Htun MoviesEntertainment

Htun MoviesEntertainment မြန်မာစာတမ်းထိုးဇတ်ကားကောင်းများ

Mukhachitram [2022]IMDb -7.1/10မတော်တဆမှုတစ်ခုကြောင့် မျက်နှာပုံပန်းပျက်သွားပြီး စိတ်ကျရောဂါနဲ့ သေဆုံးသွားတဲ့အမေဖြစ်သူကိ...
07/04/2024

Mukhachitram [2022]

IMDb -7.1/10

မတော်တဆမှုတစ်ခုကြောင့် မျက်နှာပုံပန်းပျက်သွားပြီး စိတ်ကျရောဂါနဲ့ သေဆုံးသွားတဲ့အမေဖြစ်သူကိုမကယ်နိုင်ခဲ့တာကြောင့် ပလပ်စတစ်ဆာဂျရီဆရာ၀န်တစ်ယောက် ဖြစ်လာသူ ရာ့ဂ်ျကူးမား...

ရာ့ဂ်ျတစ်ယောက်တစ်နေ့မှာ အောင်သွယ်တော်ရဲ့ချိတ်ဆက်မှုကြောင့် မဟာသီဆိုတဲ့ ကောင်မလေးနဲ့ ချစ်ကြိုက်ခဲ့ပါတယ်

တစ်ဖက်မှာလည်း ရာ့ဂ်ျကိုဟိုးငယ်ငယ်လေးကတည်းက ကြိုက်နေတဲ့ မာယာဆိုတဲ့ကောင်မလေးတစ်ယောက်ရှိပါတယ်။

တစ်နေ့မှာတော့ မာယာတစ်ယောက် မတော်တဆမှုတစ်‌ခုကြောင့်သေမင်းနဲ့လွန်ဆွဲနေရချိန်မှာ ရာ့ဂ်ျ ၊ မဟာသီ နဲမာယာတို့ရဲ့သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းလေး ဘယ်လိုတွေဆက်ဖြစ်သွားမလဲ ...

ဇာတ်လမ်းအစမှာတော့ ကြည်နူးဖွယ် အချစ်ဇာတ်လမ်းလေးနဲ့စထားပြီး ရာ့ဂ်ျ၊ မဟာသီ၊ မာယာ တို့သုံးယောက်သားက လောင်မြိုက်အောင်တဖြည်းဖြည်းနဲ့ ဘယ်လိုဆွဲခေါ်သွားမယ်ဆိုတာ စိတ်၀င်စားဖွယ်ကြည့်ရှုရမှာဖြစ်ပါတယ်။

Lone Survivor (2013)ဒီတစ်ခါတော့ စစ်ကားကြိုက်ပရိတ်သတ်တွေအတွက် စစ်ကားကောင်း တစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ၂၀၁၄ အစရဲ့ အက်ရ...
04/04/2024

Lone Survivor (2013)

ဒီတစ်ခါတော့ စစ်ကားကြိုက်ပရိတ်သတ်တွေအတွက် စစ်ကားကောင်း တစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ၂၀၁၄ အစရဲ့ အက်ရှင်ကားကောင်း တစ်ကားဖြစ်ခဲ့ပါတယ်။
ဒီကားက တကယ့် ဖြစ်ရပ်မှန် Red Wings Operation ကို ဇာတ်အိမ်တည်ရိုက်ကူးထားပြီး၊ ကျဆုံးသွားတဲ့ စစ်သားတွေကို အမှတ်တရ ဂုဏ်ပြုထားတာဖြစ်ပါတယ်။
ဇာတ်လမ်းကတော့ Trailer မှာပါတဲ့အတိုင်း Navy SEAL လေးယောက်က တာလီဘန် ခေါင်းဆောင် တစ်ယောက်ကို အပြတ်ရှင်းဖို့ သွားတာဖြစ်ပါတယ်။ ဒါပေမယ့် သူတို့ ရှိနေတဲ့နေရာကို ဆိတ်ကျောင်းသား သားအဖကရောက်လာ ပြီးတွေ့သွားတဲ့အခါမှာတော့ Rules of Engagement (စစ်ပွဲတစ်ပွဲရဲ့စည်းကမ်းတွေလို့ ယေဘူယျ ဘာသာပြန်လို့ရပါတယ်) အရ ကလေးတွေ၊ လက်နှက်ကိုင် မဟုတ်တဲ့ အရပ်သားတွေကို မသတ်ပဲ ပြန်လွှတ်ပေးလိုက်ပါတယ်။ အဲ့လိုပြန်လွှတ်ပေးလိုက်ရင် သူတို့ နောက်မှာ တာလီဘန် တွေလိုက်လာမှာကို သိရဲ့နဲ့ လွှတ်ပေးလိုက်တာဖြစ်ပါတယ်။
အဲ့ဒီနောက်မှာတော့ အထူးလေ့ကျင့်ပေးထားတဲ့ Navy SEAL လေးယောက်နဲ့ တာလီဘန် အယောက် ၂၀၀ကျော်ရဲ့ အပြန်အလှန် တိုက်ပွဲကိုမြင်တွေ့ရမှာဖြစ်ပါတယ်။
👇👇👇

https://t.me/providerhtun

😁😁
31/01/2024

😁😁

အင်ဂျလီနာဂျိုလီနဲ့ ဘရတ်ပစ်တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ နာမည်ကြီးဇာတ်ကားပါ။အပစ်အခတ်အကြမ်းပတမ်းတွေနဲ့ ဝါရင့်သရုပ်ဆောင်နှစ်ယေ...
05/01/2024

အင်ဂျလီနာဂျိုလီနဲ့ ဘရတ်ပစ်တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ နာမည်ကြီးဇာတ်ကားပါ။
အပစ်အခတ်အကြမ်းပတမ်းတွေနဲ့ ဝါရင့်သရုပ်ဆောင်နှစ်ယောက်
အပြိုင်အဆိုင် သရုပ်ဆောင်ထားကြတာ အသက်ဝင်လွန်းပါတယ်။
(အသက်ဝင်လွန်းလို့ ဒီဇာတ်ကားရိုက်ကူးပြီးသွားချိန်မှာ
သူတို့နှစ်ယောက် ပေါင်းသင်းနေထိုင်ကြတဲ့အထိဖြစ်သွားပါတယ်….ဤကား စကားချပ်။)
ဇာတ်လမ်းလေးကလဲ မြင်နေကြ ဇာတ်လမ်းတွေလိုမဟုတ်လို့ ကြည့်လို့အဆင်ပြေသလို
သူတို့နှစ်ယောက်ရဲ့ အကြည့်… အပြုံး ..စကားပြောဟန်တွေ …သရုပ်ဆောင်မှုတွေကလဲ အတော်လေးဆွဲဆောင်နိုင်ပါတယ်။
ဒီဇာတ်ကားကို Unrated Edition Version နဲ့တင်ပေးထားလို့ ရုံတင်တုန်းက မပါခဲ့တဲ့ Scene တချို့ကို
တွေ့မြင်ရမှာပါ။

ကိတ် ဟာ ဗာရစ်ခ်ရဲ့ ထိန်းကျောင်းမှုအောက်မှာလုပ်ကြံသတ်ဖြတ်သူအနေနဲ့ လေ့ကျင့်သင်ကြားခဲ့ရသူတစ်ယောက်ပါငယ်စဥ်ထဲက လေ့ကျင့်ခဲ့ရတဲ...
04/01/2024

ကိတ် ဟာ ဗာရစ်ခ်ရဲ့ ထိန်းကျောင်းမှုအောက်မှာ
လုပ်ကြံသတ်ဖြတ်သူအနေနဲ့ လေ့ကျင့်သင်ကြားခဲ့ရသူတစ်ယောက်ပါ
ငယ်စဥ်ထဲက လေ့ကျင့်ခဲ့ရတဲ့ ကိတ်အတွက်
ပစ်မှတ်မှန်သမျှကို ပစ်မလွဲဖြစ်တဲ့အထိ ကျွမ်းကျင်လှပါတယ်
ဒါပေမဲ့လည်း ကိတ်က လူသတ်ရတဲ့ဘဝကို ပင်ပန်းလာပြီးတော့
သာမန်ဘဝလေးနဲ့ပဲ ရှင်သန်ချင်လာခဲ့ပါတယ်
ကိတ်တစ်ယောက် သူ့ရဲ့နောက်ဆုံးမစ်ရှင်ကို ဆောင်ရွက်ရင်း
အဆိပ်ခတ်ခံခဲ့ရပါတော့တယ်။
အသက်ဆက်နိုင်ဖို့ ကိတ်အတွက် အချိန်တစ်ရက်ပဲ ကျန်ပြီးတော့ ​
အဲ့ဒီအချိန်တစ်ရက်အတွင်းမှာ
ကိတ်ဟာ သူ့ကို အဆိပ်ခတ်တဲ့သူကို လိုက်ရှာပြီး လက်စားချေနိုင်ဦးမလား…???
အဆိပ်ခတ်လုပ်ကြံမှုရဲ့​နောက်ကွယ်မှာ ဘာအ​ကြောင်းအရာတွေများ ရှိနေဦးမလဲ……??
ဆိုတာ စိတ်ဝင်တစား စောင့်ကြည့်ရမှာပဲ ​ဖြစ်ပါတယ်
Now You See Me,Hunger Game အစရှိတဲ့ နာမည်ကြီးရုပ်ရှင်တွေမှာ ပါဝင်ခဲ့တဲ့
မင်းသားကြီး Woody Harrelson လည်း အားဖြည့်သရုပ်​ဆောင်ထားတာမလို့
အက်ရှင်ပရိသတ်အားလုံး အကြိုက်တွေ့စေမယ်လို့ မျှော်လင့်ပါတယ်။
ားlink https://t.me/providerhtun/1255

04/01/2024
Channel MyanmarSaw 3D (2010) Saw 7 Report errorSaw 3D (2010) Saw 75.6IMDB: 5.6/10 807204 votesDavid McAree, David McLeod...
04/01/2024

Channel Myanmar

Saw 3D (2010) Saw 7
Report error
Saw 3D (2010) Saw 7
5.6
IMDB: 5.6/10 807204 votesDavid McAree, David McLeod, Elizabeth Tremblay, Kevin Greutert, Margaret Tanod, Patricia Joyes, Steve Webb479072

SynopsisTrailersComplete cast

Pause

00:00
-00:25
Unmute
Settings
Download
Enter fullscreen
Saw Collection
==============CM ကနေ နာမည်ကျော် Saw ဇာတ်ကားတွေကို ဆင်ဆာမဖြတ်ထားတဲ့ Version တွေဖြစ်တဲ့ Unrated/Director’s cut Version တွေနဲ့ ပြန်လည် Update လိုက်ပါတယ်။Saw ဇာတ်လမ်းတွေရဲ့အစကတော့ ရုပ်ရှင်ကျောင်းကနေ သင်တန်းဆင်းလာတဲ့ ဒါရိုက်တာပညာသင်ထားတဲ့ James Wan နဲ့ ဇာတ်ညွှန်းပညာသင်ထားတဲ့ Leigh Whannell တို့ ၂ ယောက်
ရုပ်ရှင်လောကထဲဝင်ဖို့ လုံလောက်တဲ့ ငွေကြေးမရှိရာကနေ စပါတယ်။ ရုပ်ရှင်ရိုက်ဖို့ ပိုက်ဆံမရှိတော့ ဘတ်ဂျက်နည်းနည်းနဲ့ Twist များတဲ့ ဇာတ်ညွှန်းကို နှစ်ယောက်သားဖန်တီးရိုက်ကူးခဲ့ရာကနေ Saw 2004 ပထမဆုံးရုပ်ရှင်ဖြစ်လာခဲ့ပါတယ်။ လူမငှားနိုင်လို့ ဇာတ်ညွှန်းဆရာ Leigh Whannell ကိုယ်တိုင်သရုပ်ဆောင်ဝင်ရိုက်ခဲ့ရပြီး အခန်းတစ်ခန်းအတွင်းမှာပဲ ရိုက်ကူးခဲ့ရတဲ့ Saw 2004 ရုပ်ရှင်ဟာ ဘတ်ဂျက် ၁ သန်းပဲ ကုန်ကျခဲ့ပေမယ့် ရုံတင်ဝင်ငွေ သန်း ၁၀၀ ကျော်ပြန်လည်ရရှိသည်အထိ အောင်မြင်သွားခဲ့ပါတယ်။
Saw ဟာ ဘယ်လိုရုပ်ရှင်တွေလဲဆိုတာကိုတော့….(လူသာမန်ရဲ့ အညွှန်း နဲ့ညွှန်းခဲ့ချင်ပါတယ်။)ဆိုးဆိုးရွားရွား လူသတ်ပြတဲ့ဇာတ်ကွက်တွေ၊ သွေးထွက်သံယို ရာဇဝတ်မှုတွေကို အိပ်မက်ထဲအထိ သယ်ပိုးယူဆောင်ကာ လန့်နိုးတတ်သူတွေအတွက် SAW Series ကို လုံးဝ ရှောင်သင့်တယ်။ ကြည့်မိရင် ကာလတစ်ခုစာအထိ ရက်စက်တဲ့လူသတ်ပုံတွေကို မေ့နိုင်မှာမဟုတ်လို့ ဒီလိုဆိုရခြင်းပါ။
Horror ရုပ်ရှင်တွေကို စွဲကြည့်တတ်သူတွေကတော့ SAW ကို လုံးဝ လက်မလွှတ်ကြ။
●
Jigsaw ဆိုပြီး ရဲတွေက အမည်သညာပေးထားတဲ့ ကွင်းဆက်လူသတ်သမားရဲ့ ထူးခြားတဲ့စီမံမှုတွေကြား Jigsaw ရွေးချယ်ထားတဲ့လူတွေဟာ ရှင်သန်မှုအတွက် ပါဝင်ကစားကြရတယ်။
ကစားကွင်းနယ်မြေကို Jigsaw က ရွေးချယ်ထားတာဖြစ်ပြီး ပါဝင်ကစားသူတွေဟာလည်း နိုးလာတာနဲ့ သူ့ကစားကွင်းထဲကို ရောက်နေကြရတာ ဖြစ်တယ်။ ထူးခြားတာက ဒီကစားပွဲမှာ ရှုံးရင် အသက်တွေ ပေးအပ်ကြရတာ။
Jigsaw ဟာ သူ ရွေးချယ်လိုက်တဲ့လူတွေကို မေ့မြောနေတဲ့အချိန်မှာကတည်းက သတ်ဖြတ်ပစ်လိုက်လို့ရပေမယ့် မသတ်ဘူး။ သူ့ရည်ရွယ်ချက်က ကိုယ့်အသက်ရှင်သန်မှုအတွက် ကိုယ်တိုင် ပါဝင်ပြီး ရွေးချယ်ဆုံးဖြတ်ကြစေလိုတာပဲ။ သူက တိကျတဲ့အချိန်တွေ သတ်မှတ်ပေးတယ်။ ရွေးချယ်ခွင့်တွေ ပေးတယ်။ လိုအပ်တဲ့တန်ဆာပလာတွေ ပေးတယ်။ ပေးထားချက်တွေကို ကိုယ် တတ်စွမ်းသမျှနဲ့ ဆောင်ရွက်ရင် အသက်ရှင်မယ်။ (တချို့သော ခန္ဓာကိုယ်အစိတ်အပိုင်းတွေတော့ ဆုံးရှုံးကောင်း ဆုံးရှုံးမယ်။)
ပါဝင်ကစားရတဲ့သူတွေကလည်း အဆက်အစပ်မဲ့သူတွေ မဟုတ်ကြ။ တစ်နည်းမဟုတ်တစ်နည်းနဲ့ ဘဝမှာ ပတ်သက်ဖူးသူတွေကို ကွင်းတစ်ခုထဲ ချထားပေးသလို သူက ရွေးချယ်ထားတာ။
လူဖြစ်မှုနဲ့ပတ်သက်ပြီး Jigsaw ခံယူထားတာက ” ကိုယ့်ရှင်သန်မှုကို တန်ဖိုးထား တွယ်တာမှ လူဟာ ရှင်သန်နေထိုင်သင့်တယ် ” ဆိုတာပဲ။ ဒီ့အပြင် Jigsaw ဖော်ပြလိုတဲ့တခြားသောအရာတွေ ရှိသေးတယ်။ အထူးသဖြင့် ကလဲ့စားချေလိုမှုနဲ့ ခွင့်လွှတ်မှုပေါ့။ နောက် မိသားစုဘဝနဲ့ ရွေးချယ်ထားတဲ့အလုပ်ပေါ် တန်ဖိုးထားမှု။
Jigsaw ဆိုတဲ့ ကွင်းဆက်လူသတ်သမား ဖြစ်ပေါ်လာရခြင်းအကြောင်းကလည်း စိတ္တဇလူသတ်သမားတွေဖြစ်ပေါ်လာတတ်တဲ့အကြောင်းရင်းတွေအတိုင်းပါပဲ။ သို့သော် Jigsaw ရဲ့ ကြိုတင်စီမံမှုတွေကကျ တခြားလူသတ်သမားတွေထက် အဆင့်မြင့်တယ်။ မြင်နေကျ သာမန်သတ်ဖြတ်မှုပုံစံတွေလည်း မဟုတ်။ ရက်စက်လွန်းတဲ့သတ်ဖြတ်မှုပုံစံတွေဆိုတာကိုတော့ ပုံတွေ ကြည့်ရုံနဲ့တင် ခန့်မှန်းလို့ ရပါလိမ့်မယ်။
●
ကမ္ဘာပေါ်မှာ သမ္မာကျမ်းစာ စာအုပ်တွေပြီးရင် ရောင်းအကောင်းဆုံးဖြစ်တဲ့စာအုပ်တွေက ဖြစ်ရပ်မှန် ရာဇဝတ်မှုတွေအကြောင်းကို ပုံတွေနဲ့တကွ သေသေချာချာ ဖော်ပြ ရေးသားထားတဲ့စာအုပ်တွေပါတဲ့။ ဒီရုပ်ရှင်ဟာ အဲဒီလို လူတွေ အကြိုက်ဆုံးရုပ်ရှင်တွေထဲက တစ်ခုလို့ ဆိုကြတယ်။
တချို့လူတွေမှာ ဒီလိုအကြောင်းနဲ့ပတ်သက်ပြီး မေးခွန်းတစ်ခု ရှိတယ်။ ဒီလိုရက်ရက်စက်စက် ပြကွက်တွေ၊ ရေးသားချက်တွေကို လူတွေက ဘာလို့ကြိုက်ကြတာလဲ တဲ့။
စိတ်ပညာရှုထောင့်အရတော့ လူမှာ အမြဲဒွန်တွဲနေလေ့ရှိတဲ့ ဆန့်ကျင်ဘက် စိတ်နှစ်မျိုးအရ ဒီလိုကားတွေကို တချို့တွေ ကြိုက်ကြတာလို့ ဆိုတယ်။ လူဟာ သူတော်စင်လုပ်မလား၊ မကောင်းဆိုးဝါးလုပ်မလားဆိုတာကို ကိုယ်တိုင် ဆုံးဖြတ်ကြရတာပဲ။ သူတော်စင်ဘက် ယိမ်းသူက မကောင်းဆိုးဝါးကို ချိုးနှိမ်အုပ်ချုပ်ရာမှာ အောင်မြင်သူ၊ မကောင်းဆိုးဝါးဘက် ယိမ်းသူက သူတော်စင်ကို ချိုးနှိမ်အုပ်ချုပ်ရာမှာ အောင်မြင်သူ။ တချို့တွေကတော့ သူ ဖြတ်သန်းနေရတဲ့ဘဝအခြေအနေအရ ဟိုဘက် ယိမ်းလိုက် ဒီဘက် ယိမ်းလိုက်ဖြစ်နေကြသူတွေ။
လူတွေဟာ ကိုယ်တိုင် လက်တွေ့ မလုပ်ရဲတာတွေကို စိတ်ကူးနဲ့ပဲ ပုံဖော်ကြရတယ်။ ကိုယ့်အပေါ် တစ်ခုခု မတရားကျူးလွန်ခဲ့သူကို လက်တွေ့ မှာ ပေါ်ပေါ်ထင်ထင် မသတ်ရဲကြပေမယ့် စိတ်ကူးနဲ့ နေ့စဉ် သတ်ဖြတ်နေသူတွေ၊ ဝဇီကံနဲ့ သတ်ဖြတ်နေသူတွေ မနည်းလှဘူး။ ဒီလူတွေကပဲ ဘဝမှာ ခံခဲ့ရတဲ့မတရားမှုတွေ၊ အဆင်မပြေမှုတွေကို ဖြေဖျောက်ဖို့အတွက် သူတို့လိုတွေးတဲ့တခြားစိတ်ကူးတွေကို ရှာဖွေကြတယ်။ နွားရိုင်းသတ်ပွဲလို သွေးထွက်သံယို ပွဲတော်တွေကို နှစ်သက်ကြတယ်။ လူချင်း ထိုးသတ်ကြတဲ့ပွဲတော်တွေဆီ သွားကြတယ်။ နောက်တော့ စာပေထဲက ရက်စက်မှုတွေဆီ ရောက်တယ်။ ရုပ်ရှင်ကတော့ ကိုယ့်စိတ်ကူးနဲ့ကို ရိုက်စရာမလိုတော့ဘူး။ (စာပေက ကိုယ့်ဘာသာ ပြန်ရိုက်နေရသေးတာကိုး။) ဒါရိုက်တာက ပြထားတဲ့အတိုင်း ရက်စက်မှုတွေကို လိုက်ပါခံစားရုံ၊ ရင်ထိတ်ရုံ၊ ကျေနပ်ရုံပဲ။ ဒီတော့ Horror ကြိုက်တယ်ဆိုရင် . . . Jigsaw က စောင့်နေကြောင်း ဆိုပါရစေလား။-လူသာမန်-Saw ဇာတ်ကားများအားလုံးကို ဒီမှာ Saw 3D The Final Chapter (2010)Saw franchise ရဲ့ ၇ ကားမြောက်ဖြစ်တဲ့ဒီကားဟာလဲ
saw ဖန်တွေအကြိုက်တွေ့မယ့်ကားတစ်ကားပဲဖြစ်ပါတယ်
ရှေ့ကားတွေနဲ့ပြန်ချိတ်ထားတာတွေကလဲ
သေသပ်သလို ဇာတ်ကောင်တွေလဲအများကြီးပါဝင်ထားပါတယ်
ပြီးတော့ saw ကားတွေရဲ့ထုံးစံအတိုင်းတစ်ကားနဲ့တစ်ကားမှာ
အသုံးပြုတဲ့လက်နက်တွေ စက်ပစ္စည်းတွေမတူတာကြောင့်
စိတ်ဝင်စားစရာကောင်းပါတယ်
Plot twist တချို့ကိုလဲချပြသွားပါတယ်
သွေးထွက်သံယိုအခန်းတွေအများအပြားပါဝင်ပြီး
တကယ်ကို ကွက်ကွက်ကွင်းကွင်းရိုက်ပြထားတာကြောင့်
ကြောက်တတ်သူများနဲ့နှလုံးရောဂါအခံရှိသူများမကြည့်သင့်ပါဘူး။

ားlink https://t.me/providerhtun/1257

Nowhere(2023)ပင်လယ်ထဲမှာ ကွန်တိန်နာကြီးထဲမျောနေတဲ့ သားအမိနှစ်ယောက်အကြောင်းကိုရိုက်ကူးထားတဲ့ စပိန် သည်းထိတ်ရင်ဖိုရုပ်ရှင်...
23/12/2023

Nowhere(2023)

ပင်လယ်ထဲမှာ ကွန်တိန်နာကြီးထဲမျောနေတဲ့ သားအမိနှစ်ယောက်အကြောင်းကိုရိုက်ကူးထားတဲ့ စပိန် သည်းထိတ်ရင်ဖိုရုပ်ရှင်ဖြစ်ပါတယ်။ Cast away, Buried, Fall တို့လိုတစ်ယောက်တည်း အသက်ရှင်အောင် ရုန်းရတဲ့ ရုပ်ရှင်မျိုးတွေကို ကြိုက်တဲ့သူတွေအတွက် ရုပ်ရှင်ကောင်းပါပဲ။

ဇာတ်လမ်းအကျဉ်း.....

အငတ်ဘေးဆိုက်နေတဲ့ စပိန်နိုင်ငံ အစိုးရဟာ အင်မတန်ပြောင်မြောက်တဲ့အငတ်ဘေးလျှော့ချရေးနည်းလမ်းတစ်ခုကိုသုံးခဲ့ပါတယ်။ သက်ကြီးရွယ်အိုတွေကိုအရင်ရှင်းပစ်လိုက်တာပါ။ မရသေးဘူး ငတ်ကြသေးတယ်ဆိုတော့ မိန်းမတွေနဲ့ကလေးတွေကို စပြီးရှင်းပစ်ပါတော့တယ်။ အဲဒီတော့ နိုင်ငံထဲကနည်းလမ်းပေါင်းစုံနဲ့ လွတ်ရာကျွတ်ရာကို ပြေးကြရပါတော့တယ်။လူသုံးအများဆုံးနည်းလမ်းကတော့ သင်္ဘောကွန်တိန်နာတွေထဲကိုခိုးပြီးလိုက်သွားကြတာပါ။ ဒါကိုသိတဲ့ အစိုးရကလည်း ဆိပ်ကမ်းမှာကုန်ကားတွေကို အသေးစိတ်စစ်ပြီး တွေ့သမျှ လိုက်သတ်ပါတော့တယ်။မီရာဆိုတဲ့ မိန်းကလေးကတော့ ခင်ပွန်းသည်နဲ့အတူ ထွက်ပြေးလာပေမဲ့သင်္ဘောအတက်မှာ လူစုကွဲသွားပြီ ကိုယ်ဝန်ကြီးနဲ့ တစ်ယောက်တည်းကွန်တိန်နာထဲမှာပိတ်မိပြီး ပင်လယ်ထဲ မျောသွားပါတော့တယ်။ ပင်လယ်ထဲမှာပဲကလေးမွေးပြီး ကမ်းမမြင်လမ်းမမြင်နဲ့ အသက်ရှင်အောင်ကြိုးစားရပုံတွေ၊ကမ်းတစ်ခုကို ရောက်နိုင်ဖို့ ရုန်းကန်ရပုံတွေကို မြင်တွေ့ရမှာပါပဲ။


Address

Taunggyi
06101

Telephone

+959770490446

Website

Alerts

Be the first to know and let us send you an email when Htun MoviesEntertainment posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Htun MoviesEntertainment:

Shortcuts

Share