Fone Club Phone Spare Parts

Directions

Fone Club Phone Spare Parts Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Fone Club Phone Spare Parts, Mobile Phone Shop, No.79 , Room (6), Corner of Mahar Bandula St & East Circular Rd, In front of Mya Kan Thar Park, Yay Aye Kwin Qtr, Taunggyi., Taunggyi.

IC ခွာပြီးလို့ သန့်ရှင်းရေးလုပ်တဲ့အခါ၊ ဒါမှမဟုတ် OCA မကပ်ခင် သန့်ရှင်းရေးလုပ်တဲ့အခါ... မျက်စိနောက်စရာ အမွေးအမျှင်လေးတွေ ...
08/08/2026

IC ခွာပြီးလို့ သန့်ရှင်းရေးလုပ်တဲ့အခါ၊ ဒါမှမဟုတ် OCA မကပ်ခင် သန့်ရှင်းရေးလုပ်တဲ့အခါ... မျက်စိနောက်စရာ အမွေးအမျှင်လေးတွေ ကျန်နေခဲ့လို့ စိတ်ညစ်နေရတုန်းပဲလား? 😫

ဒါဆိုရင်တော့ ဆရာတို့ သုံးနေတဲ့ အဝတ်စကို ပြန်စစ်ဖို့ လိုနေပါပြီ။ အပေါ်မှန်လဲဖို့ OCA ပြန်ကပ်တဲ့အခါနဲ့ IC ခွာပြီး စက်ပြားအထိုင်ကို သန့်ရှင်းရေးလုပ်တဲ့အခါတွေမှာ "Lint-Free Technology" သုံးထားတဲ့ Cleaning Cloth (အဝတ်စ) တွေက မရှိမဖြစ်ပါပဲ။

"Lint-Free" ဆိုတာ ဘာလဲဆိုတော့ အဝတ်စကနေ ဘယ်လောက်ပဲ ပွတ်ပွတ် အမွေးအမျှင် (Lint) တွေ လုံးဝ ကျွတ်ထွက်မလာအောင် အထူးပြုလုပ်ထားတာကို ပြောတာပါ။ ပုံမှန် Tissue တွေ၊ အဝတ်ဟောင်းတွေက ကြည့်ရင် သန့်ပေမယ့် အမွေးအမျှင်လေးတွေ ကျန်ခဲ့တာ မြင်ဖူးကြမှာပါ။

Lint-Free Cleaning Cloth တွေမှာ ရှည်လျားပြီး ခိုင်ခံ့တဲ့ Synthetic Polymer Filaments တွေကို သုံးထားလို့ အလွယ်တကူ မစုတ်ပြဲနိုင်ပါဘူး ။ ဒါ့အပြင် Static Electricity လို့ခေါ်တဲ့ လျှပ်စစ်ငြိမ်ဖြစ်ပေါ်မှုကိုပါ ကာကွယ်ပေးနိုင်တဲ့အတွက် Board ပေါ်က Components တွေအတွက်ပါ ပိုပြီး စိတ်ချရပါတယ်။

အထူးသဖြင့် ဆရာတို့အတွက် အထူးသင့်လျော်တဲ့ RELIFE RL-045လိုမျိုး အရွက် 50 နဲ့ 100 ပါတဲ့ အမျိုးအစားတွေအပြင် Sunshine ကထုတ်တဲ့ အရွက် 152 နဲ့ 400 လို အမျိုးအစားမျိုးဆိုရင် အရည်အသွေးပိုင်း ပိုပြီး ယုံကြည်စိတ်ချရပါတယ်။ 💡

IC ငုတ်လေးတွေကြားက ချိပ်တွေ၊ ခဲဆီနဲ့ ထင်းရှူးဆီ အကြွင်းအကျန်တွေကို Scope အောက်မှာ ကြည့်ပြီး သန့်ရှင်းရေးလုပ်တဲ့အခါ Lint-Free Cleaning Cloth ကောင်းကောင်း သုံးကြည့်ပါ။ အလုပ်ဘယ်လောက် တွင်သွားလဲဆိုတာ သိသာပါလိမ့်မယ်။ သုံးဖူးတဲ့ ဆရာတွေရှိရင်လည်း လက်ရှိမှာ ဘယ်လိုအမျိုးအစားတွေကို သုံးဖြစ်နေလဲ ဆိုတာကို Comment မှာ မျှဝေပေးခဲ့ကြပါဦးနော်!
👇

07/08/2026

S1 Pro မှာ Fingerprint Engineer Mode ရှာမတွေ့ဖြစ်နေရင် ဒါလေးကြည့်ကြည့်နော်

#

Service လုပ်တဲ့အခါမှာ သုံးတဲ့ Cleaning Cloth နဲ့ Microfiber polish cloth အကြောင်း သိပြီးပြီလား ဆရာတို့ Cleaning Cloth နဲ...
02/08/2026

Service လုပ်တဲ့အခါမှာ သုံးတဲ့ Cleaning Cloth နဲ့ Microfiber polish cloth အကြောင်း သိပြီးပြီလား ဆရာတို့

Cleaning Cloth နဲ့ Microfiber clothတို့ နှစ်မျိုးလုံးက အဝတ်ဖြူစဆိုပေမယ့် တချို့က အကုန်တူတူပဲထင်ပြီး ရောသုံးတတ်ကြတယ်။ တကယ်က Cleaning Cloth နဲ့ Microfiber Cloth တို့ရဲ့ အသုံးဝင်တဲ့နေရာချင်း တော့မတူညီကြပါဘူး။

Cleaning Cloth ကတော့ ၅၃၀ ဆေးရည်၊ OCA ရှင်းတဲ့ဆေးရည်၊ တင်နာရည်တွေနဲ့ တွဲသုံးဖို့ အကောင်းဆုံးပါပဲ။ စုပ်ယူမှု အလွန်အားကောင်းသလို သာမန်အဝတ်တွေလို အမွှေးအမျှင် လုံးဝမကျန်ခဲ့တဲ့အတွက် ဘုတ်ပေါ်မှာ အစအန မကျန်ခဲ့ဘူး။ သူက အိတ်ထဲကနေ တစ်ရွက်ချင်း ဆွဲထုတ်သုံးရတဲ့ တစ်ခါသုံး ပုံစံမျိုး အကြမ်းသုံးပြီး လွှင့်ပစ်လို့ရတဲ့အတွက် အလုပ်တွင်ပါတယ်။

Microfiber Cloth ကတော့ Apple Style အလွှာနှစ်ထပ် (Double-layer) အမျိုးအစား ဖြစ်ပြီး ပိတ်စအသားကလဲ နူးညံ့တဲ့အတွက် တွဲရက်မှန်၊ Camera Lens လို လက်ဗွေရာတွေနဲ့ အဆီ တွေ အစွန်းအထင်းတွေကို တွေကို ခြစ်ရာမထင်အောင် အပြောင်တိုက်ပြီး သန့်ရှင်းရေးလုပ်ဖို့ အထူးပြုလုပ်ထားတာပါ။ Lint-free ဖြစ်လို့ အမွှေးအမျှင် ကျန်တာမျိုး မရှိဘဲ အကြိမ်ကြိမ် ပြန်လျှော်သုံးလို့ရတဲ့အတွက် ရေရှည်မှာ အရမ်းတွက်ခြေကိုက်ပါတယ်။

ဆရာတို့ရော လက်ရှိမှာ ဘယ်အမျိုးအစားတွေကို သုံးဖြစ်နေလဲ? Microfiber clothကိုရော သုံးကြည့်ပြီးပြီလား Commentမှာမျှ ဝေပေးသွားကြပါဦးနော်

Falcon 530 Spray နှစ်ဘူးမှာ ဈေးကွာတာ အကြောင်းမဲ့ မဟုတ်ဘူးဆိုတာ သိလား ဆရာတို့?" 530 Spray လို့ဆိုလိုက်တိုင်း ဆရာတို့ အမြဲ...
31/07/2026

Falcon 530 Spray နှစ်ဘူးမှာ ဈေးကွာတာ အကြောင်းမဲ့ မဟုတ်ဘူးဆိုတာ သိလား ဆရာတို့?"

530 Spray လို့ဆိုလိုက်တိုင်း ဆရာတို့ အမြဲသုံးနေကျဆိုရင် Falcon Brand က ပထမဦးဆုံး ဦးစားပေး ဖြစ်မယ်လို့ ထင်ပါတယ်။ ဒါပေမယ့် အခုနောက်ပိုင်း ဒီ Brand မှာ 530 Spray ကို အမျိုးအစား (၂) ခု ရှိတယ်ဆိုတာကတော့ သိထားကြပြီးပြီလား ဆရာတို့?

အဲ့ဒီ အမျိုးအစားကတော့ Falcon I (Normal Dry) နဲ့ Falcon II လို့ခေါ်တဲ့ (Quick Dry) ဆိုတဲ့ အမျိုးအစား နှစ်ခုပါ။ ဒီနှစ်မျိုးက အတူတူပဲလားဆိုရင်တော့ သုံးစွဲတဲ့ နေရာချင်း လုံးဝ မတူပါဘူးဗျာ။ 👇

Falcon I (Normal Dry)

စက်ပြားတွေ၊ Socket တွေကို တင်နာရည်နဲ့ Deep Cleaning မလုပ်ခင် အပေါ်ယံ သန့်ရှင်းရေးလုပ်တဲ့အခါမှာ အဓိက သုံးကြပါတယ်။ ဆေးရည် အငွေ့ပျံတာ ခပ်မှန်မှန်မို့ ဂျိုးတွေ၊ ကော်တွေကို သေချာသန့်ရှင်းရေးလုပ်လို့အဆင်ပြေတယ်ဗျ။ ဒါကြောင့် သူက Falcon II ထက် စျေးနည်းနည်း ပိုပါတယ်။

Falcon II (Quick Dry)

Normal Dry ထက် ပိုပြီး အခြောက်မြန်တဲ့အတွက် တွဲရက်မှန်တွေနဲ့ မှန်မကွဲကပ်တဲ့အခါ ဖုန်နဲ့ အမှိုက်မဝင်အောင် Screen ကို သန့်ရှင်းရေးလုပ်တဲ့အခါမှာ သုံးကြပါတယ်။ စက်ပြားလည်း ဆေးလို့ရတယ်ဆိုပေမယ့် အခြောက်မြန်လို့ ခဏခဏ ဖြန်းနေရတဲ့အတွက် ဆေးရည်ခဏလေးနဲ့ ကုန်လွယ်တတ်ပါတယ်။ သူကတော့ စျေးအသက်သာဆုံး 530 Spray အမျိုးအစား ဖြစ်ပါတယ်ဗျာ။

"ဆေးရည်ချင်းတူတူပဲ" ဆိုပြီး စက်ပြားဆေးတဲ့နေရာမှာ II ကို သုံးမိရင် ဆေးရည်အကုန်မြန်လို့ ပိုက်ဆံပိုကုန်မယ်၊ ဒါမှမဟုတ် မှန်ခွာတဲ့နေရာမှာ I ကို သုံးမိရင် အခြောက်နှေးလို့ Backlight ထဲ ဝင်ပြီး ကွက်သွားတတ်ပါတယ် ဆရာတို့။

လက်ရှိကော ဘယ်အမျိုးအစားကို အဓိက သုံးဖြစ်နေလဲ Comment မှာ မျှဝေပေးသွားကြပါဦးနော် 👇
#530

"ဆိုင်ပိတ်ရက် အသိပေးကြေညာခြင်း”ဝါဆိုလပြည့်နေ့ အခါသမယ ( ၂၉ . ၇ . ၂၀၂၆ ဗုဒ္ဓဟူးနေ့ ) တွင် Fone Clubဆိုင်ခွဲများအားလုံးကို ...
28/07/2026

"ဆိုင်ပိတ်ရက် အသိပေးကြေညာခြင်း”

ဝါဆိုလပြည့်နေ့ အခါသမယ ( ၂၉ . ၇ . ၂၀၂၆ ဗုဒ္ဓဟူးနေ့ ) တွင် Fone Clubဆိုင်ခွဲများအားလုံးကို တစ်ရက် ပိတ်ထားမည်ဖြစ်ပြီး၊

(၃၀ . ၇ . ၂၀၂၆) ကြာသပတေးနေ့တွင် ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်မည်ဖြစ်ကြောင်း လေးစားစွာဖြင့် အသိပေး အပ်ပါတယ်ခင်ဗျာ။

ဓမ္မစကြာအခါတော်နေ့တွင် စိတ်၏ချမ်းသာခြင်း ၊ ကိုယ်၏ကျန်းမာခြင်း နှင့် ပြည့်စုံကြပြီး စီးပွားလာဘ်လာဘများ ဒီရေအလား တိုးပွားကြပါစေကြောင်း Fone Club Spare part မိသားစုမှ ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်ခင်ဗျာ

📢 MMIA Mandalay Mobile Tech Talk 2026ဒီနေ့ ကျင်းပပြုလုပ်နေတဲ့ MMIA Mandalay Event မှာ ကျွန်တော်တို့ Fone Club Mobile Pho...
25/07/2026

📢 MMIA Mandalay Mobile Tech Talk 2026

ဒီနေ့ ကျင်းပပြုလုပ်နေတဲ့ MMIA Mandalay Event မှာ ကျွန်တော်တို့ Fone Club Mobile Phone Spare Parts မှ Gold Sponsor အဖြစ် ဂုဏ်ယူစွာ ပါဝင်အားဖြည့် ကူညီပေးထားပါတယ်ဗျာ။

ဒါ့အပြင် ပွဲသို့ တက်ရောက်လာကြတဲ့ အနယ်နယ် အရပ်ရပ်က Mobile phone Technician များ၊ သင်တန်း ဆရာများနဲ့ မိတ်ဆွေများ ပွဲအတွင်း အဆင်ပြေချောမွေ့စွာ ဝင်ရောက်နိုင်ဖို့အတွက် Registration Area မှာလည်း Fone Club အဖွဲ့သားများက တက်တက်ကြွကြွ ပါဝင်ကူညီ ဆောင်ရွက်ပေးနေပါတယ်ခင်ဗျာ။

Mobile phone serviceနဲ့ ပတ်သက်တဲ့ နည်းပညာဆိုင်ရာ ဗဟုသုတအသစ်အဆန်းတွေကို လေ့လာရင်း၊ နယ်ပယ်တစ်ခုတည်းက မိတ်ဆွေတွေနဲ့ မိတ်ဆက်ရင်း ရင်းနှီးခွင့်ရမယ့် ဒီလိုပွဲကောင်းတစ်ခုမှာ အားလုံးနဲ့အတူတူ ဆုံတွေ့ခွင့်ရတာ Fone Club အတွက် ဝမ်းမြောက်ဂုဏ်ယူမိပါတယ်။

ယခု နည်းပညာပွဲကာလ အတွင်းFone Club Repair Tool Corner မှာတော့ Sunshine ,Relife ,Quick ,RF4 Tools တွေကို စိတ်ကြိုက် ကိုယ်တိုင်လက်တွေ့ လာရောက်စမ်းသပ်ကြည့်ရှုနိုင်အောင်လည်း စီစဉ်ပေးထားသလို

Sunshine ,Relife ,Quick ,RF4 Tools တွေကို တွေဝယ်ယူရင်း လက်ဆောင်တွေလည်း စီစဉ်ပေးထားတဲ့အတွက် မလွတ်တမ်းလာရောက်ခဲ့ဖို့ ဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာ...

တစ်ချောင်းချင်းစီ လိုက်ဝယ်စရာမလိုဘဲ တစ်ဗူးတည်းနဲ့ iPhone 17 အထိ အကုန်ဖြုတ်လို့ရမယ့် Relife ရဲ့ အသစ်ထွက် Screwdriver Set ...
18/07/2026

တစ်ချောင်းချင်းစီ လိုက်ဝယ်စရာမလိုဘဲ တစ်ဗူးတည်းနဲ့ iPhone 17 အထိ အကုန်ဖြုတ်လို့ရမယ့် Relife ရဲ့ အသစ်ထွက် Screwdriver Set New Version!

Relife က ထုတ်တဲ့ လူကြိုက်များတဲ့ RL-728A 5 in 1 Set မှာ အခုဆိုရင် iPhone 17 Series ရဲ့ 4IP Screw တွေအတွက်ပါ ဖြုတ်လို့ရမယ့် အခေါင်းအသစ် ထည့်သွင်းပေးထားပါတယ် ခင်ဗျာ

ခိုင်ခံ့ပြီး သံလိုက်ဓာတ် အားကောင်းတဲ့ Screwdriver Set တစ်ခုတည်းရှိတာနဲ့ Model အသစ်တွေအကုန်လုံးကို စိတ်ချလက်ချ အေးဆေးလေး ဖြုတ်နိုင်ပါပြီ။

ဈေးနှုန်း 55,000 ကျပ်

ကိုယ်တိုင် လာရောက်စမ်းကြည့်ပြီးမှ ဝယ်ချင်တယ်ဆိုရင်လည်း ရုံးချုပ်တွေမှာ စိတ်ကြိုက် လာစမ်းကြည့်လို့ ရသလို၊ နယ်က ဆရာတွေအတွက်လည်း Messenger ကနေတစ်ဆင့် အချိန်မရွေး အသေးစိတ် စုံစမ်းမှာယူနိုင်ပါတယ်ခင်ဗျာ။

🏠ရန်ကုန်(ရုံးချုပ်) - တိုက် (၁၂)၊ အခန်း (၄)၊ ဂန္ဓာမာ (၆)လမ်း၊ ယုဇနပလာဇာအနောက်ဘက်၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရန်ကုန်မြို့။

📱09-943515500
📱09-766250006
📱09-777666601

🏠မန္တလေး(ရုံးချုပ်) - A-1 ၊ ၈၂ လမ်း၊ ၃၄ လမ်းထောင့်၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးမြို့။

📱 - 09254515151
📱 -09254525252
📱-09777666610
ာတို့အတွက်

ဆိုင်မှာ Mi အလုံးတွေလာအပ်ရင် အေးဆေးပဲလို့ ပြုံးနိုင်ဖို့... 😏Mi ပိုင်းနဲ့ ပတ်သက်ရင် ဆရာအောင် (Myat Thwe Mobile) ရဲ့ လမ်း...
17/07/2026

ဆိုင်မှာ Mi အလုံးတွေလာအပ်ရင် အေးဆေးပဲလို့ ပြုံးနိုင်ဖို့... 😏

Mi ပိုင်းနဲ့ ပတ်သက်ရင် ဆရာအောင် (Myat Thwe Mobile) ရဲ့ လမ်းညွှန်ချက်တွေ ဘယ်လောက် အသုံးဝင်လဲဆိုတာ ဆရာတို့ အားလုံး အသိပါပဲ။

Service ဆရာ တိုင်း ဆောင်ထားသင့်တဲ့ ဆရာကိုအောင်ရဲ့ အသစ်ထွက်ရှိထားတဲ့ "Mi ဆိုသည်မှာ (၅)" စာအုပ်သစ်ကို ကျွန်တော်တို့ FONE CLUB မှာ Pre-order လာတင်လို့ရပြီနော်။

"ဒီ Mi ဆိုသည်မှာ (၅)" စာအုပ်မှာဆိုရင်

✅ နေ့စဉ် ဆိုင်ထိုင်ရင်း ခေါင်းစားရလေ့ရှိတဲ့ Mi Model သစ်တွေရဲ့ ဖြေရှင်းနည်း လျှို့ဝှက်ချက်တွေ

✅ Error တစ်ခုကို အချိန်တိုအတွင်း အလွယ်တကူ ကောက်ချက်ချနိုင်မယ့် လမ်းကြောင်း (Schematic Analysis) တွေ

✅ လက်တွေ့ အသုံးချနိုင်မယ့် Practical Tips & Tricks များ
ကို စုံစုံလင်လင် ထည့်သွင်းပေးထားပါတယ်ခင်ဗျာ။

စာအုပ်ဖိုး ၄၅,၀၀၀ ကျပ်တည်းနဲ့ ဆရာ့ရဲ့ လက်တွေ့အတွေ့အကြုံတွေကို တစ်ဝကြီး လေ့လာနိုင်မှာနော်🤩

ရန်ကုန်မြို့တွင်းဆိုရင် ဒီနေ့မှာ မနက်ဖြန်ချက်ချင်းအရောက် ပို့ပေးသလို၊

မန္တလေးဆိုရင်လည်း ၂ ရက်အတွင်း အရောက် ပို့ဆောင်ပေးမှာပါ။

Pre-order လုပ်ချင်ရင်တော့ Chat box ကနေ "Mi (၅)" လို့ message ပို့ထားလိုက်နော် ဆရာတို့ 👇
ာတို့အတွက်

16/07/2026

Xiaomi Civi series မှန်ခုံးတွေမှာ Fingerprint Calibration လုပ်တဲ့အခါကျရင် ဖြစ်လေ့ဖြစ်ထရှိတဲ့ Error code တချို့ နဲ့ Tip & Trick လေးတွေကို Beginner တွေအတွက် မျှဝေပေးလိုက်ပါတယ်ခင်ဗျ။🫶❤️

ဆရာတို့ရော အခုလို Civi series တွေ Finger Fixရင် ဘယ်လိုမျိုး Error codeတွေနဲ့ ကြုံတွေ့ရလေ့ရှိလဲ? ဘယ်လ်ုမျိုးဖြေရှင်းလို့အဆင်ပြေသွားလဲဆိုတာကို commentမှာ မျှဝေပေးခဲ့ကြပါဦးနော် ✌🏻❤️

Address

No.79 , Room (6), Corner Of Mahar Bandula St & East Circular Rd, In Front Of Mya Kan Thar Park, Yay Aye Kwin Qtr, Taunggyi.
Taunggyi
06101

Opening Hours

Monday 08:30 - 17:30
Tuesday 08:30 - 17:30
Wednesday 08:30 - 17:30
Thursday 08:30 - 17:30
Friday 08:30 - 17:30
Saturday 08:30 - 17:30
Sunday 08:30 - 17:30

Website

Alerts

Be the first to know and let us send you an email when Fone Club Phone Spare Parts posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share