08/09/2023
📚Cambridge Curriculum သည် ကျောင်းသားများအတွက် နောင်တချိန်မှာ နိုင်ငံတကာကျောင်းများနဲ့သင်ရိုးများ၊ တက္ကသိုလ်များမှာ ပညာဆည်းပူးတဲ့အခါ တွေ့ရမယ့်အခက်အခဲများစွာအတွက် အကောင်းဆုံးပြင်ဆင်ပေးနိုင်မယ့် သင်ရိုးပါ…
အစိမ်းသက်သက်ဖြစ်နေတဲ့ မြန်မာကျောင်းသားအချို့အတွက်တော့ သင်ရိုးဟာ လေ့လာရတာတွေ များမယ်၊ ခက်ခဲတယ်ဆိုပေမယ့် နိုင်ငံတကာအဆင့်မီ ပညာရေးစံနှုန်းများနဲ့တစ်ဦးချင်း သင်ယူမှု၊ ဝေဖန်ပိုင်းခြားတွေးခေါ်မှုနှင့် ပြဿနာဖြေရှင်းနိုင်မှုစွမ်းရည်တို့ကို အလေးထားသင်ကြားသောကြောင့် ရေပန်းစားသော သင်ရိုးတစ်ခုဖြစ်လာပါတယ်…✍️
👨🎓Cambridge သင်ရိုးလေ့လာနေရင်း ကျောင်းသားများဟာ တပါတည်း မိမိဝါသနာပါရာ၊ ရှေ့ဆက်လျှောက်ရမယ့် လမ်းများကို မြင်တွေ့နိုင်မှာဖြစ်ပါတယ်…English, Science, Math တို့ကို အဓိကထားလေ့လာရတဲ့အပြင် Global Perspectives, Information and Communications Technology (ICT), Art and Design, Digital Literacy, Music, Sociology စသဖြင့် ဘာသာရပ်ပေါင်းများစွာကို လေ့လာခွင့်ရှိပါတယ်…👨💻
💁🏻♀️Cambrdige သင်ရိုးညွှန်းတမ်း၏ အဆင့်သတ်မှတ်ချက်များကတော့ Cambridge Primary၊ Cambridge Lower Secondary၊ Cambridge IGCSE နှင့် Cambridge International AS & A Levels ဖြစ်ပါတယ်...IGCSE ဖြေပြီးသွားရင် အချို့ကောလိပ်များကလည်း လက်ခံသလို A level ဆက်တက်ပြီးမှ join လို့ရမယ့် ထိပ်တန်းတက္ကသိုလ်တွေလည်း ရှိပါတယ်…
👨🏫Cambridge Curriculum ကို ကိုယ်တိုင် အနီးကပ် ဆရာမများနှင့် သင်ကြားပြီး စာမေးပွဲဖြေဆိုလိုသည်ဖြစ်စေ၊ မိမိကျောင်းအတွက် စာအုပ်မှာချင်လိုသည်ဖြစ်စေ Shwe Oak Aw book Store မှာ မှာယူနိုင်ပါတယ်…📚