14/07/2026
အာစိန္ဒကံဖြစ်အောင် အားထုတ်ကြပါဆိုတာပဲ
အသက်ရှု ရပ်ပြီး မိနစ် (၂၀)လောက်
ကြာတဲ့ အထိ သိတဲ့ စိတ်က
ဆက် ရှိနေပါတယ်
အဲဒီ' အချိန်လေးမှာသာ
မိမိတို့ အနေနဲ့ အားထုတ်ရင်း ....သေနိုင်ခဲ့မယ်
ကုသိုလ်'စိတ် တွေနဲ့ သေနိုင်ခဲ့မယ် ဆိုရင်
ဘာမှ"ကို ပူစရာ မလိုတာပါ ❗
🌤️ #သေရမှာဟာ_ကြောက်စရာလား❓❓
----------------------------------
🚑 မိမိရဲ့.....ဆရာဝန်'သက်တန်း တစ်လျှောက်မှာ
(လူနာ)များစွာ ရောဂါ'ပြင်းထန်သူ များစွာ...
သေတဲ့သူ များစွာနဲ့
#လုပ်ငန်း_သဘာဝ_အရ
ရင်းနှီးစွာ ဆုံခဲ့ရဘူးပါတယ်၊
အများစု ကတော့ ပုထုဇဉ်•••ပီပီ
သေရမှာ ကြောက်ကြတဲ့
သူတွေသာ...များပါတယ်၊
#တချို့_ဆို....
ဘာ"မဟုတ်တဲ့ အနာ'ရောဂါလေး ဖြစ်တာ
ခေါင်းကိုက်တာ တုတ်ကွေး ဖျားလေး ဖျားတာ'
လောက်ကိုပဲ မျက်စိ'မျက်နှာတွေ ပျက်ပြီး
တခွေခွေ နဲ့ အိပ်ရာထဲ လဲနေလောက်အောင်
စိတ်ဆင်းရဲ နေကြပါတယ်၊
#ဦနှောက်_သွေးကြော_ပြတ်ပြီး
သေသွားသူတွေအကြောင်း ကို ကြားဘူး'နားဝ နဲ့
သာမာန် ခေါင်းမူးတာလေးကိုပဲ
သူ့"ကိုယ်သူ ဦးနှောက်ကြော ပြတ်တော့မှာလို့....
ထင်တဲ့•••စိတ်'နဲ့
ငိုကာယိုကာ ထိမ်းမနိုင်...သိမ်းမရ
သေမှာ ကြောက်နေတဲ့ သူတွေကိုလည်း
မကြာခဏ ဆေးကုပေးခဲ့ရပါတယ်
နေ"မကောင်းတာ နဲ့ အိပ်ရာထဲ က...မထ တော့ပဲ
မျက်နှာငယ် ကလေးနဲ့
တငြီးငြီး တငြူငြူ လုပ်နေတဲ့.....
#တရားသမား_အရင့်အမာကြီး
တွေကိုတောင် တွေ့ဘူးပါတယ်၊
#ကျန်းမာရေး_က_ကောင်းနေတဲ့_အခါမှာတော့
သေရမှာ မကြောက်ဘူးလို့ ....
ပြောတတ်သူတွေလည်း ရှိပါတယ်
#အများစု_ကတော့ ....
အခု လောလောဆယ်တော့
ကိုယ့်"ကိုယ်ကိုယ်
မသေနိုင်လောက်သေးဘူး...ဆိုတဲ့ အထင်'နဲ့
မေ့မေ့"လျော့လျော့
ပေါ့ပေါ့ဆဆ နေရင်း ...က...
ဟန်ဆောင် ကြွားဝါပြီး မကြောက်ဘူး
ပြောနေကြတာသာ များပါတယ်၊
#တကယ့်_အရေးမှာ_ကျတော့ ....
လူ•••အများစု ဟာ သေရမှာ ကို
သေမတတ် ကြောက်ကြပါတယ်‼️
#တစ်ချို့_လူတွေလည်း
သေလောက်တဲ့ ရောဂါတွေ ဖြစ်နေပြီလို့
သိကာစ•••မှာ
ကြောက်တဲ့ စိတ်နဲ့ ပူကာ လောင်ကာ
ဖြစ်တတ်ပေမဲ့ ....
#တကယ်တမ်း_ကြိုးစား_ကုသရင်း
ဘယ်လိုမှ... ကုသလို့ မရနိုင်တာကို သိပြီး
တကယ် သေရတော့မှာကို နားလည်သွားတဲ့
အခါမှာတော့ .....
စိတ်•••လျှော့ပြီး
လက်ခံနိုင်လိုက်တာ မျိုးတွေလည်း ရှိပါတယ်၊
#အဲဒီလို_သေချာပေါက်
သေရတော့မယ် ဆိုတာကို သိသွားတဲ့ အချိန်မှာ ....
စိတ်လျှော့ လက်လျှော့နဲ့ သေခြင်း"တရား ကို
ကျေကျေ နပ်နပ် လက်ခံ လိုက်တာကတောင်မှ
အလွန် ပဲ အကျိုးများပါတယ်၊
အဲဒီလို လက်ခံနိုင်လိုက်တဲ့...စိတ်
ထားနိုင်တဲ့ သူတွေဟာ
ငြင်းဆန်"နေတဲ့သူတွေထက် စာရင်
#သူတို့ရဲ့_နောက်ဆုံး_ခရီးဟာ
ပိုပြီးတော့ သက်တောင့်သက်သာ နဲ့
ငြင်ငြင်သာသာ ရှိတတ်ပါတယ်၊
(နိုင်ငံခြား)က ရောဂါ•••ပြင်းထန်လို့
သေခါနီးတဲ့ လူနာတွေကို
( #သီးသန့်)
ပြုစုစောင့်ရှောက်ပေးတဲ့ ဋ္ဌာန'တွေ•••က
မှတ်တမ်းတွေ မှာ ရေးထားတာတွေ
ရှိပါတယ်၊
#အဲဒီလို....
သေ'လောက် တဲ့ ရောဂါ'တွေ နဲ့
သေဖို့ စောင့်နေကြတဲ့ လူနာတွေ ထဲမှာ
သေမှာ'ကို ကျေကျေနပ်နပ်
လက်ခံလိုက်တဲ့ သူတွေ•••ဟာ
#နာကျင်မှု့တွေကို_ဆိုးဝါးစွာ_မခံစားရပဲ
တည်ငြိမ်အေးဆေးစွာ သေခြင်း'တရား ကို
ရင်ဆိုင်သွားကြတဲ့ အကြောင်း
( #သုတေသန)
လုပ်ထားတာတွေ နဲ့ အထင်အရှား
သက်သေ ပြထားပါတယ်၊
သေမှာ ကို ကျေနပ်စွာ လက်ခံလိုက်တဲ့
စိတ်ကလေး ထားနိုင်လိုက်တာနဲ့
သေခြင်းတရား ကို ရင်ဆိုင်တဲ့ နေရာမှာ
များစွာ လွယ်ကူ သက်သာ
သွားစေပါတယ်၊
#တကယ်_သေရမှာ_မကြောက်ပဲ ....
သေခြင်း'တရား ကို စိတ်အေး'လက်အေး နဲ့
ရင်ဆိုင်သွားတဲ့ သူတွေလည်း
ရှိပါတယ်၊
#အဲဒီအထဲ_က_မှတ်မှတ်ရရ_ဖြစ်ခဲ့ရတဲ့
သေရမှာ....မကြောက်တဲ့သူ
( ၂ )ယောက် အကြောင်း ကို (ဥပမာ)ပေးပြီး
ပြောပြချင်ပါတယ်၊‼️
❗1️⃣ တစ်ယောက် က အသက်(၉၀)အရွယ်
အမေကြီး တစ်ယောက်ပါ၊
မိမိ သိသလောက် နှစ်ပေါင်း'များစွာ
ဘယ်သူ့ကို မှ အပြစ်တင်တာမျိုး
ဒုက္ခ'ပေးတာမျိုး မရှိပါဘူး
မသေခင် (၂ )နှစ်လောက်'ကထဲက
သူ'သေရင် လာကြည့်ပြီး သေ/မသေ
ဆုံးဖြတ်ပေးဖို့ ...မိမိ'ကို မှာထားပါတယ်
ပြီးတာ နဲ့ ချက်ချင်း အသုဘ'...ချဖို့
ကြိုပြောထားတာပါ
သူ အသည်း အသန် ဖြစ်တော့
မိမိ က သွားကြည့် ပေးရပါတယ်
#ဘယ်လိုမှ_အခြေအနေ_မကောင်းတဲ့_ကြားက
မိမိ"ကို ခပ်ယဲ့ယဲ့ ပြုံးပြရင်း
ဆရာလေး မရတော့ဘူး မဟုတ်လား"လို့ ...
မေးလိုက်ပါသေးတယ်
#တစ်နာရီလောက်_ကြာတော့_ဆုံးသွားပါတယ် 👈🏻❗
တစ်ချက်မှ မငြီးပါဘူး‼️
အေးအေးဆေးဆေး သေသွားတာပါပဲ
သမထ'ဝိပဿနာ တွေ
အားထုတ် မထားပေမဲ့လည်း
သူဟာ နှစ်ပေါင်း များစွာ တိုင်အောင်
(သီလ)•••တွေ လုံခဲ့ပါတယ်‼️
စိတ်ကောင်း'တွေ...ရှိခဲ့ပါတယ် ‼️
❗အဲဒီ" နှစ်ချက်နဲ့❗
သေခြင်းတရား ကို မတုန်မလှုပ်
ရင်ဆိုင် သွားနိုင် ခဲ့ပါတယ်
❗2️⃣ #နောက်_တစ်ယောက်_ကတော့_ ...
နည်းလမ်း မှန်စွာ တရား'အားထုတ်ထားတဲ့
မိတ်ဆွေ'တစ်ယောက်ပါ
#သေခါနီး_မှာ_
နီးပြီနဲ့ တူတယ်"ဆိုတဲ့ စကား တစ်ခွန်းသာ ပြောပြီး
တည်ငြိမ် အေးဆေးစွာ
တရား'နဲ့ သေသွားခဲ့တာပါ၊
သူတို့ နှစ်ယောက် လုံးဟာ
အားလုံး ကြားဘူးထားကြသလို
ဝေဒနာ'တွေ ပြင်းပြင်းထန်ထန်
ခံစား"သွားရတာမျိုး မရှိပါဘူး၊
#တစ်နေ့_က_
အရေးပေါ် လူနာ လာပင့်တာ နဲ့
လိုက်ကြည့်ပေးရပါတယ်
လူနာ'နေတဲ့ အိမ်က မိမိ အိမ်နဲ့က
နီး•••နေတာ မို့
ချက်ချင်း ဆိုသလို ရောက်သွားပါတယ်၊
မိမိ ရောက်သွားတော့ (လူနာ)က
ပက်လက်'ကုလားထိုင် မှာ ထိုင်နေရက်သား
တွေ့ရပါတယ်
အိပ်ပျော်နေသလိုပါပဲ....
#စမ်းသပ်ကြည့်တော့
အသက်"တော့...မရှိတော့ပါဘူး
အသက်(၇၈)နှစ် ရှိပါပြီ
အထွေအထူး ရောဂါ မရှိပါဘူး
နေ့တိုင်း ဒီ ကုလားထိုင်မှာ...ထိုင်ရင်း
သားသမီးတွေ နဲ့ စကား ပြောနေကျပါ၊
#ဆုံးတဲ့_နေ့_က.....
သမီး တစ်ယောက်က အနား"မှာ
(ဆန်)ရွေးနေတာပါ
သူ့"အမေ နဲ့ စကား'ပြောနေရင်း
သူ့ ကို ဘာမှ ပြန်မပြောလို့
အိပ်ပျော်နေတယ်ပဲ ထင်"နေခဲ့တာ
#တော်တော်လေး_ကြာမှ ...
စိတ်ထဲမှာ မသင်္ကာ'လို့ သေချာကြည့်တဲ့ အခါ
အသက်ရှုတာ မတွေ့တာ နဲ့
တစ်ခုခု မှားတယ် ထင်ပြီး
မိမိ ကို လာပင့်တာပါ
#ရုန်းရင်းဆန်ခတ်_မရှိရုံ_မက ...
ဘာ"တစ်ခုမှ တောင် မသိသာလိုက်ပါဘူး
ဒီ"လူနာ ဘဝ ကူးသွားပုံဟာ
ညင်သာလှပါတယ်၊
အကြောင်း"သိတဲ့ လူနာ•••တွေ မို့
မိမိ သိထားတာတွေ ရှိပါတယ်၊
သူဟာ တရား'တွေ ကြိုးစားအားထုတ်ထားတာ
(လုံးဝ)မရှိပါဘူး‼️
#သာမာန်_မိရိုးဖလာ_ဗုဒ္ဓဘာသာ_ပါပဲ 👈🏻❗
မိမိရဲ့...ဆရာဝန် သက်တမ်း
(၂၅)နှစ်ကျော် အတွင်းမှာ ....
မြို့ခံ ဆရာဝန်'ဆိုတော့ ‼️
အခုလို ဆေးကုစရာ မလိုတဲ့
လူနာတွေ များစွာကို လုပ်ငန်း သဘာဝ'အရ
ကြည့်ခဲ့ရပါတယ်၊
#တချို့လည်း_သေခါနီး_ဆဲဆဲပါ
စောစောက လူနာ'လိုပဲ
တချို့'လူတွေ သေဆုံးသွားကြတာဟာ
အလွန်... ငြင်သာပါတယ်
ခြုံထားတဲ့ စောင်'ကလေးတောင်
မတွန့်ပါဘူး၊
#တစ်ချို့_ကျတော့လဲ ....
( ) လို ရောဂါမျိုးနဲ့ ...ဆိုတော့
မသေခင် မှာ နာကျင်မှု့ ကို
တော်တော် ခံစားကြရပါတယ်
ဘာဘဲပြောပြော ...လူ"အများစု ဟာ
သေမှာ•••ကို တော်တော် ကြောက်ကြပါတယ်၊
#တချို့_ဆို_
အစ'အနောက် တောင် မခံနိုင်ပါဘူး
အစမ်း သေကြည့်တာတောင်
စိတ်ထဲမှာ မခံနိုင်ပါဘူး ဆိုတဲ့
သူတွေလည်း အများကြီး ရှိနေပါတယ်
#မိမိ_လေ့လာ_ကြည့်မိသလောက်...လူတွေဟာ ...
1️⃣ ကြားဘူး"နားဝ...စကား'တွေနဲ့
မသေခင်'မှာ
သေလောက်အောင်...နာမှာပဲ ဆိုပြီးးးးး
အဲဒီ နာမဲ့ အနာကြီးကို တွေးပြီး
ကြောက်နေကြတာမို့ .....
သေရမှာကို ကြောက်ကြပါတယ်၊
2️⃣ ထားခဲ့ရမဲ့ .....
သက်ရှိ သက်မဲ့ အရာ'တွေ အပေါ်မှာ
စွဲလန်းတဲ့စိတ်နဲ့ လည်း သေမှာ"ကို
ကြောက်ကြပါတယ်၊
3️⃣ နောက်ဆုံး...အချက်က
သေပြီးရင် အပါယ်"ကျမှာ စိုးလို့လည်း
ဒီ"ဘဝကို စွန့်ပြီး မသေရဲကြပါဘူး!
သေတာ'နဲ့ ပါတ်သက်ပြီး
ဒီအကြောင်း တွေကို နည်းနည်း
စဉ်းစား ကြည့်စေချင်ပါတယ်
တကယ်တော့....
သေတယ်"ဆိုတာ ဟာ
အလွန် ကြောက်စရာ ကောင်းတဲ့ အရာကြီး တစ်ခု
ကိုယ့်'ဆီ ရောက်လာတာ မဟုတ်ပါဘူး
မနေရ တော့တာ တစ်ခု ပါပဲ 👈🏻❗
နေခွင့် မရှိတော့တာ
နေခွင့်"တစ်ခု...ကုန်ဆုံးသွားတာပါ၊
ရှေ့က"လူတွေလည်း ဒီလိုပဲ နေခွင့်တွေ
ကုန်ဆုံးသွားခဲ့ရတာပါ
ကြောက်တဲ့သူ လည်း ကြောက်ရင်းက
သေရတာပါပဲ❗
မကြောက်တဲ့သူ လည်း မကြောက်ပေမဲ့
သေရတာပါပဲ❗
ခံစားချက် တွေ ဘယ်လိုပဲ... ရှိရှိ
နောက်ဆုံးမှာ တော့ သူတို့လည်း
ဒီလိုပဲ ရင်ဆိုင် သွားခဲ့ကြတာပါ
ကိုယ့်'လောက် အသိဥာဏ် မရှိ၊
ကိုယ့်'လောက် လည်းပဲ ပြင်ဆင်ထားတာ
မရှိတဲ့ သူတွေတောင် ရင်ဆိုင်နိုင်သေးတာ
❗ဘုရားရှင်'ရဲ့တရားတော်တွေကို
❗ကျင်ကြံ'ပွားများ အားထုတ်ခွင့် ရနေတဲ့
❗(ကိုယ်)က ဘာလို့ များ
ကြောက်နေရမှာလဲ‼️
နေခွင့်'မရှိရင် မနေရုံပဲ ပေါ့...
သေရင်တော့ မသေခင်'လေး မှာ
သေလောက်အောင် နာမှာပဲ ...ဆိုတဲ့...
စကား'ကို လည်း သေချာ စဉ်းစားဖို့
လိုပါတယ်၊
စောစော'က ပြောခဲ့တဲ့ လူနာတွေလို
ဘာမှ သိပ် မခံစားရပဲ သေသွားတဲ့
သူတွေကိုလည်း အားလုံး ကြုံဖူးကြမှာပါ၊
ကိုယ့်"အလုပ် နဲ့ ဆက်စပ်နေတာမို့ ...
သေခါနီး'လူနာ များစွာကို နောက်ဆုံး အချိန်'အထိ
ထိုင်"စောင့် ပေးခဲ့ရဘူးပါတယ်
တကယ် သေခါနီး အချိန်မှာ ....
တချို့ ဆယ့်ငါးမိနစ် နာရီဝက်လောက် အလိုမှာ
အသက်ရှူတယ်"ဆိုရုံ ရှူရင်း က
ငြိမ်ကျသွားပါတယ်၊
နာ"လွန်းလို့ တွန့်လိမ် ရုန်းကန်ပြီး
နေရတာ မျိုးတွေ မရှိတော့ပါဘူး၊
ငြိမ်းကာ"နီး မီးတောက်'တစ်ခုလို ပဲ ‼️
တချို့ဆို ....
သေခါနီး မှ စကားတွေ ဘာတွေတောင်
ပြောသွား လိုက်ပါသေးတယ်
သေလောက်အောင် ဖေါက်ပြန်လို့သာ
သေသွားတယ် ဆိုတာ မှန်ပါတယ်
ဒါပေမဲ့....
အဲဒီ ဖေါက်ပြန်တာကို အလွန်'နာမှာပဲလို့တော့
မယူဆ စေချင်ပါဘူး
(Cancer) လို ရောဂါမျိုး မို့
နာကျင်မှု့ တွေခံစားရမယ် ဆိုရင်လည်း
နာစရာ'ရှိတာ နာပေါ့❗
အနာ သက်သာတဲ့ ဆေးတွေနဲ့လည်း
ကု မှာပေါ့ ၊အစ'ပိုင်းဘယ်လိုပဲ နာနေပေမဲ့
နောက်ဆုံး အချိန်သေခါနီးမှာတော့
မနာတော့ပါဘူး၊
အဲဒီ အချက်'နဲ့ ပါတ်သက်ပြီး .....
ဘုရားရှင် ဟောကြားထားတာ ရှိပါတယ်၊
သေခါနီးမှာ....
(ကာယပသာဒ)တွေ အရင်ဆုံး ချုပ်ပါတယ်‼️
ကျန်တာတွေလည်း တဖြည်းဖြည်း
ချုပ်သွားရင်း နဲ့ တဖြည်းဖြည်း
ဆုပ် သွားလိုက်တာ
နောက်ဆုံး မနော'ဝီဥာဉ် စိတ်ကလေး
တစ်ခု'သာ ကျန်ပါတယ်
ကာယပသာဒ (ချုပ်) ကထဲက
ဘာ နာကျင်မှု့'မှ မရှိတော့ပါဘူး
ဘာ"ထိတွေ့မှု့ ကိုမှ မသိတော့ပါဘူး
ဒီအကြောင်း တွေကို မြတ်စွာဘုရား ဟောတဲ့...
(ဖဂ္ဂုနသုတ္တန်) မှာ... အသေးစိတ် ပါပါတယ်
သေခါနီး လူတွေ အစ"က
ဘယ်လောက်ပဲ နာလို့ အော်ဟစ် ရုန်းကန်...နေကြပေမဲ့
တကယ် သေတော့မဲ့ အချိန်...နီးလာရင်
"ငြိမ်" သွားတတ်တာ
ဆရာဝန် တွေ ဆေး'ဝန်ထမ်း တွေ
တော်တော်များများ သတိထား မိမယ်
ထင်ပါတယ်၊
ဆိုလိုချင်တာက .....
မိမိတို့•••အများစု ကြောက်နေကြတဲ့
နာကျင်မှု့ ဆိုတာတွေ (လုံးဝ)မရှိဘဲနဲ့
သေခါနီး မှာ တရား'နှလုံးသွင်းဖို့
အချိန်'ကောင်းစွာ ရပါတယ်၊
ကိုယ့်" စိတ်ကလေးကို ကြည့်နေရင်းနဲ့
သေရမှာပါ၊
ဆရာတော် ဦးဇောတိက လည်း
ဒီ အကြောင်း'တွေ ဟောခဲ့ဘူးပါတယ်
အသက်ရှု ရပ်ပြီး မိနစ် (၂၀)လောက်
ကြာတဲ့ အထိ သိတဲ့ စိတ်က
ဆက် ရှိနေပါတယ်
အဲဒီ' အချိန်လေးမှာသာ
မိမိတို့ အနေနဲ့ အားထုတ်ရင်း ....သေနိုင်ခဲ့မယ်
ကုသိုလ်'စိတ် တွေနဲ့ သေနိုင်ခဲ့မယ် ဆိုရင်
ဘာမှ"ကို ပူစရာ မလိုတာပါ ❗
မိမိအနေ နဲ့ pressure 40/0 နဲ့
( ၉ )နာရီ လောက် ဘယ်လို
နာကျင်မှု့မျိုး ကိုမှ မခံစားရတော့ပဲ
အချိန်"ကောင်းစွာ ရပြီး တရား'အားထုတ်ရင်း
ဆုံးသွားတဲ့ အစာအိမ် cancer
လူနာ တစ်ယောက်ကို တွေခဲ့ဘူးပါတယ်၊
မိမိတို့ သာ သူတော်ကောင်း တရား'တွေ နဲ့
ထိုက်သင့် သလောက်
ပြည့်စုံအောင် ရင့်ကျက်အောင်
လေ့ကျင့်ထားမယ် အားထုတ်ထားမယ်
ဆိုရင် .....
အဲဒီ အချိန်'လေး မှာ
ဆက်ပြီး အားထုတ်သွားရုံပါပဲ....
အဲဒီလို သာ...အားထုတ်နိုင်ရင်
အခု"ဘဝ တရား'မရရင်တောင်
(ဒုတိယ)ဘဝ'မှာ ရနိုင်တဲ့ အကြောင်းကို
ဘုရားရှင် က အာမခံ'ထားတော်
မူခဲ့ပါတယ်၊
အဲဒီလို(quality) ကောင်းတဲ့ စိတ်နဲ့သာ
သေနိုင်သွားရင် ကျန်ခဲ့တာတွေကို
ဘာများ စွဲစရာ ရှိသေးလို့လဲ
နောက်ဘဝ ဘာ"ဖြစ်မယ် ဆိုတာကိုလည်း
တွေးပူစရာ မရှိပါဘူး
အပါယ်"ကျဖို့ ဆိုတာ ခေါင်းထဲမှာ
ထည့်ထား စရာတောင် မလိုတာပါ
အရေး'ကြီးတာက. ...
မိမိတို့ ဘက်က အခုလို
ကျန်းမာရေး ကောင်းလို့ စွမ်း"နိုင်တုန်း မှာ
သီလ'သမာဓိ'ပညာ အကျင့်'တွေ ကို
(နည်းလမ်း)မှန်စွာ ကြိုးစား အားထုတ်ဖို့ ပါပဲ၊
နေကြရတဲ့ အချိန်'မှာ ....
ကာယကံ'ဝစီကံ၊မနောကံ တွေ
ကောင်းသည်ထက် ကောင်းအောင်
စိတ်ထား တွေ မြင့်မြတ်သည်ထက် မြင့်မြတ်အောင်
၊ကုသိုလ်'စိတ် တွေ..အမြဲ ဖြစ်လို့
ယဉ်ကျေးသည်ထက် ယဉ်ကျေးအောင်၊
စိတ်'ထား တွေ
စင်ကြယ်သည်"ထက် စင်ကြယ်အောင်လို့....
လေ့ကျင့်'ထားမယ် ဆိုရင် .....
သေတဲ့ အခါ'မှာလည်း ဒီ အလေ့'အကျင့်တွေက
သူ့"အလုပ်•••သူ
လုပ်ဆောင် သွားပါလိမ့်မယ်....
တကယ် လေ့ကျင့်ထားတဲ့
အားကိုးလောက်တဲ့ တရား'အသိ တွေ ရှိနေသူ အတွက်
သေ•••တော့လည်း
ဂွပ် "ကနဲ သေလိုက်ရုံပါပဲ
ဓမ္မော ဟဝေ ရက္ခတိ ဓမ္မစာရီ
တရား'ကျင့်သော သူကို တရား'က ပြန်ပြီးတော့
စောင့်ရှောက်တယ်... ဆိုတဲ့...
ဘုရား"ရှင် ဟောကြားခဲ့တဲ့ တရားတော်"ကို
(အကြွင်း)မဲ့ ယုံစေချင်ပါတယ်၊
#ကဲ_သေရမှာ_က_ကြောက်စရာလား_❗! 👍🏻👌🏻🥰
🩺🩺🩺🩺🩺🩺🩺🩺🩺🩺🩺🩺🩺🩺🩺
✒️ Dr Pe Thet Tun
🎥
#မူရင်းရေးသားသူအားလေးစားစွာဖြင့်crdပေးပါတယ် #ကုသိုလ်ဖြစ်တစ်ဆင့်ပြန်လည်မျှဝေပါတယ် #လူ_နတ်ဗြဟ္မာသတ္တဝါအားလုံး_ဘေးရန်ကြောင့်ကြ_ဆင်းရဲကင်းလျက်_ကိုယ်စိတ်နှစ်ပါး_ကျန်းမာ_ချမ်းသာ_ကြပါစေ
#ကောင်းကျိုး_လိုအင်ဆန္ဒ_ပြည့်ဝနိုင်ကြပါစေ🙇🏻🙏🏻🙇🏻