Phyulay Heathy Lifestyle

Phyulay Heathy Lifestyle အမျိုးသမီး​ဖြည့်စွက်စာဆေးကို လက်လီလက်ကားမှာယူနိုင်ပါတယ်...
ပြည်တွင်းပြည်ပ ပို့ပေးပါတယ်ရှင့်
မေးမြန်းလိုပါက👇👇👇
☎09459552510(viber)

ဆံသားပြသနာတွေ အတွက် ဗဟုသုတတွေ
မျှဝေအကြံပြု လို့ရပါတယ်နော်

ယောင်္ကျား/မိန်းမ မရွေး အသက် ၄၀ ကျော်ရင် မြန်မြန်မအိုချင်ရင်... ဒါကို ဖတ်ကြည့်ပါအသက် ၄၀ ကျော်တာနဲ့ "အားမရှိသလိုပဲ၊ ဘာမှမ...
11/06/2026

ယောင်္ကျား/မိန်းမ မရွေး အသက် ၄၀ ကျော်ရင် မြန်မြန်မအိုချင်ရင်... ဒါကို ဖတ်ကြည့်ပါ
အသက် ၄၀ ကျော်တာနဲ့ "အားမရှိသလိုပဲ၊ ဘာမှမလုပ်ချင်ဘူး၊ မြန်မြန်မောတယ်" ဆိုတဲ့ ခံစားချက်တွေ ခဏခဏ ဖြစ်လာတတ်ပါတယ်။
ဒါဟာ မြန်မာ့ရိုးရာ အယူအဆအရ "ရိုးတွင်းချဉ်ဆီ" အားနည်းလာလို့ပါပဲ။
ရိုးတွင်းချဉ်ဆီ အားနည်းလာရင် ဘာတွေဖြစ်တတ်လဲ?
မလှုပ်ချင် မကိုင်ချင်ဘဲ လူကနုံးချိခြင်း
အသားအရေ ခြောက်သွေ့ပြီး အရွယ်အိုမင်းလွယ်ခြင်း
အမျိုးသားများတွင် ဒူလာဖြစ်ခြင်းနှင့် ခါးနာခြင်း
ကိုယ်ခံအားကျပြီး ရောဂါဘယ ထူပြောခြင်း
(အိမ်ထောင်သည်တွေမှာ ပိုပြီး ခံစားရနိုင်ပါတယ်)
စိတ်မပူပါနဲ့။
ကုန်ကျစရိတ် နည်းနည်းနဲ့ မိမိအိမ်မှာတင် အလွယ်တကူ ဖော်စပ်နိုင်တဲ့ "မြန်မာ့တိုင်းရင်း ရိုးတွင်းချဉ်ဆီ အားဖြည့်နည်း" လေးကို ဝေမျှပေးလိုက်ပါတယ်။
လို အပ် တဲ့ ပစ္စည်း များ
ဖီးကြမ်းငှက်ပျောသီး (အမှည့်)
နှမ်းဆီစစ်စစ်
ပြု လုပ် နည်း
ဖီးကြမ်းငှက်ပျောသီးကို မီးမြိုက်မြိုက်လေး (သို့) မီးဖုတ်ပါ။ (မီးဖုတ်ရင် ပိုကောင်းပါတယ်)
ဖုတ်ထားတဲ့ ငှက်ပျောသီးကို အခွံနွှာပြီး ပန်းကန်ထဲ ထည့်ပါ။
နှမ်းဆီစစ်စစ် အနည်းငယ်ထည့်ပြီး ညက်နေအောင် သမအောင် ချေမွှပါ။
စားသုံးရန်
အဆင်သင့်ဖြစ်ပြီဆိုရင် စားသုံးနိုင်ပါပြီ။
တစ်လကို ၁ ကြိမ် (သို့) ၂ ကြိမ်ခန့် ပုံမှန် စားပေးခြင်းဖြင့် ကျန်းမာလန်းဆန်းပြီး အားအင်တိုးပွားတာကို ခံစားရပါလိမ့်မယ်။
#ဖြူလေး

#ကျန်းမာရေးဗဟုသုတ

10/06/2026

ရာသီဆုံး ခါနီးအချိန် လေးဆယ်ကျော် အမျိုးသမီး ဆိုရင် ကိုယ့်ကိုကိုယ် သတိထားဖို့ လိုပီးနော်...

အမျိုးသမီး တိုင်း ကြုံရမဲ့ အချိန်မို့ပါ...

28/05/2026

မိန်းမကိုယ် မှိုပိုးဝင်ခြင်း (Vaginal Yeast Infection) ဟာ အမျိုးသမီးအများစု ကြုံတွေ့ရတတ်တဲ့ ပြဿနာတစ်ခုဖြစ်ပြီး ခံရခက်စေပါတယ်။ လက္ခဏာတွေ သက်သာစေဖို့နဲ့ နောက်တစ်ကြိမ် ထပ်မဖြစ်အောင် ကာကွယ်ဖို့ အောက်ပါနည်းလမ်းတွေကို လိုက်နာဆောင်ရွက်နိုင်ပါတယ်ရှင်။
၁။ အရေးကြီးဆုံး ချက်ချင်းလုပ်ဆောင်ရမည့်အချက်များ
ဆေးဝါးကုသမှု ခံယူပါ: မှိုပိုးသတ်ဆေး စားဆေး သို့မဟုတ် မိန်းမကိုယ်ထဲထည့်ရတဲ့ ဆေးတောင့်/ခရမ် (Antifungal creams or suppositories) တွေကို ဆရာဝန် သို့မဟုတ် ကျွမ်းကျင်သူနဲ့ တိုင်ပင်ပြီး စနစ်တကျ အသုံးပြုပါ။ (ဥပမာ- Clotrimazole, Miconazole စသည့်ဆေးဝါးများ)
မိန်းမကိုယ်ကို ခြောက်သွေ့အောင်ထားပါ: မှိုပိုးက စိုစွတ်ပြီး အောင်းနေတဲ့နေရာတွေမှာ ပွားများရတာကို ကြိုက်ပါတယ်။ ရေချိုးပြီးချိန် သို့မဟုတ် အိမ်သာတက်ပြီးချိန်တိုင်း မိန်းမကိုယ်ကို သန့်ရှင်းခြောက်သွေ့အောင် သုတ်ပေးပါ။
၂။ နေထိုင်မှုပုံစံ ပြောင်းလဲခြင်း (အမြန်သက်သာစေရန်)
ချည်သား (Cotton) အတွင်းခံ ဝတ်ဆင်ပါ: လေဝင်လေထွက်ကောင်းပြီး အစိုဓာတ်ကို စုပ်ယူနိုင်တဲ့ ချည်သားစစ်စစ် အတွင်းခံတွေကိုပဲ ဝတ်ဆင်ပါ။ ကြပ်လွန်းတဲ့ ဘောင်းဘီတွေ၊ ဂျင်းဘောင်းဘီတွေကို ခေတ္တရှောင်ပါ။
အချိုဓာတ် လျှော့စားပါ: သွေးတွင်းသကြားဓာတ် မြင့်မားခြင်းက မှိုပိုးကို ပိုမိုပွားများစေပါတယ်။ ဒါကြောင့် အချို၊ မုန့်ဟင်းခါး၊ ပေါင်မုန့်ဖြူ နဲ့ စည်သွပ်ဗူးတွေကို ခေတ္တလျှော့စားပေးပါ။
ဒိန်ချဉ် သောက်ပေးပါ: ဒိန်ချဉ် (Probiotics) မှာ ပါဝင်တဲ့ အကျိုးပြုဘက်တီးရီးယားတွေက ခန္ဓာကိုယ်ထဲက မှိုပိုးတွေကို ပြန်လည်တိုက်ဖျက်ပေးနိုင်လို့ နေ့စဉ် သဘာဝဒိန်ချဉ် သောက်ပေးတာ ကောင်းပါတယ်။
၃။ မလုပ်ရမည့် အမှားများ (ရှောင်ရန်)
အနံ့ပါသော ဆပ်ပြာ/သန့်စင်ဆေးများ မသုံးပါနှင့်: မိန်းမကိုယ်သန့်စင်ဆေး (Feminine Wash)၊ အနံ့ပါတဲ့ဆပ်ပြာ၊ ရေမွှေးတွေက မိန်းမကိုယ်ရဲ့ သဘာဝ pH Level ကို ပျက်စီးစေပြီး ပိုးဝင်တာကို ပိုဆိုးစေပါတယ်။ ရေပြာပြာ (ရေသန့်) နဲ့ပဲ ဆေးကြောပေးပါ။
အတွင်းပိုင်းအထိ နှိုက်မဆေးပါနှင့် (Douching): မိန်းမကိုယ်အတွင်းပိုင်းအထိ ရေနဲ့ထိုးဆေးတာ၊ နှိုက်ဆေးတာမျိုး လုံးဝမလုပ်ပါနဲ့။ သဘာဝအတိုင်း ရှိနေတဲ့ အကျိုးပြုဘက်တီးရီးယားလေးတွေကို သေစေနိုင်လို့ပါ။
ရှေ့မှနောက်သို့ သုတ်ပါ: အိမ်သာတက်ပြီး ခြောက်သွေ့အောင်သုတ်တဲ့အခါ စအိုက ဘက်တီးရီးယားတွေ မိန်းမကိုယ်ထဲမဝင်အောင် "ရှေ့မှနောက်သို့" သာ သုတ်ရပါမယ်။
၄။ ဘယ်အချိန်မှာ ဆရာဝန်နဲ့ ပြသမလဲ?
အောက်ပါအခြေအနေမျိုး ကြုံရရင်တော့ ဆရာဝန်နဲ့ အမြန်ဆုံးပြသသင့်ပါတယ် -
အိမ်တွင်းကုထုံးတွေ သုံးနေပေမယ့် တစ်ပတ်အတွင်း မသက်သာရင်
မိန်းမကိုယ်မှ ထွက်တဲ့ အရည်တွေက အဝါရောင်၊ အစိမ်းရောင် ပြောင်းလာရင် သို့မဟုတ် အနံ့ဆိုးထွက်လာရင်
ဖျားခြင်း၊ ဗိုက်အောက်ပိုင်း နာကျင်ခြင်းများ တွဲလာရင်
တစ်နှစ်အတွင်း ၄ ကြိမ်ထက်မက ခဏခဏ ပြန်ဖြစ်နေရင်
သတိပြုရန်: အဝတ်အစား စိုစွတ်သွားတာမျိုး (ဥပမာ- ချွေးထွက်ခြင်း၊ ရေကူးခြင်း) ရှိပါက အတွင်းခံကို ချက်ချင်းလဲလှယ်ပေးဖို့ မမေ့ပါနဲ့ရှင်။

#အမျိုးသမီးကျန်းမာရေး
#အဖြူဆင်းခြင်း
#ယားယံခြင်း
#အနံ့ဆိုးထွက်ခြင်း

မိမိကိုယ်ကို မိန်းမကိုယ်ကျန်းမာရေး စစ်ဆေးခြင်း (Vulvar Self-Examination - VSE) ဆိုတာ အမျိုးသမီးတိုင်း မိမိခန္ဓာကိုယ်ရဲ့ ...
23/05/2026

မိမိကိုယ်ကို မိန်းမကိုယ်ကျန်းမာရေး စစ်ဆေးခြင်း (Vulvar Self-Examination - VSE) ဆိုတာ အမျိုးသမီးတိုင်း မိမိခန္ဓာကိုယ်ရဲ့ ပုံမှန်အခြေအနေကို သိရှိနားလည်ထားပြီး ထူးခြားမှုတစ်စုံတစ်ရာရှိလာရင် ဆရာဝန်ဆီ စောစောစီးစီး သွားရောက်ပြသနိုင်ဖို့ အလွန်အရေးကြီးတဲ့ အလေ့အထတစ်ခု ဖြစ်ပါတယ်ရှင့်။

ပုံပါအတိုင်း အိမ်မှာတင် အသေးစိတ် ဘယ်လိုစစ်ဆေးရမလဲ၊ ဘာတွေကို ကြည့်ရမလဲဆိုတာကို အဆင့်ဆင့် ရှင်းပြပေးပါ့မယ်။

၁။ ဘယ်လိုအချိန်မျိုးမှာ စစ်ဆေးသင့်လဲ?
တစ်လတစ်ကြိမ်: ရာသီသွေး လုံးဝစင်ကြယ်သွားတဲ့ အချိန် (ရာသီပြီးပြီးချင်း ရက်ပိုင်း) မှာ စစ်ဆေးတာ အကောင်းဆုံးပါ။
(ရာသီလာနေစဉ်အတွင်း မစစ်ဆေးရပါ)။

မိန်းမကိုယ်တစ်ဝိုက် ယားယံတာ၊ ပူစပ်ပူလောင်ဖြစ်တာ၊ နာတာ၊ သို့မဟုတ် အဖြူဆင်းတာ ပုံမှန်မဟုတ်ဘူးလို့ ခံစားရတဲ့အခါမျိုးမှာ ချက်ခြင်းစစ်ဆေးနိုင်ပါတယ်။

၂။ ပြင်ဆင်ရန်နှင့် စစ်ဆေးရန် အဆင့်ဆင့်
အဆင့် (၁) - လက်ဆေးခြင်းနှင့် အလင်းရောင်ရှာခြင်း
ပထမဆုံး မိမိရဲ့လက်ကို ဆပ်ပြာနဲ့ စင်ကြယ်အောင် ဆေးကြောပါ။ (ခြေသည်း၊ လက်သည်း ရှည်နေရင် ရှော်မိပြီး မတော်တဆ ရှနာတတ်လို့ သတိထားပါ)။

အလင်းရောင် ကောင်းကောင်းရမယ့်နေရာ (သို့မဟုတ်) အခန်းထဲမှာ မီးထွန်းပြီး လက်ကိုင်မှန်တစ်ချပ် အသုံးပြုပါ။

အဆင့် (၂) - ပုံစံအနေအထားယူခြင်း
ကုတင်ပေါ် (သို့မဟုတ်) ကြမ်းပြင်ပေါ်မှာ ပက်လက်လှန်ပြီး ဒူးနှစ်ဖက်ကို ထောင်၊ ခြေထောက်ကို ကားထားတဲ့ အနေအထား (သို့မဟုတ်) အိမ်သာခုံပေါ် ခြေတစ်ဖက် တင်ထားတဲ့ အနေအထားမျိုးနဲ့ မှန်ကို မိန်းမကိုယ်အောက်နားမှာ အနေတော် ထားရှိပေးရပါမယ်။

အဆင့် (၃) - အပြင်ပိုင်းကို စမ်းသပ်ကြည့်ရှုခြင်း (Visual & Touch Exam)
လက်ချောင်းလေးတွေ သုံးပြီး ညင်သာစွာ စမ်းသပ်ပါ -

ဆီးခုံနှင့် နှုတ်ခမ်းသားကြီးများ (P***c Area & L***a Majora): မွေးညင်းပေါက်လေးတွေမှာ ဝက်ခြံလို အဖုအပိမ့်၊ ပြည်တည်နာ၊ အရေပြားနီမြန်းတာ သို့မဟုတ် လက်နဲ့ဖိကြည့်ရင် အကျိတ်ခဲခဲလေးတွေ ရှိမရှိ အရင်ကြည့်ပါ။

နှုတ်ခမ်းသားငယ်များနှင့် အစိတ္တံ (L***a Minora & Cl****is): နှုတ်ခမ်းသားကြီးကို လက်မနဲ့ လက်ညှိုးသုံးပြီး ဘေးကို ညင်သာစွာ ဖြဲကြည့်ပါ။ အတွင်းဘက် အရေပြားနုလေးတွေမှာ အနာ (Ulcer) ဖြစ်နေတာ၊ ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ ကြွက်နို့လို အသားပိုဖုလေးတွေ ရှိမရှိ၊ သွေးစို့နေတာ ရှိမရှိ စစ်ဆေးပါ။

၃။ အဖြူဆင်းခြင်းကို စစ်ဆေးခြင်း
ပုံထဲက အဆင့် (၂) နဲ့ (၃) မှာ ပြထားသလို မိန်းမကိုယ်ဝနားက အရည်တွေကို လက်ချောင်းလေးနဲ့ ညင်သာစွာ တို့ယူပြီး (သို့မဟုတ်) အတွင်းခံမှာ ပေနေတဲ့ အဖြူတွေကို ကြည့်ပြီး စစ်ဆေးနိုင်ပါတယ် -

ပုံမှန်အဖြူ: ကြက်ဥအကာလို ကြည်လင်ရပါမယ် သို့မဟုတ် နို့နှစ်ရောင် ခပ်ပျစ်ပျစ် ဖြစ်နိုင်ပါတယ်။ အနံ့ဆိုး မရှိရပါဘူး။

မှိုပိုးဝင်ခြင်း (Yeast Infection): အဖြူတွေက ကျဲကျဲမဟုတ်ဘဲ ကိတ်မုန့်ဖတ်တွေ၊ ဒိန်ချဉ်ဖတ်တွေလို အဖတ်လိုက် အဆုပ်လိုက် ဆင်းတတ်ပြီး အရမ်းယားယံတတ်ပါတယ်။

ဘက်တီးရီးယားပိုးဝင်ခြင်း (Bacterial Vaginosis): အဖြူရောင် ခပ်ညစ်ညစ် သို့မဟုတ် မီးခိုးရောင်သန်းပြီး ငါးညှီနံ့ လိုမျိုး အနံ့ဆိုး ပြင်းပြင်းထန်ထန် ထွက်တတ်ပါတယ်။

ထရိုင်ခိုမိုးနပ်စ် ပိုးဝင်ခြင်း (Trichomoniasis): အဖြူက အဝါရောင် (သို့မဟုတ်) အစိမ်းရောင်သန်းပြီး အမြှုပ်တစီစီ ပါတတ်ပါတယ်။

၄။ စစ်ဆေးပြီးနောက် ဘာဆက်လုပ်ရမလဲ?
ပုံမှန်ပဲဆိုရင်: ဘာမှလုပ်စရာမလိုပါဘူး။ နောက်လတွေမှာလည်း ဒီလိုပဲ ပုံမှန်စစ်ဆေးပေးသွားပါ။

ပုံမှန်မဟုတ်တာ တွေ့ရှိရင်: ကိုယ့်သဘောနဲ့ကိုယ် အပြင်က မှိုသတ်ဆေးတောင့်တွေ ဝယ်ထည့်တာ၊ ဆေးပြင်းပြင်းတွေနဲ့ အတွင်းထဲအထိ နှိုက်ဆေးတာမျိုး လုံးဝ မလုပ်ရပါဘူး။ မိမိတွေ့ရှိတဲ့ လက္ခဏာ (ဥပမာ - ဘယ်ဘက်နှုတ်ခမ်းသားမှာ အဖုလေးတစ်ဖု တွေ့တယ်၊ အဖြူက ဒိန်ချဉ်ဖတ်လို ဆင်းပြီး ယားတယ် စသဖြင့်) ကို မှတ်သားထားပြီး သားဖွားမီးယပ်ဆရာဝန်နဲ့ သေချာပြသ တိုင်ပင်ဆွေးနွေးရပါမယ်ရှင့်။ ကိုယ့်ခန္ဓာကိုယ်ကို ကိုယ်တိုင် အမြဲစောင့်ကြည့်တတ်တဲ့ အလေ့အထက ရောဂါအသေးအဖွဲကနေ ကြီးမားတဲ့ပြဿနာ မဖြစ်အောင် ကြိုတင်ကာကွယ်ပေးနိုင်ပါတယ်ရှင်။
အမျိုးသမီးကျန်းမာရေးနှင့်အထွေထွေ ဗဟုသုတ

မနက်အိပ်ရာထရင် လက်ချောင်းတွေ တောင့်ပြီး နာနေပါသလား?ဒါတွေလုပ်ကြည့်ပါ...လက်ချောင်းလေးတွေ ကွေးလိုက်ရင် ပြန်ဆန့်မရဘဲ ထစ်တစ်တ...
19/05/2026

မနက်အိပ်ရာထရင် လက်ချောင်းတွေ တောင့်ပြီး နာနေပါသလား?
ဒါတွေလုပ်ကြည့်ပါ...

လက်ချောင်းလေးတွေ ကွေးလိုက်ရင် ပြန်ဆန့်မရဘဲ ထစ်တစ်တစ်ဖြစ်ပြီး နာနေပြီလား?
(Trigger Finger အကြောင်း သိကောင်းစရာ)
"ဆရာရေ... လက်သီးဆုပ်လိုက်ရင် ပြန်ဖြန့်လိုမရဘဲ လက်ညှိးလေးက ကွေးပြီး ကျန်နေခဲ့တယ်။ အတင်းပြန်ဆွဲဆန့်မှ 'ဒေါက်' ဆိုပြီး ပွင့်ထွက်သွားတယ်" ဆိုပြီး လာပြကြတဲ့ လူနာတွေ မကြာခဏတွေ့ရပါတယ်။
ဒါကို ဆေးပညာအရ Trigger Finger (Stenosing Tenosynovitis) လို ခေါ်ပါတယ်။ သေနတ်မောင်းခလုတ် ဆွဲသလို ပုံစံမျိုး ဖြစ်နေလို ဒီလိုအမည်ပေးထားတာပါ။
ဘာကြောင့် ဖြစ်ရတာလဲ?
ကျွန်တော်တိုရဲ့ လက်ချောင်းလေးတွေကို ကွေးဖိုအတွက် ကြိုးမျှင်လို အရွတ် (Flexor Tendon) တွေရှိပါတယ်။ အဲဒီအရွတ်တွေ လမ်းကြောင်းမလွဲအောင် ထိန်းပေးထားတဲ့ ခါးပတ်ကွင်းလို အကွင်းလေးတွေ (Pulleys) ရှိပါတယ်။
Trigger Finger ဆိုတာကတော့ လက်ချောင်းအခြေမှာရှိတဲ့ A1 Pulley လိုခေါ်တဲ့ အကွင်းလေး ရောင်ရမ်းပြီး ထူလာတာ (သိုမဟုတ်) အရွတ်ကိုယ်တိုင်က အဖုလေးဖြစ်ပြီး ကြီးလာတာကြောင့်ပါ။ အဲဒီအခါ အရွတ်က အကွင်းထဲမှာ လွတ်လွတ်လပ်လပ် မရွေ့လျားနိုင်တော့ဘဲ "ဒေါက်" ဆိုပြီး ငြိနေတာ၊ ညပ်နေတာမျိုး ဖြစ်လာရခြင်း ဖြစ်ပါတယ်။
ဘယ်သူတွေ ပိုဖြစ်တတ်လဲ?
အိမ်ရှင်မတွေ: အိမ်မှုကိစ္စ လက်အသုံးများသူများ (အဝတ်ညှစ်တာ၊ မီးပူတိုက်တာ၊ ဓားနဲ့ ဟင်းသီးဟင်းရွက် အလှီးများသူတွေ)
ဆီးချိုရောဂါရှိသူများ: သာမန်လူထက် ဖြစ်နိုင်ခြေ ပိုများပါတယ်။
ရောဂါအခံရှိသူများ: ဂေါက် (Gout) ရောဂါနဲ့ လေးဖက်နာ အဆစ်ရောင်ရောဂါ ရှိသူတွေ။
ဒီဂျစ်တယ်သမားများ: ဖုန်းအကြာကြီး ပွတ်သူတွေ၊ ကွန်ပျူတာ Mouse ကို တင်းတင်းကြပ်ကြပ် ကိုင်တတ်သူတွေ။
ရောဂါအဆင့်များ (Stages of Trigger Finger)
ကိုယ့်လက်ချောင်းက ဘယ်အဆင့်ရောက်နေပြီလဲ ဆန်းစစ်ကြည့်ရအောင်။
ရောဂါအဆင့်
လက္ခဏာများ
Grade 1 (Pre-triggering)
လက်ချောင်းအခြေ (လက်ဖဝါး) မှာ နာမယ်၊ ဖိလိုက်ရင် အောင့်မယ်။ ဒါပေမဲ့ လက်ချောင်းက မငြိသေးဘူး။
Grade 2 (Active)
လက်ချောင်း ကွေးလိုက်ဆန့်လိုက်လုပ်ရင် "ဒေါက်" ခနဲ ငြိမယ်။ ဒါပေမဲ့ ကိုယ့်ဘာသာ ပြန်ဆန့်လို ရသေးတယ်။
Grade 3 (Passive)
လက်ချောင်းက ကွေးပြီး ညပ်သွားမယ်။ ပြန်ဆန့်ဖိုအတွက် တခြားလက်တစ်ဖက်နဲ့ အတင်း ကူဆွဲဆန့်မှ ရတော့မယ်။
Grade 4 (Contracture)
အရမ်းကြာသွားလို လက်ချောင်းက လုံးဝကွေးနေမယ်၊ ပြန်ဆန့်လို မရတော့ဘူး (Fixed Deformity)။ ဒါဆိုရင်တော့ ကုသရ အတော်ခက်ခဲသွားပါပြီ။
အိမ်တွင်းကုထုံးနှင့် လေ့ကျင့်ခန်း
ရောဂါနုတဲ့ အဆင့်ဆိုရင် အိမ်မှာတင် ဒီနည်းလမ်းတွေနဲ့ သက်သာအောင် လုပ်လိုရပါတယ်ခင်ဗျာ။
၁။ လက်ကို အနားပေးပါ (Rest)
လက်ချောင်းကို အတင်းအဓမ္မ ကွေးလိုက်ဆန့်လိုက် မလုပ်ပါနဲ့။ လက်အသုံးများတဲ့ အလုပ်တွေ (ဥပမာ - မီးပူတိုက်၊ အဝတ်ညှစ်တာ) ခဏနားထားပါ။
၂။ ရေနွေးစိမ်ပြီး လေ့ကျင့်ခန်းလုပ်ပါ (Warm Soak & Exercise)
မနက်အိပ်ရာထလို လက်ချောင်းတွေ တောင့်နေရင် ရေနွေးနွေးလေးထဲမှာ ၁၀ မိနစ်ကနေ ၁၅ မိနစ်လောက် စိမ်ပေးပါ။ ဒါက အရွတ်တွေ ပျော့ပျောင်းစေဖို ကူညီပေးပါတယ်။ ရေနွေးထဲ လက်စိမ်ထားရင်း အောက်ပါအတိုင်း လေ့ကျင့်ခန်း လုပ်ပေးပါ။
လက်ချောင်းထိပ်လေးကိုပဲ ကွေးပါ (Hook Fist)။
လက်သီးအပြည့်ဆုပ်ပါ (Full Fist)။
လက်ချောင်းကို ဖြောင့်တန်းအောင် ပြန်ဆန့်ပါ (Extension)။
(ဒါကို တစ်နေ့ ၅ ကြိမ်၊ တစ်ခါလုပ်ရင် ၁၀ မိနစ်လောက် လုပ်ပေးပါ)
၃။ အထိန်းကိရိယာ ဝတ်ဆင်ပါ (Splinting)
ညဘက်အိပ်တဲ့အခါ လက်ချောင်းလေးတွေ ကွေးမသွားအောင် တောင့်ထားပေးတဲ့ Splint လေးတွေ ဝတ်အိပ်တာက အထိရောက်ဆုံး နည်းလမ်းတစ်ခုပါ။ ၆ ပတ်လောက် ဆက်တိုက် ဝတ်ဆင်ရင် သိသိသာသာ သက်သာလာတတ်ပါတယ်။
၄။ နှိပ်နယ်ပေးပါ (Massage)
လက်ဖဝါးအခြေ၊ နာနေတဲ့နေရာကို တခြားလက်မနဲ့ စက်ဝိုင်းပုံစံ ဖြည်းဖြည်းချင်း ဖိနယ်ပေးခြင်းက အရွတ်ထူတာ၊ ရောင်တာကို သက်သာစေပါတယ်။
ဆေးပညာအရ ကုသနည်းများ (Medical Treatment)
အိမ်တွင်းကုထုံးနဲ့ မသက်သာရင်တော့ တတ်ကျွမ်းနားလည်တဲ့ အရိုးအကြောဆရာဝန်နဲ့ ပြသသင့်ပါတယ်။
၁။ သောက်ဆေးများ: အကိုက်အခဲပျောက်ဆေး (NSAIDs) တွေ ပေးပါလိမ့်မယ်။
၂။ ဆေးထိုးခြင်း (Steroid Injection): အရွတ်ရောင်တာ သက်သာအောင် ရောင်ရမ်းကျဆေး ထိုးပေးတာက ထိရောက်မှုအရှိဆုံး ကုသမှုတစ်ခုပါ။ (ဆီးချိုသမားတွေတော့ သတိထားရပါမယ်)။
ထိရောက်မှု: လူနာ ၆၀% မှ ၉၀% လောက်က ဆေးတစ်ခါထိုးရုံနဲ့ ပျောက်ကင်းသွားတတ်ပါတယ်။
သတိပြုရန်: ဆေးထိုးတာကို ၂ ကြိမ်ထက် ပိုမလုပ်သင့်ပါဘူး။ အရွတ်ပါးပြီး ပြတ်ထွက်နိုင်လိုပါ။
ဆီးချိုသမားများအတွက်: ဆီးချိုရှိသူတွေမှာတော့ ဆေးထိုးကုသမှုက သာမန်လူတွေလောက် မထိရောက်တတ်ပါဘူး။ ဒါ့အပြင် ဆေးထိုးပြီး ရက်ပိုင်းအတွင်း သွေးတွင်းသကြားဓာတ် အနည်းငယ် တက်နိုင်တာကို သတိပြုရပါမယ်။
၃။ ခွဲစိတ်ကုသခြင်း (Percutaneous Release / Surgery): Grade 3, 4 အဆင့်ရောက်နေသူတွေ၊ ဆေးထိုးလို မပျောက်သူတွေအတွက် နောက်ဆုံးနည်းလမ်းပါ။
A1 Pulley Release: ထူပြီး ကျပ်နေတဲ့ အကွင်းလေးကို ဓားနဲ့ အနည်းငယ် ခွဲစိတ်ပြီး ဖြေလျော့လိုက်တာပါ။

ကြောက်စရာလား: လုံးဝ မကြောက်ပါနဲ့။ လက်ကို ထုံဆေးပေးပြီး ၁၀ မိနစ်လောက်ပဲ ကြာတဲ့ အသေးစား ခွဲစိတ်မှု (Day Case Surgery) သာ ဖြစ်ပါတယ်။ ခွဲပြီးတာနဲ့ ချက်ချင်း လက်ချောင်း လှုပ်ရှားလို ရပါတယ်။
အကြံပြုချက်
Trigger Finger ဟာ အသက်အန္တရာယ်မရှိပေမယ့် ဘဝနေထိုင်မှု အရည်အသွေး (Quality of Life) ကို အရမ်းထိခိုက်ပါတယ်။ 'ဒီအတိုင်းနေရင်း ပျောက်သွားမှာပါ' ဆိုပြီး ဇွတ်အတင်း ကွေးလိုက်ဆန့်လိုက် မလုပ်ပါနဲ့။ ပိုရောင်ပြီး ပိုဆိုးသွားတတ်ပါတယ်။ စောစောသိ၊ စောစောကုရင် ခွဲစိတ်စရာမလိုဘဲ ပျောက်ကင်းနိုင်ပါတယ်။
ဒီပိုစ်လေးက မိမိအတွက်ရော မိသားစုဝင်တွေအတွက်ပါ အကျိုးရှိတယ်ဆိုရင် Share လုပ်ပြီး သိမ်းထားလိုက်ပါဦးနော်။

ရာသီမမှန်ဘူးရာသီလာခါနီးတိုင်း ဗိုက်အောင့်၊ ခါးနာ၊ စိတ်တိုလွယ်ပြီး အားမရှိဖြစ်နေပြီလား? 😣ဒါတွေက ဟော်မုန်းမညီတာနဲ့ သားအိမ်...
17/05/2026

ရာသီမမှန်ဘူး
ရာသီလာခါနီးတိုင်း ဗိုက်အောင့်၊ ခါးနာ၊ စိတ်တိုလွယ်ပြီး အားမရှိဖြစ်နေပြီလား? 😣

ဒါတွေက ဟော်မုန်းမညီတာနဲ့ သားအိမ်အားနည်းနေတဲ့ လက္ခဏာတွေ ဖြစ်နိုင်ပါတယ်

ကိုယ့်ကိုယ်ကို ဂရုစိုက်ဖို့ နောက်မကျပါနဲ့ အမျိုးသမီးတို့ရေ

#ဖြူလေး

လေဒီလေးတို့အတွက် အီစထရိုဂျင်ဟော်မုန်းလေဒီလေးတွေ ကျန်းမာစေဖို့ လုပ်ဆောင်ပေးနေတဲ့ အရာလေး တစ်ခုရှိပါတယ်။ ဒါကတော့ လေဒီလေးတွေ...
17/05/2026

လေဒီလေးတို့အတွက် အီစထရိုဂျင်ဟော်မုန်း
လေဒီလေးတွေ ကျန်းမာစေဖို့ လုပ်ဆောင်ပေးနေတဲ့ အရာလေး တစ်ခုရှိပါတယ်။ ဒါကတော့ လေဒီလေးတွေကို အမျိုးသမီးတစ်ယောက်ရဲ့ သွင်ပြင်လက္ခဏာတွေနဲ့ ပြည့်စုံစေပြီး ကျန်းမာစေဖို့ အမျိုးသမီးတွေရဲ့ ဇာတ်လိုက်ဟော်မုန်းလေး ဖြစ်တဲ့ အီစထရိုဂျင်ဟော်မုန်းပါ။ ဒီတစ်ခေါက်တော့ လေဒီလေးတို့အတွက် အီစထရိုဂျင်ဟော်မုန်း က ဘာတွေလုပ်ပေးလဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နေတယ်။

လေဒီလေးတို့အတွက် အီစထရိုဂျင်ဟော်မုန်း
ကြားဖူးနေနိုင်တဲ့ အီစထရိုဂျင် အကြောင်း
ကိုယ်တွင်းမှာ အီစထရိုဂျင် နည်းတဲ့အခါ ပူစပ်ပူလောင်ဖြစ်တာ၊ ကိုယ်အလေးချိန် တက်တာ နဲ့ မိန်းမကိုယ်ခြောက်သွေ့တာလိုမျိုး ကျန်းမာရေးပြဿနာတွေ ခံစားရနိုင်တယ်လို့ ကြားဖူးနေနိုင်ပါတယ်။ အီစထရိုဂျင်ဟော်မုန်းက အမြဲပဲ နည်းနေတာလားဆိုတော့ မဟုတ်ပါဘူး။ သွေးမဆုံးမီကာလနဲ့ သွေးဆုံးပြီးချိန်တွေမှာ ကိုယ်တွင်းက အီစထရိုဂျင်ပမာဏက လျော့ကျသွားတာမျိုးပါ။

ဒီလိုတွေဖြစ်စေတာက အီဟထရိုဂျင်ကြောင့်ဆိုပြီး အီစထရိုဂျင်ကို အဆိုးမမြင်လိုက်ပါနဲ့ဦး။ အီစထရိုဂျင်ဟော်မုန်းက လေဒီလေးတွေ ကျန်းမာရေးအတွက် အထောက်အကူပြုပေးနေတာတွေ ရှိပါသေးတယ်။ ဘယ်လိုတွေများ အထောက်အကူပြုပေးလဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။

အီစထရိုဂျင် ဆိုတာ
အီစထရိုဂျင် ဆိုတာ ခန္ဓာကိုယ်က လုပ်ငန်းဆောင်တာ များစွာအတွက် တာဝန်ရှိတဲ့ ဟော်မုန်း တစ်မျိုးပါ။ လေဒီလေးတွေ မွေးဖွားချိန်ကတည်းက ခန္ဓာကိုယ်ထဲမှာ ပါလာခဲ့တာပါ။ မျိုးပွားစနစ်ကျန်းမာစေဖို့၊ ရင်သားတွေ ဖွံ့ဖြိုးစေဖို့နဲ့ ဆီးခုံမွေးတွေ ဖြစ်ပေါ်စေဖို့ လုပ်ဆောင်ပေးပါတယ်။

အီစထရိုဂျင် ဟော်မုန်းကို မမျိုးဥအိမ်တွေကနေ ထုတ်လုပ်ပါတယ်။ မျိုးပွားနိုင်တဲ့ အရွယ်ရောက်လာချိန်မှာ ဒီဟော်မုန်းတွေက ရာသီစက်ဝန်းကို ထိန်းညှိပေးပါတယ်။

အီစထရိုဂျင်ရဲ့ တာဝန်
လေဒီလေးတွေ အပျိုဖော်ဝင်ချိန်မှာ ကိုယ်တွင်းက အီစထရိုဂျင် ပမာဏက မြင့်တက်လာပါတယ်။ ဒီလိုကနေ လစဉ် အီစထရိုဂျင်ပမာဏ မြင့်တက်လာပါတယ်။ အထူးသဖြင့် သားဥကြွေဖို့၊ မျိုးအောင်နိုင်ဖို့ ကြိုးစားနေချိန်မှာပေါ့။ ဒါပေမယ့် ရာသီသွေး စဆင်းလာရင်တော့ ကိုယ်တွင်းမှာ အီစထရိုဂျင် ပမာဏ ကျဆင်းသွားပါတယ်။ နောက်ပြီးရင် သားဥကြွေဖို့ တစ်ခါ ပြန်တက်လာပါတယ်။

အသက်ရလာပြီး သွေးဆုံးချိန် နီးလာချိန်မှာတော့ ကိုယ်တွင်းက အီစထရိုဂျင်ပမာဏက တဖြည်းဖြည်း ကျဆင်းလာပါတယ်။

အသက်ကြီးလာလေလေ မမျိုးဥအိမ်တွေရဲ့ လုပ်ဆောင်နိုင်စွမ်းက ကျလာလေလေပါ။ ဒါက သွေးဆုံးတော့မယ်ဆိုတဲ့ လက္ခဏာဆိုလည်း ဟုတ်ပါတယ်။ ကိုယ်တွင်းမှာ အီစထရိုဂျင် ဟော်မုန်း ကျဆင်းလာတာက သာမန် အသက်ကြီးမှု ဖြစ်စဉ် တစ်ရပ်ပါ။

လေဒီလေးတို့အတွက် အီစထရိုဂျင်ဟော်မုန်း
ဒီ အီစထရိုဂျင်ဟော်မုန်းလေးက မျိုးပွားမှုစနစ်ကို ထောက်ကူပေးတယ်ဆိုတာကိုတော့ အားလုံးက သိထားပြီး ဖြစ်မှာပါ။ အခုပြောပြပေးမှာကတော့ လေဒီလေးတို့အတွက် အီစထရိုဂျင်ဟော်မုန်း က မျိုးပွားအင်္ဂါတင် မကဘဲ ဘယ်လိုအင်္ဂါစနစ်တွေကိုပါ ထောက်ကူပေးသေးလဲဆိုတာကို ပြောပြပေးချင်တာပါ။

ကဲ . အတူတူ ကြည့်လိုက်ရအောင်နော်။

နှလုံး ကျန်းမာစေတယ်
အီစထရိုဂျင်က နှလုံးသွေးကြော တစ်ရှူးတွေကို ကျန်းမာစေခြင်းအားဖြင့် နှလုံးကို ကျန်းမာသန်စွမ်းစေဖို့ ထောက်ကူပေးပါတယ်။ သွေးပေါင်ချိန်ကို ထိန်းညှိပေးဖို့ ထောက်ကူပေးပါတယ်။

ကိုယ်တွင်းမှာ အီစထရိုဂျင်ဟော်မုန်း များလာတဲ့အခါ သွေးတွင်းအဆီဓာတ် ကျဆင်းစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ သွေးထဲမှာ အကျိုးပြု ကိုလက်စထရော များစေပြီး အကျိုးမပြု ကိုလက်စထရောကို ကျဆင်းစေနိုင်ပါတယ်။

အီစထရိုဂျင်ဟော်မုန်း နဲ့ နှလုံးကျန်းမာရေးကြားက ဆက်စပ်မှုကိုတော့ လေ့လာနေဆဲပါ။ လေ့လာမှုတွေအရ သွေးဆုံးချိန် မတိုင်ခင်မှာ သားဥအိမ် ၂ ခုစလုံး ဖယ်လိုက်တာက နှလုံးရောဂါ ခံစားရနိုင်ခြေကို တိုးစေနိုင်တယ်လို့ တွေ့ရပါတယ်။

ဦးနှောက်ကျန်းမာစေတယ်
အီစထရိုဂျင် ဟော်မုန်းက ဦးနှောက်ထဲကို သွေးစီးဆင်းမှု ကောင်းစေဖို့ ထောက်ကူပေးရင်း ဦးနှောက်ကျန်းမာစေဖို့ အားဖြည့်ပေးပါတယ်။ ရောင်ရမ်းမှုနဲ့ ရောဂါတွေ မဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။ မှတ်မိနိုင်စွမ်း ကောင်းစေပြီး လှုပ်ရှားမှု စွမ်းရည် ကောင်းစေဖို့ ထောက်ကူပေးပါတယ်။

အီစထရိုဂျင် နည်းတဲ့အခါ အာရုံစိုက်နိုင်စွမ်း ကျဆင်းတာမျိုး ခံစားရနိုင်ပါတယ်။ အီစထရိုဂျင်ဟော်မုန်းပမာဏ များတဲ့သူတွေက အသက်အရွယ် ရလာတဲ့အထိ ဦးနှောက်စွမ်းဆောင်ရည် ကောင်းမွန်ကြတယ်လို့ လေ့လာမှု တွေအရ သိရပါတယ်။

ကြွက်သားထုထည်နဲ့ အရိုးသိပ်သည်းဆ တိုးစေနိုင်တယ်
အီစထရိုဂျင် ဟော်မုန်းက အရိုး သိပ်သည်းဆ ကောင်းစေဖို့တဲ့ ကြွက်သားထုတည် ကောင်းစေဖို့ ထောက်ကူပေးရာမှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။

အရိုးမပွအောင် ကာကွယ်ပေးပြီး အရိုးအားနည်းတာ၊ အရိုးကြွပ်ဆတ်တာတွေ မဖြစ်အောင် တစ်ရှူးဆုံးရှုံးတာမျိုး မဖြစ်အောင် ကာကွယ်ပေးပါတယ်။

စိတ်ခံစားမှု ကောင်းစေတယ်
ရာသီလာချိန်မတိုင်ခင် အစောပိုင်းကာလတွေမှာ အီစထရိုဂျင် ပမာဏ ပြောင်းလဲမှုတွေကြောင့် စိတ်ခံစားမှု ပြောင်းလဲတာမျိုးတွေ ရှိနိုင်ပါတယ်။ အီစထရိုဂျင် ဟော်မုန်းတွေက စိတ်ခံစားမှု ကောင်းစေတဲ့ ဆီရိုတိုနင် ပမာဏကို ထိန်းညှိပေးသလို အာရုံကြောတွေ ကျန်းမာစေဖို့လည်း ထောက်ကူပေးပါတယ်။

အီစထရိုဂျင် ပမာဏ ကျဆင်းသွားရင် ဘာကြောင့် စိတ်ခံစားမှုအပေါ် သက်ရောက်မှု ရှိစေတာလဲဆိုတာကိုတော့ လေ့လာနေဆဲပါ။

လိင်မှုရေးရာ ကောင်းမွန်စေတယ်
အီစထရိုဂျင်က လိင်မှုဘဝ ပျော်ရွှင်စေဖို့ အတော်လေး အရေးပါပါတယ်။ ဒီဟော်မုန်းက မိန်းမကိုယ်မှာ ချောဆီထွက်စေပြီး သာယာကြည်နူးဖွယ် ဆက်ဆံရေးဖြစ်စေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ဒါကြောင့်လည်း သွေးဆုံးပြီးချိန်မှာ မိန်းမကိုယ် ခြောက်သွေ့တာ၊ အတူနေချိန်မှာ နာကျင်တာမျိုးတွေ ခံစားရတာပါ။
#ဖြူလေး

16/05/2026
လေဒီလေးတွေ လိုက်နာသင့်တဲ့ မိုးရာသီ တစ်ကိုယ်ရေသန့်ရှင်းရေး အလေ့အထများမိုးရာသီရောက်လာပြီဆိုရင် အရေပြားပြဿနာတွေ အဖြစ်များသလ...
15/05/2026

လေဒီလေးတွေ လိုက်နာသင့်တဲ့ မိုးရာသီ တစ်ကိုယ်ရေသန့်ရှင်းရေး အလေ့အထများ

မိုးရာသီရောက်လာပြီဆိုရင် အရေပြားပြဿနာတွေ အဖြစ်များသလို ဖျားနာတာ၊ မှိုပိုး ကူးစက်တာတွေလည်း အဖြစ်များပါတယ်။ ဒီလို စိုထိုင်းထိုင်းနဲ့ မှိုပိုးတွေ ပေါက်လွယ်တဲ့ရာသီမှာ လေဒီလေးတွေမှာ အဖြစ်များတဲ့ ကျန်းမာရေးပြဿနာ တစ်ရပ်ရှိပါတယ်။ ဒါကတော့ အဖြူဆင်းတာပါ။

လေဒီလေးတွေ လိုက်နာသင့်တဲ့ မိုးရာသီ တစ်ကိုယ်ရေသန့်ရှင်းရေး အလေ့အထ
အဖြူဆင်းတာတင်လားဆိုတော့ မဟုတ်သေးပါဘူး။ မိန်းမကိုယ် ယားယံတာနဲ့ အချို့သော ကျန်းမာရေးပြဿနာတွေလည်း ခံစားရနိုင်ပါသေးတယ်။ ဒီတစ်ခေါက်တော့ မုတ်သုံကာလကို ကျန်းမာပျော်ရွှင်စွာ ဖြတ်သန်းနိုင်စေဖို့အတွက် လေဒီလေးတွေ လိုက်နာသင့်တဲ့ မိုးရာသီ တစ်ကိုယ်ရေသန့်ရှင်းရေး အလေ့အထ အကြောင်းလေး ပြောပြပေးချင်ပါတယ်။

မိုးတွင်းမှာ မိန်းမကိုယ်ကျန်းမာရေး ထိခိုက်မှု အဖြစ်များသလား
မိန်းမကိုယ် ပိုးဝင်ကူးစက်မှုတွေက မိုးတွင်းကာလမှာ အဖြစ်အများဆုံးပါ။ အကြောင်းကတော့ မုတ်သုံရာသီမှာ အပူချိန်က တသမတ်တည်း မရှိဘဲ ပြောင်းလဲနေသလို လေထုထဲမှာ စိုထိုင်ဆကလည်း များနေတတ်ပါတယ်။ ဒီအခြေအနေ ၂ ရပ်စလုံးက မှိုပိုးတွေ နဲ့ ဘက်တီးရီးယားတွေကို ပေါက်ဖွားဖို့ အားဖြည့်ပေးနိုင်ပါတယ်။

မိုးတွင်းမှာ စိုထိုင်းဆက တော်တော်လေး များပါတယ်။ ဒါကြောင့် ဒီကာလမှာ ဦးရေပြား၊ ဆံသားနဲ့ အရေပြားပြဿနာ များစွာကို ခံစားရတာပါ။ ပတ်ဝန်းကျင်မှာ စိုထိုင်းဆများပြီး ချွေးထွက်များတာနဲ့ အတွင်းခံ တင်းတင်းကျပ်ကျပ် ဝတ်ဆင်တာတွေ စုစည်းမိသွားတဲ့အခါ ဘက်တီးရီးယားတွေက အလွယ်တကူပဲ ပေါက်ဖွားလာပါတယ်။

မိုးရာသီက ဗိုင်းရပ်စ်တွေ၊ ဘက်တီးရီးယားတွေ၊ မှိုပိုးတွေ ရှင်သန်ပေါက်ဖွားအောင် အားပေးတဲ့ ရာသီတစ်ခုအဖြစ် အမည်ဆိုးနဲ့ ကျော်ကြားပါတယ်။ ဒါကြောင့် မိုးရာသီကို နာကျင်မှု၊ သက်သောင့်သက်သာ မရှိမှုတွေကင်းဝေးပြီး ပျော်ရွှင်စွာနဲ့ ဖြတ်သန်းနိုင်စေဖို့ဆိုရင် လေဒီလေးတိုင်း လိုက်နာသင့်တဲ့ တစ်ကိုယ်ရေ သန့်ရှင်းရေး အလေ့အထလေးတွေ ရှိပါတယ်။ ဒါတွေက ဘာတွေဖြစ်မလဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။

လေဒီလေးတွေ လိုက်နာသင့်တဲ့ မိုးရာသီ တစ်ကိုယ်ရေသန့်ရှင်းရေး အလေ့အထ

လေဒီလေးတွေ လိုက်နာသင့်တဲ့ မိုးရာသီ တစ်ကိုယ်ရေသန့်ရှင်းရေး အလေ့အထ
မိုးရာသီမှာ မိန်းမကိုယ်လေး မကျန်းမာတာမျိုး မဖြစ်စေဖို့အတွက် လေဒီလေးတွေ လိုက်နာသင့်တဲ့ မိုးရာသီ တစ်ကိုယ်ရေသန့်ရှင်းရေး အလေ့အထ တွေက ဘာတွေ ဖြစ်မလဲဆိုတာ အတူတူ ကြည့်လိုက်ရအောင်နော်။

အတွင်းခံကို လေဝင်လေထွက်ကောင်းတာမျိုး ရွေးချယ်ပါ
လေဝင်လေထွက်ကောင်းတဲ့ အတွင်းခံတွေက မိန်းမကိုယ်ကို ကျန်းမာစေပါတယ်။ တင်းကျပ်တဲ့ အတွင်းခံတွေ၊ နိုင်လွန်သားပါတဲ့ အတွင်းခံတွေက လေဝင်လေထွက်မကောင်းဖြစ်စေပြီး မိန်းမကိုယ် ယားယံတာ၊ ချွေးအောင်းတာတွေကို ဖြစ်စေနိုင်ပါတယ်။ ဘက်တီးရီးယားတွေကို ပေါက်ဖွားစေပြီး မိန်းမကိုယ် ရောင်ရမ်းတာ၊ ပိုးဝင်တာတွေကို ဖြစ်စေနိုင်ပါတယ်။

မိန်းမကိုယ်ခြောက်သွေ့ သန့်ရှင်းအောင် ထားပါ
မုတ်သုံရာသီမှာ အစိုဓာတ် များနေတာကြောင့် အမျိုးသမီးတွေကို အလွယ်တကူ မိန်းမကိုယ်ပိုးဝင် ကူးစက်ခံရစေနိုင်ပါတယ်။ ဒါကြောင့် မိန်းမကိုယ်ကို မကြာခဏ သန့်စင်ပေးပြီး သန့်စင်ပြီးတိုင်းမှာ ခြောက်သွေ့အောင် ထားပေးပါ။ ဒီလိုလုပ်တာက ဘက်တီးရီးယားတွေ ပေါက်ဖွားမှုကို ဟန့်တားပေးနိုင်ပါတယ်။ အနံ့ဆိုးမဖြစ်အောင်လည်း ကာကွယ်ရာ ရောက်ပါတယ်။

မိန်းမကိုယ် အတွင်းပိုင်းအထိ ဆေးကြောတာမျိုး မလုပ်ပါနဲ့
မိန်းမကိုယ်ကို အတွင်းပိုင်းအထိဆေးကြောတာက မိန်းမကိုယ်ရဲ့ pH ပမာဏကို ထိခိုက်စေနိုင်ပါတယ်။ အကျိုးပြုဘက်တီးရီးယားတွေရဲ့ ဟန်ချက်ကို ပျက်စေနိုင်ပါတယ်။ မိန်းမကိုယ် အတွင်းပိုင်းအထိ ဆေးကြောတာက မိန်းမကိုယ် ပိုးဝင်စေနိုင်ပြီး ကူးစက်ရောဂါတွေကို ကာကွယ်ပေးနိုင်ပါတယ်။

ရေများများ သောက်ပါ
မုတ်သုံရဲ့ ပူနွေးစိုစွတ်မှု များတာက ချွေးထွက်များစေပါတယ်။ ချွေးထွက်တဲ့အခါ ခန္ဓာကိုယ်က ရေဓာတ်နဲ့ ဆားဓာတ်ကို လျင်လျင်မြန်မြန် လျော့ကျစေနိုင်ပါတယ်။ ဒီအအေနအထားက မိန်းမကိုယ် နဲ့ မိန်းမကိုယ် တဝိုက်မှာ ပူလောင်တာ၊ ယားယံတာတွေကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် မိန်းမကိုယ် ဘက်တီးရီးယားပမာဏကို ဟန်ချက်ညီစေဖို့ နဲ့ မိန်းမကိုယ် ကျန်းမာစေဖို့၊ pH ပမာဏ ထိန်းညှိဖို့ နဲ့ မိန်းမကိုယ် ပိုးဝင်ကူးစက်တာကို ကာကွယ်နိုင်ဖို့အတွက် ရေဓာတ်ပြည့်ဝနေအောင် ရေများများ သောက်ပေးပါ။

ဆီးခုံမွေးကို ခဏခဏ မရိတ်ပါနဲ့
ဆီးခုံမွေးတွေက မိန်းမကိုယ်ကို ကာကွယ်ပေးတာပါ။ ဘက်တီးရီးယားတွေ ကူးစက်မှုနဲ့ အတူနေစဉ်မှာ ထိခိုက်မှုတွေ ကင်းစေဖို့ ကာကွယ်ပေးပါတယ်။ မုတ်သုံမှာလည်း ဘက်တီးရီးယားတွေ ကူးစက်ပြန့်နှံ့တာနဲ့ ပိုးဝင်ကူးစက်မှုတွေကို ကာကွယ်ပေးပါတယ်။ ဒါကြောင့် မိုးတွင်းမှာ ဆီးခုံမွေးကို သန့်စင်တာမျိုးပဲ လုပ်ပါ။ ခဏခဏ ရိတ်တာမျိုး မလုပ်ပါနဲ့။

အရှေ့ကနေ အနောက်ကို ဆွဲယူတဲ့ပုံစံနဲ့ သန့်စင်ပါ
မိန်းမကိုယ်ကို သန့်ရှင်းရေး လုပ်တဲ့အခါ အနောက်ကနေ အရှေ့ကို ဆွဲယူတဲ့ပုံစံနဲ့ မသန့်စင်ပါနဲ့။ စအိုတဝိုက်က ဘက်တီးရီးယားတွေ မိန်းမကိုယ်ကို ဝင်ရောက်ကူးစက်နိုင်တာကြောင့်ပါ။ ဒါကြောင့် အပေါ့အလေး သွားပြီးလို့ သန့်စင်တဲ့အခါတိုင်း အရှေ့ကနေ အနောက်ကို ဆွဲယူတဲ့ပုံစံနဲ့ပဲ သန့်စင်ပေးပါ။

အစပ်လျှော့စားပါ
စပ်လွန်းတဲ့ အစားအစာတွေက မိန်းမကိုယ်ရဲ့ pHကို အပြောင်းအလဲဖြစ်စေနိုင်ပါတယ်။ မိန်းမကိုယ် pHပျက်ရင် မိန်းမကိုယ်ပိုးဝင်တာတွေ ဖြစ်လာနိုင်ပါတယ်။ လူတိုင်းတော့ မဟုတ်ပေမဲ့ အစပ်များများစားမိတိုင်း မိန်းမကိုယ် ပိုးဝင်တာကို ခံစားနေရတယ်ဆိုရင်တော့ အစပ်စားတာကို လျှော့သင့်ပါတယ်။

အတူနေပြီးတိုင်းမှာ မိန်းမကိုယ်ကို သန့်စင်ပါ
အတူနေပြီးချိန်မှာ ဆီးသွားတာ၊ မိန်းမကိုယ် သန့်စင်တာက မိန်းမကိုယ်ပိုးဝင်ကူးစက်မှုကို အတိုင်းအတာတစ်ခုအထိ ဟန့်တားပေးနိုင်ပါတယ်။ ဘက်တီးရီးယားတွေ ပေါက်ဖွားမှုကို ဟန့်တားပေးနိုင်မှာပါ။

ရာသီလာချိန်မှာ သန့်ရှင်းရေး ဂရုစိုက်ပါ
ရာသီလာနေတယ်ဆိုရင် လစဉ်သုံးကို ၆နာရီ တစ်ခါ၊ tampons ဆိုရင် ၂ နာရီ တစ်ခါ၊ menstrual cup ဆိုရင် ၈ နာရီ တစ်ကြိမ် ပုံမှန် လဲပေးတာ မိန်းမကိုယ် ကျန်းမာရေးကို မထိခိုက်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ဒါကြောင့် ရာသီလာချိန်မှာ မိန်းမကိုယ်ကို သန့်စင်ပြီးပြီဆိုရင် တစ်သျှူးသုံးပြီး ခြောက်သွေ့အောင် လုပ်ဆောင်ပေးပါ။

သတင်းစကား
မိုးရာသီမှာ အတွင်းခံတွေကို ခြောက်သွေ့အောင် ဂရုစိုက်ပါ။ လိုအပ်ရင် မီးပူတိုက်ပြီးမှ ဝတ်ပါ။ သေချာသန့်စင်အောင် လျှော်ဖွတ်ပါ။ မိန်းမကိုယ်ကို သန့်ရှင်းခြောက်သွေ့အောင်ထားပါ။ ဆပ်ပြာတွေနဲ့ သုံးပြီး သန့်စင်တာမျိုး မလုပ်ပါနဲ့။ ရေများများ သောက်ပြီး အစပ်လျှော့စားပါ။ ဒါဆိုရင်တော့ မုတ်သုံမှာ မိန်းမကိုယ် ကျန်းမာရေးပြဿနာ ကင်းဝေးမှာပါ။

ဆေးပညာအရ သားအိမ်အားနည်း ဆိုတဲ့ official diagnosis မရှိပါဘူး။ ဒါကြောင့် ဆရာဝန်တွေက အများအားဖြင့်ဟော်မုန်းမညီခြင်းသားဥမထွက...
15/05/2026

ဆေးပညာအရ သားအိမ်အားနည်း ဆိုတဲ့ official diagnosis မရှိပါဘူး။ ဒါကြောင့် ဆရာဝန်တွေက အများအားဖြင့်
ဟော်မုန်းမညီခြင်း
သားဥမထွက်ခြင်း
သားအိမ်အလွှာပါးခြင်း
Fibroid / cyst
Endometriosis
Infection
သားအိမ်ကျခြင်း
စတဲ့ တကယ်ရှိတဲ့အကြောင်းရင်းကိုပဲ သတ်မှတ်ကြပါတယ်။

ကိုယ်ဝန်ရခက်တာ၊ ရာသီမမှန်တာတွေက ဟော်မုန်းတစ်ခုတည်းကြောင့်မဟုတ်ဘဲ
သားအိမ်ဖွဲ့စည်းပုံပြဿနာ
သားဥအိမ်ပြဿနာ
Fallopian tube ပိတ်ခြင်း
Infection
Thyroid
စိတ်ဖိစီးမှု
ကိုယ်အလေးချိန်
အသက်အရွယ်
တို့လည်း ဆက်စပ်နိုင်ပါတယ်။
အဲ့ဒါကြောင့် လူတွေသုံးတဲ့ သားအိမ်အားနည်း ဆိုတာက
တကယ့်ဆေးပညာ diagnosis မဟုတ်ပေမယ့် မျိုးဆက်ပွားစနစ်မှာ တစ်ခုခုမကောင်းနေ တဲ့ အဓိပ္ပာယ်နဲ့ ပြောနေကြတာများပါတယ်။

ကဲ ဒါဆို သားအိမ်အတွင်းကအဓိကဓာတ်လိုက်ဖြစ်တဲ့ဟော်မုန်းကို ညီဖို့ ဘာလုပ်ကြမလဲ။ သားအိမ်ကိုအဟာရဖြစ်စေတဲ့အစားအသောက်တွေစားမယ်၊ မိမိရဲ့ရာသီမှန်ဖို့ နေထိုင်စားသောက်ဆင်ခြင်ဂရုစိုက်ဖို့လိုပါမယ်။

လိုအပ်ရင်ဟော်မုန်းဖြည့်စွက်စာတွေသောက်လို့ရပါတယ်။ ကျန်းမာရေးသေချာဆွေးနွေးပြီး လိုအပ်တဲ့ဖြည့်စွက်အဟာရတွေမှီဝဲလို့ရပါတယ်။

ဟော်မုန်းမညီတာ၊ ရာသီမမှန်တာ၊ ကိုယ်ဝန်ရခက်တာတွေကတော့ တကယ်ဖြစ်နိုင်ပါတယ်။

ဒါကြောင့် ခန္ဓာကိုယ်ဟော်မုန်း balance ညီဖို့က အရေးကြီးပါတယ်။အာဟာရပြည့်ဝတဲ့အစားအသောက်စားမယ်၊ အိပ်ရေးဝဝအိပ်မယ်၊ စိတ်ဖိစီးမှုလျော့မယ်၊ ရာသီစက်ဝန်းမှန်အောင် နေထိုင်စားသောက်ဂရုစိုက်ဖို့လိုပါတယ်။

လိုအပ်ရင် ဆရာဝန်ညွှန်ကြားချက်နဲ့ ဟော်မုန်းဖြည့်စွက်စာ၊ အာဟာရဖြည့်စွက်စာတွေ မှီဝဲနိုင်ပါတယ်။


#အမျိုးသမီးကျန်းမာရေး

Address

Thanbyuzayat

Telephone

+959459552510

Website

Alerts

Be the first to know and let us send you an email when Phyulay Heathy Lifestyle posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share