04/03/2026
၃ ရက် ၃ လ အဓိဌာန်
နံပါတ် ၃
ကံပွင့်၊လာဘ်ဖွင့် ၉ရက် အဓိဌာန်✨
=========================
ငွေကြေးကိစ္စတွေနဲ့ပတ်သတ်ပြီး အောင်မြင်စေတဲ့ အဓိဠာန်တခုပါ။ တကယ်တမ်းပြောရရင် ငွေကြေးအခက်အခဲအတွက် လုပ်သောငြားလည်း မိမိစိတ်ကို အဖြူစင်ဆုံးထားပြီး ကုသိုလ်စိတ်၊ ဗုဒ္ဓမြတ်စွာဘုရားကိုကြည်ညိုသောစိတ်နဲ့ပဲ အဓိကလုပ်သင့်တာပါ။ Intention ကအရေးကြီးပါတယ်။ တချိန်လုံး ပူနေတဲ့စိတ်လေးခဏရပ်ထားပြီး အတတ်နိုင်ဆုံး လောဘစိတ်ကို လျော့ထားပါ။ ဒါဟာ ပုံမှန်ငွေကြေးအတွက် လုပ်ရတဲ့ ritual လိုမျိုး မဟုတ်တဲ့အတွက် စည်းကမ်းရှိရပါတယ်။ ရေသောက်ရင် ရေဝမှာမှန်ပေမယ့် ရေထဲကိုဘာမှမရောမိဖို့ကအရေးကြီးပါတယ်။ ဒါမှရေရဲ့ အကျိုးအာနိသင်အပြည့်အဝရမှာပါ။
အဓိဌာန် အတွက် အချိန်မှန် နေရာမှန်တခုမှာ လုပ်နိုင်တာကအကောင်းဆုံးပါပဲ။ မနက်အိပ်ယာထအချိန်တခုမှာလုပ်မယ်ဆို အဲ့အချိန်မှာလုပ်ဖြစ်အောင်လုပ်ပါ။ ဒီနေရာမှာ လုပ်မယ်လို့ သတ်မှတ်ထားတဲ့နေရာမှာလုပ်ပါ။ ပြီးရင် ရေတခွက်နဲ့အမြဲ အဓိဌာန် လုပ်ပါ။ ဖန်ခွက်အကြီးနဲ့လုပ်ပါ အရမ်းမသေးပါစေနဲ့။ အဲ့ဒီရေတခွက်အတူ အဓိဌာန် တင်ပြီး သစ္စာဆိုပါ။ အမွှေးတိုင် တစ်တိုင်လဲပူဇော်ပါ။ ပြီးရင်အဓိဠာန် ဆက်လုပ်ရမှာဖြစ်ပါတယ်။ ၉ရက်ကြာပါလိမ့်မယ်။ အဲ့လို ၉ရက်တကြိမ် အနည်းဆုံး ၃ခါဆက်တိုက်လုပ်ပါ။ တချို့က အဆင်ပြေလို့ ၉ခါအထိလုပ်တဲ့သူတွေလဲရှိပါတယ်။ ပြီးရင်တော့ တလတကြိမ် ၉ရက်အဓိဠာန်လေးကို လတိုင်းလုပ်ပါ။ သေချာတာတခုက မိတ်ဆွေဘယ်တော့မှ ထမင်းမငတ်တော့ပါဘူး။
ဒီ၉ရက်မှာ စင်္ကြာဝဠာတခွင်လုံး၌ အတုမရှိသော ဗုဒ္ဓမြတ်စွာရဲ့ကြီးမားလှစွာသောဂုဏ်သတ္တိတွေနဲ့အတူ အဓိဌာန် တာဖြစ်ပါတယ်။ ဆုတခုကိုသာ တောင်းပါ။ လောဘနဲ့ဒေါသ တရက်တခြားလျော့နိုင်လေလေ ပိုသိသာလေလေပါ။ သူများမကောင်းကြောင်းပြောတာရှောင်ပါ။
ပထမရက်
အရဟံ ပုတီး(၉)ပတ်
ဒုတိယရက်
သမ္မာသမ္ဗုဒေါ ပုတီး(၉)ပတ်
တတိယရက်
ဝိဇ္ဇာစရဏသမ္ဗန္နော ပုတီး(၉)ပတ်
စတုတ္ထရက်
သုဂတော ပုတီး(၉)ပတ်
ပဉ္စမရက်
လောကဝိဒူ ပုတီး(၉)ပတ်
ဆဌမရက်
အနုတ္တရောပုရိသ ဒမ္မသာရထိ ပုတီး(၉)ပတ်
သတ္တမရက်
သတ္တာဒေဝမနုသာနံ ပုတီး(၉)ပတ်
အဌမရက်
ဗုဒ္ဒေါ ပုတီး(၉)ပတ်
နဝမရက်
ဘဂဝါ ပုတီး(၉)ပတ်
တရက်ပုတီးစိတ်ပြီးတာနဲ့ တရက်စာပြီးသွားကြောင်း သစ္စာတင်ပြီး အဲ့ဒီသစ္စာနဲ့အတူ မိမိဖြစ်လိုတဲ့အရာကို လေးလေးနက်နက်နဲ့ သေချာဆုတောင်းပါ။ ပြီး သတ္တဝါအားလုံးကို အမျှဝေပြီး သူတော်ကောင်းတွေရဲ့ မေတ္တာကို ပြန်ပြီးခံယူပါ။ ကပ်ထားတဲ့ရေကို ၉နာရီထားပြီး အပင်တခုကိုလောင်းရင် ငါကံကောင်းနေပြီး၊ ငါချမ်းသာတော့မယ်ဆိုပြောပါ။ ဒုက္ခရောက်နေတဲ့သူတွေတွေ့ရင်လဲ ဒီအဓိဌာန် လေးကိုမျှဝေပေးကြပါ။