07/10/2023
၂/၂ မိဘအုပ်ထိန်းမှုပုံစံများ
မိဘအုပ်ထိန်းမှု(Parenting) ဆိုတာ ကလေးပြုစု
စောင့်ရှောင့်ခြင်း(Child rearing) လို့လည်းဆိုနိုင်ပါ
တယ်။တစ်နည်းအားဖြင့် ကလေးကို မွေးဖွားချိန်က
နေ လူလားမြောက်တဲ့အချိန်အထိ ရုပ်ပိုင်း၊ စိတ်လှုပ်ရှား
မှုပိုင်း၊ အသိဉာဏ်၊ လူမှုဆက်ဆံရေးဆိုင်ရာစွမ်းရည်
များဖွံ့ဖြိုးလာအောင် မေတ္တာနဲ့လက်ခံ၊ ပံ့ပိုး ပြုစု
ပျိုးထောင်ပေးတဲ့ဖြစ်စဉ်ဖြစ်ပါတယ်။
ကလေးပြုစုပျိုးထောင်တာနဲ့ပတ်သက်လို့ ယဉ်ကျေး
အလိုက်၊ လူ့အဖွဲ့အစည်းအလိုက်၊ ခေတ်အလိုက်၊
မိသားစုအလိုက် ကွဲပြားပြောင်းလဲမှုများလည်းရှိပါ
လိမ့်မယ်။ ဥပမာ- ၁၉၃၀ လောက်က အပြုအမူဝါ
ဒီ စိတ်ပညာရှင်တစ်ဦဖြစ်တဲ့ ဂျွန်၊ ဘီ၊ ဝပ်ဆင်က
“မိဘတွေဟာ ကလေးတွေကို သိပ်ချင်ခင်ယုယ
လွန်းအားကြီးတယ်၊ အဲလောက်ကြီး အကြင်နာပို
ရင် ကလေးတွေ ရောက်တက် ပျက်စီးနိုင်တယ်”လို့
သတိပေးပါတယ်။ သူ့စကားကို သဘောကျတဲ့မိဘ
တွေကတော့ ကလေးကိုနမ်းတာတောင်တောင်
ကလေးရောင့်တက်မှာစိုးလို့ ကလေးအိပ်နေချိန်မှာ
မှနမ်းသတဲ့။
၁၉၇၀လောက်မှာတော့ စိတ်ပညာရှင် ဒိုင်ယာနာ
ဘောင်မ်ရင်းက “မိဘတွေဟာကလေးအပေါ် ဒဏ်
ခတ်တာမျိုး၊ အဖက်မလုပ်ဘဲ ပစ်ပယ်ထားတားမျိုး
မလုပ်သင့်။ လိုအုပ်တဲ့စည်းမျဉ်းစည်းကမ်းများ
တော့ ချထားသင့်တယ်။” လို့ဆိုပါတယ်။ ဘောင်း
မ်ရင်းက သူမလေ့လာတွေ့ရှိခဲ့တဲ့ မိဘအုပ်ထိန်းမှု
ပုံစံ အကြမ်းဖျင်း သုံးမျိုးကို လေ့လာတင်ပြခဲ့ပါ
တယ်။ အဲဒီ မိဘအုပ်ထိန်းမှုပုံစံ သုံးမျိုးကတော့
၁။ Authoritarian Parenting Style
ဒီမိဘအုပ်ထိန်းသူအမျိုးအစားရှိတဲ့ မိဘတွေဟာ@
မိမိတို့ ဆိုဆုံးမတာကို ကလေးကမေးခွန်းထုတ်တာ
မျိုးလက်မခံပါဘူး။ ငါကိုမေးခွန်တွေ ပြန်မေးမနေနဲ့
ငါခိုင်းတာလုပ်ဆိုတာမျိုး စကားတွေပြောတတ်ပါ
တယ်။ သူတို့ဟာ ကလေးက နာခံတာ၊ ရင့်ကျက်စွာ
တာဝန်ယူတတ်တာမျိုးကို တန်ဖိုးထားပါတယ်။
ကလေးနဲ့ ခပ်ခွါခွါခပ်တန်းတန်း နေတတ်ပါတယ်။
ဒီမိဘအုပ်ထိန်းမှုပုံစံမျိုးနဲ့ ကြီးပြင်းခဲ့ရတဲ့ကလေး
တွေဟာ စိတ်ပျက်လက်ပျက်ဖြစ်လွယ်တယ်။ စိတ်
ဆိုးမာန်ဆိုးဖြစ်လွယ်တယ်။ ရန်လိုတတ်တယ်။
အခြားသူများနဲ့ ဆက်သွယ်ပြောဆိုတတ်မှု စွမ်းရည်
ညံ့ဖျင်းပါတယ်။
၂။ Permissive Parenting Style
Permissive Parenting Style ကို Permissive-
Indifferent နဲ့ Permissive-Indulgent ဆိုပြီး နှစ်
မျိုးထပ်ခွဲခြားနိုင်ပါတယ်။ Permissive-Indifferent
မိဘတွေကတော့ ကလေးကို ကန့်သတ်ချုပ်ချယ်မှု
တွေမလုပ်သလို ကလေးအပေါ် အာရုံစိုက်မှု၊ စိတ်
ဝင်စားမှု၊ စိတ်လှုပ်ရှားမှုဆိုင်ရာ ပံံ့ပိုးမှုများလည်း
သိပ်မလုပ်ပါဘူး။ Permissive-Indulgent မိဘတွေ
ကတော့ ကလေးရဲ့အရေးကိစ္စတိုင်းမှာ ပါဝင်ပါ
တယ်။ ကလေးကို အလိုလိုက်ပါတယ်။ ဒါပေမဲ့
ကလေးအပေါ် ထိန်းချုပ်မှု၊ တောင်းဆိုမှုများမလုပ်
ပါဘူး။ Permissive-indifferent မိဘများရဲ့ကလေး
များ ကြီးပြင်းလာတဲ့အခါ မိမိကိုယ်ကို ထိန်းချုပ်
နိုင်မှုညံ့ဖျင်းပါတယ်။ အမိန့်နာခံမှုလည်း နည်းပါ
တယ်။ လူမှုဆက်ဆံရေးလည်းညံ့ပါတယ်။
Permissive-Indulgent မိဘများရဲ့ကလေးတွေက
တော့ ကြီးပြင်းလာတဲ့အခါ မရင့်ကျက်၊ မိမိကိုယ်ကို
ထိန်းချုပ်နိုင်စွမ်းမရှိ၊ ကမှူးရှူးထိုးပိုနိုင်ပါတယ်။
အခြားသူများအပေါ်လည်း လေးစားမှုနည်းပါတယ်။
၃။ Authoritative Parenting Style
ဒီအမျိုးအစားမိဘအုပ်ထိန်းသူများကတော့ ကလေး
ကို ဂရုစိုက် စောင့်ရှောက်ပါတယ်။ ကလေးအပေါ်
စာနာတယ်။ နွေးထွေးစွာဆက်ဆံတယ်။
ကျိုး-ကြောင်းပြဆုံးမသူများ ဖြစ်တယ်လို့ ဆိုနိုင်ပါ
တယ်။ စည်းကမ်းသတ်မှတ်ချက်များ၊ အတင်းအ
ကြပ်စေခိုင်းမှုများရှိတတ်သော်လည်း တာဝန်ယူ
တတ်အောင် တစ်စထက်တစ်စ အားပေးတာပါ။
ဘောင်းမ်ရင်းကတော့ ဒီမိဘအုပ်ထိန်းမှုပုံစံဟာ
အကောင်းဆုံးဖြစ်လိမ့်မယ်လို့ ယူဆပါတယ်။
ထိုကလေးများကြီးပြင်းလာတဲ့အခါ မိမိကိုယ်ကို
အားကိုးသူ၊စိတ်ထိန်းချုပ်နိုင်စွမ်းရှိသူ၊ အောင်မြင်မှု
မြင့်မားသူများ ဖြစ်လာနိုင်ပါတယ်။ ရောင့်ရဲကျေနပ်
တတ်သူ၊ဖော်ရွေသူ၊ အခြားသူများနဲ့ဆက်ဆံရာမှာ
ကျွမ်းကျင်သူများလည်း ဖြစ်လာလိမ့်မယ်လို့
ဘောင်းမ်ရင်းကဆိုပါတယ်။
ဘောင်းမ်ရမ်း၏သီအိုရီကို အကဲဖြတ်ခြင်း
=============================
Authoritative မိဘပုံစံကသာ အောင်မြင်တဲ့ ကလေး
တွေဖြစ်အောင် ပြုစုပျိုးထောင်ပေးနိုင်တဲ့ အကောင်း
ဆုံး မိဘအုပ်ထိန်းမှု ပုံစံဖြစ်တယ်လို့ သင် ကောက်
ချက်မဆွဲမီ အခြားမိဘအုပ်ထိန်းမှုပုံစံဖြင့် ကြီးပြင်း
လာရတဲ့ ကလေးတွေထဲမှာလည်း ဂရုစိုက်စောင့်
ရှောက်တတ်တဲ့၊ ပူးပေါင်းဆောင်ရွက်တတ်တဲ့ လူ
ကြီးများဖြစ်လာသူများလည်း ရှိတာကို သင်သတိ
ပြုဖို့ လိုပါလိမ့်မယ်။ ဝေဖန်ထောက်ပြသူများက
တော့ ဘောင်းမ်ရင်းရဲ့ သုတေသနများဟာ မိဘ
အုပ်ထိန်းမှုပုံစံဆိုတာထက် ကလေးရဲ့ ပင်ကိုစိတ်
ထားကို ထင်ဟပ်နေခြင်းသာဖြစ်လိမ့်မယ်လို့
ထောက်ပြကြပါတယ်။ မိဘအုပ်ထိန်းမှုပုံစံဆိုတာ
မိဘကပဲတစ်ဖက်သပ် ပြဌာန်းတဲ့ပုံစံတော့ မဟုတ်။
ကလေးရဲ့ပင်ကိုစရိုက်ကလည်း ရင့်ကျက်မယ်၊
ပါးနပ် မယ်၊ချက်ချာမယ်ဆိုရင် မိဘကိုယ်တိုင်
ကလည်း သူအလိုလို Authoritative အုပ်ထိန်းမှု
ပုံစံဖြစ်သွားနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။
ကလေးရဲ့ ပင်ကိုစရိုက်က ထုံပေပေဖြစ်မယ်
ဆိုရင်တော့ မိဘအုပ်ထိန်းမှုပုံစံဟာလည်း
အာဏာရှင်ဆန်တဲ့ Authoritarian မိဘအုပ်ထိန်း
မှုပုံစံ ဖြစ်သွားကောင်းဖြစ်သွားနိုင်တယ်လို့ သုံးသပ်
သူများလည်းရှိပါတယ်။
မိဘအုပ်ထိန်းမှုပုံစံကို ယဉ်ကျေးမျုများကလည်း
ပြဌာန်းနိုင်ပါတယ်။ ကိုရီးယားနဲ့ ဂျပန်နိုင်ငံတို့မှ
ဆယ်ကျော်သက်တွေဟာ မိဘတို့ရဲ့တားမြစ်ထိန်း
ချုပ်မှုများကို မိမိတို့အပေါ် ချစ်တဲ့ စိုးရိမ်တဲ့သင်္ကေ
တများအဖြစ်ကြည့်မြင်စဉ်မှာပဲ အမေရိကန်ဆယ်
ကျော်သက်များကတော့ မိမိတို့အပေါ်တားမြစ်ချုပ်
ချယ်တာကို မိဘတို့က ဖိနှိပ်တာ၊ ငြင်းပယ်တာ
အဖြစ် ယူဆပါလိမ့်မယ်။
ယဉ်ကျေးမှုများကို နှိုင်းယှဉ် လေ့လာမှုများအရ
မိဘအုပ်ထိန်းမှုပုံစံနဲ့ ကလေးဖွံ့ဖြိုးမှုကို ပြဌာန်းတဲ့
အရေးအကြီးဆုံးအချက်ကတော့ မိဘက ကလေး
အပေါ်ထားတဲ့ နွေးထွေးမှုအတိုင်းအတာနဲ့ ငြင်း
ပယ်မှုအတိုင်းအတာတို့ပင် ဖြစ်ပါတယ်။ တစ်နည်း
အားဖြင့် ကလေးကို နွေထွေးစွာလက်ခံမှုပြုရန်၊
အေးစက်စိမ်းကားစွာ ဆက်ဆံမှုနဲ့ ပစ်ပယ်မှု မလုပ်
ရန် အရေးကြီးပါတယ်။ ကလေးကို ဂရုမစိုက်၊ အေး
စက်စွာပြုမူဆက်ဆံ၊ ပစ်ပယ်လှစ်လျူရှု၊ ဒဏ်ပေး
တဲ့ မိဘတွေရဲ့ကလေးတွေဟာ ကြီးပြင်းလာတဲ့အခါ
ရန်လိုဆန်ကျင်တတ်တဲ့ ကလေးများဖြစ်လာတတ်ပါ
တယ်။ ထိုကလေးများဟာ စိတ်ပိုင်းဆိုင်ရာ ပြဿနာ
များဖြစ်တတ်ပြီး ကျွမ်းကျင်သူများနဲ့ ကုသဖို့ လို
အပ်နိုင်ပါတယ်။
မိဘအုပ်ထိန်းမှုမှာ မိခင်နဲ့ဖခင်ခြားနားသလား။
ယခုလတ်တလောထိတိုင် ကလေးပြုစုစောင့်ရှောင့်
မှုမှာ ဖခင်များရဲ့အခန်းကဏ္ဍကို လှစ်လျူရှုထား
တတ်ကြပါတယ်။ ဒါပေမဲ့ ကလေးပြုစုစောင့်ရှောက်
မှုမှာ ဖခင်များဟာလည်း တက်ကြွစွာ ပါဝင်လာခြင်း
ကြောင့် ၄င်းတို့နဲ့ပတ်သက်တဲ့ သုတေသနများဟာ
လည်း များပြားလာပါတယ်။ ဒီလေ့လာမှုများအရ
ဖခင်များဟာလည်း မွေးကင်းစကလေးများကို စိတ်
ဝင်စားပြီး တက်ကြွစွာ တုံ့ပြန်မှုပြကြောင်းတွေ့ရပါ
တယ်။ သို့သော် မိခင်နဲ့ဖခင် ကလေးအပေါ် သံယော
ဇဉ် နှောင်ဖွဲ့မှု အမျိုးအစားကတော့ ကွဲပြားပါတယ်။
နို့စို့ကလေးဘဝမှာ ကလေးဟာ မိခင်နဲ့ သံယောဇဉ်
နှောင်ဖွဲမှု များပြားပေမဲ့ နို့စို့ကလေးဘဝကျော်လွန်
လာတာနဲ့ ဖခင်များဟာ ကလေးရဲ့အရေးကိစ္စများ
စွာမှာ ပါဝင်လာပါတယ်။ သို့သော် ဖခင်တို့ဟာ မိခင်
တို့ထက် ကလေးနဲ့တိုက်ရိုက်ထိတွေ့ရတဲ့ အချိန်
နည်းနေသေးပါတယ်။ သို့တိုင် ဖခင်များဟာလည်း
ကလေးပြုစုစောင့်ရှောက်တဲ့ တာဝန်ယူရချိန်မှာ
မိခင်များကဲ့သို့ပင် ကလေးအပေါ် ဂရုစိုက် စိတ်ဝင်
စား၊ ပြုစုပျိုးထောင်ပုံ ကျွမ်းကျင်လာပါတယ်။
ဒေါက်တာမြင့်လွင်(စိတ်ပညာ)