Shwe Yoke Online Shop

Shwe Yoke Online Shop 🍀🍀🍀

08/11/2025
11/10/2025

"ကိုယ်ရောစိတ်ပါ ကျန်းမာချမ်းသာပါစေ"
ဆိုတဲ့ ဆုတောင်းလေးကို သိပ်သဘောကျတယ်...
ကိုယ်ခန္ဓာကျန်းမာဖို့လိုသလို စိတ်ကျန်းမာဖို့လိုတယ်ဆိုတာကို သတိထားမိလား...
" World Mental Health Day "လို့ ခေါ်တဲ့
ဒီနေ့ဟာ စိတ်ကျန်းမာရေးရဲ့အရေးပါမှုကို သတိပြုမိစေဖို့ ၊ တန်ဖိုးထားတတ်ဖို့နဲ့ နားလည်နိုင်စွမ်းရှိဖို့ မေ့လျော့မထားမိဖို့ကို ရည်ရွယ်သတ်မှတ်ထားတဲ့နေ့ရက်လေးပါပဲ...။

ဒီခေတ် ဒီကာလမှာ စိတ်ပင်ပန်းစရာတွေရှိမယ်...
စိတ်မပျော်စရာတွေလည်း ကြုံရနိုင်တယ်...
စိတ်အနှောင့်အယှက်ဖြစ်စေတဲ့အရာတွေနဲ့လည်း တွေ့ရနိုင်ပါတယ်...
သတိထားမိသလောက် အခုရက်ပိုင်းတွေထဲ social mediaမှာ တွေ့မြင်နေရတဲ့သတင်းတွေ အဖြစ်အပျက်တွေကြောင့်လည်း စိတ်မသက်မသာဖြစ်ရတယ်...
ဝမ်းနည်းစရာအငွေ့အသက်တွေဖြစ်လွယ်တယ်...
ဒီအပြင်ဖက် နေ့စဥ်ဘဝရှင်သန်မှုတွေမှာလည်း မတူညီတဲ့အကြောင်းအရာတွေကြောင့် စိတ်ပင်ပန်းရတာတွေလည်းရှိခဲ့လိမ့်မယ်...။

ပူလောင်ခြင်း အေးမြခြင်း ပျော်ရွှင်ခြင်း မပျော်ရွှင်ခြင်းတွေကြားမှာ ကိုယ့်စိတ်လေးကို အေးချမ်းစေဖို့လည်းမမေ့လိုက်နဲ့နော်...
ဘာမဟုတ်တာလေးနဲ့ အမြဲလောင်နေစရာမလိုဘူး
စကားလုံးတွေကိုလည်း လိုက်ခံစားနေစရာမလိုပါဘူး...
အခြားသူနဲ့လိုက်ယှဥ်ပြီး ပူလောင်စရာမလိုဘူးနော်
စိတ်ပင်ပန်းတယ်လို့ခံစားရချိန်မှာ ကိုယ့်ကိုယ်ကို လျစ်လျူမရှုလိုက်နဲ့နော်...
စိတ်လေးလည်း ထွေးပွေ့ခံချင်တာပဲ...နှစ်သိမ့်ပေးမှုကို လိုချင်တောင့်တတတ်တာမို့လေ...။

ဘဝတစ်ခုကိုရပြီး ရှင်သန်နေရသူတွေပဲ...
အဆင်ပြေတာရှိမယ် အဆင်မပြေတာလည်းရှိမယ်
ပျော်စရာတွေရှိသလို ပင်ပန်းစရာတွေရှိနေတတ်တာ သဘာဝပါပဲ...
အရေးကြီးတာက ကျန်းမာတဲ့စိတ်ကလေးပြန်လည်နိုးထနိုင်ဖို့လေနော်...။

🌸 စိတ်ကျန်းမာစေဖို့အတွက် နေ့ရက်တိုင်းမှာ အထောက်အကူပြုစေတဲ့နည်းလမ်းလေးတွေရှိနေတာကို သတိရနော်...
🌸 မနက်တိုင်း ကြည်လင်တဲ့စိတ် ကျေနပ်တဲ့စိတ်နဲ့နိုးထပါ...
🌸 ကောင်းတဲ့စကားလေးပြော ကောင်းတဲ့အတွေးလေးပိုတွေးပေးပါ...
🌸 စိတ်ခံစားချက်တွေတိုင်းကို ထိန်းချုပ်မထားပါနဲ့
မြိုသိပ်မထားပါနဲ့ ကိုယ့်အပေါ်တကယ်နားလည်ပေးတဲ့သူတွေဆီမှာ ရင်ဖွင့်ပါ...ပေါ့ပါးသည်အထိပေါ့
🌸 သီချင်းလေးတွေနားထောင်တာ စာဖတ်တာ ပန်းပင်လေးတွေရေလောင်းတာ တိလေးတွေနဲ့နီးနီးကပ်ကပ်နေထိုင်တာ စိတ်ပါတဲ့အရာလေးတစ်ခုလုပ်နေတာ ဒီလိုမျိုးလေးနဲ့စိတ်ကိုသက်သက်သာသာလေးဖြစ်စေပါ...
🌸 ချစ်ရသူနဲ့အတူ ကြည်နူးစရာအခိုက်အတန့်လေးတွေဖန်တီးတာ အမှတ်တရသေးသေးလေးတွေကိုအတူဖန်တီးကြည့်ပါ...
🌸 တစ်နေ့တာရဲ့အဆုံးမှာ သေသေချာချာလေး စိတ်ရောကိုယ်ပါ အနားယူလိုက်ပါ...
🌸 တစ်နေ့တာမှာ ကျေးဇူးတင်မိတဲ့ အချက်၃ချက်ကို သေချာလေးမှတ်သားပြီး ကျေးဇူးတင်ပါ...။

စိတ်ရောကိုယ်ပါ အနားယူဖို့ အနားပေးဖို့အခွင့်အရေး ကိုယ့်မှာအပြည့်အဝရှိနေတာကို မမေ့ပါနဲ့...
သေချာနားထောင်ပေးဖို့လိုတာ ကိုယ့်ရဲ့စိတ်ပဲ...။

#လုံးလုံးလေး

10/10/2025
10/10/2025
02/06/2024
မငယ်တော့ဘူး
15/11/2021

မငယ်တော့ဘူး

Deli Day😘😘😘
21/10/2021

Deli Day😘😘😘

👉ကံစမ်းမဲပေါက်သွားသူများပါရှင့်👈မပေါက်သွားတဲ့ ကာကာများလည်း နောက်တစ်ခေါက်ဖောက်တဲ့အခါ ကံကောင်းကြပါစေရှင့်😘
21/10/2021

👉ကံစမ်းမဲပေါက်သွားသူများပါရှင့်👈
မပေါက်သွားတဲ့ ကာကာများလည်း နောက်တစ်ခေါက်ဖောက်တဲ့အခါ ကံကောင်းကြပါစေရှင့်😘

20/10/2021

၉နာရီမှာ ဘုရားမဲလေး မဲဖောက် ပေးပါ့မယ်ရှင့်

သီတင်းကျွတ်လပြည့်ည ၉နာရီ ဘုရားမဲလေး ဖောက်ပေးပါ့မယ်ရှင့်🙏🙏🙏ပူဇော်လိုသူများ အမည် နှင့် ဖုန်းနံပါတ်လေး မန့်ပေးပါရှင့် # ည ၇...
20/10/2021

သီတင်းကျွတ်လပြည့်ည ၉နာရီ ဘုရားမဲလေး ဖောက်ပေးပါ့မယ်ရှင့်
🙏🙏🙏ပူဇော်လိုသူများ အမည် နှင့် ဖုန်းနံပါတ်လေး မန့်ပေးပါရှင့်
# ည ၇:၀၀နာရီ မန့်ပိတ်ပါ့မယ်ရှင့် #

Address

Taunggyi

Telephone

+959254103462

Website

Alerts

Be the first to know and let us send you an email when Shwe Yoke Online Shop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Shwe Yoke Online Shop:

Share