Myat Noe Thu Online collection

Call Directions

Myat Noe Thu Online collection live sale

18/04/2026

*Happy Myanmar New Year*
*{17/4/2026}*
*မင်္ဂလာရှိသော နှစ်သစ်ကူးအချိန်ကာလ သမယမှစ၍*
*မိသားစုအားလုံး*
* # ကျန်းမာခြင်း*
* # ချမ်းသာခြင်း*
* # စီးပွါးဥစ္စာများပေါကြွယ်ဝခြင်း*
* # လာဘ်လာဘများ ပေါကြွယ်ဝခြင်း*
* # စည်းစိမ်ဥစ္စာများ တိုးတက်ခြင်း*
* # ကံကောင်းခြင်း*
* #ဘေးဘယာဝေးကွာ၍ အန္တရာယ်ခပ်သိမ်း ကင်းရှင်းခြင်း*
* # မိသားစုနှင့်အတူ ကိုယ်စိတ် နှစ်ပါး ကျန်းမာရွှင်လန်းစွာဖြင့် အလှူရေစက်နှင့် မကွာ လှူဒါန်း နိူင်ကြပါစေ။

A good day starts with a positive mindset, a great day starts with a positive mindset and a coffee🥰Thank you ♥️♥️Japan N...
30/09/2024

A good day starts with a positive mindset, a great day starts with a positive mindset and a coffee🥰
Thank you ♥️♥️
Japan Nescafe........
Can be orde cb........

Shiseido ရဲ့ Fino Premium TouchHair Mask လေးကတော့ဆေးဆိုးတာ၊ကောက်တာ ၊ဖြောင့်တာတွေကြောင့်ဖြစ်စေ ရာသီဥတုအပြောင်းအလဲကြောင့်ဖ...
30/09/2024

Shiseido ရဲ့ Fino Premium Touch
Hair Mask လေးကတော့
ဆေးဆိုးတာ၊ကောက်တာ ၊ဖြောင့်တာတွေကြောင့်ဖြစ်စေ ရာသီဥတုအပြောင်းအလဲကြောင့်ဖြစ်စေခြောက်သွေ့ကြမ်းတမ်းပျက်စီးနေတဲ့ဆံပင်ဆံသားတွေကို ချောမွတ်တောက်ပြောင်ပြီးကျန်းမာတဲ့ ဆံပင်လေး ဖြစ်လာအောင် ဆံပင်အရင်းအမြစ်အထိပြုပြင်ပေးပါတဲ့အပြင် အဖျားနှစ်ခွဖြစ်နေတဲ့ဆံသားတေကိုလဲ အမြန်ဆုံးပြန်လည်သန်စွမ်းကောင်းမွန်လာစေပါတယ် ။🥰
🤗နေရောင်ခြည်ကြောင့် မွဲခြောက်ခြောက်ဖြစ်နေတဲ့ ဆံသားလေးတေအတွက်တော့ မရှိမဖြစ် လေးပါနော် 🤗

❤️တစ်ပတ်ကို ၁ ကြိမ်လောက်အသုံးပြု တာနဲ့ကို ကောင်းမွန်တဲ့ဆံသားလေးကိုရရှိလာမှာဖြစ်လို့ လက်မနှေးသင့်တဲ့ပစ္စည်းလေးပါနော်😊

✅🇯🇵ဂျပန်ကနေတင်ပို့တာမို့လို့ စိတ်ချယုံကြည်စွာ
အားပေးနိုင်ပါတယ်...✅

Preorder မို့ waiting time ကတော့ 3-4 weeks ပါ ❤️
ငွေဈေး အတတ်အကျမြန်နေလို့ ဈေးနှုန်းလေးကို cb မှာမေးပေးပါရှင့်။

14/05/2022

ကဆုန်လပြည့် - ဗုဒ္ဓနေ့

ကဆုန်လပြည့်နေ့အကြောင်း
🙏🌻🙏🌻🙏🌻🙏🌻🙏

ဖွား ၊ ပွင့်၊ ဟော၊ စံ၊ ဗျာဒိတ်ခံ

ကဆုန်လပြည့် ရက်မြတ်များ
🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏

(၁) ဗျာဒိတ်ခံယူသည့်နေ့ =
လေး အသင်္ချေကမ္ဘာတစ်သိန်း အစ
ကဆုန်လပြည့်နေ့။

(၂) ဘုရားမွေးသည့်နေ့ =
မဟာသက္ကရာဇ် (၆၈)ခု၊
ကဆုန်လပြည့် (သောကြာနေ့)။(ဘီစီ ၆၂၃)

(၃) ဘုရားဖြစ်သည့်နေ့ =
မဟာသက္ကရာဇ် (၁၀၃)ခု၊
ကဆုန်လပြည့် (ဗုဒ္ဓဟူးနေ့)။ (ဘီစီ ၅၈၈)

(၄) ဗုဒ္ဓ၀င်အကျဉ်းဟောသည့်နေ့ =
မဟာသက္ကရာဇ် (၁၀၄)ခု၊
ကဆုန်လပြည့်နေ့။ (ဘီစီ ၅၈၇)

(၅) ပရိနိဗ္ဗာန်စံသည့်နေ့ =
မဟာသက္ကရာဇ် (၁၄၈)ခု၊
ကဆုန်လပြည့် (အင်္ဂါနေ့)။ (ဘီစီ ၅၄၃)

#ဗုဒ္ဓနေ့အကြောင်းသိကောင်းစရာများ
🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏

၁။ ကဆုန်လပြည့်နေ့သည်
ဗုဒ္ဓဘာသာဝင်တို့၏
နေ့ထူးနေ့မြတ်ကြီးဖြစ်ပါသည်။
ကဆုန်လပြည့်နေ့၏ ထူးခြားချက်မှာ
(ဗျာဒိတ်, ဖွားမြင်, ဗောဓိပင်,
စံဝင် နိဗ္ဗာန်နန်း) ဆိုသည်နှင့်အညီ
သုံးလောကထွတ်ထား
သဗ္ဗညုမြတ်စွာဘုရားနှင့်စပ်၍....

#ဗျာဒိတ်ခံယူသောနေ့
#ဖွားမြင်တော်မူသောနေ့
#ဘုရားဖြစ်တော်မူသောနေ့
#ပရိနိဗ္ဗာန်စံတော်မူသောနေ့
ဤထူးခြားချက်လေးမျိုးတို့နှင့်
တိုက်ဆိုက်နေပါသည်။
ဤကဲ့သို့ ထူးခြားချက်လေးမျိုးနှင့်
ပြည့်စုံသောကြောင့် ဤနေ့ကို
` #ကဆုန်လပြည့်ဗုဒ္ဓနေ့ ဟု
အမွှန်းတင် ခေါ်ဆိုကြပါသည်။

၂။ ဤကဆုန်လပြည့်နေ့ တွင်
မာရ်နတ်ရန်ကို အောင်မြင်တော်မူသောကြောင့်
ဤနေ့ဤရက်ကို
`ကဆုန်လပြည့် မာရ်အောင်နေ့အဖြစ်
ဗုဒ္ဓဘာသာဝင်တို့၏ စိတ်အစဉ်တွင်
စွဲမြဲ၍နေကြပါသည်။

၃။ ဝိသာခါနက္ခတ်နှင့်ယှဉ်၍
ဖွားမြင်တော်မူခြင်း၊
ပရိနိဗ္ဗာန်စံတော်မူခြင်းများကို အကြောင်းပြု၍
ကဆုန်လပြည့်နေ့ကို
`ဝိဆခ်ဒေးဟု ခေါ်ဆိုကြပါသည်။
ဝိသာခါဒေးဟု ဆိုလိုပါသည်။

၄။ ဗုဒ္ဓဘာသာဝင်တို့သည်
ဘုရားဖြစ်သော နေ့ထူးနေ့မြတ်ကို
အာရုံပြု၍ ကဆုန်လပြည့်နေ့၌
ပရိဘောဂစေတီထိုက်သော
ဗောဓိပင်ကို ရေသွန်းလောင်းလေ့ ရှိကြပါသည်။

၅။ ဗောဓိပင်သည်
သဗ္ဗုညုတဉာဏ်တော်ကိုရ၍
ဘုရားဖြစ်တော်မူရာဌာနဖြစ်ခြင်း၊
ဖွားဖက်တော် ၇ ပါးတွင်
စာရင်းဝင်ဖြစ်ခြင်းတို့ကြောင့်
ထူးခြားသော သစ်ပင်တစ်မျိုး ဖြစ်ပါသည်။
ဤကဲ့သို့ မြတ်စွာဘုရားနှင့်
တိုက်ရိုက်ဆက်စပ်၍
ဗောဓိပင်၌ ရေသွန်းလောင်းခြင်းအစဉ်အလာကို
ခေတ်အဆက်ဆက် ပြုလုပ်လာခဲ့ကြပါသည်။

၆။ မြန်မာ့ရိုးရာ ၁၂ ရာသီပွဲတော်များအနက်
ကဆုန္လ၌ ညောင်ရေသွန်းပွဲတော်ကို
ရိုးရာပွဲတော်အဖြစ် အစဉ်အလာ
သတ်မှတ်ခဲ့ကြပါသည်။

၇။ အသနဗောဓိယမထေရ်၏
အလောင်းသည် တိဿဘုရားရှင်၏
ဗောဓိပင်ကို စိုက်ပျိုးပူဇော်ရသော
ကုသိုလ်ကြောင့် နတ်ပြည်၌ဖြစ်ရခြင်း၊
စကြာမင်းဖြစ်ရခြင်း၊
အပါယ်ဘေးမှလွတ်ကင်းရခြင်းအကျိုးများကို
ခံစားရကြောင်း (ထေရာပဒါန်)
ကျမ်းဂန်၌ ဟောကြားထားပါသည်။

၈။ ဂန္ဓောဒကတိဿမထေရ်၏
အလောင်းသည် ပဒုမုတ္တရဘုရားရှင်၏
ဗောဓိပင်ကို နံ့သာရေဖြင့်
သွန်းလောင်းသောကုသိုလ်ကြောင့်
နတ်ပြည်၌ဖြစ်ရခြင်း၊ အနာရောဂါမရှိခြင်း၊
သောကကင်းဝေးခြင်း
စသောအကျိုးများကို ခံစားရပါသည်။

၉။ အထက်ပါအကြောင်းအရာများကို နှလုံးသွင်း၍
ဗုဒ္ဓဘာသာဝင်သူတော်စင်များအနေဖြင့်
နှစ်စဉ်နှစ်စဉ် ကဆုန်လပြည့်နေ့ရောက်တိုင်း
ဗုဒ္ဓရုပ်ပွား ဥဒ္ဒိဿစေတီတော်များကို
အနေကဇာတင် ဗုဒ္ဓအဘိသေက
မင်္ဂလာသဘင် ဆင်ယင်ကျင်းပ၍
ကုသိုလ်အထူးကို ဆည်းပူးလေ့ရှိကြပါသည်။
ကျောင်းကန်ဘုရားသို့သွား၍
ဒါန သီလ ဘာဝနာအမွုကို ပြုလုပ်၍
ကဆုန်လပြည့် ဗုဒ္ဓနေ့ကို အမွတ္တရ ဆင်နွှဲကြပါသည်။
======================================
#မာဂဓီ (သာစည်)၏
[အခါတော်နေ့များ စာအုပ်မှ]တစ်ဆင့်ပြန်လည်ကူးယူဖော်ပြပါသည်။

01/05/2022

ယနေ့ကျရောက်တဲ့ "အပြည့်ပြည်ဆိုင်ရာ အလုပ်သမားများနေ့"ကို myat Noe Thu online collection မိသားစုမှ လေးစားစွာဖြင့် ဂုဏ်ပြုကြိုဆိုအပ်ပါသည်။👷👩‍⚕️👨‍💼

ကိုယ့်အပေါ် မှီခိုအားကိုးနေရတဲ့ မိသားစုဝင်များ၊ဝန်ထမ်းများ၊အတွက် ကြိုးစားရုန်းကန်ရင်း သက်ဆိုင်ရာ နယ်ပယ်အသီးသီးမှာ ကျရာတာဝန်ကို ထမ်းဆောင်လုပ်ကိုင်နေကြတဲ့ အလွှာအသီးသီးမှ လုပ်ငန်းရှင်များ၊ အလုပ်သမားကောင်းများ၊ဝန်ထမ်းကောင်းများအားလုံး...🛠️👨‍🏭👨‍🏫

လုပ်ငန်းခွင်မှာ ပျော်ရွှင်အေးချမ်းစွာဖြင့် အလုပ်လုပ်ကိုင်နိုင်ကြပါစေ။ စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး လိုအင်ဆန္ဒများ အမြန်ဆုံး ပြည့်ဝကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင့်။🙏🏻🙇‍♀️

#အလုပ်သမားနေ့

Address

Thingangyun

Telephone

+959420083083

Website

Alerts

Be the first to know and let us send you an email when Myat Noe Thu Online collection posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share