Mya Taung Gyi

Mya Taung Gyi Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Mya Taung Gyi, Shopping & retail, Taunggyi.

17/02/2020

🔰 လုပ်ငန်းရှင်တိုင်းပြေးမလွတ်တဲ့ အခက်အခဲ(၈)ခု 🔰
➖➖➖➖➖➖➖➖

◼ဟိုးလွန်ခဲ့တဲ့ ဆယ်နှစ်ကျော်လောက်က မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်တယ်ဆိုတာ ပြိုင်ဖက်ရှားပါတယ်။တစ်ယောက်နဲ့တစ်ယောက်အပြိုင်အဆိုင် ဆိုတာထက် ကိုယ့်စီးပွားရေးကိုယ်ပဲ အာရုံစိုက်ကြတဲ့ခေတ်ပေါ့။ပြိုင်ဖက်ဆိုတာ အများဆုံးရှိလှမှ တစ်ယောက်၊နှစ်ယောက်ပါပဲ။

◼အခုနောက်ပိုင်းမှာ ခေတ်ကြီးကတိုးတက်လာတာနဲ့အမျှ
လူတွေကစီးပွားရေးတွေကို အပြိုင်အဆိုင် ပိုပြီးလုပ်လာကြပါတယ်။

◼အဲလိုမျိုးပြိုင်ဆိုင်မှုတွေ များလာတာနဲ့အတူ
လုပ်ငန်းရှင်တွေရဲ့အခက်အခဲတွေကလဲ
အရင်ကထက်ပိုများလာပါတယ်။

◼မြန်မာနိုင်ငံက လုပ်ငန်းရှင်တွေကို Business Coaching လုပ်ခဲ့တဲ့ ဆယ်နှစ်တာကာလအတွင်းမှာ လုပ်ငန်း မျိုးစုံကို တွေ့ခဲ့ရပါတယ်။
အဲ့လုပ်ငန်းတွေမှာ ကြုံခဲ့ရတာတွေကိုပြန်ပြီး ဆန်းစစ်ကြည့်လိုက်တဲ့အခါ အခက်အခဲကစုစုပေါင်း (၈)ခုကို သွားတွေ့ပါတယ်။

🔻အဲ့ဒါတွေကတော့
➖➖➖➖

1⃣ ပြိုင်ဖက်တွေနဲ့ ယှဉ်ပြီးရောင်းဖို့ဆိုရင် အမြဲတမ်းဈေးလျှော့ပြီးရောင်းနေရတယ်
2⃣ လုပ်ငန်းက ပုံမှန်ဝင်ငွေသာရနေတယ်၊ အမြတ်လဲ မထွက်ဘူး
3⃣ တစ်နေ့ကို ဆယ်နာရီကနေ ဆယ့်ငါးနာရီလောက်ကြာအောင်လုပ်နေပေမယ့် အလုပ်တွေက မပြီးဘဲဖြစ်နေတယ်
4⃣ခန့်လိုက်တဲ့ဝန်ထမ်းတွေက ကိုယ်လိုချင်တဲ့ပုံ လုံးဝဖြစ်မလာဘူး
5⃣ဝန်ထမ်းတွေက ကိုယ့်အသိစိတ်နဲ့ကိုယ်လဲ အလုပ်မလုပ်ကြဘူး
6⃣ အလုပ်မှာ ကိုယ်တစ်ရက်လေးမရှိလိုက်တာနဲ့ လုပ်ငန်းကြီးတစ်ခုလုံး ကစဉ့်ကလျားဖြစ်ကုန်တယ်
7⃣ လုပ်ငန်းရဲ့ အနာဂတ်အတွက် Plan တွေ Goals တွေ ဘယ်လိုချရမှန်းမသိဖြစ်နေတယ်
8⃣လုပ်ငန်းမှာ အဝင်အထွက်စာရင်းတွေက(ဘယ်လောက်ဝင်တယ်၊ဘယ်လောက်သုံးဖြစ်တယ်) ဆိုတဲ့ စာရင်းတွေမရှိဘူး၊ရှိခဲ့ရင်လဲ ဘယ်လိုကြည့်ရမလဲဆိုတာ မသိဘူးဖြစ်နေတယ်

မိတ်ဆွေရော ဒီထဲက ဘယ်နှစ်ခုကို ညည်းမိနေပြီလဲ❓❓
အမှန်တိုင်းပြောကြည့် . .

တစ်ချက်နှစ်ချက်ကနေ၊ ၈ ချက်လုံးကို ညည်းမိနေတယ်ဆိုရင်လဲ စိတ်ဓာတ်ကျမသွားပါနဲ့။မိတ်ဆွေတစ်ယောက်တည်းမဟုတ်ပါဘူး။ ဒါ ဒီနေ့ခေတ် Business သမားတိုင်း ကြုံနေရတဲ့ အခက်အခဲတွေပါ။

မိတ်ဆွေလဲ ဒီစာလေးကိုဖတ်ပြီးတော့ ကိုယ့်လုပ်ငန်းအကြောင်းကိုလဲ ပြန်စဉ်းစားနေပြီလား?
ဒီလိုစဉ်းစားနေပြီဆိုကတည်းက မိတ်ဆွေက ကိုယ့်ရဲ့လုပ်ငန်းကို
ဒီထက်မကတိုးပွားပြီးတော့ နောက်ထပ်အဆင့်တစ်ခုရောက်အောင် ကြိုးစားနေချင်တယ်လို့လဲ ကျွန်တော်ယုံပါတယ်။

🔻ကဲ. . ဆိုကြပါစို့
➖➖➖➖

ခုနက မိတ်ဆွေစဉ်းစားနေတဲ့ လုပ်ငန်းထဲက အခက်အခဲတွေ လုံးဝမရှိတော့ဘူးဗျာ

ကိုယ့်လုပ်ငန်းက သူ့ဟာသူလည်ပတ်ပြီးတော့ ဝင်ငွေတွေရနေမယ်
ကိုယ့်အတွက်အချိန်တွေပိုလာမယ်ဆိုရင်
မိတ်ဆွေဘာလုပ်နေမလဲ
🔹ကိုယ့်မိဘတွေကို ဒီ့ထက်ကောင်းမွန်အောင်ပိုပြီး ပြုစုပေးမလား
🔹ကိုယ့်ရဲ့မိသားစုနဲ့အတူ ကိုယ်သွားချင်တဲ့ခရီးတွေသွားပြီး လျှောက်လည်မလား
🔹ကိုယ့်ရဲ့သားသမီးကို ကိုယ်ထားချင်တဲ့ အကောင်းဆုံးကျောင်းတွေ၊ကျူရှင်တွေ၊သူလိုချင်တဲ့ ပစ္စည်းတွေကို ဝယ်ပေးမလား
🔹ကိုယ်စိတ်ကူးထားတဲ့ ကိုယ်လိုချင်တဲ့ကားတွေ၊တိုက်ခန်းတွေနဲ့ အခြားပစ္စည်းတွေဝယ်မလား
🔹ပိုပြီးတော့ရလာတဲ့ အချိန်တွေနဲ့ ကိုယ်လုပ်ချင်တာလေးတွေလုပ်နေမလား
🔹ကိုယ်လှုချင်တန်းချင်တဲ့ နေရာတွေမှာ စိတ်တိုင်းကျလှုပြီး ကုသိုလ်ယူမလား

ပုံဖော်ကြည့်လိုက်ပါ၊
🔻ခံစားကြည့်လိုက်ပါ
➖➖➖➖

မိတ်ဆွေအနည်းဆုံးတော့ စိတ်ထဲမှာပြုံးမိသွားပါလိမ့်မယ်။

ကိုယ့်လုပ်ငန်းမှာ ဝင်ငွေကလဲ သူ့ဟာနဲ့သူဝင်နေတယ်၊
ဝန်ထမ်းတွေကလဲ ကိုယ့်အသိစိတ်နဲ့ကိုယ် သူတို့ရဲ့တာဝန်တွေကိုလုပ်နေတယ်၊
ကိုယ့်ရဲ့လုပ်ငန်းက စက်တစ်ခုလို သူ့ဟာနဲ့သူ
စနစ်တကျလည်ပတ်နေမယ်ဆိုရင်
မိတ်ဆွေ ခုနက ပုံဖော်ခံစားခဲ့တဲ့အရာတွေဟာ သိပ်ပြီး မဝေးတော့ပါဘူး

အခုမိတ်ဆွေခေါင်းထဲမှာ ရောက်လာတဲ့မေးခွန်းတွေအများကြီးရှိလာပါပြီ။

🔻အဲဒီအထဲမှာ အဓိကမေးခွန်းနှစ်ခုကတော့
➖➖➖➖

၁) ခုနကပြောခဲ့တဲ့ အတိုင်းကိုယ့်ရဲ့လုပ်ငန်းလည်ပတ်စေဖို့ဆိုတာ တကယ်ဖြစ်နိုင်ရဲ့လား❓
၂) ဖြစ်နိုင်တယ်ဆိုရင်ကော ဘယ်မှာသွားပြီးလေ့လာလို့ရမလဲ ❓

လုံးဝဖြစ်နိုင်ပါတယ်။
တကယ်ဖြစ်လာအောင်လုပ်နိုင်ခဲ့တဲ့သူတွေ မြန်မာနိုင်ငံမှာ အများကြီး ရှိပါတယ်။

အဲ့လိုဖြစ်အောင် သူတို့ဘာတွေလုပ်ခဲ့လဲ?
ဘာတွေလေ့လာခဲ့လဲ?
သူတို့လျှို့ဝှက်နည်းတွေက ဘာတွေလဲ?
စာကို ဒီအထိဖတ်လာပြီဆိုကတည်းက မိတ်ဆွေလဲ သူတို့ရဲ့နည်းတွေကို လေ့လာချင်နေပြီထင်ပါတယ်။

🔻လေ့လာလို့ရမယ့်နေရာလေးကို ပြောပြမယ်ဆိုရင် စိတ်ဝင်စားမယ်?ဟုတ်?
➖➖➖➖

မတ်လ ၂၀ ရက်၊ ၂၁ ရက်၊ ၂၂ ရက်မှာ
MEI က ဦးစီးကျင်းပမယ့် Business Mastery ပွဲလေးရှိပါတယ်။
ဒီပွဲလေးကတော့ ကိုယ့်ရဲ့လုပ်ငန်းကို ခုနကကျွန်တော်ပြောခဲ့တဲ့ အခက်အခဲ ၈ ခုကိုကျော်ပြီး
သူ့ဟာသူလည်ပတ်ချင်တဲ့ လုပ်ငန်းရှင်တွေအတွက်ရည်ရွယ်ပြီးလုပ်ပေးထားတဲ့ပွဲလေးဖြစ်ပါတယ်။

🔻ဒီပွဲလေးမှာ ဘာတွေလေ့လာလို့ရမှာလဲ?
➖➖➖➖

ဒီပွဲလေးမှာတော့ မြန်မာနိုင်ငံရဲ့ No.1 Life & Business Coach တစ်ဦးဖြစ်တဲ့ ဦးပြေခိုင်မှဦးဆောင်၍
🔰ကိုယ့်ရဲ့လုပ်ငန်းဝင်ငွေနှင့် အမြတ်တိုးနည်း (၅)နည်း
🔰ကိုယ့်ပြိုင်ဖက်တွေထက်သာမယ့် ကိုယ့်ရဲ့အားသာချက်ကို ဘယ်လိုရှာမလဲ
🔰ကိုယ့်ရဲ့လုပ်ငန်းကို စနစ်တကျ System ဘယ်လိုချမလဲ
🔰ကိုယ်နဲ့စိတ်တူကိုယ်တူရှိတဲ့ ဝန်ထမ်းတွေကို ဘယ်လိုရှာပြီးခန့်မလဲ
🔰ကိုယ့်ရဲ့လုပ်ငန်းကို နောက်အဆင့်တစ်ဆင့်ရောက်သွားအောင်ပို့ပေးနိုင်မယ့် team တစ်ခုကို ဘယ်လိုဖွဲ့မလဲ
🔰ကိုယ့်လုပ်ငန်းအတွက်အကောင်းဆုံးအနာဂတ် Plan တွေကို ဘယ်လိုချမလဲ
🔰ကိုယ့်ရဲ့လုပ်ငန်းမှာ အချိန်နည်းနည်းနဲ့ ထိထိရောက်ရောက်ပြီးအောင် ဘယ်လိုလုပ်မလဲ.နောက်ဆုံးမှာ ကိုယ်လုံးဝမလိုပဲ သူ့ဟာသူလည်ပတ်အောင်ဘယ်လိုလုပ်မလဲ
🔰ကိုယ့်ရဲ့ စာရင်းဇယားတွေကိုကြည့်ပြီး အမှန်ကန်ဆုံး ဆုံးဖြတ်ချက်တွေကို ဘယ်လိုချမလဲ၊ အလေအလွင့်တွေလျှော့ပြီး အမှန်ကန်ဆုံး ဆုံးဖြတ်ချက်တွေရအောင် ဘယ်လိုလုပ်ရမလဲ
အစရှိတာတွေကို လေ့လာသွားမှာပဲဖြစ်ပါတယ်။

သေချာပေါက်ပြောနိုင်တာကတော့ ဒီ ၃ ရက်ပွဲလေးပြီးတာနဲ့
မိတ်ဆွေရဲ့လုပ်ငန်းတိုးတက်ဖို့လိုအပ်နေတဲ့
စိတ်နေစိတ်ထားတွေ၊နည်းဗျူဟာတွေ၊နည်းစနစ်တွေစိတ်ကူးစိတ်သန်းနဲ့ ဗဟုသုတတွေအပြည့်ရသွားမှာတော့ အာမခံပါတယ်။

အဲ့တာတွေရသွားတဲ့ ကျွန်တော့်ကျောင်းသားဟောင်းတွေရဲ့
Review လေးတွေကို Comment မှာဖတ်ကြည့်လိုက်ပါတော့။

Business Mastery က အခုလောလောဆယ် Batch နှစ်ခုသင်ခဲ့ပြီးပြီဖြစ်ပြီး၊ ကျောင်းသားတိုင်းသဘောကျခဲ့ကြသလို 100% Positive Review တွေချည်းပဲရခဲ့ပါတယ်.

🔻လာတက်ပြီးလို့မကြိုက်ခဲ့ရင်ကော?
➖➖➖➖

အဲဒီအတွက်လုံးဝစိတ်ပူစရာမလိုပါဘူး။
သင်တန်းကိုလာခဲ့လိုက်ပါ ပထမတစ်ရက်နေ့လည်အထိလေ့လာလို့
ကိုယ့်အတွက် အသုံးဝင်တာမရှိဘူး၊
စိတ်ဝင်စားစရာမရှိဘူး၊ သဘောမကျဘူးဆိုရင်
သင်တန်းကြေးကို ရာနှုန်းပြည့် ပြန်ပေးသွားမှာပဲဖြစ်ပါတယ်။

ဒါဆိုရင် အခု ဒီသင်တန်းလေးကို မိတ်ဆွေစိတ်ဝင်စားနေပြီလား?
တက်ဖို့စိတ်အားပြင်းပြနေပြီလား?

🔻ဒါဆိုရင် ဈေးနှုန်းကရော ဘယ်လောက်လဲ?
➖➖➖➖

ဒီလိုမျိုးသင်တန်းတွေကို နိုင်ငံခြားမှာသွားတက်မယ်ဆိုရင်
သင်တန်းကြေးချည်းပဲ သိန်း၁၀၀-၁၅၀ လောက်ရှိပါတယ်။
ဒါတောင် အသွားအပြန် လေယာဉ်လက်မှတ်တွေ၊
စားစရိတ်နေစရိတ်တွေမပါသေးပါဘူး။

ဒါပေမယ့် ကျွန်တော်တို့ Business Masteryကို သိန်း၁၅၀ မတောင်းပါဘူး
အားလုံးတက်နိုင်တဲ့ဈေးနှုန်းတစ်ခုပဲ ယူထားပါတယ်။

ကျွန်တော်တို့ Business Mastery က တစ်နှစ်ကို တစ်ခါပဲဖွင့်ပါတယ်။
တစ်ခါလုပ်ရင်လဲ ကျွန်တော်တို့လုပ်ရတဲ့ လေ့ကျင့်ခန်းတစ်ချို့ကြောင့် လူအများကြီးကို လက်ခံလို့မရပါဘူး။

အဲတာကြောင့် ကိုယ့်ရဲ့လုပ်ငန်း ကိုယ်လိုချင်တဲ့ပုံစံရဖို့ နောက်တစ်နှစ်ကိုမစောင့်ပါနဲ့တော့။

အခုပဲ အောက်ကဖုန်းနံပါတ်ကိုဆက်ပြီးတော့ Business

17/02/2020

တိုက်ပွဲးစတင်နေပါသည်

ဆီးချိုသမားများအတွက် စားသောက်နည်းနာ အဖြာဖြာ✅ဆီးချိုသွေးချိုရောဂါရှင်တွေ ဘာစားနိုင်ပါသလဲ?💜 ဆီးချိုသွေးချိုရောဂါရှင်များသည...
22/09/2019

ဆီးချိုသမားများအတွက် စားသောက်နည်းနာ အဖြာဖြာ
✅ဆီးချိုသွေးချိုရောဂါရှင်တွေ ဘာစားနိုင်ပါသလဲ?
💜 ဆီးချိုသွေးချိုရောဂါရှင်များသည် ရောဂါရှိပေမယ့် ချိုတဲ့အစားအစာများလွဲ၍ ပုံမှန်ကျန်းမာတဲ့လူတစ်ယောက်ကဲ့သို့ မိမိ၏မိသားစုဝင်အခြားလူများကဲ့သို့
စားသောက်နိုင်ပါတယ်။ဆီးချိုသွေးချိုရှိလို့ကစီဓာတ် (ဥပမာ-ဆန်၊ဂျုံ)တို့ကို လုံးဝရှောင်ရမယ်လို့ မဆိုလိုပါဘူး။
💜 စားသုံးနိုင်သောအစားအစာများမှာ... ဆန်နှင့်ပြုလုပ်ထားသော အစားအစာများ (ဥပမာ- ထမင်း၊နန်းကြီး သုတ်) ၊ ဂျုံနှင့်ပြုလုပ်ထားသော အစားအစာများ (ဥပမာ-ဂျုံခေါက်ဆွဲ၊ ချပါတီ၊ ပေါင်မုန့်)။
💜 အသားဓာတ်ပါတဲ့အစားအစာများ (ဥပမာ-ငါးအမျိုးမျိုး၊ ပုစွန်(ခေါင်းမပါ)၊ အမဲသား(အဆီမပါ)၊ဝက်သား(အသားသက်သက်)၊ကြက်သား (အရေခွံမပါ)နှင့် ပဲအမျိုးမျိုးတို့ကို စားသုံးနိုင်ပါတယ်။
💜 ဟင်းသီးဟင်းရွက်များ(သစ်သီးများမဟုတ်)ကို ကြိုက်သလောက် စားသုံးနိုင်ပါတယ်။
✅ ဆီးချိုသွေးချိုရောဂါရှင်တွေ ဘာအစားအစာတွေ ရှောင်ရမလဲ။
💜 ချိုတဲ့သစ်သီး၊ ချိုတဲ့အရည်၊ ချိုတဲ့မုန့်တွေကို အဓိကရှောင်ရမှာ ဖြစ်ပါတယ်။ချိုသောသစ်သီးလို့ဆိုရာမှာ ချိုသောအရသာရှိတဲ့ ရာသီပေါ်သီးနှံများ အားလုံးပါဝင်ပါတယ်။🍍🍉🍎ထိုသီးနှံများကို ဆီးချိုသွေးချိုတက်နေစဉ်ကာလမှာ ယာယီရှောင်ရမှာဖြစ်ပြီး နောက်ပိုင်းထိန်းလို့ရတဲ့ အခြေအနေရောက်လာတဲ့အခါမှာတော့ အနည်းငယ် ပြန်စားလို့ရပါတယ်။ ⏰
💜 ချိုသောအရည်တွေကတော့ ကော်ဖီ၊ လက်ဖက်ရည်၊ ကွေကာ၊ (ဒိုင်းယက် ကော်ဖီ၊လက်ဖက်ရည်နှင့်ကွေကာများအပါအဝင်) မိုင်လို၊အိုဗာတင်း၊ ဟောလစ်၊ အအေးပုလင်း၊ သံဗူးများ အစရှိတဲ့အချိုရည်အမျိုးမျိုးကိုတော့ အမြဲရှောင်ရမှာဖြစ်ပါတယ်။🥤🍷☕မရှောင်နိုင်ပါက သကြားအစား ဆီးချိုသကြားကို အချိုအရသာပါရုံထည့်ပြီး ကော်ဖီမှုန့်၊ အချိုခြောက်နှပ်ရည်၊ သံပုရာရည် စသည်တို့နှင့် ရောစပ်ပြီး သောက်သုံးနိုင်ပါတယ်။
💜 ချိုတဲ့မုန့်တွေကတော့ ကိတ်မုန့်၊ ဘီစကွတ်မုန့်၊ မုန့်ကြွပ်၊ ဗမာမုန့်တွေဖြစ်တဲ့ ရွှေကြည်၊ ဆနွင်းမကင်း၊ ဘိန်းမုန့်၊ ထိုးမုန့်၊လမုန့်၊ ပဲမုန့်၊ မုန့်ကျွဲသဲ၊ ထန်းလျက်၊ ကြံသကာ၊ ကျောက်ကျောစသဖြင့်ပါဝင်ပါတယ်။

❣️ဆီးချိုသွေးချိုရောဂါရှင်တွေ ဘာအစားအစာတွေ ရှောင်ရမလဲ။
💚 ချိုတဲ့သစ်သီး၊ ချိုတဲ့အရည်၊ ချိုတဲ့မုန့်တွေကို အဓိကရှောင်ရမှာ ဖြစ်ပါတယ်။
💚 ချိုသောသစ်သီးလို့ဆိုရာမှာ ချိုသောအရသာရှိတဲ့ရာသီပေါ်သီးနှံများ အားလုံးပါဝင်ပါတယ်။🍍🍉🍎 ထိုသီးနှံများကို ဆီးချိုသွေးချိုတက်နေစဉ်ကာလမှာ ယာယီရှောင်ရမှာဖြစ်ပြီး နောက်ပိုင်းထိန်းလို့ရတဲ့ အခြေအနေရောက်လာတဲ့အခါမှာတော့ အနည်းငယ် ပြန်စားလို့ရပါတယ်။⏰
💚 ချိုသောအရည်တွေကတော့ ကော်ဖီ၊ လက်ဖက်ရည်၊ ကွေကာ၊ (ဒိုင်းယက် ကော်ဖီ၊လက်ဖက်ရည်နှင့်ကွေကာများအပါအဝင်) မိုင်လို၊အိုဗာတင်း၊ ဟောလစ်၊ အအေးပုလင်း၊ သံဗူးများ အစရှိတဲ့အချိုရည်အမျိုးမျိုးကိုတော့ အမြဲရှောင်ရမှာဖြစ်ပါတယ်။🥤🍷☕
မရှောင်နိုင်ပါက သကြားအစား ဆီးချိုသကြားကို အချိုအရသာပါရုံထည့်ပြီး ကော်ဖီမှုန့်၊ အချိုခြောက်နှပ်ရည်၊ သံပုရာရည် စသည်တို့နှင့် ရောစပ်ပြီး သောက်သုံးနိုင်ပါတယ်။ 🍚
💚 ချိုတဲ့မုန့်တွေကတော့ ကိတ်မုန့်၊ ဘီစကွတ်မုန့်၊ မုန့်ကြွပ်၊ ဗမာမုန့်တွေဖြစ်တဲ့ ရွှေကြည်၊ ဆနွင်းမကင်း၊ ဘိန်းမုန့်၊ ထိုးမုန့်၊လမုန့်၊ ပဲမုန့်၊ မုန့်ကျွဲသဲ၊ ထန်းလျက်၊ ကြံသကာ၊ ကျောက်ကျောစသဖြင့်ပါဝင်ပါတယ်။🍩🍰🍪🎂
❤️ ဆီးချိုသကြားစားလို့ရပါသလား။
💚 ဆီးချိုသကြား စားလို့ရပါတယ်။ဆီးချိုသကြားဆိုတာက ပုံမှန်စားနေကျသကြားကဲ့သို့ ချိုသော်လည်း ကယ်လိုရီနည်းပါးအောင် လျှော့ချထားသော သကြားဓာတ်တစ်မျိုး ဖြစ်ပါတယ်။
❤️ ဆီးချိုသကြား ဘယ်လောက်စားနိုင်ပါသလဲ။
💚အစားအသောက်ထဲတွင် အချိုအရသာရှိရုံ စားသုံးနိုင်ပါတယ်။
❤️ ဒိုင်းယက်ကော်ဖီ သောက်လို့ရပါသလား။
💚ဒိုင်းယက်ကော်ဖီ သောက်လို့မရပါဘူး။
ဒိုင်းယက်ကော်ဖီမှာလည်း နို့မှုန့်အချိုးအစား၊ သကြားအချိုးအစား၊ ကော်ဖီအချိုးအစား၊ ၃း၁ နဲ့ရောထားပြီးသားဆိုတော့ အချိုဓာတ်ပါတာပါပဲ။
ဒိုင်းယက်ဆိုတာ ဝတဲ့သူတွေကို ထပ်ပြီးတော့မဝအောင် စားလို့ရတယ်လို့ဆိုလိုပါတယ်။
ဆီးချိုသမားတွေ စားသောက်လို့ရတယ်လို့ တိုက်ရိုက်မဆိုလိုပါဘူး။
❤️ နွားနို့သောက်လို့ရပါသလား။
💚 သောက်လို့ရပါတယ်။
ဒါပေမယ့် အိမ်မှာကိုယ်တိုင်ကျိုပြီး မလိုင်ထုတ်ထားတဲ့ နွားနို့၊ ဒါမှမဟုတ် နိုင်ငံခြားကလာတဲ့ အဆီထုတ်ထားတဲ့ နွားနို့ (Skimmed Milk) ကိုပဲ ရွေးချယ်သောက်သုံးသင့်ပါတယ်။
သကြားမထည့်ပဲသောက်နိုင်ရင်တော့ အကောင်းဆုံးပါ။
သကြားမပါပဲ လုံးဝမသောက်တတ်ပါက ရိုးရိုးသကြားမထည့်ပဲ သကြားအစားထိုး ဆီးချိုသကြားကို အချိုအရသာပါတယ်ဆိုရုံ ထည့်ပြီးသောက်သုံးရပါမယ်။
❤️ နို့မှုန့် စားလို့ရပါသလား။
💚 အဆီထုတ်ပြီး အချိုမပါတဲ့ နို့မှုန့်ဆိုရင်တော့ စားလို့ရပါတယ်။
❤️ နို့စိမ်းနဲ့ လက်ဖက်ရည်သောက်လို့ရပါသလား။
💚 နို့စိမ်းမှာ သကြားမပါတာ ကျိန်းသေတယ်ဆို သောက်လို့ရပါတယ်။ ထည့်လိုပါက ဆီးချိုသကြားကို အရသာရှိရုံထည့်ပြီး သောက်နိုင်ပါတယ်။
ဆီးချိုသွေးချိုရောဂါရှင်တွေ အသားဘယ်လောက်စားနိုင်ပါသလဲ။
✅တစ်နေ့တာစားသုံးတဲ့ အာဟာရဓာတ်ရဲ့ ၁၀% မှ ၁၅% ကိုတော့ အသားဓာတ်က ရသင့်ပါတယ်။
✅အဲဒီပမာဏက မြန်မာလူမျိုးတွေ စားသုံးနေကျ တစ်ခါစားရင် အသားနှစ်တုံး၊ သုံးတုံးစားတာနဲ့ ညီမျှပါတယ်။
✅ဒါကြောင့်မို့ မိမိတို့ပုံမှန်စားသုံးနေကျအတိုင်း စားသုံးနိုင်ပါတယ်။
❓ဆီးချိုသွေးချိုရောဂါရှင်တွေ ဟင်းသီးဟင်းရွက် များများစားဖို့ လိုပါသလား။
✅ဆီးချိုသွေးချိုရောဂါရှင်တွေဟာ လတ်ဆတ်ပြီး အစိမ်းရောင်ရှိတဲ့ ဟင်းသီးဟင်းရွက် များများစားဖို့လိုပါတယ်။
✅အဲဒီ ဟင်းသီးဟင်းရွက်တွေထဲမှာ Fibre လို့ခေါ်တဲ့ အမျှင်ဓာတ်တွေပါတဲ့အတွက် များများစားခြင်းအားဖြင့် အစာဝသွားစေတယ်။
✅ ဟင်းသီးဟင်းရွက်မှာ ကစီဓာတ်မပါတဲ့အတွက်ကြောင့် ဘယ်လောက်စားစား ဆီးချိုသွေးချိုရောဂါသည်အတွက် သွေးအချိုဓာတ်မတက်စေပါ။
✅အစိမ်းရောင်ရှိတဲ့ ဟင်းသီးဟင်းရွက်တွေဆိုတာက ကန်စွန်းရွက်၊ ဟင်းနုနွယ်ရွက်၊ မန်ကျည်းရွက်၊ ဘူးသီး၊ ဂေါ်ဖီထုပ် စတာတွေဖြစ်ပါတယ်။
❓ဆီးချိုသွေးချိုရောဂါရှင်တွေ ဆီရောစားနိုင်ပါသလား။
ဘယ်လိုဆီမျိုးစားပြီး ဘယ်ဆီတွေကိုရှောင်ကြဉ်ရမလဲ။
✅ဆီစားလို့ရပါတယ်။
✅တစ်နေ့တာစားသုံးတဲ့ အာဟာရဓာတ်ရဲ့ ၃၀% မှ ၃၅%ထိ အဆီဓာတ်ကနေ ရသင့်ပါတယ်။
✅စားလို့ရတဲ့ အဆီတွေကတော့ ပဲဆီ၊ နှမ်းဆီ၊ နေကြာဆီ၊ သံလွင်စေ့ဆီ၊ ငါးမှရသောအဆီများ၊ ဟင်းသီးဟင်းရွက်ဆီ တို့ပဲ ဖြစ်ပါတယ်။
✅စားလို့မရတဲ့အဆီတွေကတော့ ပြည့်ဝ အဆီတွေဖြစ်ပါတယ်။
✅ပြည့်ဝနှုန်းများတဲ့ အဆီဆိုတာက အအေးခံထားလိုက်ရင် ခဲသွားတဲ့ အဆီမျိုး အမဲဆီ၊ ဝက်ဆီ၊ စားအုန်းဆီတို့ပါပဲ။
✅အဲဒီလိုခဲတဲ့အဆီတွေကို တတ်နိုင်သမျှ နည်းနည်းပဲစားဖို့၊ တတ်နိုင်သမျှ အဆီရဲ့ ၁၀% ထက်နည်းအောင်စားဖို့ အကြံပြုပါတယ်။
❓ဆီးချိုသွေးချိုရောဂါရှင်တွေ ပဲစားလို့ရပါသလား။
✅ပဲမှာ ပရိုတင်းလို့ခေါ်တဲ့ အသားဓာတ်ပါတဲ့အတွက်ကြောင့် စားလို့ရပါတယ်။
❓ဆီးချိုသွေးချိုရောဂါရှင်တွေ ကြက်ဥဘဲဥစားလို့ရပါသလား။
✅ကြက်ဥဘဲဥ စားလို့တော့ရပါတယ်။ အသင့်အတင့်ပဲ စားလို့ရပါမယ်။
✅ကြက်ဥဘဲဥရဲ့ အနှစ်မှာ Cholesterol ဓာတ်များတဲ့ အတွက်ကြောင့် အလွန်အကျွံ မစားသုံးသင့်ပါဘူး။
✅ကြက်ဥအကာကိုသာ အဓိက စားသုံးသင့်ပါတယ်။
✅ကြက်ဥဘဲဥရှောင်သင့်တဲ့ လူနာများကတော့ ကျောက်ကပ်ရောဂါဝေဒနာရှင်များနှင့် သွေးတွင်းအဆီဓာတ်များသော လူတွေဖြစ်ပါတယ်။
❓ကြက်ဟင်းခါးသီး စားလို့ရပါသလား။
✅ကြက်ဟင်းခါးသီးကို ဟင်းအနေနဲ့ ချက်စားမယ်ဆိုရင် စားလို့ရပါတယ်။
✅ပျောက်ကင်းအောင် စွဲစားမယ်ဆိုရင်တော့ သတိထားရမည့်အချက်တွေ အများကြီးရှိပါတယ်။
✅ဆီးချိုသွေးချိုရောဂါပျောက်အောင် ရည်ရွယ်ချက်နှင့်တော့ မစားသုံးသင့်ပါဘူး။
✅ယေဘုယျအားဖြင့် ခါးတဲ့အစားအစာတွေက သွေးချိုဓာတ်ကို ကျဆင်းစေပါတယ်။
✅ဆီးချိုသွေးချိုရောဂါကုထုံးတွေထဲမှာ သွေးချိုဓာတ်ကိုသာ ကျစေခြင်း သက်သက် မဟုတ်ပါဘူး။ ဆီးချိုသွေးချိုရောဂါရဲ့ နောက်ဆက်တွဲရောဂါကိုပါ ကာကွယ်ဖို့ ရည်ရွယ်ပါတယ်။
✅ကြက်ဟင်းခါးသီးကိုစားရင် သွေးချိုဓာတ်ကို ကျနိုင်မယ်ဆိုပေမယ့် ဘယ်လောက်အတိုင်းအတာထိ ကျဆင်းစေတယ်ဆိုတာ မသိနိုင်ပါဘူး။
✅ဒါကြောင့် သွေးချိုကျစေဖို့က သွေးချိုကျဆေးကိုသာအဓိက အားကိုးပြီး စနစ်တကျ သောက်သင့်ပါတယ်။
❓ဂျုံကြာဇံ၊ ပဲကြာဇံ စားရင်ရော ဆီးချိုသွေးချိုရောဂါအတွက် ပိုကောင်းပါသလား။
✅ဂျုံကြာဇံ၊ ပဲကြာဇံကလည်း ကစီဓာတ်ပါပဲ။ ဒါကြောင့် ရေရှည်မှာစားသုံးနိုင်မယ့်ထမင်းကိုပဲ ပုံမှန်စားဖို့ သင့်လျော်ပါတယ်။
❓အငန်လျှော့စားဖို့ လိုပါသလား။
✅ဆီးချိုသမားတစ်ယောက်အနေနဲ့ အငန်ဓာတ်ကို အလွန်အကျွံမစားမိဖို့ အရေးကြီးပါတယ်။
✅မြန်မာလူမျိုးတွေရဲ့ ဓလေ့အရ ငါးပိ၊ ငါးခြောက်၊ ငံပြာရည်၊ စားသုံးမှုများတဲ့ အတွက်ကြောင့် တတ်နိုင်သမျှ လျှော့စားဖို့ လိုအပ်ပါတယ်။
✅ဆားဓာတ်လုံးဝမပါဘဲ စားသုံးခြင်းမဟုတ်ဘဲ သာမန်စားသုံးနေကျထက်
လျှော့စားပြီး အငန်ဓာတ်များကို ထပ်မံမထည့်မိဖို့ပဲ အရေးကြီးပါတယ်။
✅ဥပမာ- မုန့်ဟင်းခါးစားမယ်ဆိုရင် ငံပြာရည် ထပ်ထည့်စားတာမျိုး၊ ဟင်းတွေကို ပေါ့လို့ဆိုပြီး ငန်အောင်ထပ်ထည့်တာမျိုး မစားဖို့ဖြစ်ပါတယ်။
✅သွေးတိုးနဲ့ ဆီးချိုပေါင်းစပ်ပြီး ခံစားနေရတဲ့ လူနာမျိုးဆို ပိုမိုသတိထားသင့်ပါတယ်။
✅သွေးတိုးနဲ့ ဆီးချိုပေါင်းပြီးဖြစ်ရင် နှလုံးနှင့်ကျောက်ကပ်ကို ထိခိုက်နိုင်တဲ့အတွက် အငန်ဓာတ်ကို လျှော့စားဖို့ အကြံပေးပါတယ်။
❓အချိုမှုန့်နှင့် ဆီးချိုသွေးချိုရောဂါဟာ သက်ဆိုင်ပါသလား။
✅ဟင်းချိုမှုန့်က သွေးကိုချိုစေပြီး တချို့ကသွေးတိုးစေပါတယ်။
✅ဟင်းချိုမှုန့်မှာပါတဲ့ Monosodium Gluctamate က သွေးတိုးစေတဲ့ အတွက်ကြောင့် သွေးတိုးရှိသောလူနာများနဲ့ ကျောက်ကပ်မကောင်းသော လူနာများ လုံးဝရှောင်ကြဉ်သင့်ပါတယ်။
❓သစ်သီးဝလံတွေရော စားလို့ရပါသလား။ ဘယ်လောက်စားနိုင်ပါသလဲ။
✅ သွေးချိုထိန်းသိမ်းမှု မကောင်းစဉ်ကာလတွေမှာ ချိုသောသစ်သီးများ စားသုံးလို့ မသင့်တော်ပါ။
✅ထိန်းသိမ်းမှုကောင်းလာရင်တော့ သင့်လျှော်ရုံ စားသုံးနိုင်ပါတယ်။
✅သစ်သီးတွေစားသုံးတော့မယ်ဆိုရင်လည်း ၄င်း အသီးကရရှိမယ့်အင်အား ကယ်လိုရီဓာတ်ပမာဏကို ထည့်သွင်းတွက်ချက်သင့်ပါတယ်။
❓ဂေါ်ဖီ၊ မုန်လာဥ စာလို့ရပသလား။
✅ဂေါ်ဖီကိုတော့ စားလို့ရပါတယ်။ ပန်းဂေါ်ဖီအချိုကတော့ ဟင်းသီးဟင်းရွက်လို ချိုတဲ့ အရသာဖြစ်ပါတယ်။ သကြားလို မချိုပါဘူး။
✅မုံလာဥကိုစားလို့တော့ ရပါတယ်။ ဒါပေမယ့် အများကြီးစားလို့ မကောင်းပါဘူး။
✅တချို့ နိုင်ငံတွေမှာ မုန်လာဥကိုအသုံးပြုပြီး သကြား ထုတ်လုပ်နေတာ တွေ့နေရလို့ ဖြစ်ပါတယ်။
ဆီးချိုသွေးချိုဝေဒနာရှင်များအတွက် အခုလိုမျိုး အဖိုးထိုက်တန်လှတဲ့ စာပေများကို နေ့စဉ်ပုံမှန်ဖတ်ရှုခွင့်ရလိုပါက မြတောင်ကြီး -ဆေးဆိုင်
💙Mya Taung Gyi 💙
Page လေးကို Like & Follow လုပ်ထားဖို့ ၊ See First လုပ်ထားဖို့ မမေ့ပါနဲ့ ရှင့်။😊
❣️အသိပညာဝေမျှခြင်းဟာလည်း ကုသိုလ်ဒါနတစ်မျိုးဖြစ်တဲ့အတွက် ဒီ Post လေးဟာ စာဖတ်သူတို့ အတွက် အကျိုးတစ်စုံတစ်ရာ ရရှိခဲ့မယ်ဆိုရင် Like & Share လုပ်ရင်းကုသိုလ်ယူနိုင်ပါတယ်ရှင့်။❣️

🙏ကိုယ်စိတ်နှစ်ပါးကျန်းမာရွှင်လန်းကြပါစေရှင်🙏
အထက်ပါအကြောင်းအရာများကို မြန်မာနိုင်ငံဆီးချိုသွေးချိုရောဂါ အသင်း(MMDA) ၏ ဥက္ကဌ ဆီးချိုသွေးချိုအထူးကုသမားတော်ကြီး ပါမောက္ခ ဒေါက်တာတင့်ဆွေလတ် ရေးသားသော (ဆီးချိုသွေးချိုဆိုင်ရာ အမေးများသောမေးခွန်းများ) စာအုပ်မှ ကောက်နုတ်ဖော်ပြထားပါသည်။
Sinocare Myanmar

မြတောင်ကြီး ဆေးဆိုင်
ပုဂံလမ်း ၁၂ ရပ်ကွတ် ရွှေပေါက်ကံ

04/12/2018
02/12/2018
2/12/18
02/12/2018

2/12/18

Address

Taunggyi
424940

Website

Alerts

Be the first to know and let us send you an email when Mya Taung Gyi posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share