28/03/2026
လူတိုင်းမှာ ဖြတ်သန်းကြုံတွေခဲ့ရသော ဘဝနဲ့ ရှင်သန်ရပ်တည်နိုင်ဖို့အတွက် ကြိုးစားရုန်းကန်နေရသော အခြေအနေအရပ်ရပ်ရှိပေလိမ့်မည်။
အလုပ်ခွင်မှာဖြစ်စေ မိသားစုအရေးကိစ္စတွေမှာဖြစ်စေ မဖြစ်မနေထားရှိရမှာက ရှင်သန်ရပ်တည်ဖို့အတွက် ကြိုးစားအားထုတ်မှုတွေပဲ။
အလုပ်ခွင်မှာဆိုရင် အပေါင်းအသင်းကြောင့်ပျက်စီးတာတွေ ရှိတတ်တယ်။ တံငါနားနီးတံငါ မုဆိုးနားနီးမုဆိုး ဆိုသလိုမျိုးေပါ့။ ဘာမှမဖြစ်သွားပါဘူးဆိုတဲ့ အတွေးတွေနဲ့ပေါ့။ လောဘစောတွေ ကပ်လာတဲ့အခါမှာ လူတွေဟာ အမှောင်ဖုံးကုန်ကြတယ်။ ပတ်ဝန်ကျင်ကြောင့် ပျက်စီးတတ်တယ်။
အဲ့လိုပတ်ဝန်းကျင်မျိုးမှာ နေထိုင်ရတဲ့ ကိုယ်ဟာလည်း အသက်မရှူနိုင်ဘဲ ဟိုးရေအောက်အနက်ဆုံးနေရာမှာ ရပ်နေရသလိုပါပဲ။ ပတ်ဝန်းကျင်က အမှောင်အတိနဲ့ပေါ့။ တချို့ရက်တွေမှာ ခြေကုန်လက်ပန်းကျ အိပ်ပျော်သွားပြီး မနက်မိုးလင်းရင် မနိုးထနိုင်တော့တဲ့ အခြေအနေအနေအထားမျိုးထိ ဘဝမှာ ဖြစ်ခဲ့ဘူးတယ်။
ကောင်းမွန်တဲ့ အနေအထား အချိန်တွေ ငါ့ဆီရောက်လာပါအုံးမလားဆိုးပြီးေတွးေတာရတဲ့ အထိပါပဲ။ ခင်မင်ရင်းနှီးတဲ့ သူတွေရဲ့ ဆိုရှယ်မီဒီယာက အောင်မြင်တဲ့ပုံစံတွေ ပျော်ရွှင်တဲ့ အချိန်တွေကို တွေ့လိုက်ရတိုင်း ငါကေလှာင်ပိတ်ေနတဲ့ အခန်းကျဉ်းလေးထဲမှာ ပိတ်လှောင်ခံထားရတဲ့ ကြက်တူရွေးလေးတစ်ကောင်လိုပဲ။ ဘယ်တော့မှ မလွတ်မြောက်နိုင်ေတာ့ဘူးလား ဆိုတဲ့ အတွေးတွေက ခေါင်းထဲမှာ အစီစီ ပေါ်နေခဲ့တယ်။
အဲ့ဒီ ပတ်ဝန်းကျင်အခြေအနေတွေကနေ ရုန်းထွက်နိုင်ဖို့အတွက် ကိုယ်တိုင် ကြိုးစားအားထုတ်မှုလိုအပ်တယ်။ အချိန်နဲ့ ဒီရေကလည်း လူကိုမစောင့်ဘူးဆိုတာ မှတ်သားထားပါ။ ကံ၊ဉာဏ်၊ဝရိယ ပေါင်းပြီး ဆင်ခြေဆင်လက်မပေးဘဲ ရတဲ့နေရာကနေ ကိုယ်ဖြစ်ချင်တဲ့ ပန်းတိုင်ကို ရောက်အောင် သွားနိုင်ရမယ်။
#ဆန်မာရတ်