Yu Wai's Book Shop

Call Directions

Yu Wai's Book Shop Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Yu Wai's Book Shop, Book shop, Waw.

✨ချစ်မေတ္တာကို ကြယ်တွေဆီမှာချည်ထားတယ်✍️နွေအိမ်မောင်၀င်း"ကံ့ကော်ပန်းရဲ့ အဓိပ္ပာယ်ကို မင်းသိလားကလေးမ""ကျွန်တော်မသိဘူး ဆရာ"...
11/04/2022

✨ချစ်မေတ္တာကို ကြယ်တွေဆီမှာချည်ထားတယ်
✍️နွေအိမ်မောင်၀င်း

"ကံ့ကော်ပန်းရဲ့ အဓိပ္ပာယ်ကို မင်းသိလားကလေးမ"
"ကျွန်တော်မသိဘူး ဆရာ"
"ထာဝရ ချစ်နေ‌မယ်တဲ့ "

*********************

ချစ်မေတ္တာကို ကြယ်တွေဆီမှာချည်ထားတယ်

✨ဒီလိုဒီပုံ
ဒီလမ်း ဒီလောကဓံမှာ
ငါဟာ ကြယ်ကို နီးနီးကပ်ကပ်မြင်ဖူးခဲ့ရတယ်။

✨ဒီကြယ်ဟာ
ရင်ခုန်သံမြန်စေတယ်
ဒီကြယ်ဟာ တစ်ယောက်ထဲပြုံးမိစေတတ်တယ်
ဒီကြယ်ဟာ နေ့လည်နေ့ခင်းတောင် ထင်းအောင်လင်းနေတတ်တယ်။

✨ဒီကြယ်ဟာ
မျက်လုံးနက်တယ် မျက်တောင်စိပ်တယ်
ဒီကြယ်ဟာ စကားတွေဆိုတတ်တယ်။

✨ကြယ်လေးရေ
အမြဲ တွေ့ချင်မြင်ချင်အောင် ဘယ်လိုကြိုးလေးချည်ခဲ့တာလဲ
မကြည့်မိဘဲမနေနိုင်အောင် ဘယ်လို ကြိုးလေးချည်ခဲ့တာလဲ။

✨ဒီဘဝတော့
ဒီတစ်သက်တော့
ချစ်မေတ္တာကိုလေ
ကြယ်တွေဆီမှာ ချည်ထားတယ်
ကြယ်တွေဆီမှာ ချည်ထားတယ်........။

********************************

မှာယူလိုပါက Page Cb မှတစ်ဆင့်မှာယူနိုင်ပါတယ်ရှင်💙💙

🌿ဆရာမနိုင်းနိုင်းစနေ ရဲ့စာအုပ်သစ်လေးပါရှင်🌿⏳ အချိန်နဲ့အတူပျောက်ကွယ်သွားတဲ့ဆူး ⏳✍️ နိုင်းနိုင်းစနေ💸 ၂၀၀၀ ကျပ်•လူ့ဘဝခရီးလမ...
29/03/2022

🌿ဆရာမနိုင်းနိုင်းစနေ ရဲ့စာအုပ်သစ်လေးပါရှင်🌿

⏳ အချိန်နဲ့အတူပျောက်ကွယ်သွားတဲ့ဆူး ⏳
✍️ နိုင်းနိုင်းစနေ
💸 ၂၀၀၀ ကျပ်

•လူ့ဘဝခရီးလမ်းတွင် အခက်အခဲပေါင်းများစွာကို ဆင်းရဲဒုက္ခမျိုးစုံ၊ စမ်းသပ်မှုမျိုးစုံတို့နှင့် ကြုံတွေ့ရတတ်သည်။
ထိုအခါ ကံတရားကို အပြစ်တင်၊ ပတ်ဝန်းကျင်ကို ရှုတ်ချလည်း အရာမရောက်နိုင်ချေ။
ထို့ကြောင့် စိတ်ကူးအိပ်မက် ကို တောင်ပံတပ်မှ ဆင်းရဲဒုက္ခမှ လွတ်မြောက်နိုင်လိမ့်မည်ဟုလည်းကောင်း၊ စိတ်ဆိုသည်မှာ စာတိုက်ပုံးတစ်ခုနှင့်တူပြီး၊ အချိန်မှန်မှန် ရှင်းလင်းထားရပါသည်။ ထိုသို့မလုပ်လျှင် တွေးတောမှုအရှိန်ကို နှေးစေပြီး ပျံသန်းလိုသည့် တောင်ပံကိုပါ လေးစေပါသည်ဟု လည်းကောင်း ရေးသားထားရာ စိတ်ခွန်အားကို ဖြစ်စေပါသည်။

•ဤစာအုပ်တွင် ဇနီးဖြစ်သူက ခင်ပွန်းသည်၏ ဟောက်သံကြောင့် အိပ်ရေးပျက်၍ စိတ်ညစ်ခဲ့ရပေမယ့် ခင်ပွန်းသည် ကွယ်လွန်သွားသည့်အခါ စိတ်ထိခိုက်ပြီး စိတ်တွင် စွဲထင်နေသည့် ဇနီး၏ သံယောဇဉ်ကို “ဟောက်သံ” စာစုတွင်လည်းကောင်း၊ ဦးနှောက်ထဲ၌ အကျိတ်ကြီးရှိပြီး ခွဲစိတ်လိုက်၍ မှတ်ဉာဏ်ချို့ယွင်းသွားသူ ခင်ပွန်းသည်က ဇနီးဖြစ်သူကို မမှတ်မိသော်လည်း သံယောဇဉ်ကြောင့် ချစ်ခင်တွယ်တာမှုကို
“နောက်တစ်ကြိမ်တွေ့ကြတဲ့အခါ” စာစုတွင်လည်းကောင်း ဖော်ပြထားရာ သနားကရုဏာဖြစ်စေပါသည်။

• ယခုစာအုပ်တွင် စာရေးဆရာမ နိုင်းနိုင်းစနေသည် စာစုအပုဒ်ရေ ၂၈ပုဒ်၌ တစ်ပုဒ်နှင့် တစ်ပုဒ် စာပေရသချင်း မတူအောင် ရေးသားတင်ပြထားရာ စာဖတ်သူတို့အနေဖြင့် ဖတ်ရှုရကျိုးနပ်စေမည့် စာအုပ်ကောင်းတစ်အုပ်ဖြစ်ပါသည်။

#အချိန်နဲ့အတူပျောက်ကွယ်သွားတဲ့ဆူး
#နိုင်းနိုင်းစနေ

မှာယူလိုပါက Page Cb မှတစ်ဆင့်မှာယူနိုင်ပါတယ်ရှင်💙💙

💘ဆံပင်တွေရှည်လာပြီးနောက်💘✍️ဆူးရစ်နွယ်💸၂၅၀၀ ကျပ်ပန်းတပွင့် ပွင့်လာပုံကို စောင့်ရသလိုမျိုးအလွမ်းနဲ့ဆိုပေမယ့် လေးလံမနေတဲ့ န...
27/03/2022

💘ဆံပင်တွေရှည်လာပြီးနောက်💘
✍️ဆူးရစ်နွယ်
💸၂၅၀၀ ကျပ်

ပန်းတပွင့် ပွင့်လာပုံကို
စောင့်ရသလိုမျိုး

အလွမ်းနဲ့ဆိုပေမယ့် လေးလံမနေတဲ့
နေ့ပေါင်းများစွာ

အေးအေးလူလူပဲ ကိုယ်နိုးထတယ်
မျက်နှာသစ်တယ်
အဝတ်လဲတယ်
ပြီးတော့ သတိရနေလိုက်တယ်
အရေခွံလဲထားတဲ့ မြွေလို
တသွင်သွင်စီးတဲ့ ရေလို

တရားနဲ့ဖြေလို့မရတဲ့ အရာတွေဟာ
တကယ်ရှိတယ် ။ ။

#ဆူးရစ်နွယ်

မှာယူလိုပါက Page Cb မှတစ်ဆင့်မှာယူနိုင်ပါတယ်ရှင်💙💙

📖လတစ်စင်းရဲ့ အိမ်မက်ဟောင်း📖🖋️နေဗလ်💸၃၅၀၀ ကျပ်💜ခွင့်လွတ်တယ်ဆိုတာ အပြစ်ယူခဲ့တဲ့သူတွေပဲ ပြောကြတာ ။ 💜မင်းဘာတွေပဲလုပ်လုပ်မင်းဘ...
25/03/2022

📖လတစ်စင်းရဲ့ အိမ်မက်ဟောင်း📖
🖋️နေဗလ်
💸၃၅၀၀ ကျပ်

💜ခွင့်လွတ်တယ်ဆိုတာ အပြစ်ယူခဲ့တဲ့သူတွေပဲ ပြောကြတာ ။

💜မင်းဘာတွေပဲလုပ်လုပ်
မင်းဘယ်လိုအရာတွေကိုပဲ ရွေးချယ်ရွေးချယ်
နောက်ဆုံးမင်းကြောင့်ကို ဘယ်လောက်အထိ ထိခိုက်နာကျင်ရပါစေ
ကိုယ်မင်းကို ချစ်နေဦးမာပဲ ။

💜ရူးမိုက်တဲ့ချစ်ခြင်း....
တစ်ဘဝမှာတော့ တစ်ခါပဲ ရနိုင်မှာ
တစ်ယောက်ထဲအတွက်ပဲ
ရေကုန်ခန်းကုန်အသုံးပြုမယ် ။

💜တန်တယ် ရူးနှမ်းခဲ့ရသမျှ
မင်းအတွက်မို့
တန်တယ် ။

💜💜💜💜💜💜💜💜💜💜💜💜💜💜

မှာယူလိုပါက Page Cb မှတစ်ဆင့်မှာယူနိုင်ပါတယ်ရှင်💙💙

📖 မင်းကထူးခြားတယ် 📖✍️ သက်တန့် (မေရီ)💸၃၅၀၀ ကျပ်📝အခု ဒီစာဖတ်နေသူက တကယ်ကိုထူးခြားပါတယ်။ ဘာလို့ထူးခြားတာလဲဆိုတာတော့ စာအုပ်ကိ...
25/03/2022

📖 မင်းကထူးခြားတယ် 📖
✍️ သက်တန့် (မေရီ)
💸၃၅၀၀ ကျပ်

📝အခု ဒီစာဖတ်နေသူက တကယ်ကိုထူးခြားပါတယ်။ ဘာလို့ထူးခြားတာလဲဆိုတာတော့ စာအုပ်ကိုဖတ်လိုက်ရင်သိလာမှာပါ။

🗞ပြိုလဲခြင်း၊ အတွေးမှားခြင်း၊ ယှဥ်ပြိုင်ခြင်း၊ ယုံကြည်ချက်မခိုင်မာခြင်းတွေကြား ဘဝဆိုတဲ့ အိမ်လေးတစ်လုံးကိုယ်စီတည်ဆောက်နေကြရတာမို့ ခိုင်ခံ့မာကျောအောင် အထူးဂရုပြုအားစိုက်ဖို့လိုပါမယ်။

🗞သူတစ်ပါးရဲ့ နှုတ်ဖျားပေါ်မှာမရှင်သန်ပါနဲ့၊ သင့်ကိုသင်တည်ဆောက်ပါ လို့ စာအုပ်ထဲမှာပြောထားပြီး ကိုယ့်အသိစိတ်အဆင့်ကို မြှင့်တင်ဖို့လဲ နည်းနာပေးထားပါတယ်။

🗞အပေါ်ယံပေါ့ပေါ့ပါးပါး ရေးသွားတာမျိုးမဟုတ်ဘဲ သေသေချာချာစေ့စေ့ငှငှ အတွေးစိတ်တွေနစ်ပြီး ရေးသားထားတဲ့စာအုပ်မှန်းသိသာတဲ့အချက်က စာအုပ်ဖတ်နေတဲ့အချိန်မှာတင် ကျေနပ်မှုပီတိရှိနေတာပါပဲ။

🗞ဒီစာအုပ်က ခွန်းအားကိုလဲ ပေးပါတယ်။ ကိုယ်တိုင်မသိသေးတဲ့ ကိုယ့်ဘဝကိုလဲ သိရှိနားလည်စေပါတယ်။ ပြီးတော့ ကိုယ်ဘာတွေထူးခြားသလဲဆိုတာလဲ မြင်လာပါလိမ့်မယ်။ ကိုယ့်ဘဝရဲ့ နေ့စဥ်ဖြစ်တည်မှုတွေအလိုက် ကိုယ့်စိတ်ရဲ့ စွမ်းအင်အရည်အသွေး အဆင့်သတ်မှတ်နိုင်ဖို့ အခြေအနေကိုလဲ ကိုယ်တိုင်းဆန်းသစ်လာနိုင်ပါလိမ့်မယ်။

💕💕💕💕💕💕💕💕💕💕💕💕💕💕

မှာယူလိုပါက Page Cb မှတစ်ဆင့်မှာယူနိုင်ပါတယ်ရှင့်💙💙

အမှတ်တရ (ဂျူး)❤️မောင်က လိုက်ခဲ့ဟု ​ခေါ်တုန်းကလည်းမောင့်ဘေးမှာ ကျွန်မပါသည်​မောင်က နေရစ်ခဲ့ဟုု ဆိုပြန်​တော့လည်း​မောင်စိတ်အ...
22/03/2022

အမှတ်တရ (ဂျူး)

❤️မောင်က လိုက်ခဲ့ဟု ​ခေါ်တုန်းကလည်း
မောင့်ဘေးမှာ ကျွန်မပါသည်

​မောင်က နေရစ်ခဲ့ဟုု ဆိုပြန်​တော့လည်း
​မောင်စိတ်အ​နှောင့်အယှက်ဖြစ်​စေမည့်
စာတစ်​စောင် စကားတစ်ခွန်းမျှ
​မောင်မကြား​စေရဘဲ
ကျွန်မငြိမ်သက်စွာ နေရစ်ခဲ့တာအမှန်ပါပဲဲ

အဲသည်အထိ ကျွန်မမောင့်ကို
ချစ်မြတ်နိုးခဲ့ပါသည် ​မောင်....❤️

#ဂျူး
#အမှတ်တရ

မှာယူလိုပါက Page Cb မှတစ်ဆင့်မှာယူနိုင်ပါတယ်ရှင်💙💙

📖လရိပ်မှာလွမ်းရတယ်📖✍️နွေသစ်ငြိမ်း💸၃၅၀၀ ကျပ်💔ပျော်စရာဆိုတာ ကိုယ်က လိုက်ရှာရပြီး နာစရာတွေကိုတော့ သူများက ပေးပါတယ် ရတိုင်းယ...
12/03/2022

📖လရိပ်မှာလွမ်းရတယ်📖
✍️နွေသစ်ငြိမ်း
💸၃၅၀၀ ကျပ်

💔ပျော်စရာဆိုတာ ကိုယ်က လိုက်ရှာရပြီး နာစရာတွေကိုတော့ သူများက ပေးပါတယ် ရတိုင်းယူထားတတ်တဲ့ အကျင့်က ရယ်မောခြင်းကို ဝါးမျိုသွားတဲ့အခါ ကျွန်တော် မပြုံးဖြစ်တာ ကြာပြီ...။

💔သတိရပါတယ်လို့ ပြောနေရမယ့် အရွယ်တွေ မဟုတ်တော့တဲ့အတွက် သတိရပါတယ်လို့ မပြောလည်း သတိရတယ်ဆိုတာ သိတယ် မဟုတ်လား။
ဌက်တွေမနှိုးလည်း မိုးဟာ သူ့အလိုလို လင်းလာတယ်။

💔မေ့ချင်စိတ်ပဲ ရှိခဲ့တာပါ တကယ်မမေ့ခဲ့ပါဘူး
တစ်ယောက်တည်းဖြစ်နေတယ်လို့
ကိုယ်ကိုကိုယ် ပြန်သတိထားမိသွားတဲ့
အချိန်တွေဆိုရင် ခင်ဗျားကိုပိုသတိရတယ်

#နွေသစ်ငြိမ်း
#လရိပ်မှာလွမ်းရတယ်

မှာယူလိုပါက Page Cb မှတစ်ဆင့်မှာယူနိုင်ပါတယ်ရှင်💙💙

✨စွန့်လွှတ်ခြင်းဖြင့် အောင်မြင်ခြင်း✨🖊️Min Khant(Verse)💸၅၀၀၀ ကျပ်ကျွန်တော်တို့ဘဝတွေမှာ ရယူပိုင်ဆိုင်ခြင်းဆိုတာရှိသလို၊ အ...
08/03/2022

✨စွန့်လွှတ်ခြင်းဖြင့် အောင်မြင်ခြင်း✨
🖊️Min Khant(Verse)
💸၅၀၀၀ ကျပ်

ကျွန်တော်တို့ဘဝတွေမှာ ရယူပိုင်ဆိုင်ခြင်းဆိုတာရှိသလို၊ အဲ့ဒီကိုယ့်ရဲ့ပိုင်ဆိုင်ထားတဲ့အရာတစ်ခုကိုပဲ ပြန်ပြီး စွန့်လွှတ်လိုက်ရတဲ့အခိုက်တန့်တွေရှိကြစမြဲပါ။

ဒါပေမယ့် ကျွန်တော်တို့ လက်မခံရဲကြဘူး၊ စွန့်လွှတ်လိုက်ရမှာ သိပ်ကိုကြောက်ကြတယ်။
ဥပမာ - ကိုယ်မြတ်နိုးတဲ့ချစ်ရသူက
ကိုယ့်ကိုသစ္စာဖောက်သွားတာ၊
ကိုယ့်ရဲ့အလုပ်ပြုတ်သွားတာ၊
ကိုယ့်သူငယ်ချင်းကပြောင်းလဲသွားတာ
တွေကစလို့ပေါ့။

ဘယ်လိုမျိုး ကျွန်တော်တို့သတ်မှတ်ထားသလဲဆို
" ငါစွန့်လွှတ်လိုက်ရင် ငါကျရှုံးပြီ " လို့ပဲ ထင်ယောင်မှားသွားကြတာ။ ငါ ဒီအလုပ်ပြုတ်လို့ ငါအလုပ်မရတော့ဘူး ဆိုပြီး မထင်လိုက်ပါနဲ့။

တစ်ခါတလေကျ စွန့်လွှတ်လိုက်ခြင်းတွေကလည်း ကျွန်တော်တို့ဘဝအတွက် ပိုပြီးကောင်းတဲ့အခိုက်အတန့်လေးတွေ၊ ပိုပြီးအဓိပ္ပာယ်ရှိတဲ့နေ့ရက်လေးတွေဆီကိုရောက်အောင် ဖြည်းဖြည်းချင်းခေါ်ဆောင်သွားပါလိမ့်မယ်။

ဒါကြောင့် တချို့သော သင့်ကိုနာကျင်စေမယ့်အရာတွေကို ကပ်တွယ်မထားနေပါနဲ့၊ စွန့်လွှတ်တတ်ဖို့သင်ယူလိုက်ပါ။ ဒါမှ သင့်အနေနဲ့လည်း ပိုပြီးကောင်းမွန်တဲ့ဘဝကိုရရှိလာမှာပါ။

ဒီစာအုပ်လေးက လူငယ်တွေအတွက်ပိုပြီးရည်ရွယ်သလို၊ လူကြီးသူမတွေလည်း ဖတ်ဖို့အဆင်ပြေစေမယ့်စာအုပ်လေးပဲဖြစ်ပါတယ်။

" စွန့်လွှတ်ခြင်းဖြင့် အောင်မြင်ခြင်း " ဆိုပေမယ့် ဒီစာအုပ်ထဲမှာ အောင်မြင်ရေးအကြောင်းတွေကိုပြောပြထားတာမရှိပါဘူး။ စာရေးသူကျွန်တော်ကလည်း အောင်မြင်နေတဲ့သူတစ်ယောက်မှမဟုတ်ဘဲ။

ဆိုတော့ ဒိီစာအုပ်ထဲကအဓိကအကြောင်းအရာတွေကတော့ စွန့်လွှတ်ခြင်းရဲ့အရေးပါပုံတွေကို အကျယ်ပြောပြထားပြီး၊ လူငယ်တချို့ရဲ့ဘဝတွေ၊ လွှဲမှားနေတဲ့အယူတွေကို လူငယ်ဆန်တဲ့အရေးအသားတွေနဲ့ ဖတ်ရလွယ်၊ သဘောပေါက်လွယ်အောင် ရေးဖွဲ့ထားတာပဲဖြစ်ပါတယ်။

ကျွန်တော့်ဘက်က ဒီစာအုပ်နဲ့ပတ်သက်ပြီး အာမခံနိုင်တာကတော့ ဒီစာအုပ်က သင့်အတွက် ဝယ်ဖတ်လိုက်လို့ နောင်တရစေမယ့်စာအုပ်မျိုးမဟုတ်ပါဘူး။

သင့်ရဲ့နှလုံးသားထဲမှာရော၊ ဦးနှောက်ထဲမှာရော တစ်ခုမဟုတ် တစ်ခုတော့ ဖတ်ပြီး စွဲနေအောင်ကျန်နေခဲ့မယ်ဆိုတာကို ကျွန်တော့်အနေနဲ့လုံးဝယုံကြည်ပါတယ်။
Min Khant (Verse)

(ဆရာမင်းတခေတ်၏ အမှာစာနှင့်အတူထွက်ရှိလာပါမယ်)

မှာယူလိုပါက Page Cb မှတစ်ဆင့်မှာယူနိုင်ပါတယ်ရှင်💙💙

💙 ပြာရဲ့အပြာ 💙     "ကျမအတွက် ရှင်ဟာ မျက်စိကိုစုံမှိတ်ပြီး ခုန်ဆင်းပစ်ချင်တဲ့ တစ်ခုတည်းသော ကမ်းပါးစွန်း ဖြစ်ခဲ့တယ်၊ ဖြစ်န...
04/03/2022

💙 ပြာရဲ့အပြာ 💙

"ကျမအတွက် ရှင်ဟာ မျက်စိကိုစုံမှိတ်ပြီး
ခုန်ဆင်းပစ်ချင်တဲ့
တစ်ခုတည်းသော ကမ်းပါးစွန်း ဖြစ်ခဲ့တယ်၊
ဖြစ်နေတယ်။
ဒါပေမဲ့… ဒါပေမဲ့ ပေါ့လေ"

"လူတွေဟာ နာကျင်ရမှာကို ကြောက်ကြတယ်တဲ့... ဟင့်အင်း မဟုတ်ဘူး နာကျင်ရမှုကိုလည်း နှစ်သက်တတ်ကြတာပဲ။ လူတိုင်းဟာ ကိုယ်ပိုင်နာကျင်မှု ကိုယ်စီတွေ ရှိပြီး ကိုယ်တို့ဟာ ကိုယ့်နာကျင်မှုဆီမှာပဲ အသားကျ ပျော်ပိုက်တတ်ကြတယ်။ နာကျင်မှုတွေကိုရင်းပြီး ဒဏ်ရာတွေ ထပ်ထပ်ယူတတ်ကြတယ်။ နောက်ထပ်ရွေးခြယ်သင့်တဲ့ တစ်စုံတစ်ခုက ကိုယ့်ကို ပျော်ရွှင်စေနိုင်မယ်မှန်း သိနေရင်တောင် အဲ့ဒီလမ်းကို ရွေးခြယ်ပစ်လိုက်ဖို့ တွန့်ဆုတ်တတ်ကြတာမျိုးနဲ့ ကိုယ့်အနာတရတွေကိုပဲ စွဲစွဲလမ်းလမ်းနဲ့ ပွေ့ဖက်ထားတတ်ကြတာ။

သူ့ကို မချစ်ချင်တော့ဘူးလို့ ဘယ်လိုပဲ ကြိုးစားကြိုးစား အဆုံးသတ်မှာတော့ ဆက်ချစ်နေဖို့ကိုပဲ ရွေးခြယ်ဖြစ်ခဲ့ပါတယ်။ သူ စိတ်ရှုပ်နေတယ်တဲ့ .. ဒီလိုအချိန်မှာ ကိုယ့်အနေနဲ့ သူ့အတွက်ပေးနိုင်တဲ့အရာကတော့ သိတတ်ခြင်းတစ်ခုပဲရှိပါတယ်။ ကိုယ့်ကြောင့်ထပ်ပြီး စိတ်အနှောင့်အယှက်မဖြစ်ရအောင် တိတ်တိတ်ဆိတ်ဆိတ်နေပေးဖြစ်တယ်.. ကိုယ့်အချစ်ကိုကိုယ်က ဒီလိုနည်းနဲ့ပဲ ဖော်ပြလေ့ရှိပြီး ဒါကို သူသိလား၊ မသိဘူးလားဆိုတာကိုတော့ မသိနိုင်ဘူးပေါ့။ ပျော်ရွှင်မှုတွေ မပေးနိုင်တာကိုတော့ ခွင့်လွှတ်ပါ.. ကိုယ်က မင်းပျော်အောင် လုပ်ပေးနိုင်တဲ့သူ မဟုတ်ခဲ့ပါဘူး။

မချစ်တတ်တော့တဲ့ ဒီလူဆီက တစ်ခုတည်းသော ချစ်ခြင်းမေတ္တာကို သူ့အပေါ်မှာပဲ ထားမိခဲ့တာမို့ကိုယ်ကပဲ သူ့ကို ဒီလိုနည်းလမ်းနဲ့ စောင့်ဆိုင်းနေခဲ့ရပါတယ်။"

အက်ဆေးကောင်းကောင်း ကြိုက်တတ်သူတွေအနေနဲ့ ဒီစာအုပ်ကို ဖတ်ကြည့်သင့်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီစာအုပ်ထဲမှာပါတဲ့ အကြောင်းအရာတွေက လူတိုင်းလိုလို ကြုံတွေ့ခဲ့ဖူးတဲ့၊ relationship တစ်ခုမှာ ရင်ဆိုင်ရလေ့ရှိတဲ့ ပြဿနာတွေ၊ နာကျင်ခံခက်တဲ့ ခံစားချက်တွေ၊ အဖြစ်အပျက်တွေ၊ ရှင်းပြရခက်တဲ့ ဝေဒနာတွေဖြစ်နေလို့ပါပဲ။ နောက်ပြီး မသေချာတော့တဲ့ နေ့ရက်တွေနဲ့ ပြန်မရနိုင်တော့တဲ့ အချိန်တွေကိုလည်း မြင်တွေ့ရပါလိမ့်မယ်။

တချို့အက်ဆေးတွေက ရင်ထဲမှာ တစ်ဆို့ဆို့ကြီးခံစားရစေတယ်။ တချို့ကျတော့ ဖတ်နေရင်း ငြိမ်ကျသွားစေတယ်။ ဖွင့်ဟဝန်ခံရခက်တဲ့ ဝေဒနာဆိုတာ ဒါပါလားဆိုပြီး သိသွားစေတယ်။ ပြာရဲ့ အရေးအသားဟာ ညင်ညင်သာသာလေးစီးစင်းတယ်။ ပြာရဲ့အတွေးအခေါ်ဟာ သဘာဝကျပြီး လွတ်လပ်တယ်။ ပြာရဲ့ အက်ဆေးတွေကို ဖတ်ပြီးရင် တစ်စုံတစ်ယောက်ကို သေချာပေါက် လွမ်းမိသွားလိမ့်မယ်။ ဒါကြောင့် ဒီစာအုပ်ကို ဖတ်ရှုပြီး ပြာရဲ့ ကိုယ်ပိုင်ကမ္ဘာလေးထဲကို ခဏလောက် ဝင်ကြည့်ကြရအောင်ပါ။

#ပြာရဲ့အပြာ
Crd;

မှာယူလိုပါက Page Cb မှတစ်ဆင့်မှာယူနိုင်ပါတယ်ရှင်

💗အချစ်ရဆုံးထံသို့💗 🖊️နေဗလ်💸၃၅၀၀ ကျပ်💌လူတစ်ယောက်က မနက်မိုးလင်းလို့     မျက်စိဖွင့်တာနဲ့     တစ်စုံတစ်ယောက်ကို      အရင်သတ...
03/03/2022

💗အချစ်ရဆုံးထံသို့💗
🖊️နေဗလ်
💸၃၅၀၀ ကျပ်

💌လူတစ်ယောက်က မနက်မိုးလင်းလို့
မျက်စိဖွင့်တာနဲ့
တစ်စုံတစ်ယောက်ကို
အရင်သတိရနေတတ်ပြီဆိုရင်
အဲ့လူကို တကယ်ချစ်မိနေပါပြီ .. တဲ့ 💌💌

#အချစ်ရဆုံးထံသို့

မှာယူလိုပါက Page Cb မှတစ်ဆင်မှာယူနိုင်ပါတယ်ရှင်💙💙

Address

Waw

Telephone

+959773414652

Website

Alerts

Be the first to know and let us send you an email when Yu Wai's Book Shop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category