သစ်ရိပ် - Thit Yate Books

သစ်ရိပ် - Thit Yate Books One Book Can Change Your Life !!

Sketch ✍️
30/08/2026

Sketch ✍️

အမျိုးသမီး​လေး​တွေဖတ်ဖို့✅ သူလို မိန်းမ - 4000 ks✅ ချစ်​သော ချစ်မိ​သော ချစ်ခဲ့ဖူးသော ချစ်လှစွာ​သော ​ယောကျာ်းများ - 6000 ...
01/09/2024

အမျိုးသမီး​လေး​တွေဖတ်ဖို့

✅ သူလို မိန်းမ - 4000 ks

✅ ချစ်​သော ချစ်မိ​သော ချစ်ခဲ့ဖူးသော
ချစ်လှစွာ​သော ​ယောကျာ်းများ - 6000 ks

✅ အသက် ၂၀ အချက် ၂၀ - 4500 ks

✅ အာဂမိန်းမ - 8500 ks

မှာယူရန် m.me/100331748434278

ဖုန်းဖြင့်ဆက်သွယ်မှာယူလိုပါက
☎️ 09770591500 သို့ဆက်သွယ်မှာယူနိုင်ပါတယ်။



စာအုပ်လက်​ဆောင် ရသူ​လေးပါရှင့် 🍀Chat Box မှာ နာမည် လိပ်စာ​​လေး လာပို့​ပေးပါ​နော် 🥰🥰🥰
30/08/2024

စာအုပ်လက်​ဆောင် ရသူ​လေးပါရှင့် 🍀

Chat Box မှာ နာမည် လိပ်စာ​​လေး လာပို့​ပေးပါ​နော် 🥰🥰🥰



မိန်းခလေးတိုင်းဖတ်သင့်တဲ့ စာအုပ်​လေးတစ်အုပ် အထူးသဖြင့် ဆယ်ကျော်သက်အရွယ်ကစလို့ ဖတ်ကြည့်စေချင်တယ်……18+ တစ်ချို့ပါပေမယ့် S*...
29/08/2024

မိန်းခလေးတိုင်းဖတ်သင့်တဲ့ စာအုပ်​လေးတစ်အုပ်

အထူးသဖြင့် ဆယ်ကျော်သက်အရွယ်ကစလို့ ဖတ်ကြည့်စေချင်တယ်……18+ တစ်ချို့ပါပေမယ့် S*x education အတွက်အထောက်အကူဖြစ်စေတာတွေမို့ ဆယ်ကျော်သက်တွေကို ဖတ်ဖို့ တိုက်တွန်းရခြင်းပါ……..

စာအုပ်ပါ ဇာတ်လမ်းတွေကို မိဘရှုထောင့်ကလည်းဖတ်နိုင်သလို ရင်ခုန်စိတ်လှုပ်ရှားလွယ်တဲ့ ဆယ်ကျော်သက် သားသမီးအရွယ်ရှုထောင့်ကနေလည်း ဖတ်နိုင်ပါတယ်……

ဆယ်ကျော်သက်တို့သဘာဝ သစ်ရွက်လှုပ်တာမြင်လည်း ရင်ခုန်တယ်ဆိုသလိုပေါ့…….အချစ်ကိုစမ်းသပ်ကြည့်ချင်တာလည်းသဘာဝပါပဲ……ဒါပေမယ့် အဲ့သဘာဝကို ကိုယ့်ဘဝ နစ်မွန်းရလောက်တဲ့ထိ ပေးဆပ်လိုက်ကြဖို့တော့လည်း မတန်ပြန်ဘူး…..

ဇာတ်လမ်းထဲက နေခြည်နဲ့ ပွင့်ဦးဆိုတဲ့ ဆယ်ကျော်သက်ကောင်မလေးနှစ်ယောက်ရဲ့ ဇာတ်လမ်းကိုဖတ်ပြီး စဥ်းစားချင့်ချိန်တွေးတော စရာတွေအများကြီးရမှာပါ….. အချစ်ဇာတ်လမ်းတွေချည်းပဲ အသားပေးရေးထားတာမဟုတ်ပဲ ပညာပေးတာလေးတွေလည်းပါတာမို့လို့ စာဖတ်သူတွေအတွက် ရသလည်းခံစားရင်း ဗဟုသုတတွေလည်း ရရှိလိမ့်မယ်လို့ မျှော်လင့်ပါတယ်……

ဆရာမ မြူပါးရ်ပြောသလိုပဲ ဒီစာအုပ်ဟာ ဘဝထဲကအချစ်အကြောင်းနဲ့ အချစ်ထဲကဘဝအကြောင်းပါပဲ…..အရွယ်ရောက်ပြီးသူတစ်ယောက်အတွက်တော့ အချစ်နဲ့ ပက်သက်ပြီး အတွေ့အကြုံတွေ ပညာတွေရကောင်းရနေလောက်ပါပြီ….. အချစ်က ပူလောင်ရလား အေးချမ်းရလားဆိုတာ ကိုယ့်အပေါ်လည်းအများကြီးမူတည်ပါသေးတယ်…..

နောက်ဆုံးပြောချင်တာကတော့ဇာတ်လမ်းထဲက နေခြည်အကြောင်းပါ…..သူမချစ်မိတဲ့ ယောကျာ်းတွေက ဘယ်လိုယောကျာ်တွေဖြစ်မလဲ….အမှားအမှန်ဆုံးဖြတ်ဖို့ ခက်ခဲတဲ့ ဆယ်ကျော်သက်အရွယ်မို့ သူမဆုံးဖြတ်ချက်တွေ မှန်ကန်ပါ့မလား……သူမဘဝထဲက အချစ်အကြောင်းတွေကရော ဘာတွေဖြစ်မလဲ…..သူမ အချစ်ရေးမှာ တစ်ကယ်ပဲ ကံကောင်းမှာလား…..

‘လက်မထပ်ခင် အပျိုရည်ပျက်တယ်ဆိုတာ ရေလယ်မှာ လှေဝမ်းပေါက်သလိုပဲ…..ထပ်ထပ်ဝင်လာတဲ့ ရေတွေကို နိုင်အောင်ခပ်မထုတ်နိုင်ရင် နစ်မြှုပ်သွားတတ်တယ် ‘ တဲ့

ဒီစာအုပ်လေးဖတ်ပြီးသွားရင်တော့ ကျွန်မတို့အမျိုးသမီးတွေ မိမိကိုယ်ကိုယ် ဆင်ခြင်သုံးသပ် ဝေဖန်ခွဲခြားနိုင်မယ်လို့ မျှော်လင့်ပါတယ်…..အချစ်မှာ နစ်မွန်းပြီးလောင်နေတဲ့သူတွေလည်း ဖတ်ကြည့်စေချင်ပါတယ်….ပြတ်သားတဲ့ ဆုံးဖြတ်ခထက်တွေ ချနိုင်ကြပါစေလို့ မျှော်လင့်ရင်း…….

✅ တန်ဖိုး - 6000 ks

မှာယူရန် m.me/100331748434278

ဖုန်းဖြင့်ဆက်သွယ်မှာယူလိုပါက
☎️ 09779591500 သို့ဆက်သွယ်မှာယူနိုင်ပါတယ်။

#ချစ်သောချစ်မိသောချစ်ခဲ့ဖူးသောချစ်လှစွာသောယေကျာ်များ
#မြူပါးရ်

ဘယ်တော့မှ မိတ်ပျက်လို့ မကောင်းတဲ့ ဖောက်သည်ဆိုတာ ကိုယ့်ဘဝလက်တွဲဖော်ပါပဲ။✅ မဖတ်ရမြဲတတ်သည် - ရာဇာဝိဇယ✅ တန်ဖိုး - 9500 ksမှာ...
25/08/2024

ဘယ်တော့မှ မိတ်ပျက်လို့ မကောင်းတဲ့ ဖောက်သည်ဆိုတာ ကိုယ့်ဘဝလက်တွဲဖော်ပါပဲ။

✅ မဖတ်ရမြဲတတ်သည် - ရာဇာဝိဇယ
✅ တန်ဖိုး - 9500 ks

မှာယူရန် m.me/100331748434278

ဖုန်းဖြင့်ဆက်သွယ်မှာယူလိုပါက
☎️ 09770591500 သို့ဆက်သွယ်မှာယူနိုင်ပါတယ်။

#မဖတ်ရမြဲတတ်သည်

အချစ်မခံခဲ့ရရှာတဲ့ မင်သမီး ဒိုင်ယာနာ လူပိုစာအုပ်မှ ကောက်နှုတ်ချက် တချို့ ကျွန်တော့်အမေက မင်းသမီးတစ်ပါးပေါ့။ သူ့နာမည်က နတ...
23/08/2024

အချစ်မခံခဲ့ရရှာတဲ့ မင်သမီး ဒိုင်ယာနာ

လူပိုစာအုပ်မှ ကောက်နှုတ်ချက် တချို့

ကျွန်တော့်အမေက မင်းသမီးတစ်ပါးပေါ့။ သူ့နာမည်က နတ်ဘုရားမတစ်ပါးရဲ့ အမည်ကို အစွဲပြု ပေးထားခဲ့တာပါ။ အမှန်ကတော့ ဒီနာမည်ကိုယ်တိုင်က အားပျော့ပါတယ်။ လူတွေကတော့ အမေ့ကို သူတော် စင်တစ်ပါးလို မြင်ကြပြီး နယ်လ်ဆင်မဲန်ဒဲလား၊ မာသာ ထရီဇာတို့ကအစ Joan of Arc အထိ အမေ့ကို နှိုင်းယှဉ် မြင်ကြပါတယ်။ ဒါကလည်း ချစ်လို့ တင်စားကြတာလို့ မြင်ပါတယ်။ အမေ့အကြောင်း ပြောစမ်းပါဆိုရင် စကြဝဠာမှာ သတိရစရာအကောင်းဆုံး အမျိုးသမီး၊ အချစ်ခံရဆုံးသူတွေထဲက တစ်ယောက်လို့သာ ရိုးရိုးသားသား ပြောချင်ပါတယ်။

အမေက ငြိမ်းချမ်းရေးအတွက် ဘယ်လောက် ကြိုးပမ်းခဲ့တယ်ဆိုတာ လူတွေ မေ့နေကြပါပြီ။ ကမ္ဘာကို အကြိမ်ပေါင်းများစွာ အမေ ပတ်ခဲ့ပါတယ်။ မိုင်းတွေ မြှုပ်နှံထားတဲ့ မိုင်းကွင်းတွေကို အကြိမ်ပေါင်းများစွာ ဖြတ်ခဲ့ဖူးပါတယ်။ AIDS ရောဂါသည်ပေါင်းများစွာကို ထွေးပိုက်ယုယခဲ့တယ်။ စစ်ဘေးဒဏ်ကြောင့် မိဘမဲ့ဖြစ်ရတဲ့ ကလေးတွေကို နှစ်သိမ့်မှုပေးခဲ့တယ်။ ဘယ်နေရာ ရောက်ရောက် လူတွေအတွက် ငြိမ်းချမ်းမှုကို ဆောင် ကျဉ်းပေးခဲ့တယ်။ ဒါကြောင့် သူ့သားတွေနဲ့ ပတ်သက်လို့လည်း ငြိမ်းချမ်းစေချင်မှာ သေချာပါတယ်။ ဒါတင် မကသေးပါဘူး။ သားနှစ်ယောက်နဲ့ အဖေကြား၊ မိသားစု တစ်ခုလုံးကြား ငြိမ်းချမ်းစေချင်မှာ သေချာလှပါတယ်။

✅ စာအုပ်တန်ဖိုး - 14000 ks

မှာယူရန် m.me/100331748434278

ဖုန်းဖြင့်ဆက်သွယ်မှာယူလိုပါက
☎️ 09770591500 သို့ဆက်သွယ်မှာယူနိုင်ပါတယ်။


Source: NDSP


#လူပို

အမေရိကန်သမိုင်းရဲ့ ပထမဆုံး လူမည်းသမ္မတသူ့သက်တမ်းအတွင်းမှာ ကောင်းမွန်တဲ့ အပြောင်းအလဲများစွာကို ဖော်ဆောင်နိုင်ခဲ့ပြီ အထူးသ...
23/08/2024

အမေရိကန်သမိုင်းရဲ့ ပထမဆုံး လူမည်းသမ္မတ

သူ့သက်တမ်းအတွင်းမှာ ကောင်းမွန်တဲ့ အပြောင်းအလဲများစွာကို ဖော်ဆောင်နိုင်ခဲ့ပြီ အထူးသဖြင့် ဟိတ်ဟန်နည်းပါးပြီ ပြည်သူတွေနဲ့ တစ်သားတည်းကျအောင် နေထိုင်ခဲ့သလို ကျန်းမာရေး၊ လုံခြုံရေး၊ ရပိုင်ခွင့်တွေကိုလည်း အများပြည်သူတွေအတွက် အကောင်းဆုံးဖော်ဆောင်ပေးနိုင်ခဲ့တဲ့ သမ္မတတစ်​ယောက်

လူမည်း သမ္မတ ဘားရက်အိုဘားမားပါ။

အခုစာအုပ်ကို သမ္မတသက်တမ်းကုန်ဆုံးပြီး နောက်ဆုံးအနေနဲ့ Air Force One လေယာဉ်ကို မစ်ရှလ်နဲ့ နှစ်ယောက်အတူ ခရီးစထွက်နေတဲ့အချိန်မှာ ရေးသားခဲ့ခြင်းဖြစ်ပြီး၊ အမေရိကန် သမ္မတအဖြစ် တာဝန် ထမ်းဆောင်ခဲ့တဲ့ ရှစ်နှစ်အတွင်း အတွေ့အကြုံတွေကို ရိုးရှင်းစွာရေးသားသည်ကို ဖတ်ရှုရမှာဖြစ်ပါတယ်။ ❤️❤️❤️

✅ တန်ဖိုး - 19500 ks

မှာယူရန် m.me/100331748434278

ဖုန်းဖြင့်ဆက်သွယ်မှာယူလိုပါက
☎️ 09770591500 သို့ဆက်သွယ်မှာယူနိုင်ပါတယ်။

#သုခဘုံ
#ဝင်းငြိမ်း
#လေးစားစွာcrdပေးပါတယ်ရှင့်

📌 နိုင်ငံတစ်ခုမွေးဖွားခြင်း  မူရင်း  𝐄𝐱𝐨𝐝𝐮𝐬 // 𝐋𝐞𝐨𝐧 𝐔𝐫𝐢𝐬 ‘‘ကျုပ်ကို ခင်ဗျား ခေါ်ချင်သလိုသာခေါ်ပေတော့ ၊ ကျုပ်က ဒုက္ခသည်မိ...
20/08/2024

📌 နိုင်ငံတစ်ခုမွေးဖွားခြင်း

မူရင်း 𝐄𝐱𝐨𝐝𝐮𝐬 // 𝐋𝐞𝐨𝐧 𝐔𝐫𝐢𝐬

‘‘ကျုပ်ကို ခင်ဗျား ခေါ်ချင်သလိုသာခေါ်ပေတော့ ၊ ကျုပ်က ဒုက္ခသည်မိဘမဲ့ကလေးတွေနဲ့ပြန်တိုက်နေရတာကို သဘောကျတယ်လို့များ အောက်မေ့နေသေးလားဟင်။

တခြားလက်နက်တို့ တပ်တို့မရှိတော့လို့ ၊ တင်ကားတွေကို ဘာနဲ့မှပစ်စရာမရှိလို့ဘဲ။စစ်သင်္ဘောကြီးတွေကို ဘာနဲ့ခုခံရမှာလဲ ၊ ကျုပ်တို့မှာ လက်နက်ဆိုလို့ ကျုပ်တို့ ယုံကြည်ချက်ပဲရှိတော့တယ် ၊ နှစ်ပေါင်း နှစ်ထောင်ကျော်က အတိုက်ထုတ်ခံခဲ့ရတဲ့ကျုပ်တို့တတွေဟာ အခုပြန်တိုက်ရမယ် ၊ ဒီတိုက်ပွဲမှာ ကျုပ်တို့ နိုင်မှကိုဖြစ်မယ်။’’

ဒီစကားကိုပြောတဲ့သူက ဗြိတိသျှတို့ရဲ့ မတရားအသင်းအဖြစ်ကြေညာ ခံထားရတဲ့ မိုးဇက်အလီယားဘတ် အဖွဲ့ ခေါင်းဆောင် အယ်ရီဘင်ကင်နင် ။

နိုင်ငံအနှံ့အပြားက ဂျူးဒုက္ခသည်တွေကို သူတို့ရဲ့ ဌာနေ ပါလက်စတိုင်းဆီ နည်းမျိုးစုံ နဲ့ ပြန်ပို့နိုင်ဖို့ကသူ့တာဝန်။ အခုလည်းကြည့် အယ်ရီ တစ်ယောက် ဗြိတိသျှတွေ ထိန်းသိမ်းထားတဲ့ ဆိုက်ပရက်ကျွန်းက ဂျူးလူမျိုးတွေထဲက ကလေး အယောက် ၃၀၀ ကို ဆိုက်ပရက်ကျွန်းပေါ်ကနေ ခိုးထုပ်ပြီး Exodus လို့သူတို့နာမည်ပေးထားတဲ့ သင်္ဘော အစုပ်ကြီးပေါ် တောင်တင်ပြီးနေပြီ။

တဖက်မှာလည်း ဗြိတိသျှတွေက ဒီသတင်းကိုကြားပြီး ချက်ချင်း စက်သေနတ်တွေ ၊ တင့်ကားတွေ နဲ့ ချိန်အပြီး ။ သင်္ဘောပေါ်က ဂျူးကလေးငယ် ၃၀၀ ကျော်ကို စခန်း ပြန်မပို့ဘဲ ဆိပ်ကမ်းကခွာတာနဲ့ စပစ်မယ့်သဘော ။ အဲဒီချိန် နာရီ ဂျူးက‌ေလးငယ်တွေကလည်း ရဲရဲဝံ့ဝံ့ အသေသာခံမယ် စခန်းဆီလုံးဝပြန်မသွားနိုင်။

ဗြိတိသျှတွေမှာ အခက်တွေ့ရပြီ။ ဟုတ်တယ်လေ ဆိုက်ပရက်ကျွန်းက ဂျူးတွေအကုန် နီးနီးက နာဇီတို့ လူမဆန်စွာ သတ်ဖြတ် ညှင်းဆဲတဲ့ အကျဉ်းစခန်း အော့ဇ်ဝှစ် ကနေ သီသီကလေး လွတ်မြောက်လာကြသူတွေကိုး။ နှိပ်စက်မှုပေါင်းစုံကို ထမင်းစားရေသောက် ထူသား ပေသား ကျပြီးသား ။ အဲဒီလို အခက်တွေ့နေတဲ့ အချိန်မှာပဲ တပူပေါ် နှစ်ပူဆင့် ဆိုသလို ကမ္ဘာသတင်းစာမျက်နှာတွေမှာ ဒီသတင်းက အလျင်အမြန်ရောက်ရှိသွားပါတော့မယ်။ ခေါင်းမီးတောက်နေတဲ့ ဗြိတိသျှအာဏာပိုင်တွေ အနေနဲ့ ဘယ်လိုဆုံးမဖြတ်ချက်ချမလဲ ?

Exodus ကို ဝင်တိုက်မှာလား ?
ဒါမှမဟုတ် အရှက်အကွဲခံ မဟာမိတ်အာရပ်နိုင်ငံတွေရဲ့ငြူစူမှုဒဏ်တွေကိုခံပြီး Exodus ကို ပါလက်စတိုင်း သွားခွင့် ပြုမှာလား ?...................................................

ဒီစာအုပ်ဟာ ဂျူးတို့ရဲ့ သမိုင်းအစဉ်အလာတွေ ၊ ဒုတိယကမ္ဘာစစ်ကြီးမတိုင်မီ ၊ စစ်အတွင်း ၊ စစ်ပြီး ခေတ်တွေမှာ ဂျူးလူ‌မျိုးတွေ အနေနဲ့ အသက်ရှင်ဖို့ဘယ်လို ခက်ခက်ခဲခဲ ရုန်းကန် ခဲ့ရသလဲ ဆိုတာရယ် အာရပ်‌နိုင်ငံတွေ ဝိုင်းနေတဲ့ အစ္စရေးနိုင်ငံငယ် တခုကို ဘယ်လို ခံယူချက်‌ေတွနဲ့ ထူထောင်ခဲ့သလဲ စတာ‌ေတွကို စာရေးဆရာက အချိန် ၂ နှစ်ယူပြီး သုသေတနပြုပြီးရေးသားထားတာပါ။ ဒီလို အပတ်တကုတ် ကြိုးစားရေးသားတဲ့အတွက်လည်း ၂၀ ရာစုရဲ့ ရောင်းအားအကောင်ဆုံးစာအုပ်‌ေတွထဲကတစ်အုပ်အဖြစ်ရပ်တည်ခဲ့ခြင်းဖြစ်တယ်လို့ပြောရင် မှားနိုင်မယ်မထင်ပါဘူး။

အနင်းခံရတဲ့စပါး ပိုသန်တယ် ဆိုတဲ့ စကား မြန်မာစကားပုံမှာ ရှိပါတယ်။ ဒီလိုပဲ အဖိနှိပ်ခံ ဂျူးလူ‌မျိုးတွေကလည်း ပိုပြီး စိတ်ဓာတ်သန်မာတယ်ဆိုတာ အဆန်းမဟုတ်ဘူးဆိုတာ ဒီစာအုပ်ဖတ်ရင်း ကျွန်တော်တို့ ပိုနားလည်ပါလိမ့်မယ် ။
...မြေသည်ငါ့ဥစ္စာဖြစ်၏။
သင်တို့သည် ငါ့၌ တည်းသော ဧည့်သည် အာဂန္တုဖြစ်ကြ၏။သင်တို့သည် မြေကို ပိုင်လေရာရာ၌ ရွေးနုတ်ရသော အခွင့်ကိုပေးကြရမည်။

ထာဝရဘုရားသခင် မှ မောရှေအားပြောကြားတော်မူသောစကား။


✅ တန်ဖိုး - 11000 ks

မှာယူလိုပါက m.me/100331748434278

ဖုန်းဖြင့်ဆက်သွယ်မှာယူလိုပါက
☎️ 09770591500 သို့ဆက်သွယ်မှာယူနိုင်ပါတယ်။


#မောင်မိုးသူ

သစ်ရိပ် - Thit Yate Books မှာ ဝယ်ယူရရှိနိုင်မယ့် ဘာသာပြန်စာအုပ်များ ✅ ပြစ်မှုနှင့်ပြစ်ဒဏ် - 25000 ks✅ ပင်လယ်ပြာနှင့်တံငါ...
19/08/2024

သစ်ရိပ် - Thit Yate Books မှာ ဝယ်ယူရရှိနိုင်မယ့် ဘာသာပြန်စာအုပ်များ

✅ ပြစ်မှုနှင့်ပြစ်ဒဏ် - 25000 ks

✅ ပင်လယ်ပြာနှင့်တံငါအို - 10000 ks

✅ Sapiens - 22000 ks

✅ လူ့သ​ဘော လူ့မ​နော - 9000 ks

✅ Exodus - 11000 ks

✅ လူပို - 14000 ks

✅ သုခဘုံ - 19500 ks

မှာယူရန် m.me/100331748434278

ဖုန်းဖြင့်ဆက်သွယ်မှာယူလိုပါက
☎️ 09770591500 သို့ဆက်သွယ်မှာယူနိုင်ပါတယ်။



#ဘာသာပြန်

Sapiensဆေပီယန်စ်လက်ရှိအချိန် ကမ္ဘာပေါ်မှာ ဩဇာလွှမ်းမိုးမှုအရှိဆုံးသော တတ်သိပညာရှင်တစ်ယောက်အဖြစ်အများကလက်ခံထားတဲ့ သမိုင်း...
17/08/2024

Sapiens
ဆေပီယန်စ်

လက်ရှိအချိန် ကမ္ဘာပေါ်မှာ ဩဇာလွှမ်းမိုးမှုအရှိဆုံးသော တတ်သိပညာရှင်တစ်ယောက်အဖြစ်အများကလက်ခံထားတဲ့ သမိုင်းပညာရှင်၊ ဒဿနပညာရှင် ပရော်ဖက်ဆာ ယူဗယ်လ်နိုရာဟာရာရီရဲ့ ပထမဦးဆုံး စာအုပ်။

လူသားမျိုးနွယ်ဆင့်ကဲ့ပြောင်းလဲလာပုံသမိုင်းကြောင်းကို ရေးသားထားပြီး ဘီလ်ဂိတ်၊ မာ့ခ်ဇူကာဘတ်၊ အိုဘားမား စတဲ့ ပုဂ္ဂိုလ်ကျော်တို့ရဲ့ အနှစ်သက်ဆုံးစာအုပ် စာရင်းမှာပါတဲ့စာအုပ်ကို ယခု ဆရာညီနောင်(Humber) ရဲ့မြန်မာ ဘာသာပြန်လက်ရာနဲ့ဖတ်ရှုနိုင်ပါပြီ။

(လူသားမျိုးနွယ် သမိုင်းအကျဉ်း)

✅ တန်ဖိုး - 22000 (ပထမအကြိမ်)
✅ စာမျက်နှာ - 791 မျက်နှာ

စာအုပ်မှာယူရန် m.me/100331748434278

ဖုန်းဖြင့်ဆက်သွယ်မှာယူလိုပါက ☎️ 09770591500 သို့ဆက်သွယ်မှာယူနိုင်ပါတယ်။


#​ဆေပီယန်စ်

Address

Taunggyi

Telephone

+959770591500

Website

Alerts

Be the first to know and let us send you an email when သစ်ရိပ် - Thit Yate Books posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to သစ်ရိပ် - Thit Yate Books:

Shortcuts

Share

Category