07/01/2022
လေကြောင်းတိုက်ခိုက်မှုများအတွင်း ဘေးအန္တရာယ်ကင်းရှင်းအောင် ကာကွယ်ခြင်း
(ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး၏ အကြံပြု လမ်းညွှန်ချက်များ)
ပုန်းခိုစရာနေရာ ရှာပါ
၁။ ပုန်းခိုနေနိုင်ရန် ရွေးချယ်သင့်သော နေရာအချို့ ရှိပါသည်။ ဗုံးခိုကျင်း၊ မြေအောက်ခန်း၊ မြေအောက်ရထားဥမင်စသည့် နေရာများက သင့်တော်ပါသည်။
၂။ မှန်မပါသော နံရံများအနီး ကပ်နေသင့်သော်လည်း နံရံများပေါ် မှီမထားသင့်ပါ။
၃။ မာကျောသော နံရံမျက်နှာပြင်များနှင့်
ဖိကပ်မထားသင့်ပါ။ မြေပြင် တုန်ခါသွားသည့် အချိန်၌ ဖြစ်ပေါ်လာသော ရိုက်ခတ်မှုကြောင့် ကိုယ်တိုင် ဒဏ်ရာအနာတရ ဖြစ်နိုင်ပါသည်။
၄။ လမ်းပေါ်၊ ကွင်းပြင်ပေါ် ရောက်နေသည် ဆိုပါက နီးစပ်ရာ အဆောက်အအုံသို့ ဦးတည်၍ အပြေးသွားပါ။
၅။ မြေအောက် ဗုံးခိုကျင်း ရှာမတွေ့ပါက အဆောက်အအုံ တစ်ခု၏ အနိမ့်ဆုံး အပိုင်းတွင် ခိုအောင်းနေပါ။
၆။ မှန်ပြတင်းပေါက်များနှင့် ဝေးဝေးနေပါ။ ဖြစ်နိုင်ပါက ပြတင်းပေါက်များကို တိပ်ကပ်ပြီး ပလပ်စတစ် အစဖြင့် ကာထားပါ။
ခိုလှုံစရာနေရာ ရှာမတွေ့လျှင်
၁။ အကယ်၍ ဟင်းလင်းပြင် နေရာမျိုးသို့ ရောက်နေပြီး ရုတ်တရက် ခိုအောင်းစရာ အဆောက်အအုံမျိုး ရှာမတွေ့ခဲ့လျှင် မြေပြင်၏ အနိမ့်ဆုံး အပိုင်းကို ရွေးချယ်ပါ။ ဥပမာ လျှိုကဲ့သို့ နေရာမျိုးထဲ ဝင်ပြီး မှောက်နေပါ။
၂။ ပေါက်ကွဲ လွင့်စဉ်လာသော ဗုံးအစအနများသည် အထက်ပိုင်းသို့ ပျံတက်လာလေ့ ရှိသောကြောင့် မြေပြင်နှင့် ကပ်နေသော ဇုန်သည် အန္တရာယ် အကင်းဆုံးဟု သတ်မှတ်နိုင်ပါသည်။
၃။ ဝပ်နေသည့် အချိန်၌ မျက်နှာကို မြေကြီးနှင့် ကပ်ထားပြီး ခေါင်းအနောက်ဖက်ကို လက်ဖြင့် ယှက်၍ ကာထားပါ။
အခြားသော လုံခြုံရေး အစီအမံများ
၁။ ဖြစ်နိုင်မည် ဆိုပါက ခန္ဓာကိုယ် အနှံ့ကို မီးလောင်မလွယ်သည့် ပစ္စည်းများဖြင့် ဖုံးလွှမ်း ကာကွယ်ထားပါ။ ထိုပစ္စည်းမျိုး ရှာမရလျှင်လည်း ကုတ်အင်္ကျီ၊ ဂျာကင်၊ ရေဆွတ်ထားသည့် သတင်းစာ စသည်တို့က လူ့ခန္ဓာကိုယ် အရေပြားပေါ်တွင် အပြင်းအထန် လောင်ကျွမ်းမှုမျိုး မဖြစ်အောင် အထိုက်အလျောက် ကာကွယ်ပေးနိုင်ပါသည်။
၂။ မျက်လုံးကို မှိတ်ထားပါ။ အပျက်အစီး အစအနများ မျက်လုံးထဲ လွင့်စဉ်မလာ
စေရန် ဖြစ်ပါသည်။
၃။ ပေါက်ကွဲမှု အရှိန်ကြောင့် အဆုတ် ထိခိုက်နိုင်ခြေမှ ကာကွယ်ရန်အတွက် ပါးစပ်ကို အနည်းငယ် ဟထားပါ။
Crd
crd # # #