02/08/2025
အဆီပြန်နေတိုင်း Oily Skin မဟုတ်ပါ
ကိုယ့်လူတို့ Dehydrated Skin ဆိုတာကို ကြားဖူးကြလား? လူ 10 ယောက်မှာ 7 ယောက်လောက်ကကြားဖူးမှာ မဟုတ်ပေမယ့် လူ 10 ယောက်မှာ 6 - 7 ယောက်လောက်ကတော့ Dehydrated Skin ဖြစ်နေကြပါတယ်။ Dehydrated Skin ဆိုတာကိုအလွယ်ရှင်းပြရရင် ရေဓာတ်မရှိ ရေဓာတ်ခမ်းခြောက်နေတဲ့ Skin ကို Dehydrated Skin လို့ခေါ်တာပါ။ Dehydrated Skin က လူတိုင်းဖြစ်နိုင်ပါတယ်။ Dry Dehydrated Skin နဲ့ Oily Dehydrated Skin ဆိုပြီး ယေဘုယျအားဖြင့် နှစ်မျိုးရှိတယ်။ Dry Dehydrated Skin ကပုံမှန် Dry Skin ထက်ပိုအသားခြောက်နေတဲ့အပြင်ကိုမှ ရေဓာတ်ပါ မရှိတာမျိုးပါ။ သူကကျတော့ သိပ်ပြဿနာမရှိဘူး ဘာလို့လဲဆိုတော့ Dry Dehydrated Skin သမားတွေရဲ့ နဂိုအသားအရေက Dry ဖြစ်တဲ့အတွက် For Dry Skin- Skincare တွေပဲသုံးကြပြီး အနာနဲ့ဆေးနဲ့ တည့်တာမို့ Dry Dehydrated Skin သမားတွေက အသားအရေပြဿနာ ဆိုး”ဝါး”မဖြစ်ကြပါဘူး။
ကိုယ့်နဂို Skin က Normal Skin/ Combination Skin ကနေမှတစ်ဆင့် Dehydration ဖြစ်သွားပြီး အဆီပြန်နေတဲ့သူတွေ အများကြီးရှိပါတယ်။ ( မျိုးရိုး Genetics အရ နဂိုအဆီပြန်နေတဲ့သူတွေ မပါဝင်ပါ)။ အရေပြားက ရေဓာတ်မရှိတော့တဲ့အခါ Skin Barrier ကိုကာကွယ်ဖို့အတွက် အဆီတွေထုတ်တတ်ပါတယ်။ ထုတ်ပေးတဲ့ အဆီတွေက များလွန်းသွားပြီး ပြင်ပက ဖုံအညစ်အကြေးနဲ့ Bacteria တွေပေါင်းပြီး ချွေးပေါက်ပိတ်တာ၊ ဝက်ခြံထွက်တာ၊ ချွေးပေါက်ကျယ်တာ၊ အဆီဖုထွက်တာတွေ ဖြစ်လာတတ်ပါတယ်။ ဒီအခါ လူတော်”များ”က ကိုယ့်မှာ Oily Skin ရှိနေတယ်လို့ အထင်မှားသွားပြီး Oily Skin အတွက်ထုတ်ထားတဲ့ Skincare တွေ အဆီပြန်တာသက်သာစေမယ့် Skincare တွေကို သုံးမိတတ်ကြပါတယ်။ ကိုယ့် Skin က ရေဓာတ်မရှိလို့ အဆီပြန်နေတာကို ရေဓာတ်ကိုပိုဆုံးရှုံးစေမယ့် အသားပိုခြောက်စေမယ့် Skincare တွေသုံးလိုက်တဲ့အခါမှာ Dehydrated ဖြစ်နေတာက ပိုဆိုးသွားပြီး အဆီပိုပြန်လာတာ ၊ ချွေးပေါက်ပိုကျယ်လာတာ ၊ Brakeout ပိုဖြစ်လာတာ မျိုးတွေ ဖြစ်လာတတ်ပါတယ်။ အဲ့လိုဖြစ်လာရင် လူတော်”များ”က “ငါ Skincare သာသုံးနေတာ ဘာမှလည်းမထူးဘူး ဘာမှလည်းမကောင်းဘူး” ဆိုတာတွေ ဖြစ်လာကြပါတယ်။ အမှန်တကယ်က အနာနဲ့ဆေးနဲ့ မတွေ့သေး မတည့်သေးတာပါ၊ ကိုယ့်သုံးရမယ့် ဥစ္စာနဲ့ ဆန့်ကျင်ဘက်ကို သုံးမိနေတာပါ။
ရေဓာတ် ဘာကြောင့် ဘယ်လိုဆုံးရှုံးပြီး Dehydrated Skin ဖြစ်လာလဲ ?
မျက်နှာ ခဏ”သစ်တာ၊ Over Exfoliate လုပ်တာ၊ Alcohol ပါတဲ့ Skincare တွေသုံးတာ၊ Clay Mask တွေသုံးတာ (ရေဓာတ်အများကြီး စုပ်ယူပါတယ်)၊Ance Spot Treatment တွေ မကြာခဏ အလွန်အကျွံသုံးတာ၊ Oil Control ဖြစ်စေမယ့် Skincare တွေအများကြီးသုံးတာ၊ သာမာန်ထက် Deep Cleansing ဖြစ်ပြီး သုံးပြီးတာနဲ့ အသားခြောက်ပြီးကျန်စေခဲ့တဲ့ Cleanser တွေသုံးတာ၊ Aircon ခန်းထဲအနေများတာ၊ ရေကိုလုံလောက်အောင် မသောက်တာ၊ Sleep Cycle မမှန်တာမျိုးဆိုရင် ရေဓာတ်က အနည်းနဲ့အများ ဆုံးရှုံးလာပြီး တဖြည်း” Dehydrated Skin ဖြစ်လာတတ်ပါတယ်။ရာသီဥတု အပြောင်းအလဲမှာလည်း ဖြစ်တတ်ပါတယ်။
အခုလက်ရှိ အဆီပြန်နေတဲ့သူတွေအနေနဲ့ ကိုယ်က Dehydrated ဖြစ်ပြီး အဆီပြန်နေတာ ဟုတ်မဟုတ် ဘယ်လိုသိနိုင်မလဲဆိုရင် - အလွယ်နည်းလမ်းက မျက်နှာသစ်ပြီး ဘာမှမလိမ်းထားရင် အသားက သိ”သာ”ခြောက်နေပြီး အချိန်တစ်ခုကြာမှ အဆီပြန်လာတာမျိုး ၊ မျက်နှာပေါ် တစ်ခု”တင်လိမ်းလိုက်ရင် အဆီပြန်လာတာမျိုး ၊ အဆီပြန်နေပေမယ့် အသားကတင်းပြီး ခြောက်နေတယ်လို့ ခံစားနေရတာမျိုးဆိုရင် ကိုယ့် Skin က Dehydrated Skin ဖြစ်နေနိုင်ပါတယ်။
Dehydrated ဖြစ်ပြီး အဆီပြန်နေတာကို ဘယ်လိုသက်သာအောင်လုပ်ရမလဲဆိုရင် - Gentle Cleanser (မျက်နှာသစ်ပြီးရင် အသားခြောက်ပြီးမကျန်ခဲ့စေတာမျိုး PH Level ညှိပေးတဲ့ Cleanser မျိုး) သုံးပါ၊ Dehydrated ဖြစ်တာကိုသက်သာစေနိုင်တဲ့ Hyaluronic Acid ,Glycerin ,Panthenol စတဲ့ ingredients လိုမျိုးတွေပါတဲ့ Skincare တွေသုံးပါ။ ရေကို တစ်နေ့ 2 - 3 Liters သောက်ပြီး Sleep Cycle ကိုပါသေချာလေးဂရုစိုက်ပေးရင် Dehydrated Skin ဆိုတာ သက်သာပါတယ်။ Dehydrated Skin က Skin Type တစ်ခုမဟုတ်ဘဲ ယာယီ Skin Condition တစ်ခု ဖြစ်တာမို့ သေချာလေးသာ ဂရုစိုက်ပေးရင် 2 ပတ်ကနေ 6 ပတ်အတွင်းမှာ Dehydrated Skin ကနေ Hydrated Skin ဖြစ်လာနိုင်ပါတယ်။ နည်းလမ်းမှန်”နဲ့ ဂရုမစိုက်လို့သာ ရေတို Skin ပြဿနာက ရေရှည် Skin ပြဿနာ ဖြစ်နေကြတာပါ။
Tips အနေနဲ့ - မျက်နှာသစ်ပြီး ဘာမှမလိမ်းဘဲနေတာမျိုး ၊ မျက်နှာသစ်ပြီး အချိန်အတော်ကြာမှ Skincare ကောက်လိမ်းတာမျိုးမလုပ်ပါနဲ့။ မျက်နှာသစ်ပြီး”ချင်းမှာ Skin က လျော့သွားတဲ့ ရေဓာတ်နဲ့ PH Level ကိုပြန်ညှိဖို့အတွက် Skin ပေါ်မှာရှိနေသမျှ အရာအားလုံးကို စုပ်ယူပြီး အစိုဓာတ်နဲ့ ရေဓာတ်ကို Lock လုပ်ပါတယ်။ Lock ဖြစ်ပြီးသွားရင် ဘာ Skincare ပဲလိမ်း” Skin က Absorb စုပ်ယူနိုင်စွမ်းအတော်နည်းသွားပြီး ကိုယ်သုံးလိုက်တဲ့ Skincare ရဲ့အကျိုးအာနိသင်ကို အပြည့်အဝ မရတော့ပါဘူး။ ဒါကြောင့် မျက်နှာသစ်ပြီး Pores လေးတွေဖွင့်နေချိန် စုပ်ယူနိုင်အားအကောင်းဆုံးအချိန်ဖြစ်တဲ့ 3 - minute အတွင်း Toner/Essence သုံးပေးရင်တော့ အကောင်းဆုံးပါ။ အမြဲတမ်းသိထားရမှာလေးတစ်ခုက အစိုဓာတ်မရှိတဲ့ မျက်နှာအသားအရေအပေါ် ဘာSkincare မှမလိမ်းပါနဲ့ Skin ကစုပ်ယူနိုင်စွမ်းနည်းနေတာမို့ လိမ်းမထူးဖြစ်မှာပါ။