မောင်တို့ရွာ

Directions Contact the business

မောင်တို့ရွာ ဘဝ
လိုတာရတာမှ မရှိတာ
ကြိုးစားမှုနဲ့ ဖန်တီးယူရမှာပေါ့

Conan the Barbarian (2011)================ဒီနေ့မှာတော့ အားလုံးရဲ့အချစ်တော် Aquaman မင်းသားကြီး Jason Momoa ရဲ့ 2011 ကထွက...
25/09/2022

Conan the Barbarian (2011)
================
ဒီနေ့မှာတော့ အားလုံးရဲ့အချစ်တော် Aquaman မင်းသားကြီး Jason Momoa ရဲ့ 2011 ကထွက်ရှိထားတဲ့ Conan the Barbarian ဆိုတဲ့ဇာတ်ကားကောင်းတစ်ကားလေးကို တင်ဆက်ပေးလိုက်ပါပြီ။

ဒီဇာတ်ကားကို ဟိုက်ဘိုရီယန်ခေတ်မှာ အခြေတည်ထားပြီးတော့ ခန့်မှန်းအားဖြင့် BC 14000 ကနေ 9500 ကြားလောက်အချိန်အတွင်းဖြစ်ပါတယ်။
ဟိုက်ဘိုရီယန်ခေတ်မတိုင်ခင် အက်ရှရွန်ခေတ်မှာမှော်ဆရာတွေဟာ သေသူကိုပြန်ဆင့်ခေါ်နိုင်ဖို့ ဘုရင်တွေရဲ့အရိုးတွေကိုသုံးပြီး နတ်ဆိုးတွေစီး၀င်‌နေတဲ့ မျက်နှာဖုံးတစ်ခုကို ဖန်တီးလိုက်ကြပါတယ်။ မျက်နှာဖုံးဟာ စွမ်းအားကြီးလွန်းလို့ အက်ရှရွန်တွေဟာ တစ်ကမ္ဘာလုံးကို အုပ်စိုးသွားနိုင်ခဲ့ပေမယ့် သူတို့ကိုတော်လှန်နိုင်တဲ့
ဘာဘေရီယန်ဆိုတဲ့ မျိုးနွယ်စုတစ်စု ကျန်ရှိနေခဲ့ပါတယ်။

ဘာဘေရီယန်တွေဟာ မျက်နှာဖုံးကိုခွဲပစ်လိုက်နိုင်ပြီး မသမာသူတစ်ယောက်ယောက်က အစိတ်အပိုင်းတွေကိုပြန်မဆက်နိုင်အောင်
တစ်ပိုင်းချင်းစီကို မျိုးနွယ်စုအသီးသီးဆီဖြန့်ကျက်ထားလိုက်ပါတယ်။

ဒါပေမယ့် တစ်နေ့တော့ အပိုင်းအစတွေကိုပြန်စုတဲ့လူတစ်ယောက်ပေါ်လာခဲ့တဲ့အခါ ဇာတ်လိုက်ကျော် Jason Momoa တစ်ယောက် ဘယ်လိုအန္တရာယ်တွေရင်ဆိုင်ရင်း တားဆီးဖို့ကြိုးစားသွားမလဲဆိုတာကို စိတ်၀င်တစားကြည့်ရှုကြရမှာဖြစ်ပါတယ်။

ဒီဇာတ်ကားက မင်းသားကြီးအာနိုးရဲ့ Conan the Barbarian (1982) နဲ့နာမည်တူ ခေတ်ပုံစံတွေတူပေမယ့် ဇာတ်လမ်းဆက်စပ်မှုတော့ မရှိပါဘူး။

ကားကောင်းတွေကို အဆက်မပြတ်ကြည့်ရန်👇🥰
page ကိုလည်းlike/ follow&see firstလုပ် ထားပါ👇💕
https://www.facebook.com/

Join telegram 👇💕

👉 https://t.me/maunggyi2589/211

Telegram Link👇👇
🎥 နိုင်ငံခြား ရုပ်ရှင်ဇာတ်ကား အစုံ
https://t.me/maunggyi2589
🔞 ဇာတ်ကားရှည်များ Free link
https://t.me/maunggyi5101
🎬 ရယ်စရာ Tiktok များကို တစ်နေရာထဲမှာ ကြည့်
လို့ရမယ့်
https://t.me/maunggyi510tt

Quality…BluRay 4K HEVC/1080p HEVC/720p
Format…mkv/mp4
Duration….01:52:56
Subtitle….Myanmar Subtitle (Hardsub)
Encoder….Nyeinsaeya Aung
Translated by Jaka

ရွှေတိဂုံစေတီတော်ကြီးရဲ့ ဧည့်သည်တော်မှတ်တမ်းမှာ ဟယ်လင်ကဲလား လက်မှတ်ထိုးနေတဲ့ ဓါတ်ပုံပါ။ သူမကို ဘေးကကူညီပေးနေတာကတော့ ပေါ်...
25/09/2022

ရွှေတိဂုံစေတီတော်ကြီးရဲ့ ဧည့်သည်တော်မှတ်တမ်းမှာ ဟယ်လင်ကဲလား လက်မှတ်ထိုးနေတဲ့ ဓါတ်ပုံပါ။ သူမကို ဘေးကကူညီပေးနေတာကတော့ ပေါ်လီသော်မဆင် ဖြစ်ပါတယ်။

ဟယ်လင်ကဲလား (Helen Keller) ဆိုတာ အသက်တစ်နှစ်နဲ့ ခုနှစ်လသမီးလေးကတည်းက မျက်မမြင် နားမကြား ဖြစ်ခဲ့ရသူပါ။ သူမဘဝကို တစ်ကမ္ဘာလုံးက စိတ်ဝင်တစားဖြစ်ကြရပါတယ်။ မျက်စေ့လည်းမမြင် နားလည်းမကြားပဲ အရာဝတ္ထုတွေကို လက်နဲ့စမ်းပြီး စာသင်လာတာ နောက်ဆုံးကောလိပ်က ဘွဲ့ရတဲ့အထိပါပဲ။ ကင်းဘရစ်တက္ကသိုလ်ကတောင် ဂုဏ်ထူးဆောင်ဘွဲ့ ရခဲ့ပါသေးတယ်။

စာအုပ်ဆယ့်နှစ်အုပ်နဲ့ ဆောင်းပါးတွေ တော်တော်များများလည်း ရေးခဲ့ပါတယ်။ သူမအကြောင်းကို အများကတော့ သိပြီးဖြစ်မှာပါ။ မဖတ်ဖူးရင်လည်း အသက်ရှူမှားလောက်တဲ့ ဟယ်လင့်ဘဝအကြောင်း ဖတ်ကြည့်ကြပါ။ ရုပ်ရှင်တွေ မှတ်တမ်းတွေလည်း ရိုက်ထားပါတယ်။

ပေါ်လီသော်မဆင်(Polly Thomson)က စကော့တလန်သူဖြစ်ပြီး၊ ဟယ်လင်ရဲ့ကူဖေါ်လောင်ဖက်အဖြစ် ရောက်လာပြီးမှ တစ်ဘဝလုံး စောင့်ရှောက်ပေးခဲ့သူပါ။ ပေါ်လီအပြင် ဟယ်လင်ရဲ့ဘဝမှာ အရေးပါလှတဲ့ သူတစ်ယောက်ရှိပါသေးတယ်။ အန်း (Anne Sullivan)ပါ။

အန်းဟာ သူမကိုယ်တိုင် အမြင်ချို့ယွင်းသူတစ်ဦးဖြစ်ပြီး ဟယ်လင်ရဲ့ဆရာမ ပါရမီဖြည့်ဖက်ပါ။ စုံလုံးကန်း နားမကြား ဟယ်လင်ကို စာသင်ပေးခဲ့တဲ့ အာဂမိန်းမပါ။ အန်းက ဟယ်လင်ကို ရေဘုံဘိုင်ဆီ ခေါ်လာပြီး ရေကိုလက်နဲ့ထိစေပါတယ်။ ပြီးမှ မျက်မမြင်စာ (Braille)နဲ့ အက္ခရာတစ်လုံးချင်းစီကို ထိစေပြီး w a t e r လို့ ပေါင်းခိုင်းရပါတယ်။

ဟယ်လင်ဟာ သူမဘဝရဲ့ ပထမဆုံးသိခွင့်ရတဲ့ စာလုံး water ကို စိတ်အလှုပ်ရှားဆုံးနဲ့ အမှတ်တရအရှိဆုံးလို့ ပြောလေ့ရှိပါတယ်။ နိုင်ငံပေါင်း ၃၅ နိုင်ငံကို ခရီးသွားခဲ့တဲ့ ဟယ်လင်ကဲလားဟာ မြန်မာပြည်ကိုလည်း ၁၉၅၅ မေလမှာ ရောက်ခဲ့ပါတယ်။ ရွှေတိဂုံစေတီတော်ကို ရောက်ဖူးတဲ့ ကမ္ဘာအနှံ့က ထင်ရှားတဲ့ဧည့်သည်တော်တွေထဲမှာ ဟယ်လင်ကဲလားကတော့ အထူးခြားဆုံးတစ်ယောက်ပါ။

(18+) 5 in 1(2022)ကားနာမည်ကြားတာနဲ့တင် ဆွဲဆောင်မှုအပြည့်ရှိနေတာကတော့ ဒီဇာတ်ကားပါပဲဒီဖိလစ်ပိုင်ကားမှာတော့ Johnny Dick Jor...
24/09/2022

(18+) 5 in 1(2022)

ကားနာမည်ကြားတာနဲ့တင် ဆွဲဆောင်မှုအပြည့်ရှိနေတာကတော့ ဒီဇာတ်ကားပါပဲ

ဒီဖိလစ်ပိုင်ကားမှာတော့ Johnny Dick Jordi ဆိုတဲ့ ဘဲကြီးက 5 in 1 coffee ဆိုပြီး
သောက်ဆန်းကြီးကို‌တည်ထောင်ပြီး ဥစ္စာပေါရုပ်ချောရေလျှံနေတဲ့ ဘဲကြီးတစ်ပွေဖြစ်ပါတယ်။

ဒါပေမဲ့ ရေလျှံတဲ့ဘဲတွေထုံးစံအတိုင်းသူက ကော်ဖီကိုတင် 5 in 1 လုပ်ခဲ့တာမဟုတ်ပါဘူး
ဒီလိုနဲ့ဖိလစ်ပိုင်ကျော်ကြီးတစ်ယောက် ကံဆိုးစွာနဲ့ ရောဂါကြောင့်ငယ်ငယ်ရွယ်ရွယ်သေဆုံးသွားချိန်မှာတော့
သူ့ရဲ့ချမ်းသာကြွယ်ဝမှုကိုအမွေဆက်ခံဖို့ သူ့ရည်းစားဟောင်း ၅ ဦး ဖြစ်တဲ့
လာနာ ရို့စ်၊ မီယာ ကာလီဆာ၊ မာရီယာ အိုဆာကာ၊လက်ဆီ လောရိုက်စ်၊ ရီလေ ရတ်ပါဆိုတဲ့
ဆော်အလန်းလေးတွေကို သူ့အသုဘကို ဖိတ်ခေါ်ခဲ့ပါတယ်။

ဒါပေမဲ့သူတို့ထဲက ဘယ်သူကများ မစ္စတာ Dick ရဲ့ အမွေကိုဆက်ခံနိုင်မှာလဲ...
ဒီလိုနဲ့ စားဘဲကြီးနဲ့ သူတို့ရဲ့အမှတ်တရအတိတ်နေ့ရက်လေးတွေကို ပြန်ပြောပြရင်း
စားဘဲကြီးရဲ့ဆော် ၅ယောက်ကို တစ်ပြိုင်နက်ထဲဘယ်လို အ‌ကွက်ရွှေ့ပြီးတွဲသွားလဲ
ဘယ်လိုတော်ကီတွေ tactics တွေသုံးသွားလည်းဆိုတာကို ညိုကီတို့နည်းနာယူရမှာပဲဖြစ်ပါတယ်
ဒါပေမဲ့လည်း ‌စားဘဲကြီးဖြစ်ပေမဲ့ စားဖို့လောက်ပဲသိတဲ့ ဘဲကြီးလို့တော့မထင်လိုက်ပါနဲ့ ‌
အမျိုးသမီးတွေရဲ့ဘဝဒုက္ခကိုကူညီပေးရင်း အလင်းလမ်းကိုပြသတဲ့
ကျော်ကြီးရဲ့ဖြူစင်တဲ့နှလုံးသားကူညီတတ်ပုံတွေကိုလည်း မြင်တွေ့ရမှာပါ

ဒါပေမဲ့ ၁၈ အပေါင်း မြင်ကွင်းတွေလည်း ၅ ဆ ပါဝင်တာကြောင့်
မိသားစုလူကြီးသူမတွေနဲ့ကြည့်ရှုဖို့မသင့်တော်ပါခင်ဗျ
အကိတ်အလန်း ဖိလစ်ပိုင်သူလေးတွေ ပါဝင်တာကြောင့်
အကိတ်ကြိုက်တဲ့ဘရိုတို့အတွက် recommend ပါတယ်ဗျာ ။ ။

အညွှန်း နဲ့ ဘာသာပြန်ကတော့ Dark Knight ပဲ ဖြစ်ပါတယ်။

Genre..... Comedy
Quality…. 1080p | 720p | 480p
File size… 1.3GB | 673MB | 340MB
Format… mp4
Duration…. 1h 52min
Subtitle…. Myanmar Subtitle (Hardsub)
Translator ..... Dark Knight
Encoder ..... Blank

ကားကောင်းတွေကို အဆက်မပြတ်ကြည့်ရန်👇🥰
page ကိုလည်းlike/ follow&see firstလုပ် ထားပါ👇💕
https://www.facebook.com/

Join telegram 👇💕
👉 https://t.me/maunggyi5101/44

👉 https://t.me/maunggyi2589/158

Telegram Link👇👇
🎥 နိုင်ငံခြား ရုပ်ရှင်ဇာတ်ကား အစုံ
https://t.me/maunggyi2589
🔞 ဇာတ်ကားရှည်များ Free link
https://t.me/maunggyi5101
🎬 ရယ်စရာ Tiktok များကို တစ်နေရာထဲမှာ ကြည့်
လို့ရမယ့်
https://t.me/maunggyi510tt

ည ကြည့်ဖို့ သရဲကားကောင်း  #ဇာတ်ကားသစ်စက်၂ ကြည့်၂ ကြောက်တတ်ရင်အဖော်ရှာကြည့် 🙈🙈The Invitation (2022)----------------------...
24/09/2022

ည ကြည့်ဖို့ သရဲကားကောင်း #ဇာတ်ကားသစ်စက်၂ ကြည့်၂ ကြောက်တတ်ရင်အဖော်ရှာကြည့် 🙈🙈

The Invitation (2022)
---------------------------------

IMDb - 5.3

ဒီဇာတ်ကားကတော့ ဒါရိုက်တာ Jessica M.Thompson ရိုက်ကူးထားပြီး သရုပ်ဆောင်များအဖြစ် Nathalie Emmanuel, Thomas Doherty, Stephanie Corneliussen, Alan Boden, Hugh Skinner နဲ့ Sean Pertwee တို့ကအဓိကပါဝင်သရုပ်ဆောင်ထားတဲ့ Horror, Mystery အမျိုးအစား ဇာတ်ကားတစ်ကားလေးတစ်ကားပဲဖြစ်ပါတယ်။

ဇာတ်လမ်းအညွှန်းအနေနဲ့ကတော့ ...

ကျွန်တော်တို့ရဲ့ ဇာတ်လိုက်ဖြစ်သူ အီဗီ(Nathalie Emmanuel)ဟာ အလုပ်တစ်ဖက်နဲ့ ကျောင်းတက်နေတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ အဖေရောအမေရောမရှိတော့ဘဲ တစ်ကောင်ကြွက်လို့ ကိုယ့်ကိုယ်ကိုယ်ထင်နေတဲ့အချိန်မှာ သူ့ရဲ့ဝမ်းကွဲတစ်ယောက်ဖြစ်သူ အော်လီဗာ(Hugh Skinner) နဲ့ Online မှာတွေ့ပြီး သူ့ရဲ့မျိုးရိုးနောက်ခံကို သိရဖို့ အင်္ဂလန်ကို လိုက်လာပါတော့တယ်။

အဲ့ဒီမှာနောက်မှာတော့ သူ့မိသားစုရဲ့နောက်ခံဇာတ်ကြောင်းတွေက ဘယ်လိုရှိမလဲ?
ပြီးတော့ သူတို့မိသားစုရဲ့မိတ်ဆွေတွေဖြစ်တဲ့ တခြားမိသားစုတွေရဲ့လျှို့ဝှက်ချက်တွေကရော ဘာတွေလဲ? ဆိုတာကို ရင်တဖိုဖိုနဲ့ ကြည့်ရှုခံစားရမှာဖြစ်ပါတယ်။

ဒီဇာတ်ကားထဲမှာ သွေးသံတရဲရဲအခန်းတွေ၊ ကြမ်းတမ်းတဲ့ စကားလုံးအသုံးအနှုန်းတွေနဲ့ မဖွယ်မရာအခန်းတချို့ ပါဝင်တာကြောင့် Motion Picture က PG-13 သတ်မှတ်ထားပါတယ်။

ကားကောင်းတွေကို အဆက်မပြတ်ကြည့်ရန်👇🥰
page ကိုလည်းlike/ follow&see firstလုပ် ထားပါ👇💕
https://www.facebook.com/

Join telegram 👇💕
👉 https://t.me/maunggyi2589/152

Telegram Link👇👇
🎥 နိုင်ငံခြား ရုပ်ရှင်ဇာတ်ကား အစုံ
https://t.me/maunggyi2589
🔞 ဇာတ်ကားရှည်များ
https://t.me/maunggyi5101
🎬 ရယ်စရာ Tiktok များကို တစ်နေရာထဲမှာ ကြည့်
လို့ရမယ့်
https://t.me/maunggyi510tt
(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်က APP ပါ။)

[18+] DoYouThinkIAmSexy? (2022)~ IMDb rating - 6.2/10 ~ချာလိစ်ဟာ မြို့မှာကျောင်းတက်ရင်းအလုပ်လုပ်နေတဲ့အဆောင်သူလေးတစ်ယောက်...
23/09/2022

[18+] DoYouThinkIAmSexy? (2022)

~ IMDb rating - 6.2/10 ~

ချာလိစ်ဟာ မြို့မှာကျောင်းတက်ရင်းအလုပ်လုပ်နေတဲ့အဆောင်သူလေးတစ်ယောက်ဖြစ်ပြီး နေ့ခင်းဘက်မှာ ကျောင်းတက်သလို ညဘက်တွေမှာ အွန်လိုင်းဝက်ဘ်ဆိုက်တစ်ခုကတစ်ဆင့် ဆက်စီကပြတာတွေ အဖော်အချွတ်လုပ်ပြတာတွေကို အခကြေးငွေနဲ့လုပ်ဆောင်ပါတယ်။ ဒါတွေကိုစောင့်ကြည့်နေခဲ့သူကတော့ သူ့ရဲ့ ပရော်ဖက်ဆာ ထရစ်စတန်ပါပဲ။ ချာလိစ်ရဲ့ကျောင်းချိန်မမှန်တာ၊အိမ်စာပုံမှန်မလုပ်တာ အမှတ်နည်းတာတွေကိုအကြောင်းပြ အိမ်လာခိုင်းပြီး အဓမ္မပြုကျင့်လိုက်တဲ့နောက် ကျောင်းဘုတ်အဖွဲ့ကိုတိုင်ခဲ့ပေမယ့်လဲ ထရစ်စတန်ဘက်ကသာဖြစ်တဲ့ ကျောင်းတာဝန်ရှိသူတွေဟာ အရေးမယူတဲ့အပြင် သားကောင်ဖြစ်ခဲ့ရတဲ့ သူ့ကိုပါ ကျောင်းနားခိုင်းလိုက်ပါသေးတယ်။ တစ်ဖက်ကလဲနေရာတကာဝင်ပါတတ်လွန်းတဲ့ ရှေးရိုးစွဲတွေရဲ့ကန့်ကွက်မှု ကြောင့်သူတို့ဝင်ငွေရှာနေတဲ့ဝက်ဘ်ဆိုဒ်ဟာ ပိတ်ရလုနီးပါးဖြစ်နေပါတယ်။ ဒီအကျပ်အတည်းတွေကနေ သူဘယ်လိုရုန်းထွက်မလဲ? ကြောင်သူတော်သူ့ဆရာကိုထိုက်သင့်တဲ့ပြစ်ဒဏ်ပေးအပ်နိုင်ပါ့မလား?

ဒီတစ်ခေါက်ဇာတ်ကားကတော့ Cam girl လေးတွေရဲ့ဘဝကိုအခြေခံထားတာဖြစ်တဲ့အတွက် Solo လေးတွေများပါတယ်။ Cloe Barretto လေးကိုလဲ မထုံတက်တေးပုံစံတစ်မျိုး၊ ကင်မရာရှေ့ရောက်သွားရင် လုံးဝအသွင်သစ်တစ်မျိုးမြင်တွေ့ရမှာဖြစ်တဲ့အတွက်အမြင်ဆန်းသဘောကျကြမှာသေချာပါတယ်။

(ဒီဇာတ်ကားနဲ့အညွှန်းကို Alias မှ ပြန်ဆို ရေးသားထားပါတယ်)

Size - 1.85GB, 865MB
Quality - 1080p, 720p
IMDb Rating - 6.2/10
Format - mp4
Duration - 1H 46Min
Genre - Adult, Drama
Subtitle - Myanmar Subtitle (Hardsub)
Translated by Alias
Encoded by RGB

ကားကောင်းတွေကို အဆက်မပြတ်ကြည့်ရန်👇🥰
page ကိုလည်းlike/ follow&see firstလုပ် ထားပါနော်

Join telegram 👇💕
👉 https://t.me/maunggyi2589/130

Telegram Link👇👇
🎥 နိုင်ငံခြား ရုပ်ရှင်ဇာတ်ကား အစုံ
https://t.me/maunggyi2589
🔞 ဇာတ်ကားရှည်များ
https://t.me/maunggyi5101
🎬 ရယ်စရာ Tiktok များကို တစ်နေရာထဲမှာ ကြည့်
လို့ရမယ့်
https://t.me/maunggyi510tt


all

Joking Jazz 4G ~ 5Gကားကောင်းတွေကို အဆက်မပြတ်ကြည့်ရန်👇🥰page ကိုလည်းlike/ follow&see firstလုပ် ထားပါ👇💕https://www.facebook...
23/09/2022

Joking Jazz 4G ~ 5G

ကားကောင်းတွေကို အဆက်မပြတ်ကြည့်ရန်👇🥰
page ကိုလည်းlike/ follow&see firstလုပ် ထားပါ👇💕
https://www.facebook.com/101115312771244/posts/103081649241277/

Join telegram 👇💕
👉 https://t.me/maunggyi2589/121

Telegram Link👇👇
🎥 နိုင်ငံခြား ရုပ်ရှင်ဇာတ်ကား အစုံ
https://t.me/maunggyi2589
🔞 ဇာတ်ကားရှည်များ Free movies Link
https://t.me/maunggyi5101
🎬 ရယ်စရာ Tiktok များကို တစ်နေရာထဲမှာ ကြည့်
လို့ရမယ့်
https://t.me/maunggyi510tt

[18+] Birdcage Inn (1998)~ IMDb rating - 7/10 ~(ကင်ကီဒွပ်ရဲ့ အစောပိုင်းကားတွေထဲက တစ်ကားဖြစ်တဲ့အတွက် အကြည်ရဖို့မလွယ်လို့ ...
22/09/2022

[18+] Birdcage Inn (1998)

~ IMDb rating - 7/10 ~

(ကင်ကီဒွပ်ရဲ့ အစောပိုင်းကားတွေထဲက တစ်ကားဖြစ်တဲ့အတွက် အကြည်ရဖို့မလွယ်လို့ ရှိတဲ့ ကွာလတီနဲ့ပဲ ကြည်အောင် တင်ပေးလိုက်ပါတယ်ခင်ဗျာ)

Birdcage Inn ဟာ ကင်ကီဒွပ်ရဲ့ အစောပိုင်း ကာလတွေတုန်းက ရုပ်ရှင်တစ်ကားပါ။ တိတိကျကျဆို တတိယမြောက်ကားပါ။ နောက်ပိုင်း တချို့ကားတွေမှာ ကင်ဟာ ပရိသတ်နဲ့ဈေးကွက်အကြိုက်အရ နာမည်ကျော်သရုပ်‌‌ဆောင်တွေသုံးရင်း သူ့ရုပ်ရှင်တွေကနေ သူပြချင်တဲ့အမှန်တရားရော သူကိုယ်တိုင်ရော ပျောက်ဆုံးဖူးခဲ့တယ်ဆိုပါတယ်။ အင်တာဗျူးတစ်ခုမှာ ရုပ်ရှင်ရိုက်တဲ့အခါ အရေးအကြီးဆုံးက ဘာလဲလို့မေးတော့ အမှန်တရား ဝါ ရိုးသားမှုလို့ဖြေခဲ့ဖူးပါတယ်။ ဒီရုပ်ရှင်ကတော့ သူ့ရုပ်ရှင်တွေမှာ သူ့ရင်ခုန်သံစစ်စစ်တွေကိုပဲ ကြားရချင်တဲ့ ကင်ရဲ့ အစောပိုင်းကာလတုန်းက အရိုးသားဆုံးရုပ်ရှင်တစ်ကားပါ။

ဇာတ်ကတော့ ငှက်လှောင်အိမ်အင်းလို့ခေါ်တဲ့ အင်းတစ်ခုဆီ ပြည့်တန်ဆာလုပ်ဖို့ လာတဲ့မိန်းမလှလေးတစ်ယောက်နဲ့စဖွင့်ထားတယ်။ ဒီအလုပ်က သူ့ကို ဘယ်လောက်ပင်ပန်းစေလဲတော့မသိပါဘူး။ အဖွင့်မှာ ရေစပ်နားချထားတဲ့ ခုံပေါ်မှာထိုင်ရင်း ငိုက်ပြီး ရေထဲပြုတ်ကျသွားတာနဲ့ စဖွင့်ထားတယ်။ Bad Guy မှာတော့ ကောလိပ်ကျောင်းသူလေးကနေ ဒီဘဝ ဘယ်လိုရောက်သွားလဲ အသေးစိတ်ပြထားပေမဲ့ ဒီထဲမှာတော့ ဒီကောင်မလေးရဲ့ ပြည့်တန်ဆာဘဝကိုပဲ သေချာပြထားတယ်။ တချို့အချက်တွေအရသူလည်း ကောလိပ်ကျောင်းသူ ဖြစ်ကောင်းဖြစ်ခဲ့ဖူးလောက်မယ်။ ဘာလို့ ဒီဘဝရောက်သွားလဲတော့ မရေမရာနဲ့ပဲ ပြသွားတယ်။ နောက်တော့ အဲဒီကောင်မလေးနဲ့ အင်းပိုင်ရှင်မိသားစုရဲ့ ဆက်ဆံရေးပေါ့။ သူတို့လည်း ချမ်းသာလှတယ်တော့ မဟုတ်ဘူး။ ဒီလိုပဲ။ မရှိလို့ လုပ်စားနေတာ။ ဒီရုပ်ရှင်ရဲ့ အဓိကဇာတ်ကောင် ၂ကောင်က သူတို့မိသားစုက ဒီအလုပ်ကိုမုန်းတဲ့သမီးရယ်၊ ခုနက ပြည့်တန်ဆာမလေးရယ်ပေါ့။ ထုံးစံအတိုင်း သူတို့၂ယောက်ရဲ့အခြေအနေကို အချစ်ကြောင့်လုပ်တာလား အမုန်းကြောင့်လုပ်တာလား မရေရာခြင်းတွေအပြည့်နဲ့ သီကျူးသွားတယ်။ ဒီပုံစံကိုတော့ ကင်ကီဒွပ်ပရိသတ်တွေရင်းနှီးပြီးသားပဲမလား။ ကင်ဟာ လုပ်ရပ်တွေမှာ အချစ်လားအမုန်းလားမသည်းကွဲနိုင်အောင်ပုံဖော်တတ်တဲ့ သူပါပဲ။ ဒီထဲမှာလည်း ပြည့်တန်ဆာမလေးက အိမ်ရှင်ကောင်မလေးနဲ့ အိမ်ရှင်ကောင်မလေးရဲ့ ရည်းစားကြား ပြဿနာရှာလိုက်တာလေးတွေရှိပေမဲ့ ဒါကို အချစ်ကြောင့်လည်း ပါတယ်လို့တော့ ကျွန်တော်တော့ မြင်တာပါပဲ။ ဒီရုပ်ရှင်ဟာ ပြည့်တန်ဆာမလေးရဲ့ အိပ်ခန်းတွေမနည်းပါပေမဲ့ အဲဒီအိပ်ခန်းတွေကိုယ်တိုင်ဟာ ဒီရုပ်ရှင်ရဲ့ ရိုးသားမှုကို အရောင်တင်ပေးထားတာတွေပါပဲ။

ကင်ဟာ ပြင်သစ်က ကမ်းခြေတစ်ခုမှာ ပန်းချီဆွဲရင်း နှစ်နှစ်လောက် အချိန်ဖြုန်းဖူးပါတယ်။ သူဘာပြပွဲမှလည်း မလုပ်ခဲ့ပါဘူး။ သူက သူ့ပန်းချီကားတွေကို လမ်းပေါ်မှာ တင်ပြခဲ့တဲ့သူပါ။ သူဘာလို့ပန်းချီဆွဲလဲဆို သူ့ပန်းချီကားတွေက စစချင်းကြည့်ရင် ဟီရိသြတ္တပ္ပ ကင်းမဲ့ပြီး ညစ်ညမ်းတယ်လို့ထင်ရပေမဲ့ သေချာကြည့်ကြည့်ရင်တော့ ဖန်တီးသူရဲ့ ရိုးသားခြင်းကို အပြည့်အဝ တွေ့မြင်နိုင်လို့ လို့ဆိုဖူးပါတယ်။ သူ့ရုပ်ရှင်တွေဟာလည်း ထိုနည်းလည်းကောင်းပါပဲ။ ညစ်ညမ်းတယ်လို့ထင်ကောင်းထင်ရနိုင်ပေမဲ့ သူဟာ သူသိတဲ့ဘဝတွေကို အရိုးသားဆုံးပြထားခဲ့တာပါပဲ။ ဒီရုပ်ရှင်ဟာလည်း ညစ်ညမ်းတာတွေ စိတ်ညစ်စရာတွေအပြည့်နဲ့ကို ရိုးရိုးသားသားနဲ့ လှနေတဲ့ ကင်ကီဒွပ်ရုပ်ရှင်တစ်ကားပါပဲ။

တစ်ခုရှိတာက ကင်ကီဒွပ်ဟာ ဒီပထမကားတွေမှာဆို ကိုရီးယားပြည်တွင်းမှာ ခွက်ခွက်လန်အောင်ရှုံးခဲ့တဲ့သူပါ။ ဒီကားနဲ့ နိုင်ငံတကာပရိသတ်တချို့ စရခဲ့ပါတယ်။ ဒီတော့ သူ့ဒီလိုကားဟောင်းတွေကို အကြည်ရဖို့ဆိုတာ အတော်လေးခက်ပါတယ်။ ဒီတိုင်းကြည့်ရဖို့တောင် မလွယ်ဘူးကိုး။ ဒီလိုတတိယမြောက်ရိုက်ခဲ့တဲ့ကားမျိုးဆို ရွှေထက်ရှားပါတယ်။ ဆိုတော့ကာ 1080p ဘာညာ ကွာလတီနဲ့ရှာမရပေမဲ့ ရုပ်သံကွာလတီမူကို နည်းနည်းအိတိမ်းအစောင်းခံပြီး ကင်ကီဒွပ်ပရိသတ်တွေအတွက် ကင်ကီဒွပ်ကားကို ရှိတဲ့ကွာလတီလေးနဲ့ပဲ ကြံဖန် တင်ဆက်ပေးလိုက်ပါတယ်။

(ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်)

ဇာတ်လမ်းကောင်းလေးတွေ တစ်နေရာထဲမှာ
ခံစားကြည့်ရှုရမယ် Telegram Link သို့
ကြွလှမ်းခဲ့ပါနော်
ဇာတ်ကားကြည့်ရန် ~
Telegram Link 💞https://t.me/maunggyi2589/100

Size - 1.5GB
Quality - 480p
IMDb Rating - 7/10
Format - mp4
Duration - 1H 45Min
Genre - Adult, Drama
Subtitle - Myanmar Subtitle (Hardsub)
Translated by WiRa Aung
Encoded by Y

~ChannelMyanmar

Chernobyl:Abyss (2021)2021 ဧပြီလမှာ ထွက်ရှိထားတဲ့ ရုရှားဇာတ်ကားကောင်း တစ်ကားပါ။ဇာတ်လမ်းအကျဉ်းကတော့ အဲလက်စ်က သူနေထိုင်ရာမ...
21/09/2022

Chernobyl:Abyss (2021)

2021 ဧပြီလမှာ ထွက်ရှိထားတဲ့ ရုရှားဇာတ်ကားကောင်း တစ်ကားပါ။
ဇာတ်လမ်းအကျဉ်းကတော့ အဲလက်စ်က သူနေထိုင်ရာမြို့ရဲ့ နယူကလီးယားဓာတ်ပေါင်းဖိုမှာ မီးသတ်သမားအလုပ်ကိုလုပ်ကိုင်ပါတယ်။
တစ်နေ့တော့ ဆံပင်သွားညှပ်ရင်း လွန်ခဲ့တဲ့၁၀နှစ်ကကွဲကွာသွားခဲ့တဲ့ ငယ်ချစ်အိုလ်ဂါနဲ့ပြန်တွေ့ခဲ့ပါတယ်။
အိုလ်ဂါမှာကတော့ ၁၀နှစ်အရွယ်သားလေးတစ်ယောက်ရှိပြီး သားလေးရဲ့နာမည်ကလဲအဲလက်စ်ပါ။
တစ်နေ့တော့ ဓာတ်ပေါင်းဖိုပေါက်ကွဲမှုဖြစ်ပွားခဲ့ပါတယ်။ ပေါက်ကွဲမှုကြောင့် မြို့ကလူတွေဓာတ်ရောင်ခြည်သင့်ခံရပြီး
မြို့ကိုစွန့်ခွာဖို့ဖြစ်လာပါတော့တယ်။ ဓာတ်ပေါင်းဖိုထဲမှာရှိတဲ့ရေတွေကို မဖယ်ထုတ်နိုင်ရင် ဥရောပတစ်တိုက်လုံးပါ
ပျက်စီးရတော့မယ့်အခြေအနေမှာ ဓာတ်ပေါင်းဖိုရဲ့တည်ဆောက်မှုပုံစံကို ကောင်းကောင်းသိတဲ့ အဲလက်စ်တစ်ယောက်ဘယ်လိုဖြေရှင်းမလဲ။
ဓာတ်ရောင်ခြည်သင့်ခံရပြီး ပျက်စီးကြတော့မယ့် အရေးကနေ လွတ်မြောက်နိုင်ပါ့မလားဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာပါ။

ဇာတ်ကားလင့်ခ် 👇

Telegram Link 💞
https://t.me/maunggyi2589/54
မောင်တို့ရွာ

ChannelMyanmar

ကမ္ဘာပေါ်မှာလူငယ်တွေကြောင့် ဖြစ်ရတဲ့စစ်ပွဲရယ်လို့ တစ်ခါမှမရှိဖူးဘူးဒါပေမယ့် ထူးဆန်းတာကစစ်ပွဲမှာ သေပေးရတဲ့သူတွေကတော့ လူငယ...
21/09/2022

ကမ္ဘာပေါ်မှာလူငယ်တွေကြောင့် ဖြစ်ရတဲ့စစ်ပွဲရယ်လို့ တစ်ခါမှမရှိဖူးဘူးဒါပေမယ့် ထူးဆန်းတာကစစ်ပွဲမှာ သေပေးရတဲ့သူတွေကတော့ လူငယ်တွေကြီးပဲ

ဒီစစ်ကားကိုမကြည့်ခင် ခင်ဗျားဟာယောင်္ကျားလေးတစ်ယောက်ဆိုရင် ကော်ဖီ၊ ဆေးလိပ်၊ ပြာခွက် ၊တစ်ရှူးစတာတွေကိုယူထားပါ မိန်းကလေးဆိုရင်တော့ဝါးရင်အသံမမည်တဲ့ အစားအစာမျိုး နဲ့ တစ်ရှူးကိုကြိုယူထားပါ…🤧🤧

The Thin Red Line(1998)

ဂျပန်တွေ သိမ်းထားတဲ့ ပစိဖိတ်စစ်မြေပြင်ရှိ Guadalcanal အရပ်က အော်စတန်တောင်ကုန်းကို အမေရိကန်တို့ ပြန်လည်သိမ်းယူတဲ့တိုက်ပွဲကို အဓိကထား ရိုက်ကူးထားတာပါ
ဂျပန်တွေဆိုတာကလည်း လာရောက်သိမ်းမယ့်အမေရိကန်တို့ရန်ကို ကြိုသိနေလို အခိုင်အမာ ခံစစ်ပြင်ဆင်ထားပါတယ်…
ဒီစစ်ကားကိုမကြည့်ခင် ခင်ဗျားဟာယောင်္ကျားလေးတစ်ယောက်ဆိုရင် ကော်ဖီ၊ ဆေးလိပ်၊ ပြာခွက် ၊တစ်ရှူးစတာတွေကိုယူထားပါ မိန်းကလေးဆိုရင်တော့ဝါးရင်အသံမမည်တဲ့ အစားအစာမျိုး နဲ့ တစ်ရှူးကိုကြိုယူထားပါ…ဘာလိုဆို ဇာတ်လမ်းစပြီး ၁၅မိနစ်မှာလောက်ကထဲက ဂျပန်တွေ အခြေချထားတဲ့ တောင်ကုန်းကို သွားသိမ်းတဲ့စစ်ကြောင်းနဲ့အတူ ခင်ဗျားဟာ မြောပါသွားလိမ့်မယ်…စစ်သားတွေရဲ့ပူပန်မှုတွေအခက်အခဲတွေကို သူတိုနည်းတူ ခင်ဗျားတို ထပ်တူထပ်မျှခံစားနေရလိမ့်မယ်…အမြှောက်ဆံတဝုန်းဝုန်း သေနတ်သံ တဒိုင်းဒိုင်းနဲ့ တကယ့်စစ်ပွဲထဲကို ကိုယ်တိုင်ရောက်နေသလိုမျိုးကြီးခံစားနေရလိမ့်မယ်.. ဘယ်အချိန်များ ကျည်ဆံဖျားမှာ အသက်ပါသွားမလဲရင်တထိတ်ထိတ်နဲ့ ဇာတ်လမ်းနဲ့ တင်ဆက်ပုံကလည်း အရမ်းကိုကောင်းလွန်းတဲ့အပြင် သရုပ်ဆောင်တွေကလည်းတကယ့်နာမည်ကြီးမင်းသားတွေကြီးပဲဆိုတော့ ကျွန်တော်ပြောတာ ဟုတ်မဟုတ်ခံစားကြည့်လိုက်ပါဦး…

ဇာတ်ကားလင့်ခ် 👇

Telegram Link 💞
https://t.me/maunggyi2589/45

Fb link 💜

A.
https://m.facebook.com/groups/371331531568553/permalink/480844827283889/
B.
https://m.facebook.com/groups/371331531568553/permalink/480848537283518



Address

Kyikekhauk Pagoda Road
Thanlyin

Website

Alerts

Be the first to know and let us send you an email when မောင်တို့ရွာ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to မောင်တို့ရွာ:

Shortcuts

Share