Family croft

Call Directions Contact the business

Family croft မှော်ဘီမြို့ထဲမှာတည်ရှိတဲ့ Organic Farm လေ?

ဇိမ်ခံခြင်း (Luxury) အစစ်အမှန်ဆိုတာ Five Stars ဟိုတယ်ခန်းတွေထဲက အိစက်ညက်ညောတဲ့ ခုတင်ပေါ်မှာ လှဲလျောင်းနေရုံနဲ့ မလုံ‌‌ေလာ...
27/05/2026

ဇိမ်ခံခြင်း (Luxury) အစစ်အမှန်ဆိုတာ Five Stars ဟိုတယ်ခန်းတွေထဲက အိစက်ညက်ညောတဲ့ ခုတင်ပေါ်မှာ လှဲလျောင်းနေရုံနဲ့ မလုံ‌‌ေလာက်ပါဘူး။ တကယ့် Luxury ဆိုတာ နေ့စဉ်ဘဝရဲ့ မွန်းကျပ်မှုတွေကို အဝေးမှာ ချန်ထားခဲ့ပြီး သဘာဝတရားရဲ့ Raw ဆန်ဆန် အငွေ့အသက်တွေနဲ့ အတုအယောင်ကင်းကင်း ထိတွေ့ခွင့်ရတာမျိုးပါ။

ကြမ်းတမ်းတဲ့ မြေကြီးကို ခြေဗလာနဲ့ နင်းမိတဲ့ အထိအတွေ့၊ သဘာဝလေရိုင်းလေးရဲ့ ပွတ်တိုက်မှု၊ စိမ်းလန်းတဲ့ မြက်ခင်းပြင်ကျယ်... ဒါတွေက ရုပ်ပိုင်းဆိုင်ရာအရ မအိစက် မညက်ညောပေမယ့်၊ သင့်ရဲ့ ပင်ပန်းနေတဲ့ စိတ်ဝိညာဉ်ကိုတော့ အမှန်တကယ် ပေါ့ပါးလွတ်လပ်သွားစေပါတယ်။

စိတ်အေးချမ်းမှုနဲ့ ကိုယ်ပိုင် Energy ကို သဘာဝတရားထဲမှာ ပြန်လည်ရှာဖွေတွေ့ရှိခြင်းဟာ တန်ဖိုးအကြီးမားဆုံး Luxury တစ်မျိုးပါပဲ။

#​ #စစ်မှန်တဲ့ဇိမ်ခံမှု
#သဘာဝရဲ့အငွေ့အသက် #စိတ်အေးချမ်းရာ #စွမ်းအင်ပြန်လည်ဖြည့်တင်းခြင်း #ကိုယ့်ကိုယ်ကိုအချိန်ပေးပါ

ဘဝမှာ အမှတ်တရဆိုတာ ကိုယ်တိုင် အချိန်ပေးပြီး ဖန်တီးယူမှ ရတာပါ။ မြို့ပြရဲ့ မွန်းကျပ်မှုတွေ၊ နေ့စဉ် လုပ်ငန်းခွင်က စိတ်ဖိစီး...
25/05/2026

ဘဝမှာ အမှတ်တရဆိုတာ ကိုယ်တိုင် အချိန်ပေးပြီး ဖန်တီးယူမှ ရတာပါ။ မြို့ပြရဲ့ မွန်းကျပ်မှုတွေ၊ နေ့စဉ် လုပ်ငန်းခွင်က စိတ်ဖိစီးမှုတွေကို ခဏလောက် ဘေးဖယ်ထားပြီး ကိုယ့်ရဲ့ တန်ဖိုးရှိတဲ့ အချိန်နဲ့ စွမ်းအင်တွေကို အဓိပ္ပါယ်ရှိရှိ အသုံးချဖို့ နေရာကောင်းတစ်ခု ရှာနေပါသလား?
‎
‎စိမ်းလန်းကျယ်ပြန့်တဲ့ မြက်ခင်းပြင်ကြီးတွေ၊ သဘာဝရဲ့ အငွေ့အသက် အပြည့်နဲ့ စိတ်အေးချမ်းစရာကောင်းတဲ့ Family Croft Organic Farm ဟာ သင့်ရဲ့ အထူးခြားဆုံး နေ့ရက်တွေနဲ့ Activity တွေအတွက် အသင့်တော်ဆုံး နေရာတစ်ခုပါ။
‎
‎တရက်ကို တဖွဲ့ပဲ လက်ခံတဲ့ Private ဆန်တဲ့ ဒီနေရာလေးမှာ ဘယ်လို အစီအစဉ်တွေအတွက် လာရောက်လည်ပတ်ကြပါသလဲ?
‎
‎✨ Yoga & Meditation Retreatများ
‎
‎ကိုယ့်ရဲ့ စိတ်စွမ်းအင်တွေကို ပြန်လည်ဖြည့်တင်းဖို့နဲ့ မလိုအပ်တဲ့ ဖိစီးမှုတွေကို ဖယ်ရှားပြီး ကိုယ်ပိုင် Energy Boundary ကို သေချာတည်ဆောက်ဖို့ သဘာဝတရားနဲ့ တိုက်ရိုက်ထိတွေ့ခွင့်ရတဲ့ ဒီနေရာလေးက အကောင်းဆုံးပါ။ စိမ်းလန်းကျယ်ဝန်းတဲ့ မြက်ခင်းပြင်မှာ လွတ်လွတ်လပ်လပ် ယောဂကျင့်ရင်း၊ တိတ်ဆိတ်အေးချမ်းစွာ တရားထိုင်ရင်း ကိုယ့်ရဲ့ အတွင်းစိတ်တန်ဖိုး (Self-value) ကို အပြည့်အဝ ပြန်လည်ရှာဖွေနိုင်မယ့် နေရာပါ။
‎
‎✨ Company Trip & Team Building
‎
‎လုပ်ငန်းခွင်က မွန်းကျပ်မှုတွေကို လျှော့ချပြီး အဖွဲ့အစည်း စည်းလုံးမှု ပိုအားကောင်းလာစေဖို့ ကျယ်ဝန်းတဲ့ မြက်ခင်းပြင်မှာ Activity မျိုးစုံကို လွတ်လွတ်လပ်လပ်နဲ့ တက်တက်ကြွကြွ လုပ်ဆောင်နိုင်ပါတယ်။
‎
‎✨ Pre-Wedding & မင်္ဂလာပွဲများ
‎
‎တစ်သက်မှာတစ်ခါ အလှဆုံးမှတ်တမ်းတင်မယ့် နေ့ရက်အတွက် သဘာဝဆန်ဆန် (Rustic Vibe) အလှတရားတွေ၊ ထူးခြားတဲ့ ရှေးဟောင်းလှည်းဘီး အပြင်အဆင်တွေနဲ့ အလှပဆုံး ပုံရိပ်တွေကို ဖန်တီးနိုင်ပါတယ်။
‎
‎✨ ကျောင်းလေ့လာရေးခရီး (School Trips)
‎
‎စာသင်ခန်းထဲကနေ ခွဲထွက်ပြီး ကလေးတွေ သဘာဝတရားနဲ့ တိုက်ရိုက် ထိတွေ့လေ့လာဖို့၊ ဘေးကင်းလုံခြုံစွာနဲ့ လွတ်လွတ်လပ်လပ် ပြေးလွှားဆော့ကစားဖို့ အကောင်းဆုံးသော ပတ်ဝန်းကျင်ပါ။
‎
‎✨ Music Video ရိုက်ကူးရေးများ
‎
‎အနုပညာဖန်တီးမှုတွေအတွက် အလင်းအမှောင်နဲ့ Background အလှတရားက ပေးစွမ်းနိုင်တဲ့ သဘာဝ Location အစစ်အမှန် ရှိပါတယ်။
‎
‎✨ မိသားစု အပန်းဖြေခရီး & မွေးနေ့ပွဲများ
‎
‎ကိုယ့်မိသားစု၊ ချစ်ရတဲ့ သူငယ်ချင်းတွေနဲ့ သီးသန့်ဆန်ဆန် ပျော်ပွဲစားထွက်မလား၊ မွေးနေ့ပွဲလေးပဲ လုပ်မလား... ဝါးနဲ့ ဖွဲ့စည်းထားတဲ့ သပ်ရပ်လှပတဲ့ အဆောင်ကြီးထဲမှာ အေးအေးလူလူ စုဝေးလို့ရပါတယ်။
‎စီစဉ်ရတာ ရှုပ်ထွေးသွားမလားဆိုပြီး မပူပါနဲ့။ အစားအသောက်ကအစ အားလုံးအတွက် လွယ်ကူသက်သာအောင် အပြီးအစီး စီစဉ်ပေးထားပါတယ်။
‎
‎💸 တစ်ဦးကို - ၄၀,၀၀၀ ကျပ် (နေ့လည်စာ အပါအပြီး)
‎👧👦 ကလေးများအတွက် - တစ်ဝက်စျေး (Half Price) သာ
‎
‎⏰ အချိန် - မနက် ၉ နာရီမှ ညနေ ၅ နာရီအထိ (တစ်နေကုန် စိတ်ကြိုက် အပန်းဖြေနိုင်ပါတယ်)
‎အောက်က ပုံလေးတွေကိုသာ တစ်ချက် ကြည့်လိုက်ပါ။ သဘာဝရဲ့ အငွေ့အသက်တွေကြားမှာ လွတ်လပ်ပေါ့ပါးနေတဲ့ အပြုံးတွေကို မြင်ရမှာပါ။ သင့်ရဲ့ နောက်ထပ် အစီအစဉ်တစ်ခု၊ Event တစ်ခုအတွက် နေရာရွေးချယ်တော့မယ်ဆိုရင် သင့်ကို စိတ်အချမ်းသာဆုံး ဖြစ်အောင် ထားပေးမယ့် Family Croft Organic Farm က အသင့်စောင့်ကြိုနေပါတယ်။
‎
‎ဒီလအတွက် ရက်လေးတွေ ပြည့်မသွားခင် အခုပဲ Page Messenger ကနေ Booking လှမ်းလုပ်လိုက်တော့နော်! 📩
‎
‎အစားအသောက် ဝန်ဆောင်မှု အထူးစီစဉ်ပေးတာဖြစ်လို့ အနည်းဆုံး ၂ ရက် ကြိုတင် Booking လုပ်စေချင်ပါတယ် ခင်ဗျာ .. 👈🏻
‎
‎
‎

Aesthetic ဆန်ဆန်နဲ့ သဘာဝအလှတရားတွေ ကြားထဲမှာ ဓာတ်ပုံလှလှလေးတွေရိုက်ရင်း အပန်းဖြေဖို့ နေရာဆန်းဆန်း ရှာနေသလား? 📸Family Cro...
19/05/2026

Aesthetic ဆန်ဆန်နဲ့ သဘာဝအလှတရားတွေ ကြားထဲမှာ ဓာတ်ပုံလှလှလေးတွေရိုက်ရင်း အပန်းဖြေဖို့ နေရာဆန်းဆန်း ရှာနေသလား? 📸

Family Croft Organic Farm မှာ သင့်စိတ်ကြိုက် Cinematic အငွေ့အသက်တွေ ဖန်တီးဖို့ သဘာဝ Check-in Spots တချို့နဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။

⛩️ The Bamboo Gate: ⛩️ ခြံထဲကို လှမ်းဝင်လိုက်တာနဲ့ ဆီးကြိုနေမယ့် ဝါးဂိတ်တံခါးလေးက တောရိပ်တောင်ရိပ်ရဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ Vibes ကို ပေးစွမ်းမှာပါ။

🛞 The Vintage Wheels 🛞 သမိုင်းဝင် အငွေ့အသက်လေးတွေနဲ့ လှည်းဘီးတန်းအလှက သင့်ရဲ့ ပုံတွေကို ထူးခြားပြီး အထာကျစေမှာ အသေအချာပဲ။

♻️ The Green Lawn ♻️ စိမ်းလန်းနေတဲ့ မြက်ခင်းပြင်ကျယ်ကြီးကတော့ Picnic ထွက်နေတဲ့ ပုံစံမျိုး၊ Slow life ကို ခံစားနေတဲ့ ပုံစံမျိုးတွေအတွက် အကောင်းဆုံး Background ပါပဲ။

🛖 Cozy Hut 🛖 ဝါးအိမ်လေး။ သဘာဝသစ်သားနံ့သင်းသင်း၊ တိတ်ဆိတ်မှုနဲ့ လေညင်းအေးအေးလေးပဲ ရှိတဲ့ ဒီအိမ်လေးထဲမှာ နောက်ခံထားပြီ အေးဆေးငြိမ့်ငြောင်းတဲ့ Pose တွေ ပေးနိုင်ပါတယ်။

အဝတ်အစား လှလှလေးတွေ ပြင်ဆင်၊ ကင်မရာလေးကိုင်ပြီး စိတ်အပန်းလည်းပြေ ဓာတ်ပုံလည်း အလန်းစားတွေရမယ့် Family Croft ကို လာခဲ့ဖို့ လက်တို့လိုက်ပြီနော်။ 😉🍃






14/05/2026

ကစားမလား ⚽ 🏃 နားမလား 😌
Family Croft မှ ကြိုဆိုပါတယ် ... 🙋‍♂️

ကြည့်ပါအုံး .. မိုးလေး နည်းနည်းရွာလိုက်တာနဲ့ 🌧️မြေဆီလွှာက မွှေးပျံ့လာတယ် .. 🏕️ပန်းပင်လေးတွေက အသက်ဝင်လာတယ် .. 🌷🌼သဘာဝတရားက...
12/05/2026

ကြည့်ပါအုံး .. မိုးလေး နည်းနည်းရွာလိုက်တာနဲ့ 🌧️
မြေဆီလွှာက မွှေးပျံ့လာတယ် .. 🏕️
ပန်းပင်လေးတွေက အသက်ဝင်လာတယ် .. 🌷🌼
သဘာဝတရားက စကားလုံးတွေ မလိုဘဲ ငြိမ်းချမ်းမှုပေးတယ် .. 🕊️
Family Croft မိသားစုခြံလေးမှ ဖိတ်ခေါ်ပါတယ် 🏕️🏞️

09/04/2026

🌿2026 နှစ်သစ် အတာ သက်ြန်းမှာ
မိတ်ဆွေးများ အားလုံး
အေးချမ်းပျော်ရွှင်ပါစေလို့
Family Croft မှော်ဘီခြံမိသားစုလေးမှ
ဆုတောင်းမေတ္တာပို့သလိုက်ရပါတယ်🫶🫶🩵

တည်နေရာကတော့ မှော်ဘီGTC ကျောင်း အကျော် အောက်ချိုင့်မှတ်တိုင် ဆည်မြောင်းလမ်းဘက်သို့ဝင်လာရင် ရောက်ပါပြီ။ မြေဧက နှစ်ဧကခွဲ န...
02/04/2026

တည်နေရာကတော့ မှော်ဘီGTC ကျောင်း အကျော် အောက်ချိုင့်မှတ်တိုင် ဆည်မြောင်းလမ်းဘက်သို့ဝင်လာရင် ရောက်ပါပြီ။
မြေဧက နှစ်ဧကခွဲ နေရာမှာ မြက်ခင်းပြင်ကျယ်၊ Organic စိုက်ခင်းနဲ့ အရိပ်ရအပင်တွေအများကြီးရှိတဲ့ ခြံလေးဖြစ်ပါတယ်။ ခြံထဲမှာ အနားယူလို့ရတဲ့ ဝါးတဲများ ဘန်ဂလိုများ ကလေးတွေအတွက် ကစားလို့ ရတဲ့ Play Ground နေရာနဲ့ ခြံအလှကို အပေါ်စီးက ကြည့်နိုင်မယ့် မျှော်စင်တစ်ခုလည်းရှိပါတယ်။ အနေအထားတွေကိုတော့ Page မှာ ပြထားတဲ့ပုံတွေမှာ ဝင်ကြည့်နိုင်ပါတယ်။ နားနေအိမ်ထဲမှာ ဘိုထိုင်အိမ်သာ များအပြင် ရိုးရိုးထိုင်‌များကိုလည်း သန့်ရှင်းစွာထားရှိတာမို့ လာရောက်လည်ပတ်တဲ့ ဧည့်သည်တွေအတွက် အဆင်ပြေစေပါတယ်။ အလှဆင်ထားတဲ့ လှည်းဘီးကြီးတွေ၊ နားနေစရာ ဘန်ဂလိုနဲ့ ကလေး ကစားကွင်းကို မြန်မာဟန်ပေါ်လွင်အောင် ဝါး၊ သက်ကယ် အသုံးပြုပြီးတည်ဆောက် အလှဆင်ထားပါတယ်။ လူကြီးတွေ အေးအေးသက်သက်ထိုင်နားဖို့ ဝါးပက်လက် ကုလားထိုင်တွေကိုလည်း ထားပေး ထားပါတယ်။
ဝါးနဲ့ပတ်သက်သော လက်မူ့ပစွည်းများစွာဖြစ်အလှဆင်ထားသည့်အတွက်
ကြည့်ရူ့‌လေ့လာ စရာများစွာပါဝင်သည်။
မိတ်ဆွေတို့အနေနဲ့ ခရီးထွက်ချင်တယ်၊ သိပ်အဝေးကြီးလည်း မသွားချင်ဘူး၊ အသက်ကြီးပိုင်းနဲ့ ကလေးတွေလည်း ပါစေချင်တယ်။ ဒါမှမဟုတ် ဘော်ဒါတွေနဲ့ အေးဆေးခရီးလေးထွက်မယ်။ သဘာဝဆန်ဆန်နေရာလေးမှာ၊ ဂီတာလေးတီးမယ်၊ အနားယူမယ်။ Landscape လှလှလေးတွေ၊ သဘာဝဆန်ဆန်အလှအပတွေကို နောက်ခံထားပြီး အမိုက်စားပုံတွေရိုက်ကြမယ်။ ဒီလို activities တွေကို တစ်နေရာတည်းမှာ ပြီးပြည့်စုံအောင် ခံစားရဖို့ Family Croft ကို လာခဲ့ကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Ogranic ခြံလေးဖြစ်တဲ့အတွက် Oganic Nature ၏ ရသကိုပို၍ ပေါ်လွင်စွာ ခံစားရရှိနိုင်မှာ ဖြစ်တယ်။
မိသားစုရေ ကူးကန်လဲထည့်ပေးထားပါတယ် (15' 35' အနက် 3'ခွဲပါ)
ဧည့်သည် ရှစ်ဦး ကနေ စပြီးလက်ခံပါတယ်။ ရှစ်ဦး မပြည့်လဲ ရှစ်ဦးစာပေးရပါတယ်။ company / ကျောင်း/အသကသင်းအဖွဲ့များ လာရောက်ကြတဲ့အတွက်ပြည့်စုံ၍ တစ်ခြံလုံးကို ကိုယ့်စိတ်ကြိုက်နေလို့ရအောင် တစ်ရက်ကို ဧည့်သည် တစ်ဖွဲ့သာ လက်ခံတာကြောင့် ဒီအချက်ကိုတော့ နားလည်ပေးစေချင်ပါတယ်။ Family Croft က နွေးထွေးစွာကြိုဆိုနေမှာပါ။
Day Use Package (9:00am -5:00pm)
တစ်ရက်တာ အေးဆေးအနားယူမယ့်သူတွေ၊ အသက်ကြီးပိုင်းတွေ၊ ကလေးငယ်တွေပါတဲ့ မိသားစုတွေ၊ မွေးနေ့ပွဲလုပ်ချင်တဲ့သူတွေနဲ့ အခြား တစ်ရက်တာ activities လုပ်ချင်တဲ့သူတွေအတွက် သင့်တော်ပါတယ်။
လက်ရှိကုန်ဈေးနှုန်းအပြောင်းအလဲများအရ ကျွန်တော်တို့၏ Family Croft ၏ဈေးနှုန်းအနည်းငယ် ပြောင်းထားမှုအား လာရောက်သည့်ဧည့်သည်တော်များကို အသိပေးလိုပါတယ်။
စျေးနှုန်း - တစ်ဦး ကျပ် ၄၀၀၀၀ (လေးသောင်းကျပ်)
အသက်(၅)နှစ် အောက်ကလေးများအတွက် (၅ဝ) ရာခိုင်နှုန်းပဲယူပါတယ်ခင်ဗျ၊
Family Croft organic villa အားပိတ်ရက်မရှိဖွင့်လှစ်ပါတယ်။
ဘာတွေပါမလဲ?
Welcome Drink -Coffee Mix -Green Tea - Water (free flow)
Lunch- ဘူဖေး။ ကိုယ်တိုင်ယူစနစ်နဲ့ စိတ်ကြိုက်အဝစားရမှာ ဖြစ်ပါတယ်။
-ကြက်သား (မြန်မာကြက်- ကြက်သောက်စမ်း) /ချောင်းငါးကြော် /ဝက်သား/ အသုပ် /အရွက်ကြော် /ဟင်းချို /ငါးပိရည်/ တို့စရာ/ငရုပ်သီးဆားထောင်း/
Evening Tea Time - လက်ဖက်သုပ်/ ရေနွေးကြမ်း /အသီး(၁)မျိုးပါဝင်ပါတယ်နော်။
"မှတ်ချက်"= ဝက်သား မသုံးဆောင်နိုင်သော ဧည့်သည်များလည်းကြိုတင်၍ ပြောကြားထားနိုင်ပါတယ်။
= လူမျိုးခြားဖြစ်နေပါက ဧည့်သည်များ၏တောင်းဆိုမှုအတိုင်းပြင်ဆင်ပေးမှာဖြစ်ပါတယ်။
***ခင်မင်ရတဲ့ မိတ်ဆွေတွေ အားလုံးကို မဆိုင်းမတွ လက်ခံချင်ပေမယ့်လည်း ရက်ကပ်ပြီးမှ booking တင်ရင် စီစဥ်ရတာ အခက်အခဲရှိတာမို့ လာမယ့်ရက်မတိုင်ခင် တက်နိုင်သမျှစောစောလေး booking တင်ပေးဖို့ မေတ္တာရပ်ခံအပ်ပါတယ်။ ဆက်သွယ်လာပေမယ့် confirmed ဖြစ်ပြီးသား ရက်တွေအတွက် booking လက်မခံနိုင်ဖြစ်ရလို့ အဆင်မပြေဖြစ်ရတာရှိရင်လဲ နားလည်ပေးဖို့ အနူးအညွတ်တောင်းပန်ပါတယ်။
****ပြင်ပအစားအသောက်တွေ ယူလာနိုင်ပါတယ်၊ ပက်ကေ့ချ်နဲ့ သွားတာမို့ စျေးနှုန်းနဲ့ Family Croft က ပေးမယ့် ဝန်ဆောင်မှုကတော့ ပြောင်းလဲပေးဖို့ အဆင်မပြေတာလည်း ကြိုတင် အသိပေးအပ်ပါတယ်။

*** မိတ်ဆွေတွေအနေနဲ့ booking တင်ချင်တယ် သို့မဟုတ် အသေးစိတ်စုံစမ်းချင်တယ် ဆိုရင် ဖုန်း (၀၉၅၁၄၃၇၃၆ ,ဝ၉၉၆၃၁၈၆၁၈၆ ) သို့မဟုတ် Page Messenger ကနေ ဆက်သွယ်မေးမြန်းလို့ ရပါတယ်။
*** စုံစမ်းမေးမြန်းပြီး Booking confirmed ဖြစ်တယ်ဆိုရင် ဖုန်းမက်ဆေ့ချ် သို့မဟုတ် Page Messenger ကနေ မိတ်ဆွေတို့ လာရောက်မယ့် လူဦးရေနဲ့ လာမယ့် နေ့ရက်ကို အတိအကျလေး ပြန်အကြောင်းပြန်ပေးပါနော်။
Family Croft - မှော်ဘီခြံ

===============================
Family Croft ကို လာရောက်လည်ပတ်ဖို့အတွက်
ကျနော်ကိုသားကြီး မှ လမ်းညွှန်ပေးချင်ပါတယ်ဗျ
အောက်က ဗီဒီယိုလေးမှာ ကြည့်ပေးပါနော်
😊 👇🏾🚸

ရန်ကုန်-ပြည်လမ်းမကြီးအတိုင်းမှော်ဘီကိုလမ်းအတိုင်းလာရပါမည် နည်းပညာတက္ကသိုလ်(မှော်ဘီ)ကိုရောက်တာနဲ့
နည်းနည်းလေးဆက်သွားရင် အောက်ချိုင့်မှတ်တိုင် လမ်းညာဘက်လေးမှာ
ဆည်မြောင်းဝန်ကြီးဌာန
လမ်း ဆိုင်းဘုတ်ရှိပါတယ်
၊ညာဘက်ကွန်ကရစ်လမ်းအတိုင်းဆက်ဝင်သွားရပါမည်
၊ကွန်ကရစ်လမ်းမအတိုင်း ဆက်မောင်းခဲ့ပါ၊
၊ကွန်ကရစ်လမ်းအတိုင်းဘယ်ဘက်ချိုးပြီးဆက်သွားရင်အေးချမ်းစိုပြေတဲ့ Family Croft ခြံကိုရောက်ပါမယ်
ခြံရှေ့ဝင်‌ပေါက်အားသစ်လုံးတိုင် နွားလှည်းဘီးတံခါး အလှဆင်ထား၍ ခြံပတ်လည် ဝါးများဖြစ်ကာရံထား၍
ခြံဝင်းအတွင်း နွားလှည်းဘီးများအလှဆင်ထား၏...

နည်းပညာတက္ကသိုလ်(မှော်ဘီ)ကနေ
Family Croft ကိုရောက်ဖို့ ၂ မိုင်ဝန်းကျင်ပဲဝေးပါတယ်

အားလုံးပဲကိုယ်စိတ်နှစ်ပါး ကျန်းမာကြပါစေ

Google Map တွင်ကြည့်ရန် -

Google Map တွင်ကြည့်ရန် -

🏡Family Croft Organic Villa🏡မှော်ဘီ
31/03/2026

🏡Family Croft Organic Villa
🏡မှော်ဘီ

27/03/2026

Family Croft မှော်ဘီခြံ၏ နွေနံနက်ခင်း

Address

Family Croft Organic Villa, 09 514 3736, Https://maps. App. Goo. Gl/vQ56mYDFjxuXN2v 68

Telephone

+9595143736

Website

Alerts

Be the first to know and let us send you an email when Family croft posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Family croft:

Shortcuts

  • Want your business to be the top-listed shop?

Share