Yun Htet

Yun Htet 100% Good Quality Clothes and Shoes

12/08/2021

Yes

09/07/2021

#တတိယလှိုင်း ဗီဇပြောင်း Covid 19 ရောဂါလက္ခဏာများ

ကူးစက်ခံရပြီး (၁) ရက်မှ (၃) ရက်
၁။ သာမန်အအေးမိအဖျားနှင့်ဆင်တူသည်။
၂။ လည်ချောင်းအနည်းငယ်နာသည်။
၃။ ဖျားနာကိုက်ခဲ ပင်ပန်းနွမ်းနယ်ခြင်းမရှိ။
၄။ ပုံမှန်အတိုင်း အစားအသောက်မပျက်။

(၄) ရက်မြောက်နေ့
၁။ အာသီးအနည်းငယ်ရောင်သည်။
၂။ စကားပြောလျှင် လည်ချောင်း နာလာသည်။
၃။ ကိုယ်အပူအချိန်မှာ ပုံမှန်အပူချိန် 36.5C ဖြစ်သည်။
သို့သော် အစားအသောက်မြိုချရာတွင် အခက်အခဲရှိသည်။
ခေါင်းအနည်းငယ်ကိုက်မည်။
၄။ light belly အစာအိမ်လေထမည်။ အရက်မူးသကဲ့သို့
အနည်းငယ် မူးဝေနေမည်။

(၅) ရက်မြောက်နေ့
၁။ လည်ချောင်းနာနေမည်။ ပင်ပန်းနွမ်းနယ်နေမည်။
၂။ ကိုယ်အပူချိန် 36.5-36.7C တွင်ရှိမည်။
၃။ အဆစ်အမြစ် ကိုက်ခဲနာကျင်မည်။

(၆) ရက်မြောက်နေ့
၁။ ကိုယ်အပူချိန် 37 C+ အထက်ရောက်လာသည်။
၂။ သလိပ်မထွက်သည့် ချောင်းခြောက်ဆိုးသည်။
၃။ စကားပြောတိုင်း အစာစားတိုင်း လည်ချောင်း
နာကျင်နေမည်။
၄။ အားအင်ကုန်ခမ်းပြီး မောပန်းနွမ်းနယ်နေမည်။
၅။ ရံဖန်ရံခါတွင် အသက်ရှူရန် အခက်အခဲဖြစ်လာမည်။
၆။ ခြေချောင်းများ နာကျင်လာမည်။
၇။ ဝမ်းလျှော၍ အော့အန်မည်။

(၇) ရက်မြောက်နေ့
၁။ ကိုယ်အပူချိန် 37.4-37.8C ရှိလာသည်။
၂။ ချောင်းအဆက်မပြတ်ဆိုးပြီး သလိပ်ပျစ်ပျစ်များ
ထွက်နေမည်။
၃။ ခေါင်းကိုက်ပြီး ခန္ဓာကိုယ်တစ်ခုလုံး ကိုက်ခဲ နာကျ င်နေမည်။
၄။ အပြင်းအထန် ဝမ်းလျှောမည်။
၅။ အော့အန်မည်။

(၈) ရက်မြောက်နေ့
၁။ ကိုယ်အပူချိန် 38C +++ အထက်ထိရောက်လာပြီး
အပြင်းအထန်ဖျားလာမည်။
၂။ အသက်ရှူရန် အခက်အခဲဖြစ်လာသည်။
၃။ ချောင်းအဆက်မပြတ်ဆိုးမည်။
၄။ ခေါင်းကိုက်ပြီး အဆစ်အမြစ်နှင့် ကြွက်သားများ
နာကျင်မည်။
၅။ ခြေထောက်နှင့် ခန္ဓာကိုယ်အောက်ပိုင်းတစ်ခုလုံး
ကိုက်ခဲနာကျင်မည်။

(၉) ရက်မြောက်နေ့
၁။ ရောဂါအခြေအနေ အတိုးအလျော့မရှိပါ။
၂။ အပြင်းအထန် အဖျားတက်လာမည်။
၃။ အချို့ရောဂါလက္ခဏာများ သက်သာလာမည်။
၄။ သို့သော် အသက်ရှူရန်အတွက် အပြင်းအထန်
ကြိုးစားလာရမည်ဖြစ်သည်။ ထိုအနေအထားသို့
ရောက်လာလျှင် သွေးစစ်ပြီး ရင်ခေါင်းဓာတ်မှန်ရိုက်ရန် လိုအပ်လာပြီဖြစ်သည်။

ထိုင်းနိုင်ငံ ချူလာလောင်ကောင်ဆေးရုံမှ ထုတ်ပြန်သည်။


အကြံပြုချက်များ
***************
၁။ Mask မတ်(စ်)တပ်ပါ။
၂။ လက်ကို ဆပ်ပြာဖြင့် အနည်းဆုံးစက္ကန့် (၂၀) ဆေးပါ။
၃။ တစ်ဦးနှင့်တစ်ဦး ၆ ပေအကွာနေပါ။
၄။ ထိတွေ့ပြီးတိုင်း ပိုးသတ်ဆေးဖြင့် ဖြန်းပါ။
၅။ လက်ဆွဲနှုတ်ဆက်ခြင်းမှ ရှောင်ကြဉ်ပါ။
၆။ အပြင်သွားလျှင် လက်အိတ်ဝတ်ပါ။

ကြိုတင်ပြင်ဆင်မှုများ
*********************
၁။ ကိုယ်ခံအားကောင်းစေမည့် အစားအသောက်ကိုစားပါ။
၂။ အိပ်ရေးဝဝအိပ်ပါ။
၃။ Vit.C ကြွယ်ဝသော အစားအစာ စားပါ။ (သို့) Vit.C 100mg တနေ့တလုံးသောက်ပါ။
၄။ Zinc ပါသောအားဆေး မှီဝဲပါ။
၅။ မိမိအိမ်တွင်း ကိုယ်လက်လှုပ်ရှား အားကစား တနေ့အနည်းဆုံး မိနစ် ၂၀ ခန့်ပြုလုပ်ပါ။
၆။ အသက်ရှုလေ့ကျင့်ခန်း ပြုလုပ်ပါ။ ပြုလုပ်နည်းကို Google တွင်ရှာပါ။
၇။ စိတ်ဓာတ်မြှင့်တင်ရေးနဲ့ပတ်သက်သော မိမိကြိုက်နှစ်သက်သည့် စာဖတ်ပါ။ (သို့) တရားထိုင်ပါ။

—————————————————————————

# # # Covid အတွက် ဆောင်ထားရမည့်ဆေးများကို ဤpost တွင် တစုတစည်းတည်းရှိနေစေရန် အောက်ပါစာများအား hello Dr. မှကူးယူဖော်ပြပါသည်။

Covid အတွက် ဘာဆေးတွေ ဆောင် ထားမလဲ။

ဖျားလျှင်
Paracetamol 500mg
မနက် နေ့ ည

ကိုယ်လက် ကိုက်ခဲလျှင်
Paracetamol 500mg
မနက် နေ့ ည
or
Aclofenac 100mg မနက် ည
(အစာစားပြီး သောက်ပါ)

နှာရည် ယိုလျှင်
Cetrizine မနက် ည

ချောင်းဆိုးလျှင်
Presco မနက် နေ့ ည

သလိပ်ရလျှင် ၊ လည်ချောင်းနာလျှင်
Amoxicillun 500mg ၂ကဒ်
မနက် နေ့ ည ၇ ရက်
or
Azithromycin 250 mg
မနက် ည ၃ရက်
နှင့်
Strepsil or Degirol or Mybacin ငုံဆေးပြား
မနက် နေ့ ည

ဝမ်းလျှောလျှင်
ဓာတ်ဆား တိုက်ပါ။

အန်လျှင်
Dimperidone 10mg
မနက် နေ့ ည
အစာမစားမီ နာရီဝက် ခန့် ကြို သောက်ပါ

Cevit ၁၀လုံး
မနက် ည
(တတ်နိုင်လျှင် Vitacee or Enervon C တရက် တလုံးသောက်ပါ)

အားဆေး တရက် တလုံး
Supravit
Zincovit
Becozinc
Nutrivita
Revicon max
ကိုယ်တတ်နိုင်တာ တစ်မျိုး သောက်ပါ

အစားအကုန်စားပါ
ဝအောင်အိပ်ပါ
စိတ်ကို ကြံ့ခိုင်အောင်ထား။
Mask တပ်ပါ
မလိုအပ်ပဲ အိမ်ပြင် မထွက်ပါနဲ့။

09/07/2021
06/07/2021

အာခေါင်တို့ဖတ်နဲ့သွေး စစ်ဆေးမှုကွာခြားပုံ

Antigen Rapid Test Kit နဲ့ Antibody Rapid Test Kit ကွာခြားပုံကို မေးတဲ့သူများလာလို့ လိုရင်းတိုရှင်းလေး ရှင်းပြပေးထားပါတယ်....

Antigen Rapid Test Kit သို့မဟုတ် မြန်မာအခေါ် အာခေါင်တို့ဖက်....

Test kit အဆက်လိုက်ထဲမှာပါတဲ့ အရေဘူးလေးကို ပါလာတဲ့ကော်ဘူးထဲကို ထည့်ထားပြီး တခါသုံးပိုးသတ်ပြီးသား ဂွမ်းတံရှည်နဲ့ကျွမ်းကျင်သူ တဦးဦးကနေပြီး နှာခေါင်းရဲ့အတွင်းနံရံကို နှိုက်ယူပေးပြီးအရေကြည်ဘူးထဲကို တမိနစ်ခန့် စိမ်ထားပေးပါတယ်... ပြီးတဲ့အခါမှာ အရေကြည်ဘူးထဲက အရေကို တခါသုံး Rapid test kit cassette လေးပေါ်မှာ အစက် ၃စက်ခန့် ချလိုက်ပြီးအဖြေကို ၁၅ မိနစ်အတွင်း တိကျစွာ ရရှိမှာ ဖြစ်ပါတယ်... positive ဆိုရင် ၂ လိုင်း ပြပေးမှာ ဖြစ်ပြီး Negative ဆိုရင် C တလိုင်းပဲ ပေါ်မှာဖြစ်ပါတယ်...

အားသာချက်က အဖြေတိကျတယ်...
မြန်ဆန်တယ်... မှန်ကန်မှုရှိတယ်...
ကူးစက်ပြီးရင် အချိန်စောစောမြန်မြန် သိရနိုင်တယ်....

အားနည်းချက်က ကျွမ်းကျင်တဲ့သူအကူအညီမပါဘဲ ကိုယ်တိုင်စစ်ဆေးသိရှိနိုင်ဖို့ ခက်ခဲတယ်....

Antibody Rapid Test Kit

သူကတော့ အထဲမှာ အဆင်သင့်ပါလာပြီးဖြစ်တဲ့ တခါသုံးအပ်နဲ့ လက်ထိပ်ကို ဆီးချိုဖောက်စမ်းသလို တချက်ကလေးဖောက်ပြီး တခါသုံး Rapid Test Kit Casette ထဲကို တစက်ချမယ်... ပြီးရင် ပါလာတဲ့ ရေဘူးလေးထဲက အရေကို ၂စက်ချပြီး အဖြေကို ၁၅ မိနစ်အတွင်း သိရှိနိုင်ပါတယ်....

Covid 19 Antibody Test Kit နဲ့ ပတ်သက်ပြီးတော့ တော်တော်များများ မကွဲပြားတဲ့ IgG Antibody နဲ့ IgM Antibody အကြောင်း ရှင်းပြချင်လို့ပါ....

Antibody ဆိုတာ ခန္ဓာကိုယ်ထဲကို ရောဂါပိုးတခုခုဝင်လာတဲ့အခါမှာ အလိုအလျောက်တုန့်ပြန်တဲ့ ကိုယ်ခံအားကို စစ်တဲ့ Test kit ပါ....

Covid 19 မှာက Antibody ၂ မျိုး ရှိပါတယ်.. IgG နဲ့ IgM ပါ... ကိုယ်ခံအား ၂ မျိုးလုံးက ရောဂါစတင်ကူးစက်ခံရပြီး ၃ရက်ကနေ ၅ရက်အတွင်းမှာမှ သွေးထဲမှာ စတင်ပြီး ပေါ်နိုင်ပါတယ်....

အဲ့မှာ မတူညီတာတစ်ခုက IgM Antibody က ကိုယ်ခန္ဓာထဲ အကြာကြီးမနေဘဲ ရောဂါပျောက်ပြီး တပတ်လောက်အတွင်း ပျောက်သွားပါတယ်...
အဲ့တော့ IgM Antibody ပေါ်နေတဲ့အချိန်က ကူးစက်ပြီးခါစ အခြေအနေဖြစ်ပါတယ်... ဒါဆိုရင် isolated နေရမယ့်အချိန်ဖြစ်ပြီး အများကို ကူးစက်စေနိုင်တဲ့ အခြေအနေမျိုးပါ...

IgG Antibody ကတော့ ရောဂါပျောက်ပြီးလည်း ၆လလောက်အထိ ခန္ဓာကိုယ်ထဲမှာ ကျန်ရှိနေအုံးမှာပါ....

အဲ့တော့ ၆လလောက်ထိ C တလိုင်း နဲ့ IgG antibody လိုင်း ၂ လိုင်းလုံး ပေါ်နေမှာပါ
ဒါဟာ Covid 19 positive မဟုတ်ပါဘူး... ဒီအဖြေဟာ လူတစ်ယောက်အတွက် အကောင်းဆုံး Result လို့တောင် ပြောနိုင်ပါတယ်... သူဟာ Covid 19 ကို ကိုယ်ခံအားရသွားတဲ့ သူတစ်ယောက်ဖြစ်သွားပြီး အခုလို ပေါ်နေသမျှ ကာလပတ်လုံး Covid 19 ကို ဖြန့်ဝေသူလည်း မဖြစ်နိုင်သလို ကူးစက်သူလည်း မဖြစ်နိုင်တော့ပါဘူး.... သို့သော် ဂရုတစိုက် နေထိုင်သွားတာတော့ အကောင်းဆုံးပဲ ဖြစ်ပါတယ်... ဘာလို့လဲဆိုတော့ Antibody ဆိုတာ ကိုယ်မသိလိုက်ဘဲ အချိန်မရွေးပျောက်သွားနိုင်ပါတယ်... တဦးနဲ့တဦး အချိန်ဘယ်လောက်ကြာ Antibody ရတယ်ဆိုတာ မတူပါဘူးရှင်....

Antibody test kit ကတော့ အိမ်မှာပဲ ကိုယ့်ကိုယ်ကို စိတ်ရှင်းချင်လို့ပဲ ဖြစ်ဖြစ် Covid ဖြစ်သွားပြီးတော့ ကိုယ်ခံအား ရမရသိချင်လို့ပဲ ဖြစ်ဖြစ် အိမ်မှာ အလွယ်တကူစစ်ဆေး သိရှိနိုင်ပြီး ရတဲ့ Result ကိုလည်း တော်တော်များများ သဘောကျ နှစ်ခြိုက်ကြပါတယ်...

Antibody test kit ရဲ့ အားသာချက်ကတော့ အိမ်မှာပဲ အလွယ်တကူ ဘယ်သူ့အကူအညီမှမပါဘဲ စစ်ဆေးနိုင်တယ်.... Positive ဖြစ်ပြီး လူနာများ မိမိကိုယ်ကိုယ် Antibody ရမရကို အလွယ်တကူသိနိုင်တယ်....
အားနည်းချက်က Covid 19 ပိုးက သွေးထဲရောက်တာ နောက်ကျတဲ့အတွက် စစ်တာစောရင် Negative ပဲ ပြမှာဖြစ်ပြီး အဖြေတိကျစွာရဖို့အတွက် ရက်ခြားပြီး နောက်တခါလောက် ထပ်စစ်ပေးရမှာဖြစ်ပါတယ်...

ဒါကြောင့် အခုချက်ချင်း ကိုယ့်ကိုယ် သံသယဖြစ်လို့ Positive လား Negative လား ချက်ချင်းသိချင်ရင် Antigen အာခေါင်တို့ဖက် test kit ကို စစ်ပါလို့ အကြံပေးချင်ပါတယ်...

အရေးမကြီးဘူး... ရက်ခြား​ပြီး ပြန်စစ်မှ သိရလည်း ရတယ်... သို့မဟုတ် ကိုယ်တိုင် Positive လူနာဖြစ်ခဲ့ပြီးပြီ...Antibody ရမရလေးပဲ သိချင်တယ်ဆိုရင် သွေးနဲ့ ဖောက်စစ်လို့ရတဲ့ antibody test kit ကို စစ်ပေးပါ...

Crd

Af23500ks(Sales)
04/07/2021

Af
23500ks(Sales)

AJ22000ksPreorderSize as photo
02/07/2021

AJ
22000ks
Preorder
Size as photo

Air max 27036-4426500ksPreorder
01/07/2021

Air max 270
36-44
26500ks
Preorder

Nike36_4424000ksPreorder
01/07/2021

Nike
36_44
24000ks
Preorder

Zara​ရေ​မွှေး30 ml 23500ksPreorder
29/06/2021

Zara​ရေ​မွှေး
30 ml
23500ks
Preorder

Address

Taunggyi

Telephone

+959794894020

Website

Alerts

Be the first to know and let us send you an email when Yun Htet posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share