09/09/2026
ပြဿနာထဲမှာ အဖြေရှိတတ်ပါတယ်။
နေ့စဉ် မတူညီတဲ့
ပြဿနာပေါင်း၁၆၀၀၀/၁၇၀၀၀/၁၈၀၀၀ ကြား
အဆင်ပြေတာတွေရော
မပြေသေးတာတွေရော
မပြေလိုက်တာတွေရောကြားမှာ အမျိုးစုံကြိုးခုန်ရင်းပေါ့…
ဒီနေ့ ပထမဆုံး မနက်ခင်း
ဖုန်းအဝင်Call တခု……….ကနေ စပြောရအောင်။
မိုင် (၂၀) လောက်ဝေးတဲ့ မိတ္ထီလာ စက်မှုဇုန်ကနေ
ဟိုးအရင်ထဲက
တကူးတက လာအားပေးပြီး ယုံကြည်ပေးကြတဲ့
Customer လေးတွေရဲ့ မေတ္တာကြောင့်
မနက်ခင်းလေးကတော့ ကြည်နူးစရာလေးနဲ့
စတင်ခဲ့ရပါတယ် …..🥰
လွန်ခဲ့တဲ့ ၂ နှစ်လောက်က Bo Bo Mobile မှာ iPhone လာဝယ်ထားတဲ့ တူမကြီးက မနက်စောစော
ဖုန်းဆက်လာပါတယ်။
Hello
"ဦးဘိုရေ... အမေကိုင်တဲ့ IPHONE လေးက
ဖုန်းပြောရင် Speaker ဖွင့်မှ အသံကြားရတော့လို့။
Speaker ပိတ်ထားရင် နားနားကပ်ပြောတဲ့ နားစပီကာက အသံမထွက်တော့လို့..." ။
ဘယ်လိုလုပ်ရမလဲ။
လာပြရမလားတဲ့။
ဖုန်းပြင်ဆိုင်ဆီ တန်းပြေးမလာခင် အရင်ဆုံး ဒီနည်းလေးနဲ့ စမ်းကြည့်ဖို့ ဦးဘို ရှင်းပြပေးလိုက်ပါတယ် 👇
* ဖုန်းခေါ်ထားချိန် Volume တိုး/ကျယ် လုပ်ခြင်း: ဖုန်းပြောနေစဉ် သို့မဟုတ် ဖုန်းကိုင်ထားချိန်မှာ Volume ခလုတ်နှိပ်မှသာ နားစပီကာ (Earpiece Speaker) ရဲ့ အသံ ပမာဏကို တိုး/ကျယ် စိစစ်ပေးတာပါ။
* ဖုန်းမခေါ်ဘဲ Volume တိုး/ကျယ် လုပ်ခြင်း: ဖုန်းဒီတိုင်းရှိနေချိန်မှာ Volume နှိပ်ရင် သီချင်း/ဖုန်းမြည်သံ (Ringtone Speaker) ရဲ့ အသံကိုပဲ တိုး/ကျယ် လုပ်ပေးတာ ဖြစ်ပါတယ်။
ဒီတော့ ဖုန်းပြောနေစဉ် နားစပီကာ အသံတိုးနေရင် ဖုန်းခေါ်ထားတုန်းမှာပဲ Volume Up (အသံကျယ်ခလုတ်) ကို နှိပ်ပြီး အသံမြှင့်ပေးရပါတယ်။
ခဏနေတော့ တူမကြီးဆီက ဖုန်းပြန်လာတယ်... "ဦးဘို ရေ... အဆင်ပြေသွားပြီ သိလား၊
အသံတွေ ကြားရပြီ" ဆိုပြီး
ဝမ်းသာအားရနဲ့ ကျေးဇူးတွေ ခွဲဝေပေးတာပေါ့ဗျာ။
ဆိုင်အထိ လာစရာမလိုဘဲ ဖုန်းလေးတစ်ချက်ဆက်ရုံနဲ့တင် အဆင်ပြေသွားတော့ ဦးဘို လည်း
အရမ်းဝမ်းသာရပါတယ်။
စက်မှုဇုန်ကနေ မိုင် ၂၀ လောက် အကွာအဝေးကို မငြီးမငြူ လာရောက်ပြီး Bo Bo Mobile ကို ယုံကြည်စွာနဲ့ တစ်မိသားစုလုံး ဖုန်း ၅ လုံးတိုင်တိုင် လာရောက်အားပေးခဲ့တဲ့ မိသားစုပါ။
မိတ်ဆွေတို့ရဲ့ Phone လေးတွေမှာလည်း ဒီလို အသံတိုးသွားတဲ့
ပြဿနာမျိုး ကြုံရရင် ဆိုင်ကိုမလာခင်
ဒီနည်းလမ်းလေးအတိုင်း အရင်ဆုံး
စမ်းကြည့်ကြပါဦးနော်။
……..….………/////////////////……………………
တခါတလေ
တချို့ ပြဿနာက တဖက်မှာ အကြီးကြီး လို့
ဖြစ်နေပေမယ့်
တကယ်က သိပ်ပြီး အတွေးရှုပ်စရာမလိုတဲ့
အသေးအမွှား မျှသာပါ။
ကျွန်တော်တို့ လုပ်ဆောင်မှုတိုင်းသည်
ထိုသူအတွက် ဘယ်လိုလုပ်ပေးပေး
၁၀၀% အကောင်းဆုံး မဖြစ်ခဲ့ဘူးဆိုပြီး ဆိုပြီး
တဖက်ပိတ် မှတ်ချက်ပေးလာခဲ့သည် ရှိစေဦးတော့
ဘယ်အလုပ် ဘယ်ပြဿနာ ဘယ်ကိစ္စမှ
၁၀၀% အဆင်ပြေတယ်ရယ်မျှ
မရှိတာပဲဆိုပြီး လက်ခံထားပါတယ်။
သို့ပေမယ့်
❤️ သေချာတာက
အမြဲ စေတနာ + ဝါသနာ +မေတ္တာ များဖြင့်
မိမိအလုပ်ပေါ်မှာ မိမိစွမ်းသလောက် ကြိုးစားနေလျက်ပါ ။
Bo Bo Mobile (သဲတော ဝမ်းတွင်းမြို့)ကပါ။
#ဝယ်ယူအားပေးကြသောCustomerများမိတ်ဟောင်းမိတ်သစ်များအားလုံးကျေးဇူးတင်ရင်းကြိုးစားလျက်ပါ
#ဘိုဘိုဖုန်းဆိုင်သဲတောဝမ်းတွင်းမြို့