Teddylone Beauty Zone

  • Home
  • Teddylone Beauty Zone

Teddylone Beauty Zone Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Teddylone Beauty Zone, .

Self-care အတွက် Skincare​ နှင့် Healing Books များ ဝယ်ယူနိုင်ပါသည် (ဆိုင်က ​နေပြည်​တော်ကပါ)
သက်လတ်ပိုင်းအရွယ်အတွက် နေ့စဥ်အသုံးပြုနိုင်​စေဖို့​​ စျေးနှုန်း​ သင့်တင့်ပြီး Quality စိတ်ချရတဲ့ Skincare လေး​တွေ ဆိုင်မှာ တင်​ပေး​နေပါတယ်ရှင်

ရိုးရှင်းတဲ့ ဖြစ်တည်မှု​လေးကိုကလုံ​လောက်တယ်ဆိုတဲ့ ခံစားချက်ကို ရရှိကြပါ​စေ
29/05/2026

ရိုးရှင်းတဲ့ ဖြစ်တည်မှု​လေးကိုက
လုံ​လောက်တယ်ဆိုတဲ့
ခံစားချက်ကို ရရှိကြပါ​စေ

စိတ်လောခြင်းနဲ့ အလျင်လိုခြင်းတွေက အတ္တစိတ်ကနေလာပြီး စိုးရိမ်ကြောက်လန့်ခြင်းနဲ့ စိတ်ဒဏ်ရာတွေကြောင့် ဖြစ်ပေါ်ပါတယ်။

ကိုယ့်ရဲ့ နေ့တဓူဝကို ဖြတ်သန်းတဲ့အခါ တစ်ခုခုဆိုရင် သွားမှရမယ်၊ အခုချက်ချင်း ဖြေရှင်းမှရမယ်၊ အခုစာပို့မှ ဖြစ်မယ် စသဖြင့် အလျင်လိုတတ်၊ စိတ်လောတတ်ကြပါတယ်။ ဒီလိုဖြစ်ပေါ်တာက ကိုယ့်ရဲ့ လူသားတစ်ယောက်ရဲ့စိတ်၊ အတ္တစိတ်ကနေ လုပ်ဆောင်နေတာပါ။ ကိုယ့်ရဲ့ Soul မှာ၊ Intuition နဲ့ အတွင်းထဲကလာတဲ့ အရာတွေမှာ အလျင်လိုတဲ့ အာရုံမျိုး မရှိပါဘူး။ ကိုယ့်မှာ အလျင်လိုစိတ်တွေ များစွာရှိနေတဲ့အခါ သိလျက်နဲ့၊ ဒါမှမဟုတ် သတိမထားမိဘဲ မျိုသိပ်ထားတဲ့ စိတ်ဒဏ်ရာတွေကနေ ဖြစ်ပေါ်လာတဲ့ တုံ့ပြန်မှုတွေဆိုတာကိုလည်း သတိပြုသင့်ပါတယ်။

အလျင်လိုခြင်းက အပြောင်းအလဲတွေ ဖြစ်ပေါ်တဲ့အခါမှာ ရရှိလာတတ်ပါတယ်။ အလုပ်အကိုင်၊ နေထိုင်တဲ့ ပတ်ဝန်းကျင်နဲ့ Relationship ပိုင်းဆိုင်ရာမှာ ဘာဖြစ်လာမယ်မှန်း မသေချာတဲ့ အခြေအနေတွေကို ကြုံတွေ့ခဲ့ရတာကြောင့် ဖြစ်ပါတယ်။ ကိုယ့်ရဲ့ ရပ်တည်မှု မတည်ငြိမ်တဲ့အခါ ကြိုးတန်းပေါ်လမ်းလျှောက်နေကြရသလိုပါပဲ။ ကိုယ့်ကိုယ်ကို လုံလောက်မှု မရှိဘူး၊ ကိုယ့်မှာ လုံလောက်စွာ မရှိနေဘူးလို့ ခံစားမိလာကြပါတယ်။ ဒီအခါမှာ ဘာဖြစ်မယ်မှန်းမသိတာတွေကို ဖြေရှင်းလိုစိတ်တွေ ကြီးမားလာကြတာ ဖြစ်ပါတယ်။

ကိုယ့်ရဲ့ ခန္ဓာကိုယ်မှာဆိုရင် ကျောက်ကပ်၊ ဆီးအိမ်နဲ့ ဆီးလမ်းကြောင်းတွေက Root Chakra နဲ့ ချိတ်ဆက်နေပါတယ်။ ကိုယ့်ရဲ့ အချိန်၊ ငွေကြေးနဲ့ Energy တွေကို ကူညီထိန်းသိမ်းပေးရာမှာ အရေးပါပြီး “လုံလောက်စွာ ရှိနေတယ်” ဆိုတဲ့ လုံခြုံခံစားချက်ကို အတည်ပြုပေးပါတယ်။ ကိုယ့်ကိုယ်ကို လုံခြုံမှု မရှိဘူး၊ လုံလောက်စွာ မရှိဘူးဆိုတဲ့ ခံစားချက်တွေက စိုးရိမ်ကြောက်လန့်မှုကို ဖြစ်စေပါတယ်။ စိုးရိမ်ကြောက်လန့်ခြင်းကနေ ရရှိတဲ့ Energy ဟာ အလျင်လိုခြင်းနဲ့ စိတ်လောခြင်းကို ဖြစ်စေပါတယ်။ ဒီ Energy တွေရှိတဲ့အခါ ခန္ဓာကိုယ်အရှေ့ပိုင်းနဲ့ ပေါင်ခြံကို စီးဆင်းသွားကြတာကြောင့် ဒူးတုန်တာ၊ အမြင်ဝေဝါးတာ၊ မကြာခဏ ဆီးသွားချင်တာတွေ ဖြစ်စေပါတယ်။ တဖြေးဖြေးနဲ့ အချိန်ကြာမြင့်စွာ စုဆောင်းနေတာကြောင့် ကိုယ်က သတိထားပြီး Release မလုပ်တဲ့အခါ ကျောက်ကပ်၊ ဆီးအိမ်နဲ့ ဆီးလမ်းကြောင်းကို ပြဿနာတွေ ဖြစ်စေတဲ့အပြင် Root Chakra ကို အနှောင့်အယှက်တွေ ပေးကြပါတယ်။

ဒါကြောင့် ကိုယ့်မှာ အလျင်လိုတာတွေ၊ စိတ်လောနေတာတွေ ရှိနေလား ဆိုပြီး မေးကြည့်ပါ။ ကိုယ်က ကြိုးတန်းပေါ် လမ်းလျှောက်နေရသလား? ကိုယ့်ရဲ့ ပုံစံအတိုင်းက လုံလောက်မှုမရှိဘူးလို့ ခံစားနေရသလား? ကိုယ်ကရော လုံလောက်မှာလား? ဘယ်အချိန်မှာမှ လုံလောက်မှာလဲ? ကိုယ့်ရဲ့ လက်ရှိပုံစံအတိုင်းလေးပဲ ပြည့်စုံလုံလောက်တယ်ဆိုတဲ့ ခံစားချက်က ဘယ်လိုမျိုးလဲ? ဒီလိုခံစားချက်ကို ရရှိဖို့ ကိုယ့်ကိုယ်ကို ဘယ်လို ဂရုစိုက်ရမလဲ? အလျင်လိုတာနဲ့ စိတ်လာတာတွေနောက်မှာ မကြာခဏ ဆီးသွားချင်တာတွေ ရှိလာလား? ကျောက်ကပ်၊ ဆီးအိမ်နဲ့ ဆီးလမ်းကြောင်း ပြဿနာတွေ ရှိနေလား ဆိုတာတွေကို Self Reflection လုပ်ကြည့်သင့်ပါတယ်။

ကိုယ်က စိတ်မလောတော့အောင်၊ အလျင်မလိုတော့အောင် လည်း အပြောင်းအလဲ လုပ်ဖို့ လိုအပ်နေတာလည်း မဟုတ်ပါဘူး။ ကိုယ့်ခန္ဓာကိုယ်က ပြောနေတာတွေကို နားထောင်ရမှာပါ။ သက်တောင့်သက်သာ မဖြစ်နေတာကို တိုးတက်မှု နှောင့်နှေးနေတယ်လို့ မတွေးပါနဲ့။
ဒီအချိန်မှာ ကိုယ်လက်လှုပ်ရှား လုပ်ပါ။ ကခုန်ကြည့်ပါ။ ကိုယ့်နားမှာ ရိုးရှင်းတဲ့ ပျော်ရွှင်မှုတွေကို ရှာဖွေကြည့်ပါ။ ကိုယ့်ရဲ့ လက်ရှိပုံစံလေးကိုပဲ အသိအမှတ်ပြု Gratitude လုပ်ကြည့်ပါ။

စိုးရိမ်ကြောက်လန့်မှုတွေကို ကြင်နာမှုတွေ ပိုပေးရပါမယ်။ ကိုယ်ချင်းစာစိတ်နဲ့ အသိအမှတ်ပြုကာ ချစ်ခြင်းမေတ္တာပေးရပါမယ်။ မသေချာ၊ မရေရာတဲ့ ခံစားချက်တွေကို Surrender and Trust the process လုပ်ကြရပါမယ်။ အသက်ကို ဝအောင် ရှူပြီး ကိုယ်နဲ့အတူ ကိုယ်ကိုယ်တိုင် ရှိပေးရမှာ ဖြစ်ပါတယ်။ ဒီအခါမှာ ကိုယ့်ရဲ့ ရိုးရှင်းတဲ့ ဖြစ်တည်မှုလေးကိုက လုံလောက်မှုရှိတယ်ဆိုတာကို သိလာရပါလိမ့်မယ်။ ကိုယ့်အတွက် ကိုက်ညီတဲ့အချိန်အခါ ရောက်လာတဲ့အခါ တိုးတက်မှုကိုလည်း မြင်လာရမှာ ဖြစ်ပြီး စိတ်လောတာ၊ အလျင်လိုတာတွေ မရှိတော့တာကို မြင်တွေ့လာကြရပါမယ်။

ဂဏန်းဗေဒ

တိုက်ဆိုင်​​သော ..
29/05/2026

တိုက်ဆိုင်​​သော ..

ပြဿနာတွေကြုံတဲ့အခါ Universe က ကိုယ့်ကို ဘာတွေ သင်ယူစေချင်သလဲဆိုတာကို ရှာဖွေရပါတယ်။

ဘ၀မှာ ကိုယ်က လူတစ်ယောက်အပေါ် အရမ်းကောင်းပေးနေပေမယ့် ပစ်ခွါသွားခံရတယ်။ အရမ်းယုံကြည်ပေးခဲ့ပေမယ့် သစ္စာဖောက်ခံရတယ်။ ဘာမဆိုလုပ်ပေးပါမယ်လို့ ပြောနေရက်နဲ့ အနိုင်ယူခံရတယ်။ ပျော်နေစေဖို့ ကြိုးစားပေမယ့် ကိုယ့်ကို နာကျင်အောင် လုပ်လိုက်ကြတယ်။ မမျှတလိုက်တာ။ ဒီအခါ ဘယ်လို ဖြေရှင်းရမလဲ၊ ဘယ်လိုစိတ်ထားရမလဲဆိုတာကို မကြာခဏ လာမေးကြပါတယ်။

ဒီလိုအတွေးတွေ လူတိုင်းမှာ ရှိနေတတ်ပါတယ်။ ကိုယ်က စိတ်မထားတတ်တဲ့အခါ ကိုယ့်ကိုယ်ကို စိတ်ဒဏ်ရာပေးနေသလိုပဲ ဖြစ်ပါတယ်။ စွန့်လွတ်ခြင်းက နာကျင်ရပါတယ်။ အစွဲအလန်းကြီးရင် ကြီးသလောက် ထိခိုက်ရပါတယ်။ ဖြေမဆည်နိုင် ဖြစ်ကြရပါတယ်။ ဒါပေမယ့်လည်း ကံကြမ္မာက ကိုယ့်ကို ပိုကောင်းစေချင်တဲ့အခါ ကိုယ့်အတွက် မရှိသင့်တော့တဲ့အရာတွေ လွှတ်ချတတ်ဖို့၊ ကောင်းကျိုးမပြုတဲ့သူတွေကို စွန့်လွတ်တတ်ဖို့ သင်ယူစေတာပဲ ဖြစ်ပါတယ်။ ဒီလိုမျိုး အခြေအနေတွေကို ကြုံရတဲ့အခါ နာကျင်ရတာ၊ ကြေကွဲရတာကိုလည်း လက်ခံနိုင်ဖို့ ကြိုးစားပါ။ သင်ခန်းစာကိုလည်း တတ်မြောက်အောင် သင်ယူလိုက်ရမှာ ဖြစ်ပါတယ်။

ကိုယ့်ရဲ့ ပျော်ရွှင်မှုက တခြားသူအပေါ် မူတည်နေရင် သူပျော်စေချင်သလောက်ပဲ ကိုယ်ပျော်ရပါမယ်။ သူ့မျက်နှာပဲ အမြဲ ကြည့်နေရတော့မှာ ဖြစ်ပါတယ်။ ကိုယ့်ရဲ့ အိမ်ကို တခြားသူရဲ့ ပိုင်နက်ထဲမှာ သွားဆောက်ထားသလိုပဲ ဖြစ်ပါလိမ့်မယ်။ ဒါကိုပဲ တခါတရံမှာ ချစ်ခြင်းမေတ္တာလို့လည်း တလွဲတွေးနေတတ်ကြပါသေးတယ်။ ကိုယ့်ပျော်ရွှင်မှုကို ကိုယ်တိုင် မတည်ဆောက်တဲ့အခါ အပူအပင်ကင်းစွာ ပျော်ရွှင်နိုင်ဖို့လည်း ခက်ပါလိမ့်မယ်။ ဒီလိုပဲ ကိုယ့်ရဲ့ ပျော်ရွှင်မှုတွေက အစွဲအလန်းကြီးတဲ့ အလေ့အကျင့်တွေ၊ Comfort Zone တွေပေါ်မှာ သာယာနေမယ်ဆိုရင် Transformation ကို ရှာတွေ့ဖို့လည်း လမ်းပျောက်နေပါလိမ့်မယ်။

တကယ်တော့ အဆိုးနဲ့ အကောင်းဟာ အမြဲတမ်း ဒွန်တွဲနေတာပါ။ ကိုယ့်အတွက် ဖြစ်ရမယ့်အရာတွေကလည်း ကိုယ့်အနားကို အမြဲရောက်လာပါတယ်။ ကိုယ်က အသစ်တွေကို လက်ခံနိုင်ဖို့ ပြင်ဆင်ထားမယ်ဆိုရင် တခါမှ မမြင်ဖူးတဲ့သူစိမ်းက ကိုယ့်ရဲ့ အကောင်းဆုံးမိတ်ဆွေ ဖြစ်လာနိုင်ပါတယ်။ ကိုယ့်ကို ဂရုစိုက်မယ်လို့ မထင်ထားတဲ့ သူတွေက အကြံကောင်းတွေ ပေးနိုင်ပါတယ်။ ကိုယ် သေချာမသိတဲ့သူက ရုတ်တရက် ချစ်ခြင်းမေတ္တာတွေ မျှဝေပေးကြပါတယ်။ လမ်းပြကြပါတယ်။ ပိုပြီး အဓိပ္ပါယ်ရှိတဲ့၊ ပိုခိုင်မာတဲ့ ဆက်ဆံရေးကို တည်ဆောက်ပေးနိုင်ကြတာ ဖြစ်ပါတယ်။ ​ကျော်ဖြတ်နိုင်မယ်လို့ မထင်ထားတဲ့အရာတွေက ဒီအခါမှာ လွယ်ကူသွားပါလိမ့်မယ်။

ကျွန်တော်တို့ အားလုံးမှာ အချိန်တစ်ခုရောက်တဲ့အခါ ရပ်သွားတဲ့ ဆက်ဆံရေးတွေ ရှိပါတယ်။ ထားခဲ့ရမယ့် လူတွေရှိပါတယ်။ သယ်သွားဖို့ မလိုတဲ့ အကြောင်းအရာတွေ ရှိပါတယ်။ ပိတ်လိုက်ရတဲ့ chapter တွေ ရှိပါတယ်။ တချို့သော အကြောင်းအရာတွေက ကြည့်ဖူးတဲ့ ရုပ်ရှင်တစ်ကားလိုပါပဲ။ ဖတ်ဖူးတဲ့ စာအုပ်တစ်အုပ်လိုပါပဲ။ ခဏတာ ပျော်ရွှင်မှုပဲ ဖြစ်ပါတယ်။

ဒီအရာတွေကြားမှာ ကိုယ်ဘယ်သူလဲဆိုတာကို ရှာဖွေတွေ့ရှိတာက အဓိက အပိုင်းဖြစ်ပါတယ်။ ကျန်ရှိတဲ့ ရှင်သန်မှုက စိတ်လှုပ်ရှားနေဖို့ပဲ လိုပါတယ်။ အကောင်းဆုံးတွေက လာဖို့ ရှိသေးတယ်ဆိုတာကို သိရှိဖို့ပဲ လိုပါတယ်။ ဘာမှန်းမသိတဲ့ အရာတွေဆီကို ဆက်လက်စွန့်စားနေဖို့ပဲ လိုပါတယ်။ စွန့်လွတ်ခြင်းနဲ့ နေထိုင်တတ်ဖို့ဆိုတာက ကိုယ့်မှာ ရှိသမျှကို ပစ်ခွာသွားပြီး နေထိုင်ဖို့ မဟုတ်ပါဘူး။ ကိုယ်လုပ်ချင်တာတွေ၊ ဖြစ်ချင်တာတွေ၊ ရှာဖွေချင်တာတွေကို စိတ်သွားတိုင်း လုပ်နိုင်ဖို့ အနှောင်အဖွဲ့ မရှိအောင် နေထိုင်တာပဲ ဖြစ်ပါတယ်။

တခါတရံမှာ ဘဝက သစ်ပင်တွေရဲ့ Grounded ဖြစ်တဲ့ပုံစံအတိုင်းပဲ ကျင့်ကြံနေထိုင်ရမယ်ဆိုတာကို သင်ယူရပါတယ်။ ခြောက်သွေ့သွားတဲ့ သစ်ရွက်ဟောင်းတွေက အချိန်တန်ရင် ကြွေကျသွားမယ်။ သစ်လွင်လာမယ့် ရွက်နုတွေဟာ အချိန်တန်ရင် ပွင့်လန်းလာမယ်။ ဘယ်အခြေအနေမှာမဆို မယိုင်းမယိုင်ဘဲ သန်မာစွာရပ်တည်နိုင်တဲ့ ပင်စည်တွေကပဲ နှစ်ပေါင်းများစွာ ရှင်သန်နေထိုင်နိုင်ကြပါတယ်။

ဂဏန်းဗေဒ

ကိုယ့်ကိုကိုယ် ​ပြောင်းလဲဖို့သင်ယူ​လေ့လာနိုင်တဲ့ စာအုပ်​လေး​တွေနဲ့အတူ နှလုံးသား​​လေးကိုပြန်လည်ကုစားနိုင်​စေဖို့ Healing ...
29/05/2026

ကိုယ့်ကိုကိုယ် ​ပြောင်းလဲဖို့
သင်ယူ​လေ့လာနိုင်တဲ့
စာအုပ်​လေး​တွေနဲ့အတူ နှလုံးသား​​လေးကို
ပြန်လည်ကုစားနိုင်​စေဖို့

Healing Books collection စုစည်း​မှု

Teddylone Healing Bookcorner
Naypyitaw
​နေပြည်​တော် သာယာကုန်း ​ဇော်ဂျီလမ်း
Lin Thu Aung music and audio တိုက်အဝါ

#စာအုပ် #စိတ် #အမျိုးသမီး #စာအုပ်စာ​ပေ
#​နေပြည်​တော် #သာယာကုန်း

29/05/2026

“အဆင်သင့်မဖြစ်သေးတဲ့လူဆီ ရောက်လာတဲ့အရာတွေဟာ တစ်ခါတလေ ဝန်ထုပ်ဝန်ပိုးဖြစ်သွားတတ်တယ်”

🔳 လူတစ်ယောက်ရဲ့ဘဝထဲကို ကံကောင်းခြင်းတစ်ခု ဝင်လာတယ်ဆိုတာ အမြဲတမ်း ကောင်းချီးမင်္ဂလာအဖြစ်ပဲ မပြီးသွားတတ်ဘူး။

အခွင့်အရေးကြီးတစ်ခု ရောက်လာတယ်။
လူအများသတိထားမိလာတယ်။
ရာထူးတက်လာတယ်။
လုပ်ငန်းတစ်ခု ရုတ်တရက်ကြီးလာတယ်။
ဝင်ငွေတိုးလာတယ်။
နာမည်ကြီးလာတယ်။
လူကောင်းတစ်ယောက်နဲ့ ဆုံလာတယ်။
အလုပ်အပ်သူတွေ များလာတယ်။

အပြင်ကကြည့်ရင် အကုန်ကောင်းတာတွေချည်းပဲ။

ဒါပေမဲ့ အတွင်းမှာ ကိုင်တွယ်နိုင်တဲ့စွမ်းရည်၊ စိတ်တည်ငြိမ်မှု၊ စနစ်၊ ပညာ၊ အကျင့်၊ ရင့်ကျက်မှု မရှိသေးရင် အဲဒီအရာက ကိုယ့်ဘဝကို မြှင့်တင်မပေးဘဲ ကိုယ့်ဘဝကို ဖိစီးစေနိုင်တယ်။

တစ်ခါတလေ ကိုယ်ဆုတောင်းခဲ့တဲ့အရာက ကိုယ်အဆင်သင့်မဖြစ်သေးတဲ့အချိန်မှာ ရောက်လာတဲ့အခါ ဆုလာဘ်မဟုတ်တော့ဘဲ စမ်းသပ်မှုဖြစ်သွားတတ်တယ်။

🔳 ဥပမာ ဝန်ထမ်းတစ်ယောက်ရှိတယ်ဆိုပါစို့။

သူက အလုပ်ကြိုးစားတယ်။ တာဝန်ယူတတ်တယ်။ အချိန်မှန်တယ်။ ကိုယ်ပိုင်အလုပ်တွေကို သေချာပြီးမြောက်အောင်လုပ်နိုင်တယ်။ ဒါကြောင့် ရုံးမှာ သူ့ကို ရာထူးတိုးပေးလိုက်တယ်။

အရင်က သူ့တာဝန်က ကိုယ့်အလုပ်ကို ကိုယ်ပြီးအောင်လုပ်ဖို့ပဲ။

ရာထူးတက်လာတဲ့အခါ သူ့တာဝန်က လူတွေကို ဦးဆောင်ဖို့ ဖြစ်လာတယ်။ အလုပ်ခွဲဖို့၊ ဆုံးဖြတ်ချက်ချဖို့၊ conflict ဖြေရှင်းဖို့၊ လူတစ်ယောက်ချင်းစီရဲ့စွမ်းရည်ကို မြင်ဖို့၊ feedback ပေးဖို့၊ တစ်ခါတလေ မနှစ်သက်တဲ့စကားကိုလည်း သေသေချာချာပြောဖို့ လိုလာတယ်။

📌 အဲဒီမှာ ပြဿနာစတယ်။

သူက အလုပ်တာဝန်ကျေတဲ့လူ ဖြစ်ခဲ့တယ်။
ဒါပေမဲ့ လူဦးဆောင်တတ်တဲ့လူ မဖြစ်သေးဘူး။

နောက်ဆုံး သူရခဲ့တဲ့ရာထူးက သူ့အတွက် ဂုဏ်ယူစရာတစ်ခုဖြစ်ရမယ့်အစား စိတ်ဖိစီးမှုတစ်ခုဖြစ်လာတယ်။

ဒီနေရာမှာ Peter Principle ဆိုတဲ့အမြင်ကို သတိရမိတယ်။

Laurence J. Peter နဲ့ Raymond Hull တို့ရေးခဲ့တဲ့ The Peter Principle ထဲက အဓိကအယူအဆက.. လူတွေဟာ တစ်နေရာမှာအောင်မြင်လို့ နောက်တစ်ဆင့်ကို တိုးပေးခံရတတ်ပေမယ့် အဲဒီနောက်တစ်ဆင့်မှာလိုအပ်တဲ့စွမ်းရည်က အရင်စွမ်းရည်နဲ့ မတူနိုင်ဘူးဆိုတာပါ။

ဒီအမြင်က အလုပ်ခွင်အကြောင်းပဲမဟုတ်ဘူး။ ဘဝအကြောင်းလည်း ဖြစ်တယ်။ အဆင့်တက်လာတာနဲ့ အဆင်သင့်ဖြစ်လာတာက မတူဘူး။

ဝင်လာတာတွေ များလာဖို့ပဲ မဟုတ်ဘူး။ ဝင်လာတဲ့အရာတွေကို ကိုင်တွယ်နိုင်တဲ့လူဖြစ်ဖို့လည်း လိုတယ်။

🔳 အခွင့်အရေးဝင်လာတယ်။
ဒါပေမဲ့ ကိုယ်က မဆုံးဖြတ်တတ်သေးဘူး။

လူတွေဝင်လာတယ်။
ဒါပေမဲ့ ကိုယ်က Boundary မထားတတ်သေးဘူး။

ငွေဝင်လာတယ်။
ဒါပေမဲ့ ကိုယ်က စနစ်မရှိသေးဘူး။

နာမည်ကြီးလာတယ်။
ဒါပေမဲ့ ကိုယ်က reputation ကို မထိန်းတတ်သေးဘူး။

အလုပ်အပ်သူတွေ များလာတယ်။
ဒါပေမဲ့ ကိုယ့်လုပ်ငန်းက system မတည်ဆောက်သေးဘူး။

ဒီလိုဆိုရင် “ဝင်လာမစဲ” က Blessing မဟုတ်တော့ဘဲ Breakdown ဖြစ်သွားတတ်တယ်။

🔳 Mihaly Csikszentmihalyi ရဲ့ Flow အမြင်နဲ့ကြည့်ရင်လည်း ဒီကိစ္စကို နားလည်လို့ရတယ်။

Flow ဆိုတာ လူတစ်ယောက်က အလုပ်တစ်ခုထဲမှာ နစ်ဝင်ပြီး အကောင်းဆုံးလုပ်နိုင်တဲ့စိတ်အခြေအနေ။ အဲဒီအခြေအနေဖြစ်ဖို့ challenge နဲ့ skill က မျှနေဖို့လိုတယ်။

Challenge အရမ်းနိမ့်ပြီး skill က အရမ်းမြင့်နေရင် လူက ပျင်းတယ်။ Challenge အရမ်းမြင့်ပြီး skill က မလိုက်နိုင်ရင် လူက စိတ်ပူတယ်၊ ဖိစီးတယ်၊ အရှုံးပေးချင်လာတယ်။ Challenge နဲ့ skill မျှလာတဲ့အခါမှ လူက နစ်ဝင်နိုင်တယ်။

📌 ဘဝအခွင့်အရေးတွေလည်း အဲဒီလိုပဲ။

အခွင့်အရေးတစ်ခုက ကြီးလာတာကောင်းတယ်။
ဒါပေမဲ့ ကိုယ့် skill, system, emotional capacity, decision quality တွေ မလိုက်နိုင်သေးရင် အဲဒီအခွင့်အရေးက ကိုယ့်ကို Flow ထဲမပို့ဘဲ Anxiety ထဲ ပို့တတ်တယ်။

အလုပ်ကြီးလာတယ်။
ဒါပေမဲ့ အဖွဲ့မရှိဘူး။

Customer များလာတယ်။
ဒါပေမဲ့ service system မရှိဘူး။

လူသိများလာတယ်။
ဒါပေမဲ့ criticism ကို ကိုင်တွယ်နိုင်တဲ့စိတ်မရှိဘူး။

အခွင့်အရေးရလာတယ်။
ဒါပေမဲ့ အချိန်စီမံခန့်ခွဲနိုင်စွမ်း မရှိဘူး။

အဲဒီအခါ အခွင့်အရေးက အခွင့်အရေးလို မခံစားရတော့ဘူး။ ဖိအားလို ခံစားလာတယ်။

🔳 လုပ်ငန်းရှင်တစ်ယောက်အကြောင်း စဉ်းစားကြည့်ပါ။

သူက စိတ်ကောင်းရှိတယ်။ အလုပ်လည်းကြိုးစားတယ်။ Product လည်းမဆိုးဘူး။ တစ်နေ့မှာ သူ့လုပ်ငန်းက ရုတ်တရက် လူသိများသွားတယ်။ Order တွေ တစ်ဟုန်ထိုးဝင်လာတယ်။ အားလုံးက “ကောင်းလိုက်တာ” လို့ထင်ကြတယ်။

ဒါပေမဲ့ အတွင်းမှာတော့ စနစ်မရှိသေးဘူး။

Order လက်ခံတဲ့သူက တစ်ယောက်တည်း။ စာရင်းမှတ်တဲ့ပုံစံ မရှိ။ Customer complaint ဖြေရှင်းတဲ့စနစ် မရှိ။
အရည်အသွေးစစ်တဲ့အဆင့် မရှိ။ Team member တွေကို training မပေးရသေး။ အရေးပေါ်အခြေအနေမှာ ဘယ်သူဘာလုပ်မလဲ မသိ။

နောက်ဆုံး Customer မကျေနပ်မှုတွေ တက်လာတယ်။ Team ပင်ပန်းလာတယ်။ Founder စိတ်ပျက်လာတယ်။
အရင်ကတည်ဆောက်ထားတဲ့ နာမည်ကောင်းကိုတောင် ထိခိုက်လာတယ်။

ဒီလိုအခြေအနေမျိုးမှာ ပြဿနာက အခွင့်အရေးမရတာမဟုတ်ဘူး။ အခွင့်အရေးကို ခံနိုင်တဲ့ structure မရှိသေးတာ။

🔳 ဒီအချက်ကို Cohen နဲ့ Levinthal ရဲ့ Absorptive Capacity အမြင်နဲ့လည်း ချိတ်ပြီးမြင်လို့ရတယ်။

သူတို့ရဲ့အဓိကအယူအဆက အဖွဲ့အစည်းတစ်ခုဟာ အသိပညာအသစ်၊ အခွင့်အရေးအသစ်၊ နည်းပညာအသစ်ကို လက်ခံအသုံးချနိုင်ဖို့ အရင်ကတည်းက သက်ဆိုင်ရာအခြေခံအသိ၊ လေ့လာနိုင်စွမ်း၊ စနစ်ရှိဖို့လိုတယ်ဆိုတာပါ။

ဆိုလိုတာက အရာအသစ်တစ်ခု ရောက်လာတယ်ဆိုတာနဲ့ အလိုအလျောက် အကျိုးဖြစ်သွားတာ မဟုတ်ဘူး။

ရောက်လာတဲ့အရာကို နားလည်နိုင်ရမယ်။ စိစစ်နိုင်ရမယ်။ ကိုယ့်အခြေအနေထဲ ထည့်သွင်းနိုင်ရမယ်။ အသုံးချနိုင်ရမယ်။

ဒီစွမ်းရည်မရှိရင် အခွင့်အရေးအသစ်တစ်ခုတောင် အသုံးမချနိုင်တဲ့အရာဖြစ်သွားနိုင်တယ်။

🔳 စီးပွားရေးလောကထဲမှာလည်း မြင်ရတတ်တယ်။

Digital marketing လုပ်ရမယ်ဆိုတာ သိတယ်။
ဒါပေမဲ့ brand strategy မရှိဘူး။

Online order ဝင်လာတယ်။
ဒါပေမဲ့ operation မရှိဘူး။

AI tool တွေရှိလာတယ်။
ဒါပေမဲ့ ကိုယ်ဘာလုပ်ချင်တာလဲ မရှင်းဘူး။

Investor စိတ်ဝင်စားလာတယ်။
ဒါပေမဲ့ financial record မသပ်ရပ်ဘူး။

အခွင့်အရေးက ဝင်လာတယ်။ ဒါပေမဲ့ ကိုယ့်ဘက်မှာ absorptive capacity မရှိသေးရင် အဲဒီအခွင့်အရေးက ကိုယ့်ကို မမြှင့်တင်ဘဲ ရှုပ်ထွေးစေတတ်တယ်။

🔳 “အဆင်သင့်ဖြစ်ခြင်း” ဆိုတာ စိတ်အားထက်သန်တာတစ်ခုတည်းမဟုတ်ဘူး။

တချို့လူတွေက “ငါအဆင်သင့်ပါပဲ” လို့ထင်ကြတယ်။
ဘာဖြစ်လို့လဲဆိုတော့ သူတို့လိုချင်နေတာကြာပြီ။

ဒါပေမဲ့ လိုချင်နေတာနဲ့ အဆင်သင့်ဖြစ်နေတာ မတူဘူး။

အလုပ်အကိုင်ကြီးလိုချင်တာနဲ့ အလုပ်အကိုင်ကြီးကို ကိုင်တွယ်နိုင်တာ မတူဘူး။ လူသိများချင်တာနဲ့ လူအများရဲ့အမြင်ကို ခံနိုင်တာ မတူဘူး။ ချစ်ခြင်းမေတ္တာလိုချင်တာနဲ့ Healthy Relationship ကို ထိန်းနိုင်တာ မတူဘူး။
အခွင့်အရေးလိုချင်တာနဲ့ အခွင့်အရေးလာတဲ့အခါ ဆုံးဖြတ်နိုင်တာ မတူဘူး။

တစ်ခုကို လိုချင်တာက Desire ။ တစ်ခုကို ကိုင်တွယ်နိုင်တာက Capacity ။

Desire များနေရုံနဲ့ Capacity မတက်ဘူး။
Capacity ကို လေ့ကျင့်ရတယ်။
တည်ဆောက်ရတယ်။
အကြိမ်ကြိမ်ပြင်ရတယ်။
တစ်ခါတလေ စောင့်ရတယ်။
တစ်ခါတလေ မယူသေးဘဲ အရင်ပြင်ဆင်ရတယ်။

🔳 Amartya Sen ရဲ့ Capability Approach ကလည်း ဒီနေရာမှာ သုံးလို့ကောင်းတဲ့အမြင်တစ်ခုပါ။

Sen ရဲ့အယူအဆမှာ လူတစ်ယောက်ရဲ့တိုးတက်မှုကို ပစ္စည်းရရှိမှုနဲ့ပဲ မတိုင်းသင့်ဘူး။ တကယ်အရေးကြီးတာက အဲဒီပစ္စည်း၊ အခွင့်အရေး၊ ရွေးချယ်ခွင့်တွေကို အသုံးချပြီး ကိုယ်တန်ဖိုးထားတဲ့ဘဝကို တကယ်နေထိုင်နိုင်တဲ့ “capability” ရှိသလားဆိုတာ။

ဥပမာ လူတစ်ယောက်ဆီကို Laptop ကောင်းကောင်းတစ်လုံး ရောက်လာတယ်ဆိုပါစို့။

အပြင်ကကြည့်ရင် အခွင့်အရေးတစ်ခု။ ဒါပေမဲ့ သူက သုံးတတ်လား။ သင်ယူချင်စိတ်ရှိလား။ ဘာလုပ်ချင်တာလဲ။ စာရေးမလား၊ design လုပ်မလား၊ business လုပ်မလား၊ research လုပ်မလား သိလား။

Laptop ရှိတာနဲ့ လူက productive ဖြစ်သွားတာမဟုတ်ဘူး။ Laptop ကို အသုံးချနိုင်တဲ့ capability ရှိမှ အဲဒါက opportunity ဖြစ်တယ်။

အဲဒီလိုပဲ ဘဝထဲဝင်လာတဲ့အရာတွေလည်း resource တစ်ခုဖြစ်နိုင်တယ်။
ဒါပေမဲ့ capability မရှိသေးရင် resource က burden ဖြစ်သွားနိုင်တယ်။

🔳 Yerkes-Dodson law ဆိုတဲ့ psychology အယူအဆတစ်ခုလည်း ဒီခေါင်းစဉ်နဲ့ ဆက်စပ်တယ်။

ဒီအမြင်က ဖိအားနဲ့လုပ်ဆောင်နိုင်စွမ်းကြား ဆက်နွယ်မှုကို ပြောတာ။ ဖိအားနည်းလွန်းရင် လူက မလှုပ်ရှားတတ်ဘူး။ ဖိအားတော်တော်လေးရှိရင် motivation ဖြစ်နိုင်တယ်။ ဒါပေမဲ့ ဖိအားအရမ်းများသွားရင် performance ကျတတ်တယ်။

အခွင့်အရေးကြီးတစ်ခု ရောက်လာတာဟာ တစ်နည်းအားဖြင့် arousal တစ်ခု၊ pressure တစ်ခုပါပဲ။

လူသိများလာတာက စိတ်လှုပ်ရှားစရာကောင်းတယ်။
ဒါပေမဲ့ အရမ်းများသွားရင် ကြောက်စိတ်ဖြစ်နိုင်တယ်။

လုပ်ငန်းကြီးလာတာက အားတက်စရာကောင်းတယ်။
ဒါပေမဲ့ ကိုင်တွယ်နိုင်စွမ်းမရှိသေးရင် burnout ဖြစ်နိုင်တယ်။

အလုပ်ကြီးရလာတာက ဝမ်းသာစရာကောင်းတယ်။
ဒါပေမဲ့ ကိုယ့် skill မလိုက်နိုင်သေးရင် self-doubt ဖြစ်နိုင်တယ်။

ဒါကြောင့် ကံကောင်းခြင်းတစ်ခုရောက်လာတဲ့အချိန်မှာ ပျော်ဖို့တင်မက ကိုယ့် nervous system, စိတ်တည်ငြိမ်မှု၊ အလုပ်စနစ်တွေက အဲဒီအလေးချိန်ကို ခံနိုင်သလား ကြည့်ဖို့လိုတယ်။

🔳 တကယ်တော့ ဘဝမှာ ဝင်လာတဲ့အရာတွေကို သုံးမျိုးခွဲကြည့်လို့ရတယ်။

📌 ၁။ ကိုယ်လိုချင်ပြီး ကိုယ်ကိုင်တွယ်နိုင်တဲ့အရာ

ဒီလိုအရာတွေက Blessing ဖြစ်တတ်တယ်။

ကိုယ်အဆင်သင့်ဖြစ်နေတယ်။
စနစ်ရှိတယ်။
စိတ်တည်တယ်။
အကူအညီတောင်းရမယ့်လူရှိတယ်။
ကိုယ့်တန်ဖိုးနဲ့ ကိုယ့်အတိုင်းအတာကို သိတယ်။

အဲဒီအချိန်မှာ အခွင့်အရေးဝင်လာရင် ကိုယ်က အဲဒီအရာကို တိုးတက်မှုအဖြစ် အသုံးချနိုင်တယ်။

📌 ၂။ ကိုယ်လိုချင်ပေမယ့် ကိုယ်မကိုင်တွယ်နိုင်သေးတဲ့အရာ

ဒီဟာက အန္တရာယ်ပိုကြီးတယ်။

ဘာဖြစ်လို့လဲဆိုတော့ ကိုယ်လိုချင်နေတာကြာပြီဆိုတော့ ရောက်လာတဲ့အခါ မစိစစ်ဘဲ လက်ခံချင်တတ်လို့။

ကြီးကြီးမားမားအလုပ်ဆိုလည်း ယူလိုက်တယ်။ လူကြီးတစ်ယောက်နဲ့ဆက်သွယ်ခွင့်ရရင် ချက်ချင်းဝင်လိုက်တယ်။ လုပ်ငန်းတိုးချဲ့ခွင့်ရရင် စနစ်မရှိသေးဘဲချဲ့လိုက်တယ်။ လူသိများလာရင် ကိုယ့်အတွင်းကတည်ငြိမ်မှုမရှိသေးဘဲ အလွန်အကျွံထုတ်ပြလိုက်တယ်။

နောက်ဆုံး ကံကောင်းခြင်းကနေ ဝန်ထုပ်ဝန်ပိုးဖြစ်သွားတတ်တယ်။

📌 ၃။ ကိုယ်မလိုချင်ပေမယ့် ကိုယ့်ကို တိုးတက်စေတဲ့အရာ

တစ်ခါတလေ အခက်အခဲ၊ ငြင်းပယ်ခံရမှု၊ နှောင့်နှေးမှုတွေက ကိုယ့်ကို capacity တည်ဆောက်ပေးတယ်။

အလုပ်တစ်ခု မရခဲ့လို့ ကိုယ် skill ပြန်တည်ဆောက်ရတယ်။ အခွင့်အရေးတစ်ခု နောက်ကျခဲ့လို့ စနစ်ပြန်ပြင်ရတယ်။ လူတွေမသိသေးတဲ့ကာလမှာ ကိုယ်အတွင်းပိုင်းကို ပိုခိုင်အောင်လုပ်ရတယ်။

တချို့နှောင့်နှေးမှုတွေက ကံဆိုးတာမဟုတ်ဘူး။
ကိုယ်အဆင်သင့်ဖြစ်ဖို့ အချိန်ပေးနေတာလည်း ဖြစ်နိုင်တယ်။

🔳 ဒီအတွက် ကိုယ့်ကိုယ်ကိုယ် မေးကြည့်ရမယ့်မေးခွန်းတွေရှိတယ်။

📌 ၁။ ဒီအရာကို ငါလိုချင်တာလား၊ ငါကိုင်တွယ်နိုင်တာလား

လိုချင်တာကို မေးတာလွယ်တယ်။
ကိုင်တွယ်နိုင်တာကို မေးတာက ခက်တယ်။

ဒါပေမဲ့ ဒုတိယမေးခွန်းက ပိုအရေးကြီးတယ်။

📌 ၂။ ဒီအခွင့်အရေးလာရင် ငါ့ဘဝထဲမှာ ဘာတွေပြောင်းသွားမလဲ

အချိန်ပြောင်းမလား။
လူတွေပြောင်းမလား။
တာဝန်ပြောင်းမလား။
စိတ်ဖိအားပြောင်းမလား။
ကိုယ့်မိသားစု၊ ကိုယ့်လုပ်ငန်း၊ ကိုယ့်privacy တွေအပေါ် ဘယ်လိုသက်ရောက်မလဲ။

အခွင့်အရေးကို reward လိုပဲမမြင်ဘဲ အကျိုးဆက် consequence ပါကြည့်ရမယ်။

📌 ၃။ ငါ့မှာ support system ရှိလား

အကြံတိုင်ပင်ရမယ့်လူရှိလား။
စနစ်ရှိလား။
အဖွဲ့ရှိလား။
financial discipline ရှိလား။
စိတ်ပင်ပန်းလာရင် ပြန်တည်ငြိမ်စေမယ့်အကျင့်ရှိလား။

အရာကြီးတွေကို တစ်ယောက်တည်းကိုင်တွယ်မယ်ဆိုတဲ့မာနက တစ်ခါတလေ ကိုယ့်ကိုပဲ ဖျက်တတ်တယ်။

📌 ၄။ ဒီအရာက ငါ့ဘဝကို တိုးတက်စေမလား၊ ရှုပ်ထွေးစေမလား

တချို့အလုပ်တွေက ဝင်လာတာကောင်းပေမယ့် ကိုယ့်အဓိကလမ်းကြောင်းကို ရှုပ်စေတယ်။
တချို့လူတွေက ဝင်လာတာ exciting ဖြစ်ပေမယ့် ကိုယ့်စိတ်ငြိမ်မှုကို ဖျက်တယ်။
တချို့အခွင့်အရေးတွေက အပြင်ကကြည့်ရင်ကြီးမားပေမယ့် အတွင်းမှာ ကိုယ့်တန်ဖိုးနဲ့မကိုက်ဘူး။

📌 ၅။ ဒီအရာမရောက်ခင် ငါအရင်တည်ဆောက်ရမယ့် capacity ကဘာလဲ

အဖွဲ့လား။
စနစ်လား။
စိတ်တည်ငြိမ်မှုလား။
အချိန်စီမံခန့်ခွဲမှုလား။
အရည်အသွေးထိန်းချုပ်မှုလား။
Boundary ထားနိုင်စွမ်းလား။

🔳 “ဝင်လာမစဲ တသဲသဲ” ဆိုတာ အရာအားလုံးကို ကိုယ့်ဘဝထဲ အတင်းဝင်ခွင့်ပေးတာမဟုတ်ဘူး။

ကံကောင်းခြင်းတွေ ဝင်လာနိုင်အောင် နေရာလွတ်ဖန်တီးတာ။ ဝင်လာတဲ့အရာတွေကို စိစစ်တတ်တာ။ ကိုင်တွယ်နိုင်တဲ့စနစ်တည်ဆောက်တာ။ ကိုယ့်စိတ်ကို capacity ကြီးလာအောင် လေ့ကျင့်တာ။ မရောက်သေးတဲ့အချိန်မှာ မညည်းညူဘဲ အဆင်သင့်ဖြစ်အောင် တည်ဆောက်တာ။

တချို့အရာတွေက ကိုယ့်ဆီ မရောက်သေးတာ ကံမကောင်းလို့မဟုတ်ဘူး။ ကိုယ့်အတွင်းမှာ အဲဒီအရာကို ခံနိုင်တဲ့နေရာ မပြည့်သေးလို့ ဖြစ်နိုင်တယ်။

တချို့အရာတွေက ရောက်လာပြီးမှ ဝန်ထုပ်ဝန်ပိုးဖြစ်သွားတာ ကံဆိုးလို့မဟုတ်ဘူး။ ကိုယ်က အဲဒီအရာကို Blessing အဖြစ်ပြောင်းနိုင်တဲ့ capacity မတည်ဆောက်ရသေးလို့ ဖြစ်နိုင်တယ်။

ဒီတော့ ဘဝထဲကို အရာကောင်းတွေ ဝင်လာစေချင်ရင်
“ဘယ်အရာတွေ ငါ့ဆီလာမလဲ” ဆိုတာနဲ့အတူ
“အဲဒီအရာတွေ ရောက်လာတဲ့အခါ ငါဘယ်လိုလူဖြစ်နေမလဲ” ဆိုတာကိုပါ မေးရမယ်။

ဘာဖြစ်လို့လဲဆိုတော့ အဆင်သင့်ဖြစ်နေတဲ့လူဆီရောက်လာတဲ့အရာဟာ အခွင့်အရေးဖြစ်တတ်တယ်။

အဆင်သင့်မဖြစ်သေးတဲ့လူဆီ ရောက်လာတဲ့အရာတွေကတော့ တစ်ခါတလေ ဝန်ထုပ်ဝန်ပိုးဖြစ်သွားတတ်ပါတယ်။ ❤️

#ဉာဏ

May 29, 2026

________________________________________________

ဆရာမဉာဏ၏စာအုပ်များကို City Mart စင်တာများနဲ့ အမြို့မြို့အနယ်နယ် စာအုပ်ဆိုင်များမှာ ဝယ်ယူရရှိနိုင်ပါတယ်။ Online က မှာယူလိုပါလျှင် Page Messenger ကနေ လာရောက်မှာယူနိုင်ပါတယ်။

29/05/2026

♥️Embracing Love ♥️

မျှ​ဝေခြင်း
တခြားသူ​တွေကို ချစ်ခြင်း​မေတ္တာ
​ပေးနိုင်ဖို့အပြင်

ကိုယ်တိုင်က ချစ်ခြင်း​မေတ္တာ
လက်ခံနိုင်ဖို့

ချစ်ခြင်း​မေတ္တာနဲ့ အရှိအတိုင်း
ကိုယ့်ကိုကိုယ်ကြည့်နိုင်လာဖို့
ကြိုးစားဖို့
​မေ့​နေတတ်ကြပါတယ်

♥️♥️

Self-Love
Heals
To expand love

Coach Aye Aye
Friendship Corner Coaching

29/05/2026

Hope 🌻

ဘဝရဲ့ အချိုးအ​ကွေ့ အ​ပြောင်းအလဲမှာ
​ခေါင်းမဖော်နိုင်ပဲ
လမ်း​​ပျောက်​နေတဲ့အခါ

​မျှော်လင့်ချက်
အလင်း​ရောင်​လေးကို
ပြန်လည်​တွေ့ရှိနိုင်ဖို့
အလင်း​ရောင်နဲ့
ချိတ်ဆက်ကြည့်ပါလို့
အကြံပြုပါတယ်

အလင်း​ရောင်ဆိုတာမှာ
ကိုယ့်ရဲ့ ဘာသာတရား
ယုံကြည်မှု ကို ချိတ်ဆက်တာလဲဖြစ်နိုင်သလို

Mindfulness စိတ်ရဲ့ ငြိမ်သက်ခြင်းနဲ့
ထိ​တွေ့တာလဲ ဖြစ်နိုင်ပါတယ်

တချို့သူ​တွေအတွက်
ငယ်ငယ်က ​​ပျောက်ဆုံး​နေခဲ့တဲ့
ဖန်တီးမှု...ဝါသနာ တစ်ခုခုကို ပြန်စကြည့်တာ
ဖြစ်နိုင်သလို

တချို့သူ​တွေအတွက်
Soul purpose အရ
အများအတွက်
အကျိုးရှိ​စေဖို့
ကူညီ​​ပေးတာ
မျှ​ဝေ​ပေးတာ
စာသင်​ပေးတာ မျိုးလဲ ဖြစ်နိုင်ပါတယ်

အဆင်​ပြေပါ​စေ။

🌻🌻

Aye Aye
Certified Profesaional Coach
Friendship Corner Coaching

#ဘဝ

  basic မရှိမဖြစ် အဆင့်​​လေးက​တော့   လိမ်းဖို့ပါပဲရှင်>>မနက်ပိုင်းမျက်နှာ​လေးသစ်ပြီးmoisturizer / sunscreen အဆီပြန်တယ်ဆိ...
29/05/2026

basic မရှိမဖြစ် အဆင့်​​လေးက​တော့
လိမ်းဖို့ပါပဲရှင်

>>မနက်ပိုင်း
မျက်နှာ​လေးသစ်ပြီး
moisturizer / sunscreen
အဆီပြန်တယ်ဆို Sunscreen ​လေး တမျိုးပဲ
လိမ်း​ပေါ့​နော်

>>ညဘက်က​တော့ မျက်နှာ​လေးသစ်ပြီး
moisturizer ​လေးပဲ လိမ်း​ပေးလို့ရပါတယ်။

Instock ရတဲ့
moisturizer ​လေး​တွေက​တော့
အဓိက အသားအရည်ပျက်စီးတာကာကွယ်ဖို့
Skin barrier repair အတွက် အဓိက တင်​ပေးထားပါတယ်။

Teddylone Beauty Zone
Naypyitaw

​နေပြည်​တော် ရန်ကုန် မန်း​လေး
အိမ်အ​​ရောက်​ငွေ​ချေ ပို့​ပေးပါတယ်ရှင်

  Romand Zero velvet Tintအ​ရောင်စိုစို​လေးနဲ့ လှတာ​လေးပါ​နော်Instock၂၉၀၀၀ ကျပ်Teddylone Beauty Zone Naypyitaw       #နှု...
29/05/2026



Romand Zero velvet Tint
အ​ရောင်စိုစို​လေးနဲ့ လှတာ​လေးပါ​နော်

Instock

၂၉၀၀၀ ကျပ်

Teddylone Beauty Zone
Naypyitaw

#နှုတ်ခမ်းနီ

Sensitive skin​ဘေဘီ​လေး​တွေပါ သုံးလို့ရတာ​လေးIlliyoon Ceramide ato lotionmoisturizer 50ml. 23000InstockTeddylone Beauty ...
29/05/2026

Sensitive skin
​ဘေဘီ​လေး​တွေပါ သုံးလို့ရတာ​လေး
Illiyoon Ceramide ato lotion
moisturizer
50ml. 23000

Instock

Teddylone Beauty Zone
​နေပြည်​တော် ရန်ကုန် မန်း​လေး အိမ်အ​ရောက်​ငွေ​ချေ

တစ်ဘူးကုန်သွားပြန်ပြီ..
ခြောက်လလောက်ဆက်တိုက်သုံးထားတဲ့ user အနေနဲ့ဆိုနောက်ခြောက်လထိလည်း သူ့ကိုဆက်သုံးနေဦးမယ့် feeling မျိုး 🩷 အဲလောက်ထိကို ကိုယ့်အတွက် အဆင်ပြေတယ် ကြိုက်တယ်။

AM,PM နှစ်မျိုးလုံး လိမ်းတာရှိသလို AM မှာ တစ်ခြားဟာတွေသုံးရစမ်းရ ပြောင်းလိမ်းရတာတွေလည်းရှိတယ် သေချာတာကတော့ ကိုယ့်ရဲ့ ညဖက် skincare routine ကတော့ သူနဲ့ပဲ ဖြတ်သန်းရမှ စိတ်ကျေနပ်ရတာ။ Adapaline လိမ်းတဲ့ရက်တွေဆိုရင် ပိုတောင်မှ လိုအပ်သေးတာ။

review ကတော့ ထူးပေးမနေတော့ဘူးနော် ခြောက်လလုံး ကြုံသလိုညွှန်းရေးတင်ထားတာမလို့ ခုကတော့ ဘူးသစ်ဖောက်ပြီး
အပိုထပ်ဝယ်ဖို့ ဆိုင်ရှာလိုက်ဦးမယ်🩷

ဝက်ခြံအတွက် စိတ်ချရတဲ့moisturizer review ထဲက ၂မျိုး ရပါတယ်ရှင်Cutapro Hydrator39500Teca cica capsule cream50ml.43500Inst...
29/05/2026

ဝက်ခြံအတွက် စိတ်ချရတဲ့
moisturizer review ထဲက ၂မျိုး ရပါတယ်ရှင်

Cutapro Hydrator
39500

Teca cica capsule cream
50ml.43500

Instock
Teddylone Beauty Zone

29/05/2026

ညဘက်​လေးလိမ်းအိပ်ဖို့
အစိုဓါတ်ရပြီး အသားကြည်တာ​လေး
၃၀​ကျော်အတွက် အဆင်​ပြေပါတယ်ရှင်
day night သုံးလို့ရတာ​လေး
I'm from rice cream ​လေးပါ​နော်
15ml ဘူး​သေး ၂၄၀၀၀
Teddylone Beauty Zone
Naypyitaw

#အသားကြည် #အရွယ်တင်

Address


Opening Hours

Tuesday 10:00 - 17:00
Wednesday 10:00 - 17:00
Thursday 10:00 - 17:00
Friday 10:00 - 17:00
Saturday 10:00 - 17:00
Sunday 13:00 - 17:00

Telephone

+959670730749

Website

Alerts

Be the first to know and let us send you an email when Teddylone Beauty Zone posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

  • Want your business to be the top-listed Shop?

Share