shaine.thu

shaine.thu pyae clothing online shop..� welcome Warmly welcome for all customer from pyae clothing online shop.�%

Permanently closed.
ကြွေ..နေရင်း.ချွေ🤘
20/07/2021

ကြွေ..နေရင်း.ချွေ🤘

🤘..🤙
31/01/2021

🤘..🤙

30/01/2021

" အသုံးမကျတဲ့လူ မဖြစ်စေနဲ့ "
===================

- အသက်(၃၅) နှစ် ပြည့်တဲ့ အချိန်ထိ

- ခင်ဗျားဟာ တီဗီလေး ရေခဲသေတ္တာလေးတစ်လုံးတောင်

- မပိုင်သေး တဲ့အခါ ဘယ်သူမှ ခင်ဗျားကို

- သနားနေလိမ့်မယ် မထင်နဲ့။

- ဈေးကွက်ထဲ ယှဉ်ပြိုင်မှုကြောင့်

- ခင်ဗျား ကျရှုံး ခဲ့တဲ့ အခါမှာလည်း ဘယ်ပြိုင်ဘက်ကမှ

- ခင်ဗျားကို ကိုယ်ချင်းစာတယ် ဆိုပြီးတော့ လျှော်ပေးလိမ့်မယ် မထင်နဲ့။

- ကလေးကွက် နင်းနေတဲ့လူ စီးပွားရေး လောကမှာ တစ်ယောက်မှ မပါဘူး။

- ကိုယ့်ချစ်သူက ပိုက်ဆံမရှိလို့ လမ်းခွဲသွားတဲ့ အခါရော။

- ဘယ်သူကမှ ခင်ဗျားကို စာနာလို့့ ဆိုပြီးတော့

- ကြယ်ငါးပွင့် ဟော်တယ်မှာ မင်္ဂလာဆောင်ပေးမယ် မထင်နဲ့။

- မိဘတွေကို ဆေးရုံဆေးခန်း ကောင်းကောင်းမှာ ဆေးကုချင်တယ်။

- ဘယ်သူကမှ ခင်ဗျားကို ချစ်လို့ ဆိုပြီးတော့

- ခင်ဗျားမိဘကို အကောင်းစား ဆေးရုံ ပို့ပေးမယ် မထင်နဲ့။

- မိသားစု ဆင်းရဲလို့ ချမ်းသာ မလာတာပေါ့။ ဟုတ်သလား။

- အသိပညာ မဆင်းရဲ စမ်းပါနဲ့။

- ဆင်ခြေတွေ အလီလီပေးနိုင်တဲ့ အတွက်

- ဘယ်သူကများ တော်လွန်းလို့ ဆိုပြီးတော့

- ပိုက်ဆံလာပေးတုန်း။ မပေးဘူးနော်။

- ကိုယ်လုပ်တဲ့ အလုပ်ရဲ့ ရလဒ်ကို ကြိုမမြင်နိုင်တဲ့လူ ဆင်းရဲမှာပဲ။

- ခိုင်မာတဲ့ ဆုံးဖြတ်ချက်နဲ့ လျှောက်ရဲတဲ့ သတ္တိ မရှိတဲ့လူ ဆင်းရဲမှာပဲ။

- စွန့်စားရမှာကို ကြောက်နေတဲ့ လူဟာ ဆင်းရဲမှာပဲ။

- ချမ်းသာချင်စိတ် မပြင်းပြတဲ့လူဟာ ဆင်းရဲမှာပဲ။

- အသွေးထဲ အသားထဲကနေ ချမ်းသာချင်လာတဲ့ လူဟာ

- နိမ့်ကျမှုတွေ အားလုံးကို ဂရုမစိုက်နိုင် တော့ ဘူး။ ပျောက်သွားတယ်။

- ချမ်းသာဖို့ ဆိုရင် ၁၀၀% အပြည့် ကိုယ့် ခွန်အားကို

- ထုတ်သုံးဖို့ အဆင်သင့် ဖြစ်နေကြတဲ့ လူတွေ ဖြစ်တယ်။

- အသွေးထဲ အသားထဲကနေ ချမ်းသာချင်လာတဲ့ လူဟာ

- ဘာကြီးပဲ ဖြစ်နေနေ အသစ်တွေ သင်ယူဖို့ ကို

- ဆာလောင် မွတ်သိပ် လာတယ်။

- အမြဲတစေ ကိုယ့်အနေနဲ့ အဘက်ဘက်က ပြီးပြည့်စုံဖို့အတွက် တိုက်ချွတ် လေ့လာ နေလေ့ ရှိတယ်။

- အသွေးထဲ အသားထဲကနေ ချမ်းသာချင်လာတဲ့ လူဟာ

- ကျရှုံးခဲ့ရင်တောင် အဲဒီ ကျရှုံးမှုကို ဘေးဖယ် ထုတ်ပြီး

- ဘယ်သူမှ စိတ်မကူးရဲတဲ့ အားထုတ်ခြင်း အသစ်တစ်ခုနဲ့

- ဖြစ်စဉ်ကို ချက်ချင်း ပြောင်းပြန်လှန် ပစ်ချင်သူတွေ ဖြစ်တယ်။

- ဒါပဲ။ ဒီတော့ ခင်ဗျား စဉ်းစားတော့။

- ဆင်ခြေတွေ ဘေးဖယ် ထားလိုက်စမ်းပါဗျာ။

- ခင်ဗျား ရှေ့ဆက် ရမယ့် လမ်းက နှစ်လမ်းပဲ ရှိတယ်။

- ငွေပုံ ရှိရာ လမ်းရယ်၊ အိမ် အပြန် လမ်းရယ်။

- နှစ်ခု ထဲက တစ်ခုကို ရွေးရလိမ့်မယ်။

- ရပ် မနေနဲ့နော်။

- ခင်ဗျား အသုံးမကျတဲ့လူ ဖြစ်သွားလိမ့်မယ်။

အားလုံးပဲအနာဂတ်မှာအောင်မြင်ကြီးပွါးတိုးတက်ကြပါစေ...

Advice Myanmar Page
ပြန်လည်မျှဝေပါသည်
💙💙💙💙💙💙💙💙💙
ဗဟုသုတစာပေများကိုဖတ်ရှုလိုပါက👤"Face Book''အကောင့်လေးကို [အပ့်] ထားနိုင်ပါတယ် စာဖတ်မိတ်ဆွေများအားလုံး ေလးစာလျှက် 🙏‼ စာပေများကို လွတ်လွပ်စွာ Share copy မျှဝေနိုင်ပါတယ် 📖💙

Crd. # # #

မင်းသိလားမင်းကိုမလိုအပ်တော့တဲ့တစ်နေ့မအားဘူးဆိုတဲ့စကားကိုမင်းနေသားကျသွားတဲ့အထိသူတို့ပြောပြသွားလိမ့်မယ်။ #သို့လရိပ်လေး # P...
07/01/2021

မင်းသိလား
မင်းကိုမလိုအပ်တော့တဲ့တစ်နေ့
မအားဘူးဆိုတဲ့စကားကို
မင်းနေသားကျသွားတဲ့အထိ
သူတို့ပြောပြသွားလိမ့်မယ်။

#သို့လရိပ်လေး #
Plz Crd🤘

Messenger💬အရင်ကတော့ စကားတွေအလုအယက်ပြောဖြစ်တယ်။ဘယ်သူမီးစိမ်းလဲ လိုက်ကြည့်တယ်။နေကောင်းလားနေ့တိုင်းနီးပါးမေးဖြစ်တယ်။ ထမင်းစ...
06/01/2021

Messenger💬

အရင်ကတော့ စကားတွေအလုအယက်ပြောဖြစ်တယ်။
ဘယ်သူမီးစိမ်းလဲ လိုက်ကြည့်တယ်။နေကောင်းလား
နေ့တိုင်းနီးပါးမေးဖြစ်တယ်။ ထမင်းစားပြီးပြီလား ဘာနဲ့စားတုန်းကအစ
အရေးတယူလုပ်ပြီး မေးဖြစ်တယ်။

အခုနောက်ပိုင်းကျ အသက်ဝင်ခဲ့တဲ့ messengerလေးတောင်
တဖြည်းဖြည်း ခြောက်ကပ်သွားတာကြာပေါ့။

ကိုယ့်ဘက်ကစပြီး အဆက်အသွယ်ဖြတ်ကြည့် သတိတရ
အလေးထားဆက်သွယ်မယ့်သူက အနည်းအကျဉ်းသာရှိတာ။

တကယ်တော့ ရေပေါ်ဆီတွေအများကြီးပါ။ကြာလေကြာလေ
သိလာရလေပါပဲ။ထုတ်ပြောပြနေဖို့ မလိုပါဘူး။

အခုဆို စိမ်းနေတဲ့ဆက်ဆံရေးတွေမှမဟုတ်ဘူး။Messenger
တောင် ခပ်စိမ်းစိမ်းပဲဖြစ်နေတာကြာပြီ။

မီးစိမ်းတွေပိတ်သုံးတတ်လာတယ် ဟာသတွေပိုကြည့်ဖြစ်လာတယ်။
စာတွေပိုဖတ်ဖြစ်လာတယ်။ဝါသနာပါရာတွေ လိုက်ကြည့်တတ်တယ်။

Messenger မှာ ရိုက်ခဲ့တဲ့ လက်တွေက Search မှာ
ကိုယ်သိချင်တာတွေ ရှာကြည့်ဖို့နေရာယူသွားပြီ။

အဲ့လိုတိတ်ဆိတ်နေလို့ အထီးကျန်လားမေးရင် ဟင့်အင်း တစ်ခါမှ
အဲ့လိုမတွေးဖူးဘူး။ တစ်ယောက်ထဲ သာသာယာယာပဲ။
အလုပ်တွေကို ရှုပ်လို့။

ဘယ်သူ့မှလိုင်းပေါ်ကဆင်းပြီနော် အရေးတယူပြောနေဖို့မလိုတော့ဘူး။
ဆင်းချင်တဲ့အချိန်ဆင်း ဖွင့်ချင်တဲ့အချိန်ဖွင့် အဆင်ကိုပြေနေရော့။

ဘယ်အခြေအနေမျိုးမှာဖြစ်ဖြစ် အဆိုးထဲကအကောင်းဆိုတာရှိပြီးသား။
ယူတတ်ဖို့မြင်တတ်ဖို့ပဲ လိုတာပါ။

အေးအေးဆေးဆေး နေတတ်သူတွေအဖို့ကတော့ messengerကြီး
တိတ်ဆိတ်သွားလည်း အဆင်ပြေပါတယ်နော်။🥰

C R D
Verse..

02/01/2021

မမေ့နဲ့

ကျီးကန်းက ကြက်ဥမကြိုက်ဘူး၊
ကြက်ဥကို အမြဲတမ်း ခွေးကို ပေးတယ်။
ခွေးက အစပိုင်း ကျေးဇူးတင်တယ်ပေါ့၊
ကြာတော့ အကျင့်ဖြစ်သွားတယ်။
အကျင့်ဖြစ်လာတော့
ဒါက သူ့ကို
ပေးကိုပေးရမယ်ဆိုတဲ့စိတ်
ဖြစ်လာတယ်။

တနေ့ကျတော့ ...
ကျီးကန်းက ကြက်ဥကို
ငါးကို ပေးလိုက်တော့
ခွေးက မကျေနပ်တော့ဘူး။
ကြက်ဥဟာ အစကတည်းက
ကျီးကန်းဟာဆိုတာ သူမေ့သွားတယ်။
ကြက်ဥ ဘယ်သူ့ကို ပေးမယ်ဆိုတာ
ကျီးကန်းမှာ ဆုံးဖြတ်ခွင့်ရှိတယ်ဆိုတာ
မေ့သွားတယ်။

ဒါနဲ့ သူတို့စကားများကြပြီး
အခင်အမင် ပျက်သွားကြတယ်။

***************************

သိပ်ပူတဲ့ နွေရာသီတစ်ခုမှာ
လူတစ်စုက မြစ်ရေလှိုင်းထဲမှာ
ဖောင်စီးသွားကြတယ်။
ဖောင်စီးရင်းနဲ့ ရေဆော့ရင်း
ကောင်မလေးတစ်ယောက်ရဲ့ ဖိနပ်
ရေထဲကျသွားတယ်။

ကမ်းပေါ်ရောက်ဖို့ ပူခြစ်နေတဲ့
သဲပြင်ကျယ်ကြီးကို ဖြတ်ရမယ်။
ဒါနဲ့ ကောင်မလေးက
သူနဲ့လှေအတူစီးတဲ့ သူတွေထဲမှ
တစ်ယောက်ယောက်ကများ
ဖိနပ်ငှားနိုင်မလားလို့
အကူအညီတောင်းတယ်။

လူတစ်ယောက်မှာ
ဖိနပ်တစ်ရံပဲပါတာ
ဘယ်သူမှ မပေးချင်ကြဘူး။
ကောင်မလေးက
မကျေနပ်ဖြစ်သွားတယ်။

ဒါနဲ့ သူက ...
ဒီလူတွေအားလုံး မကောင်းဘူး။
ကူညီချင်စိတ် မရှိဘူးလို့ တွက်လိုက်တယ်။
နောက်တော့ လူတစ်ယောက်က
သူ့ဖိနပ်ကို ပေးလိုက်တယ်။
ကောင်မလေးက
ကျေးဇူးတင်ကြောင်းပြောလိုက်တယ်။

ဖိနပ်ပေးလိုက်တဲ့လူက
"ဘယ်သူမှ မင်းကို
ကူညီဖို့ တာ၀န်မရှိပါဘူး။
မင်းကိုကူညီတာ
ခင်မင်မှုတစ်ခုကြောင့်ပဲ။
မကူညီဖြစ်ရင်
ဒါကို ဒေါသမကြီးပါနဲ့။
ဒါ ... သမရိုးက်ပါ"။

အဲ့လိုပြောတော့
ကောင်မလေးစိတ်ထဲ
တွေးမိသွားတယ်။
အဲ့ချိန်ကစပြီး
သူ့ကိုကူညီဖူးသူတွေကို
အမြဲမှတ်သားထားပြီး
ပြန်လည်ကျေးဇူးဆပ်လေ့ရှိလာပါတယ်။

ကျနော်တို့ဟာ အမြဲတမ်း
သူများက ကိုယ့်အပေါ်
ကောင်းဖို့ပဲ မျှော်လင့်ကြတယ်။
အစပိုင်းတော့
ကျေးဇူးတင်မဆုံးဘူးပေါ့။
ကြာလာတော့ ...
သူများ ကိုယ့်အပေါ် ကောင်းတာကို
အမြဲလိုချင်တဲ့အကျင့် ဖြစ်လာတယ်။

ဒါကို ဖြစ်သင့်တဲ့အရာလို့
ထင်လာတယ်။
တစ်နေ့မှာ ...
ကိုယ့်အပေါ်မကောင်းခဲ့ရင်
အပြစ်တင်ရှုတ်ချမိတော့တယ်။
**************************

တကယ်တမ်းကျတော့
သူများမကောင်းတော့တာ
မဟုတ်ပါဘူး။
ကိုယ့့်ရဲ့စိတ်တွေက
ပြောင်းကုန်တာပါ။
ရနေကျဆိုတော့
ကျေးဇူးတရားဆိုတာကို
မေ့သွားတာပါ။

***************************

ညနေတစ်ခုမှာ
ဆိတ်လေးတစ်ကောင်ဟာ
တောင်ကုန်းပေါ်မှာ ဆော့နေတယ်။
ရုတ်တရက် သစ်ပင်ခြုံကြားထဲက
ဝံပုလွေတစ်ကာင်ထွက်လာပြီး
ဆိတ်ကိုစားမယ်ပြင်တယ်။

ဆိတ်လေးဟာ
အသံကျယ်နဲ့အော်ပြီး
သူငယ်ချင်းတွေကို
အကူအညီ လှမ်းတောင်းတယ်။

နွားက သစ်ပင်ခြုံထဲမှ
တစ်ချက်လှမ်းကြည့်ပြီး
ဝံပုလွေကို မြင်တော့
ပြေးပါလေရော။

မြင်းက ခေါင်းငုံ့ပြီး တစ်ချက်ကြည့်၊
ဝံပုလွေမြင်တော့
ဝှစ်ကနဲကို ပြေးပြန်ရော။

၀က်ကလည်း ဖြတ်သွားရင်း
ဝံပုလွေကိုမြင်တာနဲ့
ကမန်းကတန်း
တောင်ပေါ်က ဆင်းပြေးရော။

တောင်အောက်မှာရှိတဲ့
ခွေးက ဆိတ်အော်သံကြားတော့
ကမန်းကတန်း တောင်ပေါ်ပြေးတက်၊
ခြုံပုတ်တွေထဲက ဖြတ်ပြီး
ဝံပုလွေရဲ့ လည်မြိုကို
ကိုက်ခဲပစ်လိုက်တယ်။

၀ံပုလွေက နာလွန်းလို့
ထအော်တယ်။
ခွေးမာန်ဖီလိုက်တော့
လန့်ပြီးပြေးပါလေရော...။
အိမ်ပြန်ရောက်တော့
သူငယ်ချင်းတွေအားလုံး
ရောက်လာတယ်။

နွားက…
နင်က ဘာလို့ ငါ့ကိုမခေါ်တာလဲ?
ငါ့ဂျိုနဲ့ သူ့ဗိုက်ပေါက်အောင်
လုပ်ပစ်မှာပေါ့......။

မြင်းက…
နင်က ဘာလို့ ငါ့ကိုမပြောလဲ?
ငါ့ခွာနဲ့ သူ့ခေါင်းကို
ကန်ပစ်မှာပေါ့.......။

၀က်က…
နင်ငါ့ကို ခေါ်ရောပေါ့။
ငါတစ်ချက်ပက်လိုက်ရင်
သူတောင်ပေါ်ကတောင်
ပြုတ်ကျသွားမှာ....။

အဲ့လို ပြောသံတွေကြားမှာ
ခွေးလေး မပါခဲ့ပါ။

မိတ်ဆွေစစ်ဆိုတာ
စကားအလှတွေ
သုံးနေစရာ မလိုပါဘူး။
တကယ့်လိုအပ်ချိန်မှာ
မင်းကို လက်လှမ်းကူညီတဲ့သူဟာ
မိတ်ဆွေစစ်ပါ။

************************
အနားမှာရှိနေတဲ့ သူငယ်ချင်းတွေ
ခင်မင်နေတဲ့ သူငယ်ချင်းတွေဟာ
သူငယ်ချင်းအစစ် ဟုတ်/မဟုတ်
မသေချာသေးပါ။

တစ္ခါတေလ ...
အဝေးမှာရှိနေပြီး အမြဲတမ်း
ပေါင်းသင်းနေတာ မဟုတ်ပေမယ့်
မင်းတကယ်
အကူအညီ လိုအပ်နေချိန်မှာ
အပိုမပြောဘဲ ကူညီတဲ့သူ
ဂရုစိုက်တဲ့သူသာ
တကယ့်မိတ်ဆွေ
တကယ့်သူငယ်ချင်း အစစ်ပါပဲ။

ဘ၀မှာ တန်ဖိုးထားသင့်တဲ့
မိတ်ဆွေသူငယ်ချင်းကောင်းများ
ပိုင်ဆိုင်ကြပါစေ....

မူရင်း.CRD.

All. List One. ..One Day Us Die. ..welcome. ..in nightmare. ...🤘
21/12/2020

All. List One. ..
One Day Us Die. ..welcome. ..in nightmare. ...🤘

Address

Myanmar(Burma)
Taunggyi

Website

Alerts

Be the first to know and let us send you an email when shaine.thu posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share