12/09/2026
#ထီပေါက်ချဲပေါက်ကံပွင့်စေသောဂဏန်းရှစ်ခုသဗ္ဗညု
@@@@@@@@@@@@@@@@@@@@@
ဖော်ပြထားသော ဂဏန်းရှစ်ခု သဗ္ဗညု ဘုရားပုံတော်ကို သင်၏ ဘုရားကျောင်း ဆောင်တွင် သေသေချာချာ ကျကျနန ကိုးကွယ်၍ ဆွမ်း ရေချမ်း ပန်း ဆီမီး တတ်နိုင်သလောက် ကပ်လှူ ပူဇော်ကာ အောက်ဘက်တွင် ဖော်ပြထားသော ဂဏန်ဘုရား ရှစ်ခိုးဖြင့် ပုံမှန် ဘုရားဝတ်တက်ကာ ဂဏန်းနံပါတ်များနှင့်ပါတ်သက်၍ ကံကောင်း စေကြောင်း ဆုတောင်းကြပါ။
📌ဂဏန်းဘုရားရှိခိုး
📍၁။ ဧကော - လောကဓာတ်တစ်ခုမှာ တစ်ဆူတည်းသာလျှင် အတူမရှိ။ အတုမရှိ ပွင့်တော်မူကြကုန်သော မြတ်စွာဘုရားတို့အား။ နမော-ရှိခိုး ပါ၏အရှင်ဘုရား။
📍၂။ ဒွိကော-ရုပ်နာမ်နှစ်ပါး၊မြတ်တရားကို ပိုင်ခြားထင်ထင် သိမြင်တော် မူကြကုန်သော ဘုရား ပစ္စေကဗုဒ္ဓါ ရဟန္တာနှင့် အရိယာသာဝကတို့ အား။ နမော-ရှိခိုးပါ၏အရှင်ဘုရား။
📍၃။တိကော-ဘုရားမြတ်ရတနာ တရားမြတ်ရတနာ သံဃာမြတ်ရတ နာ ရတနာမြတ်သုံးပါးတို့အား။ နမော-ရှစ်ခိုးပါ၏အရှင်ဘုရား။
📍၄။စတုကော-သတိပဋ္ဌာန်လေးပါး၊သမ္မပဋ္ဌာန်တရားလေးပါ။၊ ဣဒ္ဓိပါဒ် လေးပါးမြတ်တရားတို့အား။ နမော-ရှစ်ခိုးပါ၏အရှင်ဘုရား။
📍၅။ ပဥ္စကော-ဗိုလ်ငါးပါး၊သီလတော်မြတ်ငါးပါးတို့အား။ နမော-ရှစ်ခိုးပါ
၏အရွင္ဘုရား။
📍၆။ဆဋ္ဌကော-ဘုန်းတော်ခြောက်ပါး၊ညာဏ်တော်ခြောက်ပါး၊ ရောင် ခြည်တော်ခြောက်ပါးပိုင်ရှင် ဘုရားရှင်အား။ နမော-ရှစ်ခိုးပါ၏အရှင် ဘုရား။
📍၇။ သတ္တကော- ဗေဇ္စျင်ခုနှစ်ပါး၊ သူတော်ကောင်းတရားခုနှစ်ပါးတို့ အား။ နမော-ရှစ်ခိုးပါ၏အရှင်ဘုရား။
📍၈။ အဋ္ဌကော-မဂ္ဂင်ရှစ်ပါးတရားတော်ကို။ နမော-ရှစ်ခိုးပါ၏အရှင်ဘု ရား။
📍၉။နဝကော- ဂုဏ်တော်ကိုးပါးနှင့်တကွ၊အင်္ဂါကိုးတန် ပြည့်စုံမှန်သော ပိတကတ်သုံးပါးအား။ နမော-ရှစ်ခိုးပါ၏အရှင်ဘုရား။
📍၁၀။ ဒဿကော- မဂ်လေးပါး၊ဖိုလ်လေးပါ။ ၊နိဗ္ဗာန် ပရိယတ် ဆယ်ပါး သောတရားတော်မြတ်နှင့် ပါရမီဆယ်ပါးမြတ်တရားကို။ နမော-ရှစ်ခိုး ပါ၏အရှင်ဘုရား။
📍ဧတေန သစ္စဝဇ္ဇေန ၊ ဟောတု မေ ဇယ ဂဏနံ။
ဧတေန သစ္စဝဇ္ဇေန၊ ဤသို့ဆိုငြား မှန်ကန်သော သစ္စာစကားကြောင့်။ မေ-အကျွန်ုပ်အား။ဇယဂဏနံ။ ဂဏန်းနံပါတ်နှင့် ပါတ်သက်သော အောင်မြင်ခြင်းမင်္ဂလာသည်။ ဟောတု- ဖြစ်ပါစေသတည်။
မင်းသိင်္ခ
*မင်းသိင်္ခဘဝစာပေပြခန်းဖေ့ဘုတ်မှပြန်လည်မှတ်တမ်းတင်ပါသည်။crd