19/06/2026
ဆိုင်လေးကို ပိတ်ထားရတာ ကြာလာတော့ နေ့တိုင်းလိုလို သတိရမိပါတယ်။
မနက်ခင်း ဆိုင်တံခါးဖွင့်ရတဲ့အချိန်တွေ၊ ဖောက်သည်တွေနဲ့ စကားပြောရတဲ့အချိန်တွေ၊ အလုပ်လုပ်ရင်းရောက်တဲ့ ပစ္စည်းထုပ်တွေဖောက်လိုက် ဈေးရောင်းလိုက်နဲ့ အလုပ်ရှုပ်ရင်း ပင်ပန်းပေမယ့် ပျော်ခဲ့ရတဲ့ နေ့ရက်တွေကို အမြဲသတိရနေမိတယ်။
အခုတော့ အကြောင်းအမျိုးမျိုးကြောင့် ဆိုင်လေးကို ခဏပိတ်ထားရပေမယ့် ဒီ Page လေးကိုတော့ ဆက်လက်အသုံးပြုနေပါတယ်ရှင့်။
အမြဲအားပေးခဲ့ကြတဲ့ မိတ်ဆွေများ၊ ဖောက်သည်များအားလုံးကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်။ ❤️
တစ်နေ့နေ့မှာ ကိုယ်ချစ်တဲ့ ဆိုင်လေးကို ပြန်ဖွင့်နိုင်ဖို့ မျှော်လင့်ရင်း၊ အားလုံးလည်း ကျန်းမာပျော်ရွှင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
#ပုံကတော့တစ်ချိန်တုန်းကပုံလေးပါရှင်
#ဝါဆိုခါနည်းဒီပုံလေးတွေ့တော့ပိုလွမ်းမိတယ်ရှင်
#အမြဲသတိရနေပါတယ်
#တစ်နေ့ပြန်ဆုံကြမယ်နော်
#အားပေးခဲ့ကြတဲ့တစ်ဦးတစ်ယောက်ချင်းစီကိုကျေးဇူးတင်ပါတယ်ရှင်💗