Sai Khun San-GroupBook

Sai Khun San-GroupBook စာအုပ် စာပေ လူမိတ်ဆွေ

ဗုဒ္ဓမှာတမ်းသွားတော့မယ်.. အာနန္ဒာတရားနဲ့သာ ဖြေရစ်ကြပေတော့နေမဖြစ်တဲ့လမ်းမှာငါဘုရားလည်းမြန်းရမယ် ဒါ..အဆန်းမှမဟုတ်ပဲဖြစ်ရင်ပျ...
01/10/2021

ဗုဒ္ဓမှာတမ်း

သွားတော့မယ်.. အာနန္ဒာ
တရားနဲ့သာ ဖြေရစ်ကြပေတော့

နေမဖြစ်တဲ့လမ်းမှာ
ငါဘုရားလည်းမြန်းရမယ် ဒါ..အဆန်းမှမဟုတ်ပဲ

ဖြစ်ရင်ပျက်မြဲ
ချစ်ခင်သမျှလည်း ခြဲရမွာမဟုတ္လား

ငိုပွဲတွေရပ်
မျက်ရည်ဇာတ်သိမ်း သောကကိုထိန်းပေါ့

ငြိမ်းချမ်းစွာ
ထွက်ခွာမသွားခင်
သက်သာစွာအသာနားဖို့
ငါ ဘုရားကို...
ရေကြည် တစ်ခွက်လောက် ဆက်စမ်းပါ

ပြန်မလာတော့ဘူး.. အာနန္ဒာ...
သံသရာအလည်ရပ်ခဲ့ပြီမို့
ခန္ဓာနယ်စပ်က ငါရုန်းထွက်တော့မယ်

အသုံးမဲ့ အဆုံးမဲ့
အရှုံးနဲ့ ရင်းရတဲ့လမ်းမှာ ငါ သိပ်ပင်ပန်းခဲ့တယ်

အနွမ်းပြေဖို့...
အလွမ်းတွေရဲ့ ဟိုဖက်ကမ်း
ငါတန်းတန်းကြီးသွားနှင့်မယ်
မဂ္ဂင်လမ်းကလိုက်ခဲ့ကြ..

ဂရုစိုက်ပါ အာနန္ဒာ..
ကုသိနာနဲ့ လုမ္ဗိနီ မိဂဒါဝုန်နဲ့ မဟာဗောဓိ

ငါ့အတ္ထုပ္ပတ္တိဟာ..
တောတွေနဲ့ အနားကွပ်
ငါဟာ တကယ့် တောသားအစစ်ပေါ့

သစ်ပင်ရင်းမှာ ငါ့ကိုဖြား
သစ္စာတရားကို တောမှာဖွေ
ငါပိုင်တဲ့နေ့တွေဟာ သစ်ပင်တွေနဲ့ဝေလို့..

ငါ့ရဲ့ နောက်ဆုံးထွက်သက်လေဟာ
သစ်ပင်ရင်းပဲ ဖြစ်သင့်တယ်

သစ်ပင်ကို ချစ်ခင်ဖို့
ငါ.. တရားတွေဟောခဲ့ပြီးပြီ..
တောဆိုတာ သံသရာရဲ့ ထွက်ပေါက်
တောပျောက်ရင် နိဗ္ဗာန်ပါပျောက်မယ်

တောမရှိရင် ဘုရားမရှိနိုင်ဘူး..
အရိယာတွေ မွေးထုတ်ဖို့
တောအုပ်တွေရှိမှ ဖြစ်မယ်

သတိပဋ္ဌာန်ကို သင်ပြတိုင်း
သစ်ပင်ရင်းကို သွားကြဖို့
ငါ ခဏခဏ တိုက်တွန်းခဲ့ပြီးပြီ

စိတ်ချခြင်းများစွာနဲ့
အခုတော့ ငါ သြားပါရေစေတာ့

သဘောထားကြီးဖို့
တောသားကြီးတွေဖြစ်အောင်သာ
ကြိုးစားရစ်ပေတော့...

ဗုဒ္ဓမှတ်တမ်းစာစုမှကူးယူ
ဖေါ်ပြခြင်းဖြစ်ပါသည်
တကယ်ရသမြောက်ပါသည်

Address

Taunggyi

Alerts

Be the first to know and let us send you an email when Sai Khun San-GroupBook posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category