30/01/2021
💍 စိန်ဝယ်တော့မယ်ဆို သိထားသင့်တဲ့ အချက် (၄) ချက်
Live လွှင့်ရောင်းနေတဲ့ စိန်ထည်တွေကိုကြည့်ပြီး သူတို့ပြောတဲ့ Carat တွေ Cutting တွေနားမလည်ပဲ လှလို့လိုက်ကြည့်မိတာမျိုး ဖြစ်ဖူးတယ်ဟုတ်?
အဲ့လိုဖြစ်ဖူးတယ်ဆိုရင်တော့ ဒီစာလေးကို ဆုံးအောင်သာ ဖတ်ကြည့်လိုက် ရှင်းရှင်းလင်းလင်း သိသွားပါလိမ့်မယ်..
စိန်ရဲ့ အရည်အသွေးနဲ့ တန်ဖိုးတို့ကို သတ်မှတ်ရာမှာ
1. Carat Weight – စိန်ရဲ့အလေးချိန်
2. Color – စိန်ရဲ့အရောင်
3. Clarity – စိန်ရဲ့သန့်စင်မှု
4. Cutting – စိန်သွေးကွက် ဆိုပြီး C ၄လုံးနဲ့ ပိုင်းခြား သတ်မှတ်ကြပါတယ်..
1. Carat Weight – စိန်ရဲ့အလေးချိန်
မြန်မာနိုင်ငံမှာတော့ စိန်ရဲ့ အလေးချိန်ကို ရတီချိန်လို့သာ ပြောကြပြီး တကယ့်တကယ် နိုင်ငံ တကာမှာတော့ Carat (ကာရတ်) လို့သာ ခေါ်ဝေါ်ကြတာပါ.. 1 Carat (ကာရတ်)မှာ 0.2gram ရှိပြီး ရတီအနေနဲ့ပြောမယ်ဆို 1.1 ရတီရှိပါတယ်..Carat (ကာရတ်) ချိန်များတာနဲ့အမျှ တန်ဖိုးလည်း ပိုကြီးသွားမှာပါ..
2. Color – စိန်ရဲ့အရောင်
စိန်ရဲ့ အရည် အသွေးကို စိန်ရဲ့ အရောင်ပေါ်မူတည်ပြီးလည်း တန်ဖိုးဖြတ်ပါတယ်.. နိုင်ငံ တကာမှာတော့ Gemological Institute of America (GIA) ဆိုတာရှိပြီး စိန်ရဲ့ အရောင်အလိုက် D မှ Z အထိ အဆင့်ခွဲခြား သတ်မှတ်ထားပါတယ်...
D, E, F, G, H, I, J, K, L, M, N,…………Z
D, E, F =Colorless
G, H, I= Near Colourless
K, L, M = Faint Yellow
N, O, P, Q, R =Very Ligh Yellow
S, T, U, V, W, X = Very Very Light Yellow
D ကတော့ အရောင်မဲ့ဖြစ်ပြီး အနာအဆာမရှိ၊ အရောင်အလှဆုံး၊ အစစ်ဆုံးလို့ပြောလို့ရပါတယ်.. စိန်ဝယ်တဲ့အခါမှာလည်း ဒီအဆင့်တွေပေါ်မှုတည်ပြီး ဈေးကွဲသွားမှာပါ..D ကနေမှတဖြည်းဖြည်း တန်ဖိုးလျော့လျော့သွားပြီး Z ကတော့ တန်ဖိုးအနိမ့်ဆုံးနဲ့ Fancy (ဖန်စီ)အဖြစ် အသုံးများပါတယ်...
3. Clarity – စိန်ရဲ့သန့်စင်မှု
စိန်ကို တန်ဖိုးဖြတ်တဲ့ အခါမှာ သန့်စင်မှုကလည်း အရေးပါပါတယ်..သန့်စင်မှုကိုတော့..
FL = Flawless
IF = Internally Flawless
VVS1 =. Very Very Small Inclusion 1
VVS2 =. Very Very Small Inclusion 2
VS1 =Very Small Inclusion 1
VS2. =Very Small Inclusion 2
SI1. = Small Inclusion 1
SI2 = Small Inclusion 2
SI3 = Small Inclusion 3
I 1 = Inclusion 1
I 2 = Inclusion 2
I 3 = Inclusion 3 ဆိုပြီး ရှိပါတယ်..
FL ကနေ IF, VVS1, VVS2 အထိ အသန့်စင်ဆုံး ဖြစ်ပြီး VS1 မှ l 3 ကတော့ အပေါ်မှာပြောထားတဲ့ အတိုင်း အစဉ်လိုက် သန့်စင်မှုအားနည်းပြီး အနာပါတာ ပိုများလာတယ်လို့ ပြောလို့ရပါတယ်..
4. Cutting – စိန်သွေးကွက်
သွေးကွက်ဟာလည်း စိန်တစ်ပွင့်ရဲ့ လင်းလက်တောက်ပဖို့အတွက် အရမ်းအရေးပါတဲ့ အရာပါ...စိန်တစ်ပွင့်မှာ သွေးကွက် ၅၇ ကွက်ဝန်းကျင်ရှိတတ်ပြီး အရွယ်အစားဘယ်လောက်ကြီးကြီး သွေးကွက်မလှရင် တောက်ပမှုအားနည်းပါတယ်..
မင်မင်တို့ “စိန်ရွှေတိုး” ရတနာဆိုင်မှာ ရွှေထည်တွေ သာမကဘဲ အရည်အသွေးပြည့်မှီတဲ့ စိန်ထည်တွေလည်း ရှိသေးကြောင်း အသိပေးရင်း စိန်ဝယ်တိုင်း ဒီအချက်တွေကိုကြည့်နိုင်အောင် အားလုံး ဗဟုသုတရစေဖို့ မျှဝေပေးလိုက်ပါတယ်နော်..
🎪" စိန်ရွှေတိုး "ရတနာရွှေဆိုင်
➖➖➖➖➖➖➖➖➖
ဆိုင်အမှတ်( ၁၇၉၊၁၈၀၊၁၈၁) ၊ မြို့မစျေးကြီး ၊ တောင်ငူမြို့။
☎️095352184