Thant Agrochemical Shop

Thant Agrochemical Shop Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Thant Agrochemical Shop, Kyaungsh*tse, Oaktwin Township, Taungoo.

18/07/2024
11/07/2024

မသိကြဘူးလို့တော့
မထင်နဲ့နော်
လွန်လာပြီ

စပါးမှာကျနေတဲ့ပိုးဥလေးတွေ
27/06/2024

စပါးမှာကျနေတဲ့ပိုးဥလေးတွေ

18/09/2023

ယူရီးယား ဘယ်လိုထုတ်လုပ်သလဲနှင့် ဘက်စုံအသုံးချပုံများ
မြန်မာအမည် - ပုလဲဓာတ်မြေသြဇာ
အင်္ဂလိပ်အမည် - Urea (ယူရီးယား)
ဖော်မြူလာ - [CO(NH2)2]
နိုက်ထရိုဂျင်ပါဝင်မှု - ၄၆ %
စျေးကွက်သုံးယူနစ် - ကီလိုဂရမ်
အသုံးပြုနိုင်သောပုံစံ - အခဲ၊ အရည် နှင့် ရွက်ဖျန်းပုံစံ
ယူရီးယားဆိုတာ...
ယူရီးယား [CO(NH2)2] ဆိုတာ နိုက်ထရိုဂျင်ဓာတ် ၄၆ ရာခိုင်နှုန်းပါဝင်ပြီး အပင် များ ကြီးထွားဖွံ့ဖြိုးရန် မရှိမဖြစ်အရေးပါတဲ့ အာဟာရဓာတ်ဖြစ်ပါတယ်။ Carbamide လို့လည်း သိကြပါတယ်။ အဖြူရောင်ဖြစ်ပြီး ပင်ကိုယ် ကတော့ အနံ့မရှိပါ။

ဓာတ်မြေသြဇာ၊ တိရစ္ဆာန်စာများ၊ ပလတ်စတစ်နဲ့ ဆေးဝါးစတာတို့ ထုတ်လုပ် တဲ့အခါမှာ အသုံးပြုတဲ့ အော်ဂဲနစ်ဓာတ်ပေါင်းလည်း ဖြစ်ပါတယ်။ အပူချိန် ၁၃၂.၇ ဆဲလ်စီးယပ်မှာအရည်ပျော်သလို ရေနဲ့အရက်မှာ အလွယ်တကူ ပျော်ဝင်နိုင်ပါတယ်။ ဒီလိုမျိုး ပျော်ဝင်လွယ်၊ ဆုံးရှုံးလွယ်တာကြောင့် ယူရီးအကြောင်းကို သေချာသိထားဖို့ လိုအပ်ပါတယ်။

ယူရီးယားဟာ အပင်ကပမာဏများများလိုအပ်သော Macronutrients အမျိုး အစားထဲမှာ ပါဝင်ပါတယ်။ ဒါကို တောင်သူဦးကြီးတိုင်းလိုလိုလည်း သိကြပြီးဖြစ်ပါလိမ့် မယ်။ စိုက်ပျိုးပင်တွေမှာဆိုရင် သူက အပင်ပိုင်းဆိုင်ရာ ကြီးထွားမှုကို ထောက်ပံ့ပေးပြီး အစာချက်လုပ်ရာမှာ ကူညီပေးပါတယ်။ အပင်တစ်ပင်ဟာ ကောင်းစွာကြီးထွား လာနိုင်မှ ပန်းပွင့်ချိန်မှာ ကောင်းကောင်းအလုပ်လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။

ယူရီးယားကို ဘယ်လိုထုတ်လုပ်လဲ

ယူရီးယားကို သက်ရှိတို့ရဲ့ဆီးထဲမှာ၊ မှိုအချို့တို့မှာ သဘာဝအတိုင်း တွေ့ရပါတယ်။ နောက် သဘာဝဓာတ်ငွေ့၊ လေထုနိုက်ထရိုဂျင်၊ ရေတို့ကို အပူချိန်နဲ့ဖိအားမြင့်မြင့်မှာ အတူတကွ ဓာတ်ပြုပြီးလည်း ထုတ်လုပ်နိုင်ပါတယ်။

ဓာတ်ပြုလိုက်တဲ့အခါမှာ အမိုးနီးယားနဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်တို့ ထွက်လာပါ တယ်။ အဲ့ဒီဓာတ်ငွေ့တွေကို ထပ်ပြီးတော့ အပူချိန်နဲ့ဖိအားမြင့်မြင့်မှာ ဓာတ်ပြုလိုက်ခြင်း ဖြင့် အရည်ယူရီးယား ထွက်လာပါတယ်။ ဒါကို တစ်ဖန်ပြန်လည်အအေးခံပြီးရင်တော့ စက်ရုံသုံးအတွက်၊ စိုက်ပျိုး‌ရေးသုံးဓာတ်မြေသြဇာအတွက် အခဲများ ထုတ်လုပ်နိုင်ပြီဖြစ်ပါ တယ်။ ဒါ့အပြင် ဒီအရည်ပူတွေကို ယူရီးယားအရည် ထုတ်လုပ်ရာမှာလည်း အသုံးပြုနိုင် ပါတယ်။

အသုံးပြုပုံ

ယူရီးယားမြေသြဇာဟာ နိုက်ထရိုဂျင်ပမာဏများများပါဝင်ပြီး အသုံးများတဲ့ ဓာတ်မြေသြဇာဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်၅၀ကျော်က စတင်ပြီး စျေးကွက်ထဲ ဖြန့်ခဲ့ ပြီးတော့ နာမည်ကြီးလာတာဖြစ်ပါတယ်။ ကမ္ဘာတစ်ဝန်း ထုတ်လုပ်ထားတဲ့ နိုက်ထရိုဂျင် ဓာတ်မြေသြဇာ အသုံးပြုမှုတစ်ဝက်ဝန်းကျင်ကိုတော့ ယူရီးယားအနေနဲ့ အသုံးပြုနေ ကြတာ ဖြစ်ပါတယ်။

ယူရီးယားကို အခဲ၊ အရည်အနေနဲ့ စိုက်ပျိုးမြေမှာ အသုံးပြုနိုင်သလို ရွက်ဖျန်း အနေနဲ့လည်း အပင်မှာ အသုံးပြုနိုင်ပါတယ်။ ဒါ့အပြင် အမိုနီယမ်ဖော့စဖိတ်( MAP and DAP) နှင့် ပိုတက်ဆီယမ်ကလိုရိုက် (Muriate of Potash)တို့နဲ့ ရောနှောပြီး ကွန်ပေါင်း ဓာတ်မြေဩဇာအနေနဲ့လည်း အသုံးပြုနိုင်ပါတယ်။ သို့ပေမဲ့ စူပါဖော့စဖိတ်နဲ့တော့ ရောပြီး အသုံးမပြုသင့်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ယူရီးယားဟာ စူပါဖော့စဖိတ်နဲ့ ဓာတ်ပြုပြီး အစိုဓာတ်ကို စုပ်ယူတာကြောင့် ဒီအရောဟာ စေးကပ်ကပ်ဖြစ်ပြီး အချိန်တို အတွင်း သုံးမရဖြစ်လာတတ်လို့ပါ။

နွား၊ ဆိတ်တို့လို စားမြုံ့ပြန်တိရစ္ဆာန်များ ခြောက်သွေ့ရာသီအတွင်း ပရိုတင်း ပမာဏနည်းတဲ့ အစာကြမ်းများ ကောင်းကောင်းစားသောက်စေဖို့ဆိုရင်လည်း ပရိုတင်း မဟုတ်သော နိုက်ထရိုဂျင်ဖြည့်စွက်အစာ (NPN) အနေနဲ့ ယူရီးယားကို အသုံးပြုနိုင်ပါ တယ်။

စက်မှုလုပ်ငန်းသုံးအဖြစ် ယူရီးယားကို အသုံးချပုံတစ်ခုကတော့ ဆောက်လုပ်ရေး နယ်ပယ်အတွက် ကြိတ်သားတွေ၊ ကျွန်းသစ်ထုတ်ကုန်တွေ လုပ်တဲ့နေရာမှာ သုံးရသော ကော်တစ်မျိုးဖြစ်တဲ့ Urea-Formaldehyde ဆိုတဲ့ ကော်ရည်တစ်မျိုးအဖြစ် ပြုလုပ် သုံးစွဲခြင်းပါပဲ။

ဒါ့အပြင် ယူရီးယားအမိုနီယမ် နိုက်ထရိတ် Urea Ammonium Nitrate (UAN) နဲ့ Selective Catalytic Reduction (SCR) Urea တို့လို ယူရီးယားပျော်ရည်များ ပြုလုပ် ရာမှာလည်း ယူရီးယားကို အသုံးပြုပါတယ်။

ယူရီးယားအမိုနီယမ်နိုက်ထရိတ်ကိုတော့ နိုက်ထရိုဂျင်ဓာတ်မြေသြဇာအရည် အနေနဲ့ အသုံးပြုကြတာဖြစ်ပါတယ်။ SCR Urea ကိုတော့ အလုပ်လုပ်ဆောင်တာများတဲ့ ဒီဇယ်စက်တွေမှာ အလုပ်လုပ်ဆောင်အား ကောင်း စေဖို့၊ နိုက်ထရက်အောက်ဆိုဒ် (NOx) ထုတ်လွှင့်မှုနည်းစေဖို့ အိတ်ဇောဓာတ်ငွေ့ဆေးကြောရည်အနေနဲ့ အသုံးပြုတာ ဖြစ်ပါ တယ်။ နိုက်ထရတ်အောက်ဆိုဒ်ဟာ မီးခိုးမြူများ ဖြစ်စေနိုင်ပါတယ်။

မြေထဲရှိ ယူရီးယား

ယူရီးယားကို အချို့အပင်တွေက တိုက်ရိုက်အသုံးပြုနိုင်တယ်ဆိုပေမဲ့ သူ့ထဲမှာ ရှိတဲ့ နိုက်ထရိုဂျင်ဓာတ်ကို မြေသားထဲမှာ အမိုနီယမ်(NH4+) နဲ့ နိုက်ထရိတ်(NO3-) အဖြစ် ဖြိုခွဲပြီးနောက်မှာမှ အပင်တွေက ပိုပြီးအသုံးပြုရ လွယ်ကူစေပါတယ်။ စိုက်ခင်းထဲ ထည့်လိုက်တဲ့ယူရီးယားကို မြေသားထဲမှာ သဘာဝအတိုင်းရှိတဲ့ ယူရီ့စ်(Urease) အင်ဇိုင်းက ရက်အနည်းငယ်အတွင်း အမိုနီယမ်အဖြစ် ပြောင်းလဲပေးပါတယ်။ အဲ့ဒီ ဖြစ်စဉ်ကို Ammonification လို့ ခေါ်ပါတယ်။ ဒီ့နောက်မှာတော့ မြေသားထဲမှာရှိတဲ့ ဘတ်တီးရီးယားတွေက ရက်သတ္တပတ်အနည်းငယ်အတွင်း အမိုနီယမ်ကနေ နိုက်ထရိတ်အဖြစ် ပြောင်းလဲပေးလိုက်ပါတယ်။ ဒီဖြစ်စဉ်ကိုတော့ Nitrification လို့ ခေါ်ပါတယ်။

မြေမှုန်၊ မြေသားတွေဟာ အမိုနီယမ်ပုံစံနိုက်ထရိုဂျင်ကို ကောင်းကောင်းစုပ်ယူ ထိန်းထားနိုင်ပါတယ်။ နိုက်ထရိတ်ပုံစံကိုတော့ အဲ့ဒီလောက်စုပ်ယူထိန်းထားနိုင်စွမ်းမရှိလို့ ရေတွေလျှံထွက်သွားအောင်သွင်းတာ၊ မိုးသည်းထန်စွာ ရွာသွန်းတာမျိုးတွေဖြစ်ရင် စိမ့်ထွက်သွားနိုင်ပါတယ်။ ဒီလိုဆုံးရှုံးမှုတွေဟာ ဖွယ်တဲ့မြေတွေ၊ သဲမြေတွေမှာဆိုရင် ပိုဖြစ်နိုင်ပါတယ်။

စိုက်မြေတွေမှာ ရေဝပ်ပြီဆိုရင် နိုက်ထရိတ် နိုက်ထရိုဂျင်ဟာ Denitrification ( NO3 မှ NO2) ဖြစ်စဉ်ကနေတဆင့် လေထုထဲ ဆုံးရှုံးသွားတာဖြစ်ပါတယ်။ မြေအောင်းအဏုဇီဝသက်ရှိငယ်လေးတွေဟာ ပုံမှန်ရရှိနေတဲ့ အောက်ဆီဂျင် ပြတ်လပ် သွားပြီဆိုရင် နိုက်ထရိတ်( NO3- )ကို ဓာတ်ငွေ့ပုံစံ(နိုက်ထရက်အောက်ဆိုဒ်၊ မော်လီကျူ လာနိုက်ထရိုဂျင်,N2)အဖြစ် ဓာတ်လျော့ပြီး အငွေ့ပျံသွားစေပါတယ်။

ဒါ့အပြင် စိုက်ပျိုးမြေတွေမှာ ယူရီးယားကို မြေသားနဲ့ပေါင်းစပ်ခြင်းမရှိဘဲ မြေ မျက်နှာပြင်ပေါ်မှာသာ ပက်ကြဲ ထားမယ်ဆိုရင်လည်း အမိုနီးယားဓာတ်ငွေ့တွေဟာ လေထဲကို အငွေ့ပျံဆုံးရှုံးသွားတတ်ပါတယ်။ ဒါကြောင့် ယူရီးယားမြေသြဇာထည့်ပြီး ပြီဆိုရင် ၃ စင်တီမီတာ (၁ လက်မကျော်ခန့်) အထူလောက် မြေဖုံးပေးခြင်း (သို့) မြေဩဇာထည့်ပြီး ချက်ချင်းရေသွင်းပေးခြင်းတို့ပြုလုပ်ပေးသင့်တာဖြစ်ပါတယ်။ ဒါမှသာ ဆုံးရှုံးမှုတွေကို ထိန်း ချုပ်နိုင်မှာပါ။

ရွှံ့စေးမြေများ၊ မြေဆွေးများမှာဆိုရင်တော့ အမိုနီယမ် အိုင်ရွန် (NH4+) တွေကို မြေမှုန်/သားမျက်နှာပြင်မှာ ဆွဲငင် တွယ်ကပ်ထားပါတယ်။ ဒါကြောင့် အမိုနီယမ်အချို့သာ ပျော်ရည်ထဲမှာကျန်ရှိခဲ့ပြီး အများစုကတော့ မြေမှုန်တွေကို တွယ်ကပ်သွားကြတာကြောင့် အမြစ်ဇုန်ကနေ အလွယ်တကူ မဆုံးရှုံးနိုင်တော့ပါဘူး။

ဒီလိုမျိုးစိမ့်ထွက်ခြင်းကြောင့်နဲ့ အငွေ့ပျံခြင်းကြောင့် နိုက်ထရိုဂျင်တွေ ဆုံးရှုံးတာ တွေဟာ ယူရီးယားမြေဩဇာ တစ်မျိုးတည်းမှာတော့ မဟုတ်ပါဘူး။ အခြား နိုက်ထရိုဂျင် ဓာတ်ပါတဲ့ မြေဩဇာတွေ၊ စိုက်မြေမှာ သဘာဝအတိုင်းရှိနေတဲ့ နိုက်ထရိုဂျင်တွေမှာလည်း ဆုံးရှုံးမှုတွေ ရှိတတ်ပါတယ်။

ဓာတ်မြေသြဇာအနေနဲ့ အသုံးပြုမှု

ယူရီးယားကို တစ်ရာသီခံပင်တွေမှာ မျိုးစေ့များနဲ့ တိုက်ရိုက်ထိတွေ့ပြီး အန္တရာယ်ကင်းကင်းနဲ့ အသုံးပြုတဲ့အခါ ၊ အပင်တစ်ရှူးတွေ မလောင်စေဘဲ ရွက်ဖျန်း အဖြစ်အသုံးပြုတဲ့အခါတွေမှာ အခြားနိုက်ထရိုဂျင်ဓာတ်ပါတဲ့ ဓာတ်မြေသြဇာတွေလိုပဲ ဘယ်လောက်ပမာဏသုံးရမယ်ဆိုတာ အကန့်အသတ်ရှိပါတယ်။

ဝါခင်း၊ အစေ့ရစိုက်ခင်းတွေမှာ မစိုက်ပျိုးခင် မြေလှပ်ကာလမှာ ယူရီးယားကို ထယ်ကြောင်းအလိုက် ထည့်ကြပါတယ်။ မြေသားစေးတဲ့ ရွှံ့စေးဆန်တဲ့ ကုန်းတွင်းပိုင်း စိုက်ပျိုးမြေတွေမှာဆိုရင်တော့ မြေသြဇာကို ထိန်းထားပေးနိုင်တာကြောင့် ဒါမျိုးကို အသုံးများကြပါတယ်။ ဒါပေမဲ့ မိုး‌ရေချိန်များတဲ့၊ သဲဆန်တဲ့မြေတွေ မှာဆိုရင်တော့ နိုက်ထရိုဂျင်တွေ အလွယ်တကူ စိမ့်ထွက်ဆုံးရှုံးနိုင်ပါတယ်။ ဒါ့ကြောင့် မိုးရေချိန်များများ ရရှိတဲ့ မြေ၊ သဲဆန်တဲ့မြေ၊ စိုက်ပျိုးရာသီအတောအတွင်းမှာ မိုးရေချိန်ကောင်းကောင်း ရရှိတဲ့ မြေတွေမှာဆိုရင် မျိုးစေ့/အပင်များစိုက်ပြီးတော့မှသာ အပေါ်ကနေ ပက်ကြဲ အသုံးပြုကြပါတယ်။ ဒါမှ မြေသားထဲ၊ အမြစ်ဇုန်ထဲ တွေဆီ စိမ့်ဆင်းသွားပြီး အပင်က အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

ဟင်းသီးဟင်းရွက်နှင့် အခြားအသီးအနှံများမှာတော့ စိုက်ပျိုးရာသီအတောအတွင်း ယူရီးယားကို အပင်ဘေး ပတ်လည်ကနေ ထည့်ကျွေးကြပါတယ်။ ကြံပင်များမှာလည်း စိုက်ပြီး အပင်ဘေးကနေ ထည့်ပေးကြပြီး လမိုင်းပင်များကိုလည်း ထပ်ထည့် ပေးကြပါတယ်။ စားကျက်ခင်းများ၊ နွားစာပင်များတွင်လည်း စိုက်ပျိုးရာသီ အတွင်းမှာ လိုအပ်သလို အပေါ်ကနေ ပက်ကြဲကြပါတယ်။ ရေသွင်းစိုက်တဲ့ သီးနှံခင်းတွေမှာတော့ သွင်းရေထဲကို မြေသြဇာဖျော်ပြီး “နည်းနည်းနဲ့မကြာခဏ” ထည့်ပြီး ထိထိ ရောက်ရောက်ကျွေးပါတယ်။ အပင်လိုအပ်ချိန်နဲ့ ရယူနိုင်ချိန်ကို ကိုက်ညီစေဖို့ ချိန်ဆ တွက်ချက်ပြီးတော့ ထည့်ကျွေးနိုင်ရင် ပိုကောင်းပါတယ်။

နိုက်ထရိုဂျင်ဆိုတာက အပင်က အများကြီးလိုအပ်တဲ့အာဟာရဓာတ်မျိုးဖြစ်လို့ အပင်လိုသလောက် ဖြည့်ပေးနိုင်ဖို့ဆိုရင် ရွက်ဖျန်းအနေနဲ့ချည်းအသုံးပြုပေးရုံနဲ့ အဆင် မပြေနိုင်ပါဘူး။ မြေကြီးထဲကို တိုက်ရိုက်ထည့်ပေးတာက ပိုကောင်းပြီး ရွက်ဖျန်းအနေနဲ့ ဖြည့်စွက်ထည့်ပေးတဲ့ပုံစံနဲ့သာ သုံးပေးတာ ပိုကောင်းပါတယ်။

ဥယျာဉ်ခြံသီးနှံတွေမှာတော့ အပင်ရဲ့လိုအပ်ချက်အများဆုံးအချိန်၊ ချက်ချင်းထည့် ပေးဖို့ လိုအပ်တဲ့အချိန်မျိုးတွေမှာဆိုရင် ရွက်ဖျန်းတွေကို အသုံးပြုပေးတာက နိုက်ထရိုဂျင်ချို့တဲ့မှုကို ပိုပြီးထိထိရောက်ရောက် ကုစားပေးနိုင်ပါတယ်။



#အစစအရာရာပိုမိုတိုးတက်အောင်မြင်ကြပါစေဗျ

#သဘာဝနှင့်ဓာတု့မျှတအောင်သုံးစွဲခြင်းအားဖြင့်အောင်မြင်သောစိုက်ပျိုးရေးလုပ်ငန်းများပိုင်ဆိုင်နိုင်ကြပါစေ

26/08/2023
04/08/2023

စပါးမှာ ပိုးကျရောက်မူ့ကို ပုံမှန် ကင်းထောက်လေ့လာရန်လိုအပ်
ကင်းထောက်လေ့လာသည့်အခါ အောက်ပါ အခြေအနေအတိုင်း တွေ့မှသာ ပိုးသတ်ဆေးကို အသုံးပြု နှိမ်နင်းကြပါရန်

စပါး နီတို
30/07/2023

စပါး နီတို

17/07/2023

ပြောင်းမျိုးစေ့ အပင်မပေါက်တဲ့ အကြောင်းအရင်း

- မြေ ၂လက်မ အထက်ဖုံးခြင်း
- မြေထဲမှာ အစိုဓာတ်မရှိခြင်း
- စိုက်တဲ့ အချိန်မှာ မြေရဲ့အပူချိန် ၁၀ဒီဂရီ စင်တီဂရိတ် (၅၀ဒီဂရီ ဖာရင်ဟိုက်) အောက်မှာသာရှိခြင်း၊ မြေအပူချိန် ၂၆ ဒီဂရီစင်တီဂရိတ် (၈၀ဒီဂရီဖာရင်ဟိုက်) အထက်တွင်ရှိခြင်း...
- မြေကျပ်ခြင်း။
- ပိုး၊ ခြ၊ ပုရွက်ဆိတ်၊ကြွက်တို့စားသောက်ဖျက်ဆီးခြင်း။
- မိုးကြီးရွာခြင်း။
- မျိုးစေ့တွင်းအစိုဓာတ် ၁၅% အထက်ရှိခြင်း။
- မျိုးစေ့သိုလှောင်ထားချိန်တွင် ရေထိခြင်း၊ အပူချိန်မြင့်လွန်းခြင်း (၃၀ ဒီဂရီစင်တီဂရိတ် သို့မဟုတ် ၈၆ဒီဂရီဖာရင်ဟိုက် အထက်) နှင့် စိုထိုင်းဆ ၃၀% အထက်ရှိခြင်း။

ပြောင်းမျိုးစေ့ကို ၁၀ ဒီဂရီ စင်တီဂရိတ်အောက်မှာ စနစ်တကျ သိုလှောင်နိုင်ရင် ၂ နှစ်အထိ ရပါတယ်...

credit

စိုက်ပျိုးရေး ဗဟုသုတတွေ အမြဲဝေမျှပေးနေတဲ့ Agriculturalist KS Page ကို Like & Follow လုပ်ထားနိုင်ပါသည်။

02/07/2023
မြေဩဇာကျွေးပုံလေးလေ့လာ
17/06/2023

မြေဩဇာကျွေးပုံလေးလေ့လာ

Address

Kyaungsh*tse, Oaktwin Township
Taungoo

Telephone

095350467

Website

Alerts

Be the first to know and let us send you an email when Thant Agrochemical Shop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share