12/09/2023
ဒါက Page နဲ့တော့ အရမ်းမဆိုင်ပေမဲ့
ဈေးဝယ်နေတဲ့ Weverse acc ဖြစ်တာမို့
အသိပေးတဲ့ သဘောပါ
2020 ထဲက ဖွင့်ပြီး membership ဝင်ပြီးသုံးလာတဲ့
weverse acc hack ခံရတာပါ
ဒီ acc password ကလည်း ပေးဖူးတဲ့သူတွေ တော်တော်များတာမို့
( တစ်ခါမှလည်း ပြန်မပြောင်းခဲ့တာမို့)
hack ခံရတယ်ဆိုတာထက်
ယူသုံးပြီး မသမာ လုပ်ခံရတယ်ပြောရမှာပါ
ဘယ်ချိန်ထဲက ဝင်ကြည့် ယူသုံးနေကြလည်းမသိပေမဲ့
စ သတိထားမိတာက ပထမဆုံး ပုံက noti ကြောင့်ပါ
အဲ့ ပုံထဲက weverse acc က
cheer လုပ်မှ acc name ကြီးကို
အဲ့လိုပြောင်းထားမှန်းသိတာ
နာမည်တင် မကပါဘူး
ဓာတ်ပုံတွေ post တွေ တင်ပါသေးတယ်
အဲ့ဒါနဲ့ အားလုံး ဝင်စစ် ဝင်ပြောင်း လိုက်ပါတယ်
password လည်းပြောင်းလိုက်ပါတယ်
safe ဖြစ်ပြီး ဆိုပြီး နေနေတုန်း
ဟိုးအရင် အစထဲက ဝယ်ကြည့်ထားတာ မှန်သမျှ
Bang Bang Con ကစပြီး paid contents အားလုံး
cancel လုပ်ပါတယ်ဆိုတဲ့ noti တွေတောက်လျှောက်ဝင်လာပါတယ်
အဲ့ဒါနဲ့ ချက်ချင်း ပြန်ဝင်ကြည့်တော့
acc က delete လုပ်လိုက်ပြီမို့
ရက် ၉၀ အတွင်း ပြန်ဝင်လို့မရတော့ဘူးဆိုတာ ပေါ်လာပြီး
အဲ့ weverse acc ကို လုံးဝ သုံးလို့မရတော့ပါဘူး
ဘာတွေကို cancel လုပ်ပစ်ကြလဲ
ဘာတွေ ဘယ်လို ထပ်လုပ်ကြလဲ လည်း လုံးဝမသိရတော့ပါဘူး
Records/Rewards အားလုံး စုထားတဲ့ acc မို့ တော်တော်လေးကို နှမြောမိပါတယ်
တော်သေးတာ တစ်ခုက
နောက်ပိုင်းဝယ်တဲ့ ပစ္စည်းတွေကို
နောက်ထပ် weverse acc တွေနဲ့ ဝယ်မိတဲ့အတွက်ပါ
( အခု Hobi Album လိုမျိုး)
ပစ္စည်းတွေကတော့ရောက်လာမှာပါ
Weverse acc ကို ဝင်ကြည့်
password ပြောင်းလိုက်တော့
Delete လုပ် ဖျက်ဆီးပြီးတော့မှ
လွှင့်တဲ့ မဟုတ်မမှန် သတင်းတွေရှိခဲ့ပါတယ်
အဲ့နေ့ 29 August က စပြီး ဒီနေ့ထိ အဲ့ weverse acc ကိုသုံးလို့မရတော့တဲ့ အတွက်
အဲ့နေ့ နောက်ပိုင်း
အဲ့ acc နဲ့ပတ်သတ်တာ တစ်ခုခု ဖြစ်လာရင်
လုံးဝတာဝန်မယူပါဘူး
Weverse ကိုတော့ စာရေးပြီး အကျိုးအကြောင်းလှမ်းပြောထားပါတယ်
ပစ္စည်းမှာထားတဲ့ customer တွေအတွက်ကတော့
ဒါနဲ့ မဆိုင်ပါဘူးနော်
အောက်က Ss တွေကတော့ September 3 ရက်နေ့ထိ
Weverse accs တွေကို ဝင်သုံးပြီး password reset တောင်းနေကြတဲ့ သက်သေတွေပါ
ဒါတွေက ပစ္စည်းဝယ်ထားကြတဲ့
customers တွေကို အသိပေးရုံသက်သက်ပါရှင်
ကြန့်ကြာနေတာတွေ အတွက်အားနာပြီး
အားလုံးကို ဖြည်းဖြည်းချင်း ရှင်းပေးနေပါတယ်
မရကြသေးတဲ့ customers တွေလည်း
သည်းခံထပ်စောင့်ပေးကြပါနော်
ဖြည်းဖြည်းချင်း အားလုံးရှင်းပေးနေတာမို့ပါ