်းစုန်းမြှုပ်ခဲ့ရတယ်။

မိန်းကလေးတွေအများစုအယူမှားတဲ့အချက်က _
သူတို့ချစ်တဲ့ယောကျာ်းလေးတွေကိုပိုတော်ပြီး၊ပိုကောင်းတဲ့သူအဖြစ် သူတို့ကြောင့်ပြောင်းလဲပေးချင်ကြတယ်၊ပြောင်းလဲပေးနိုင်မယ်လို့လဲထင်တယ်။တကယ်တော့ငါပြုပြင်ပေးရင်ရမှာပါဆိုတဲ့စိတ်နဲ့ ချစ်တဲ့မိန်းကလေးတွေလောက် လောကမှာ မိုက်တဲ့သူမရှိဘူး။

ယောကျာ်းလေးဗီဇသဘာဝ အရအမှားတွေမှန်းသိနေရင်တောင် ကိုယ်ကိုယ်တိုင် ပြင်ချင်တဲ့စိတ်မရှိရင်သူတို့ဘယ်လောက်ပဲ ချစ်တဲ့သူတွေပြင်ပေးပြင်ပေး ရမှာမဟုတ်ပါဘူး။ဒီနေရာမှာ လူတစ်ယောက်ရဲ့ပင်ကိုယ်ဗီဇ၊အတွေးအခေါ်၊စိတ်နေစိတ်ထားတွေနဲ့လဲဆိုင်တာပေါ့။

အနှစ်ချူပ်ပြောရရင် မိဘအုပ်ထိန်းသူတွေကလဲသမီးမိန်းကလေးဆိုပြီး စိုးရိမ်လွန်ကာ နေရာတကာလိုက်ချုပ်ချယ်တာတွေရဲ့အကျိုးဆက်က သွယ်ဝိုက်သောနည်းဖြင့်လမ်းမှားရောက်အောင်တွန်းပို့လိုက်တာပါပဲ။



🐦 ဒီစာအုပ်လေးက ဘဝရဲ့စိန်ခေါ်မှုတွေကို ရဲရဲဝံ့ဝံ့ရင်ဆိုင်နိုင်ဖို့ ၊ စိတ်ဓာတ်ခွန်အားအပြည့်နဲ့  ရှေ့ဆက်လျှောက်လှမ်းနိုင်ဖိ...
03/09/2025

🐦 ဒီစာအုပ်လေးက ဘဝရဲ့စိန်ခေါ်မှုတွေကို ရဲရဲဝံ့ဝံ့ရင်ဆိုင်နိုင်ဖို့ ၊ စိတ်ဓာတ်ခွန်အားအပြည့်နဲ့ ရှေ့ဆက်လျှောက်လှမ်းနိုင်ဖို့အတွက် စာဖတ်သူတွေကို အဖော်ကောင်းတစ်ယောက်လို အနီးကပ်လမ်းညွှန်ပေးပါလိမ့်မယ် ..

🐦 စိတ်ဓာတ်ကျပြီး ခက်ခဲနေတဲ့သူတွေအတွက် စိတ်ထွက်ပေါက်တစ်ခု ဖြစ်လာစေပြီး စိတ်ညစ်နေရာကနေ လွတ်မြောက်ဖို့အတွက် တွန်းအားတစ်ခုဖြစ်စေလိမ့်မယ်လို့ ယုံကြည်ပါတယ် ..

🐦 ဒီစာအုပ်လေးကို ဖတ်ပြီးတဲ့အခါ ဘဝရဲ့ဦးတည်ရာလမ်းကြောင်းဟာ ပိုမိုရှင်းလင်းလာပြီး စိတ်ဓာတ်ကျနေတာလေးတွေ သက်သာသွားနိုင်မယ်လို့ ယုံကြည်ပါတယ် ..

🐦 စိတ်ထဲမှာ ညစ်နေတာတွေ၊ စိတ်မပျော်တာတွေ ပျောက်ပျက်သွားပါလိမ့်မယ် .. " စိတ်ဓာတ်ကျခြင်းမှ လွတ်မြောက်ရာ " ဆိုတဲ့ ဒီစာအုပ်လေးကို သေသေချာချာဖတ်ပါ ..

🐦 ဒီထဲက နည်းလမ်းလေးတွေထဲက ကိုယ်နဲ့ သင့်တော်မယ့် နည်းလမ်းလေးတွေကို ယူငင်ပါ .. အသုံးပြုပါ .. ကိုယ့်အတွက် အဆင်မပြေတဲ့ နည်းလမ်းလေးတွေ ပယ်လိုက်ပါ .. အဆင်ပြေတဲ့နည်းလမ်းတွေကို အသုံးချပါ ..

🐦 ဒီစာအုပ်လေးထဲက စာသားတွေဟာ စာဖတ်သူကို ပိုပြီးခွန်အားရှိလာအောင်၊ ဘဝကို အကောင်းမြင်စိတ် နဲ့ ပြန်လည်ရင်ဆိုင်နိုင်အောင် ပံ့ပိုးကူညီနိုင်လိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ် ..

#ခဲတံ
#စိတ်ဓာတ်ကျခြင်းမှလွတ်မြောက်ရာ

“ကိုယ်ကတော့ ကမ္ဘာကြီး ပိသေမလောက်ချစ်ခဲ့ပေမယ့်.... သူကတော့ ဆံနွယ်လေး လေတိုးသလောက်တောင် သဘောထားခဲ့မှာမဟုတ်ဘူး...”“နောက်ဆုံ...
03/09/2025

“ကိုယ်ကတော့ ကမ္ဘာကြီး ပိသေမလောက်
ချစ်ခဲ့ပေမယ့်....
သူကတော့ ဆံနွယ်လေး လေတိုးသလောက်တောင် သဘောထားခဲ့မှာမဟုတ်ဘူး...”

“နောက်ဆုံးအနေနဲ့ တစ်ခုပဲသိစေချင်တယ်..
ထိပ်ထားကို တက်ကုန်ရွက်ကုန်
ချစ်ခဲ့သူတစ်ယောက်...
ဒီကမ္ဘာပေါ်မှာ ရှိခဲ့ဖူးတယ် ဆိုတာကိုပေါ့....”

#ကတိသစ္စာတည်သောအခါဝယ် နွယ်မြက်သစ်ပင် ချစ်သက်ဝင်၏
#သိုးဆောင်း

ငါကနှုတ်မချိုဘူးဒါပေမယ့်အတွင်းစိတ်မကောက်ဘူး။ကိုယ်နဲ့မတည့်တဲ့လူတွေရဲ့အကြောင်းကိုလည်းသူ့နောက်ကွယ်မှာဖြစ်စေ မကောင်းကြောင်းမ...
30/08/2025

ငါကနှုတ်မချိုဘူး
ဒါပေမယ့်အတွင်းစိတ်မကောက်ဘူး။

ကိုယ်နဲ့မတည့်တဲ့လူတွေရဲ့အကြောင်းကိုလည်း
သူ့နောက်ကွယ်မှာဖြစ်စေ
မကောင်းကြောင်းမပြောဘူး။
အောက်ဖဲလှန်တဲ့စိတ်လည်းမရှိဘူး။

နေရာတစ်နေရာရဖို့ လူတွေကို
ဖားတတ်တဲ့စိတ်မရှိဘူး။
ဖားတတ်မှနေရာရမယ်ဆိုရင်
ငါရောက်တဲ့နေရာမှာဘဲရပ်နေပါရစေ။

ဘဝဇာတ်ခုံပေါ်မှာ ကျင်လည်ရင်း
မင်းဘာတတ်လဲလို့ လူတွေကမေးရင်
ကျွန်တော် "ကိုယ်ချင်းစာတတ်" ပါတယ်။

#ဖားစည်ရည်ကျော်
၄.၂.၂၀၂၃

ကြယ်ဆိုတာက ကိုယ်တို့အတွက်လောင်ကျွမ်းနေရ။ကိုယ်တို့က ဘာမှပြန်မပေးနိုင်ဘူးဆိုပါရင်ဒါမျိုးဟာ ကောင်းရဲ့လား...။ချစ်ခြင်းမတူနို...
30/08/2025

ကြယ်ဆိုတာက ကိုယ်တို့အတွက်လောင်ကျွမ်းနေရ။
ကိုယ်တို့က ဘာမှပြန်မပေးနိုင်ဘူးဆိုပါရင်
ဒါမျိုးဟာ ကောင်းရဲ့လား...။

ချစ်ခြင်းမတူနိုင်သော်မှဖြင့်
ပိုချစ်တဲ့သူ ကိုယ်ဖြစ်ပါရစေ...။

#ပိုချစ်ရတဲ့သူကိုယ်ဖြစ်ပါစေ
#ဂျူ

အကယ်၍များ သင့်ရဲ့အနာဂတ် (၁၁)ရက်စာကို ကြိုသိခဲ့မယ်ဆိုရင်...သင်ဘာလုပ်မလဲ ?...." လျှို့ဝှက်မြိုရိုး " လို့ခေါ်တဲ့စာအုပ်လေးတ...
30/08/2025

အကယ်၍များ သင့်ရဲ့အနာဂတ် (၁၁)ရက်စာကို ကြိုသိခဲ့မယ်ဆိုရင်...သင်ဘာလုပ်မလဲ ?....

" လျှို့ဝှက်မြိုရိုး " လို့ခေါ်တဲ့စာအုပ်လေးတစ်အုပ်ဟာ လမ်းဘေးစာအုပ်အဟောင်းဆိုင်လေးထဲမှာသင်လာရောက်ခေါ်ယူမှာကိုစောင့်မျှော်နေပါတယ်...။ သင် သူကိုထိကိုင်ပြီးဝယ်ယူလိုက်တာနဲ့... သင်ဟာ သူ့ကိုပိုင်သွားလိမ့်မယ်။ ထို့အတူ သူကလည်းသင့်ကိုပိုင်သွားလိမ့်မယ်။

တစ်ဘဝလုံးလားတဲ့....၊
သင်ဆန္ဒရှိရင် သူ့ကိုတစ်ဘဝလုံးအပိုင်ယူထားနိုင်ပေမဲ့... သူကတော့ သင့်ဘဝရဲ့ (၁၁) ရက်စာကိုပဲအပိုင်ယူမှာပါ။
လောကမှာ မည်သူရဲ့မနက်ဖြန်မှမသေချာပါဘူး။ ဘာကြောင့်လဲဆိုတော့ မနက်ဖြန်မှာဘာဖြစ်မယ် ဘယ်သူမှကြိုမသိလိုပါ။ ဒါပေမဲ့ "လျှို့ဝှက်မြိုရိုး " ကိုပိုင်ဆိုင်ထားတဲ့ သင့်ရဲ့မနက်ဖြန်တွေကတော့ သေချာပါတယ်။ အဲ့လိုမနက်ဖြန်ပေါင်း (၁၁) ရက်တိတိကိုလည်း သင် အပိုင်စားရလိမ့်မယ်။

စာအုပ်ကဗလာစာအုပ်ပါ။ ဒါပေမဲ့ ယူတတ်ရင် သင့်အတွက်ကောင်းခြင်အဖြာဖြာကိုဖန်ဆင်းပေးမယ်။ ထို့အတူ ဆိုးခြင်းအဖြာဖြာကိုလည်း ရှောင်နိုင်လိမ့်မယ်။
သင်မယုံဘူးလား..?....
ရပါတယ်။
ဒါပေမဲ့ စာရွက်တစ်ရွက်လှန်ပြီးသွားတိုင်း သင့်စိတ်တွေ တဖြည်းဖြည်းပြောင်းလာလိမ့်မယ်။

တစ်ခုတော့ရှိပါတယ်....၊
ရှေးဟောင်းစကားတစ်ခုလိုပေါ့.....
မယုံကြည်ရင်နေပါ....၊ ပြက်ရယ်မပြုပါနဲ့....။
ပိုဆိုးတာက စာအုပ်ကို လုံးဝမဖျက်စီးလိုက်ပါနဲ့....။ ဘာနဲ့မှအစားထိုးပေးလိုမရတဲ့ နတ်ဆိုးရဲ့ အာသာမပြေမှုတွေကို ရင်နဲ့ရင်းပြီး ခံစားသွားရလိမ့်မယ်...။

သင်ပျင်းရိလာတဲ့အခါ ... စာအုပ်ကို အခြားတစ်ယောက်လက်လွှဲပေးလိုက်ခြင်းနဲ့သာ သင်နဲ့ သူ့ရဲ့ရေစက်ကို အဆုံးသတ်ပါ...။ ဒါဟာ သင်ရော...စာအုပ်ရော...နောက်တစ်ယောက်ရောအတွက် ကောင်းသောပေါင်းကူးခြင်းပါပဲ...။
သိုမဟုတ်လည်း စွန့်ပစ်သောနည်းကို သင်ရွေးလိုကရွေးနိုင်ပါတယ်...။
ဒါပေမဲ့ တစ်ကွေ့ကွေ့မှာ" လျှို့ဝှက်မြိုရိုး" က သင့်ကိုကြိုစောင့်နေလိမ့်မယ်....။
ဒါဟာ သူ့ရဲ့အဘိဓမ္မာပါပဲ...။

မနက်ဖြန်ဘာဖြစ်မယ်လုံးဝမသိတဲ့ တစ်ဘဝစာမှာ ၁၁ ရက်လောက်သိခွင့်ရတာလည်း
အမှောင်ထဲကအလင်းထွက်ခြင်းပဲမဟုတ်ပေဘူးလား ........။

#လျှို့ဝှက်မြို့ရိုး၏နောက်ဆုံးအုတ်ချပ်
#သိုးဆောင်း

Address

Sakawar Street
Tatkon

Telephone

+959978108240

Website

Alerts

Be the first to know and let us send you an email when HTOO BOOK HOUSE posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to HTOO BOOK HOUSE:

Shortcuts

Share

Category