Toys In Taungoo

Toys In Taungoo Your reliable source for minifigures
Telegram : https://t.me/ToysInTaungooAdmin
Viber : +959972046555

Telegram Chat : https://t.me/ToysInTaungooAdmin
Telegram Channel : https://t.me/ToysInTaungoo
Viber : +959972046555

26/11/2025

တယ်လီဂရမ်
Telegram -

05/05/2025

Giveaway အတွက် လုပ်ထားပေမယ့် Toys In Taungoo တယ်လီဂရမ်မှာ ဘယ်လို run နေတယ်ဆိုတာလေးပါ ထည့်ပေးထားတော့ ပိုရှည်သွားတာပေါ့။
သူငယ်ချင်း / မိတ်ဆွေကို Toys In Taungoo page လေး ညွှန်းပေးရင်းနဲ့ Giveaway ကို ဝင်ပါပေးကြပါဦး

အားလုံးပဲ မင်္ဂလာပါစာမလာ၊ သတင်းမကြားနဲ့ မင်မင်တို့ Facebook ပေါ်ကနေ ပျောက်နေပေမယ့် Telegram မှာတော့ အမြဲ active ဖြစ်လျက်...
04/05/2025

အားလုံးပဲ မင်္ဂလာပါ
စာမလာ၊ သတင်းမကြားနဲ့ မင်မင်တို့ Facebook ပေါ်ကနေ ပျောက်နေပေမယ့် Telegram မှာတော့ အမြဲ active ဖြစ်လျက်ပါပဲ။

https://t.me/ToysInTaungoo
Message >> https://t.me/ToysInTaungooAdmin
TikTok>> https://tiktok.com/.in.taungoo
YouTube>> https://YouTube.com/

ကြားထဲမှာ တောင်ငူကနေ နေပြည်တော်ကိုရောက်နေတာ တစ်နှစ်လောက်ရှိနေခဲ့ပြီးကာမှ စစ်ကိုင်းငလျင်ပြောရမလား မန္တလေးငလျင်ပြောရမလားဆိုတာကြီးနဲ့တိုးလို့ မင်မင်တို့ ဆုံးရှုံးမှုများခဲ့ပါတယ်။ နေထိုင်ရာအဆောက်အအုံဟာလည်း နေထိုင်ရန်မသင့်တော့ခြင်းကြောင့် မနေရဲတော့တာနဲ့ သော့ခတ်ထားခဲ့ပေမယ့် မယူနိုင်သေးတဲ့ ပစ္စည်း‌တွေကို သူခိုးသူဝှက်တို့ယူဆောင်ခြင်းနဲ့ ကြုံကြိုက်ခဲ့ရပါတယ်။ လောလောဆယ်တော့ တောင်ငူမှာ ခဏပြန်နေတုန်းလေးမှာပဲ .....

Giveaway Event တစ်ခုလုပ်တာနဲ့ Facebook က ကာကာမာမာတို့ကို သတိတရနဲ့ ဖိတ်ကြားလိုက်ပါတယ်။

Giveaway မဲနှိုက်မယ့်ရက်ကတော့ မနက်ဖြန်သတ်မှတ်ထားပေမယ့် participants နည်းနေသေးရင် တစ်ရက်နှစ်ရက်လောက် နောက်ဆုတ်ပေးပါမယ်။

ဘယ်လိုလေးတွေ ပါဝင်လို့ရမလဲဆိုတာကိုရှင်းပြပေးမယ့် ဗီဒီယိုတစ်ခုကို ဒီညတင်ပေးပါမယ်။

ဆက်ဆက်စောင့်နေပေးပါနော် 🥰🥰🥰🥰🥰

 (ဂျူနီယာမင်မင်အခုမှအိပ်လို့ အခုမှပဲ သတင်းတင်ပေးနိုင်တော့တယ်၊ လိုင်းကလည်း မကောင်းဘူး 😅)WM6191 ဟာ One Piece After Time Sk...
03/12/2024


(ဂျူနီယာမင်မင်အခုမှအိပ်လို့ အခုမှပဲ သတင်းတင်ပေးနိုင်တော့တယ်၊ လိုင်းကလည်း မကောင်းဘူး 😅)
WM6191 ဟာ One Piece After Time Skip theme နဲ့ထုတ်ထားတာဖြစ်ပြီး WM blocks brand ရဲ့ Straw Hat Crew ကို အဓိကထားပြီးထွက်လာတာပါ။ အရှေ့မှာ OP character တွေကို 4 sets ထွက်အပြီး အခုမှ ပြန်ထွက်လာတာဆိုတော့ ကြားထဲမှာ ကြာသွားပါတယ်။ Character line up အရ Franky ကျန်နေသေးတယ်ဆိုတော့ နောက်ထပ် set တွေထွက်လာဖို့ ကျန်နေသေးတဲ့သဘောပါ။ Full set ဖြစ်အောင်ရှစ်ရုပ်ပဲထုတ်တာတော့ မဟုတ်ပါဘူး။ ထုတ်ချင်ရင် ဆယ်ရုပ်လည်းထုတ်၊ လေးရုပ်လည်း ထုတ်ပါတယ်၊ ဒီတော့ ဆက်ထွက်မယ်လို့ခန့်မှန်းတာပါ။
လက်ဖက်ကောင်းစားချင်လွန်းလို့ ပလောင်ကြီး WM တောင်တက်နှေးတာလည်း မပြောပါနဲ့။ ရှေ့က brand တွေရဲ့ အကျိုးအပြစ်တွေကို ထိုင်ကြည့်ပြီးမှ ရှယ်ထုတ်တဲ့ဆရာကြီးအထာနဲ့ပါ။ (ရှေ့ကထွက်ထားတာတွေလောက်မှမကောင်းရင် သူ့ဟာဝယ်မယ့်သူရှိမှာမဟုတ်ပါဘူး၊ WM က ထွက်တဲ့ မစွံတဲ့အရုပ်တွေလည်း ရှိပါတယ်)
ထွက်မယ့်အချိန်ကိုတော့ WM အရောင်းဌာနကို မင်မင်မေးထားပါတယ်။ (ခရစ်စမတ်မတိုင်ခင်မထွက်ရင် တရုတ်နှစ်ကူးခံနေတာနဲ့ တော်တော်နောက်ကျသွားမှာပါ)..
FB မှာက ပုံတွေ copyright ညိလွန်းလို့ အောက်က Telegram နဲ့ TikTok မှာ တင်ပေးထားပါတယ်။.
Telegram >> https://t.me/ToysInTaungoo
မင်မင့်အကောင့် >> https://t.me/ToysInTaungooAdmin
YouTube >> https://youtube.com/
TikTok >> https://TikTok.com/.in.taungoo

   အခုနောက်ထပ် အသစ်ထွက်တာတွေကလည်း အများကြီး၊လိုချင်နေတာကလည်း အများကြီး၊အရုပ်တန်ကြေးကလည်း (အခုအချိန်ပိုင်းလေးမှာ) ဈေးတန်န...
27/11/2024


အခုနောက်ထပ် အသစ်ထွက်တာတွေကလည်း အများကြီး၊
လိုချင်နေတာကလည်း အများကြီး၊
အရုပ်တန်ကြေးကလည်း (အခုအချိန်ပိုင်းလေးမှာ) ဈေးတန်နေသေးတယ်၊
ဆိုင်လေးငါးဆိုင်လောက်က အရုပ်တွေကလည်းမရောက်သေးတော့ ထပ်မှာဖို့ကလည်း မင်မင့်လက်ထဲမှာငွေမရှိ .....
ဒီလိုအခြေအနေနဲ့ မရိုးမရွဖြစ်နေကြတဲ့ မင်မင် နဲ့ ကာကာ/မာမာတွေ .....
ဒါပေမယ့် ဒီရက်ပိုင်းတော့ နည်းနည်းလောက်စမ်းပြီး မှာကြည့်မလားလို့ စိတ်ကူးနေပါတယ်။ အဲ့ဒါကြောင့် PO (Pre Order) Announce လေးလုပ်ပေးတာပါ။
ဘယ်ကနေမှာမလဲဆိုတော့ မင်မင်ပြောနေကျ WM ဆိုင်ကမှာမှာပဲဖြစ်ပါတယ်။
ဘယ်ဘရန်းတွေ မှာလို့ရလဲဆိုရင် -
WM blocks, LG, POGO, Koruit, KDL, DY Minifigs, XINH, G brand, TV brand အစရှိသဖြင့် မှာလို့ရပါတယ်။ (TP brand, Chen Gyi brand နဲ့ KOPF brand ကလွဲရင် ကျန်တာမှာလို့ရတာ များပါတယ်)
ကြာချိန်က တစ်လခွဲလောက်တော့ margin ပေးထားပါတယ်၊ ပြီးတော့ Full Prepaid မိုလို့ မှာနိုင်မှ၊ စောင့်နိုင်မှ မှာပေးပါခင်ဗျာ။
*** တကယ်မှာမယ့် အရုပ်များသာမေးပေးပါ၊ အများကြီးမေးပြီးမှ မမှာတော့ဘူးဆိုရင် မင်မင့်အနေနဲ့ ရှာရဖွေရ အချိန်ပေးရတာမိုလို့ တကယ်ကြီးကိုဘလော့ပါတော့မယ်။
Foot Note:
ရှေ့က PO တွေက မရောက်နိုင်သေးဘူး။ (မရောက်နိုင်ရသေးတဲ့အကြောင်းအရင်းကတော့ အတော်များများသိကြတဲ့အတိုင်းပါပဲ) မင်မင့်အရုပ်တွေက တခြားသူတွေနဲ့အတူတူ ဟိုကား ဒီကားခွဲပြီး တင်ထားပြီးပြီ၊ ကားဂိတ်ကနေ ထွက်ခွင့်မရသေးတာလည်း တော်တော်ကြာနေပြီ၊ ကားပေါ်ကပြန်ချလို့မရတဲ့အတွက် လမ်းပြောင်းခိုင်းလို့လည်းမရဘူး၊ ဒီကနေ ဘယ်လိုမှလုပ်မရဘူးဖြစ်နေတာ။ (စိတ်တော့မပူပါနဲ့၊ တခြားနည်းလမ်းတွေတော့ စုံစမ်းထားပါပြီ၊ အာမခံချက်မရှိလို့သာ မလုပ်သေးတာ)
ဝမ်းသာစရာတစ်ခုရှိတာက အစောဆုံးမှာထားတဲ့အရုပ်တွေက ထွက်လာဖို့အတွက် ပြင်ဆင်နေပါပြီ။
(အရှေ့က PO တချို့မရောက်သေးဘဲ PO အသစ်ထပ်လုပ်လို့ ပြောနေကြမလားလို့ စိတ်ပူနေရသေးတယ်).
Messenger ကနေ မင်မင့် reply ကြာတတ်တာမိုလို့ Telegram or Viber ကနေ ဆက်သွယ်ပေးပါခင်ဗျ။
Telegram >> https://t.me/ToysInTaungooAdmin
Viber >> +959972046555

🎉 Blindbag Promotion (Clearance Sale) 🎉.......ဂိုထောင်ရှင်းဈေးလေးတွေပါPOGO brand ကထုတ်တဲ့ blind bag တွေပါ။တစ်ထုပ်ကို နှစ...
26/11/2024

🎉 Blindbag Promotion (Clearance Sale) 🎉.......
ဂိုထောင်ရှင်းဈေးလေးတွေပါ
POGO brand ကထုတ်တဲ့ blind bag တွေပါ။
တစ်ထုပ်ကို နှစ်ထောင်နဲ့ အနည်းဆုံးကြိုက်နှစ်သက်ရာ ၅ ထုပ်ယူပေးပါ။
တချို့အထုပ်တွေကတော့ အများကြီးမကျန်တော့ပါဘူး။
(ဆိုင်ကယ်ပါတဲ့ Ninjago တွေကတော့ တစ်ထုပ်ကို နှစ်ထောင့်ငါးရာပါ)...
တခြားအင်စတော့တွေကြည့်နိုင်တဲ့ link >> https://qr.toysin.taungoo.net

မင်မင်က Facebook Messenger မှာ Online ဖြစ်တဲ့အချိန်နည်းတဲ့အတွက် Telegram ကိုလာခဲ့ပေးပါ။
DM / PM >> https://t.me/ToysInTaungooAdmin..
ဒါကတော့ ကျန်တဲ့စာရင်းပါ
PG209 - 10 PCs
PG166 - 13 PCs
PG172 - 1 PC
PG170 - 15 PCs
PG196 - 14 PCs
PG175 - 2 PCs
PG171 - 9 PCs
PG212 - 17 PCs
PG193 - 5 PCs
PG221 - 18 PCs

Toys In Taungoo မှ host လုပ်ပေးတဲ့ တတိယအကြိမ်မြောက် Minifigure Photo Contest အတွက် ရတဲ့ဆုတွေကို ကြေညာပေးတာပဲဖြစ်ပါတယ်။ဆု...
23/11/2024

Toys In Taungoo မှ host လုပ်ပေးတဲ့ တတိယအကြိမ်မြောက် Minifigure Photo Contest အတွက် ရတဲ့ဆုတွေကို ကြေညာပေးတာပဲဖြစ်ပါတယ်။
ဆုတွေရရှိသွားသူကတော့
1st Prize - Ryan Wallian
2nd Prize - Nyi Nyi
Most React Prize - Justin Joseph
Giveaway Prize - Davy Jones
ပထမဆုကလွဲပြီး ကျန်တဲ့ဆုတွေကတော့ မင်မင့်လက်ထဲမရောက်သေးပါဘူး။
ဆုရထားတဲ့အရုပ်တွေ မင်မင့်ဆီရောက်လာရင်တော့ ချက်ချင်းအကြောင်းကြားပေးမှာပါ။

ဆုတွေကို sponsor လုပ်ပေးသူကတော့ ကို Nyi Nyi ပဲဖြစ်ပါတယ်။
အခုလို စီစဉ်ပေးရတဲ့အကျိုးကြောင့် ကိုညီညီနှင့်မိသားစုဆွေမျိုးများအားလုံး ကျန်းမာ၊ ချမ်းသာ၊ ဘေးအန္တရယ်ကင်းရှင်းစွာ ရှိကြပါစေဗျာ။

(မင်မင့်အသံက ဆော်နဲ့ပြောနေသလိုဖြစ်သွားရင် ခွင့်လွှတ်ပါ)

တတိယအကြိမ်မြောက် ဓာတ်ပုံပြိုင်ပွဲဆုကြေညာတဲ့ Live ပါ။.Live Broadcast issue ရှိလို့ setting ခဏခဏပြန်ပြင်နေရတာနဲ့ အခုမှ Lin...
23/11/2024

တတိယအကြိမ်မြောက် ဓာတ်ပုံပြိုင်ပွဲဆုကြေညာတဲ့ Live ပါ။.
Live Broadcast issue ရှိလို့ setting ခဏခဏပြန်ပြင်နေရတာနဲ့ အခုမှ Link ရတယ်

Toys In Taungoo ကနေ host လုပ်ပေးတဲ့ မီနီဖစ်ဂါဓာတ်ပုံပြိုင်ပွဲကလေးဟာ အမှတ်စဉ် (၃) ကို ရောက်လို့လာပါပြီ။ ဆုကြေညာပေးဖို့ ဒီ...
23/11/2024

Toys In Taungoo ကနေ host လုပ်ပေးတဲ့ မီနီဖစ်ဂါဓာတ်ပုံပြိုင်ပွဲကလေးဟာ အမှတ်စဉ် (၃) ကို ရောက်လို့လာပါပြီ။ ဆုကြေညာပေးဖို့ ဒီကနေ့ည ကိုးနာရီခွဲ အောက်က LIVE မှာ ဆုံကြပါစို့ဆိုပြီး ဦးဦး၊ ဒေါ်ဒေါ်၊ ကိုကို၊ မမ၊ ဘိုးဘိုး၊ ဘွားဘွားများကို ဖိတ်ပါတယ်လို့ ....
ပြီးခဲ့တဲ့ တနင်္ဂနွေညကတည်းက ဆုကြေညာပေးမလို့ပြင်ဆင်နေတုန်း ကိစ္စပေါ်လာတာလေးတွေရှိတာရယ်၊ လူကသိပ်နေမကောင်းတာရယ်ကြောင့် ဒီနေ့အထိ နောက်ဆုတ်လိုက်ရခြင်းဖြစ်ပါတယ်။
VPN ခံစရာမလိုတဲ့ YouTube ကနေ Stream လုပ်မှာမို့ လာပေးကြပါဦးလို့

ညခင်း ကိုးနာရီခွဲမှာ LIVE ထုတ်လွှင့်မှာမို့ လာရင်ခုန်ပေးကြပါဦးGoodLuck to you ALL !!!

17/11/2024

The results will be coming soon

For Most Reaction Prize=====အားလုံးပဲ မင်္ဂလာပါ။ အခုကတော့ Photo Contest အစီအစဉ်ထဲမှာပါတဲ့ Reaction အများဆုံးရတဲ့ဆုအတွက်ပ...
11/11/2024

For Most Reaction Prize
=====
အားလုံးပဲ မင်္ဂလာပါ။ အခုကတော့ Photo Contest အစီအစဉ်ထဲမှာပါတဲ့ Reaction အများဆုံးရတဲ့ဆုအတွက်ပဲဖြစ်ပါတယ်။ အခုပို့စ်အောက်ကပုံကိုပဲ share လုပ်ပြီး သူငယ်ချင်း၊ မိတ်ဆွေတွေဆီက reaction တွေ သိမ်းကျုံးရယူလိုက်ရအောင် .....
(နိုဝင်ဘာလ ၁၅ ရက်နေ့ည ကျော်လွန်သွားရင်တော့ Reaction တွေ ထည့်သွင်းရေတွက်ခြင်း မလုပ်တော့ပါဘူး)
❤ ပထမဆု၊ ဒုတိယဆု၊ Reaction အများဆုံးဆု နဲ့ ပါဝင်ယှဉ်ပြိုင်ကြသူများအတွက် Giveaway ဆုတွေကို နိုဝင်ဘာလ ၁၇ ရက်နေ့ (တနင်္ဂနွေနေ့) မှာ ကြေညာမှာဖြစ်တဲ့အပြင် Giveaway များကိုလည်း ထပ်မံဖောက်သွားပေးပါမယ်။

အခုတခေါက်ဓာတ်ပုံပြိုင်ပွဲရဲ့ Most Reaction Prize မှာ ထူးခြားချက်တစ်ခုအနေနဲ့ Facebook React တွေတင်မကဘဲ Telegram React ကိုပါ ထည့်သွင်းရေတွက်သွားမှာပဲဖြစ်ပါတယ်။

Telegram Reaction Contest Link >> https://t.me/titphotocontest
Facebook Reaction Contest Link >> https://www.facebook.com/ToysInTaungoo/posts/pfbid02czMSY9VucbTxxABEWvheA5D8TJ1yZJRFTg7qj8gaFnuV1EWdpfLTn3fWzFpgvVmsl

အခုတခေါက်ပြိုင်ပွဲအမှတ်စဉ် (၃) ကတော့ အခြေအနေအရပ်ရပ်ကြောင့် ပါဝင်ယှဉ်ပြိုင်ကြတဲ့သူနည်းလိမ့်မယ်ဆိုတာကို ပွဲမလုပ်ခင်ကတည်းက တွက်ဆထားမိပါတယ်။ ဒါပေမယ့် LEGO / Minifig Community ကို strong and united ဖြစ်လာစေဖို့ ဆုတွေကို အတတ်နိုင်ဆုံးစီစဉ်ပေးပြီး sponsored ခဲ့တဲ့ ကိုညီညီကို အထူးကျေးဇူးတင်ရှိကြောင်း ဦးစွာပထမပြောကြားလိုပါတယ်။ (နောက်ကိုလည်း ဆန်းပြားတဲ့ဆုတွေနဲ့ ပွဲလေးတွေကို အစဉ်မပြတ်လုပ်ပေး၊ အကူအညီပေးမယ်လို့ ထောက်ပံ့ပေးတဲ့အတွက်လည်း ဝမ်းသာအားရမိပါတယ်)
ဒီနေ့ရတဲ့ပုံတွေကို စီကြည့်လိုက်တော့ ၂၅ ဦး ပါဝင်ယှဉ်ပြိုင်တာကိုတွေ့ရပါတယ် (ကိုယ့်ရဲ့ပြိုင်ပွဲဝင်ပုံ မပါသေးရင်လည်း မင်မင့်ကိုပြောပေးပါဦး) အရင်အခေါက်တွေက ပြိုင်တဲ့သူတွေကိုလည်း ပြန်တွေ့ရပါတယ်။ လက်ရာတွေ တက်လာတာကို အားရမိကြောင်းနဲ့ ဝင်ရောက်ယှဉ်ပြိုင်ပေးတဲ့အတွက်လည်း ကျေးဇူးတင်ရှိပါတယ်။

အခု Most Reaction Prize အတွက်ရရှိမယ့်ဆုကတော့ CoolFun Brand ရဲ့ ပါကျဲ set (Minifig + Bricks) ပဲဖြစ်ပါတယ်။
နောက်ပွဲတွေဆိုရင် ဘာဆုတွေလိုချင်လဲဆိုတာကို ကြိုတင်ပြီး မေးကြည့်ပေးပါမယ်။

(အစတုန်းကတော့ မနက်ဖြန်မှတင်ပေးမလို့ပါပဲ၊ အခုတော့ စောစော collect ပြီးတော့ စောစောတင်ပေးလိုက်တာ)

Address

Panchi Takhar Street (Jail Street)
Taungoo
08101

Opening Hours

Monday 09:00 - 19:00
Tuesday 09:00 - 18:30
Wednesday 09:00 - 18:30
Thursday 09:00 - 18:30
Friday 09:00 - 18:30
Saturday 09:00 - 18:30
Sunday 09:00 - 18:30

Telephone

+959955574204

Alerts

Be the first to know and let us send you an email when Toys In Taungoo posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Toys In Taungoo:

Share

Category