16/03/2021
ငွေကို ချွေတာ သုံးကြပါတော့
အလှူပြုကြပါ
ကပ်သုံးပါးသည် ..တစ်ခုလာလျှင်
တစ်ခုပြီး တစ်ခု ဆက်တိုက်
ကျရောက်တတ်သည်ဟု သိရပါသည်။
ဖြစ်လည်း ဖြစ်နိုင်ပါသည်။
မနှစ်က ကပ်ရောဂါ ဖြစ်ခဲ့ပါသည်။
ယခု လက်နက်ဘေး၊ စစ်ဘေး
ကျရောက်နေပါသည်။
ပြီးလျှင် ... အစာရေစာ ငတ်မွတ်
ရှားပါးသော ကပ်
ဆိုက်လာနိုင်သည်ဟု ဆိုပါသည်။
ဖြစ်လည်းဖြစ်နိုင်ပါသည်။
သို့ပါ၍ ယခုအချိန်မှ စပြီး ငွေကို
ချွေတာ သုံးစွဲသင့်ပါသည်။
အစားအစာ၊ ဆေးဝါး အတွက် သာ
အဓိက သုံးစွဲသင့်ပါသည်။
မရှိမဖြစ် ပစ္စည်းများကိုသာ
ဝယ်ယူသင့်ပါသည်။
ဘာသာတရား လုပ်ချိန် ကိုလည်း
ပို၍ တိုးမြှင့်ကြရပါတော့မည်။
နေ့စဉ် နေ့တိုင်း
ဘုရား ရှိခိုး ၊ ဝတ်ပြုကြပါ။
ပရိတ် ပဌာန်း ၊ ဂါထာတော်များ
ရွတ်ပွား ပူဇော်ကြပါ။
မေတ္တာ စိတ် ၊ သည်းခံ စိတ် ထားရပါမည်။
ဒေါသ ဖြင့် မပူလောင်ကြစေလိုပါ။
ကံ က သူ့အလုပ် သူလုပ်ပါလိမ့်မည်။
တစ်နေ့တာ ရရှိကြသော
အချိန်သည်မိမိတို့အတွက်
လွန်စွာ နည်းပါးလှ၍
မိမိတို့ အတွက် အကျိုး ရှိအောင်
အသုံးပြု ကြရမည်။
*ဘာသာရေး များများပြုလုပ်ကြပါရန်
#ကပ်သုံးပါးမှလွတ်မြောက်ကြပါစေ
#မေတ္တာဖြင့်
#လေးစားစွာဖြင့်
Credit...
အရှင်ဉာဏိက(မြိတ်)