14/06/2026
တောင်တက်မယ်၊ ခရီးထွက်မယ်ဆိုတဲ့ Adventure ဝါသနာအိုးတွေအတွက် 🌲🎒
ခရီးတစ်ခုသွားတော့မယ်ဆိုရင် အိတ်ရွေးချယ်မှု မှန်ကန်ဖို့က အသက်ပါ။ ခရီးဆောင်အိတ် ညံ့ရင် လူလည်း မောရသလို၊ ပစ္စည်းတွေလည်း ပုံပျက်ပန်းပျက်ဖြစ်ပြီး စိတ်ညစ်ရတတ်ပါတယ်။
ဒါကြောင့် admin ကိုယ်တိုင်လည်း သဘောကျ၊ တောင်တက်ခရီးထွက်မယ့်သူတွေအတွက်လည်း အကြမ်းပတမ်း အရမ်းအသုံးတည့်မယ့် Tawii Backpack လေးကို ညွှန်းပေးပါရစေရှင်,😃
သူ့ရဲ့ ထူးခြားတဲ့ အချက်တွေကတော့...
Multi-Pocket Design: အိတ်အပြင်ဘက်မှာ အိတ်ကပ်အကန့်တွေ စနစ်တကျ ပါဝင်လို့ ဖုန်း၊ ပိုက်ဆံအိတ်၊ ထီး၊ ရေဘူးနဲ့ အသေးအဖွဲပစ္စည်းတွေကို ရှာရလွယ်ကူအောင် ခွဲထည့်နိုင်ပါတယ်။
Functional & Lightweight: ကျောပိုးရတာ သက်သောင့်သက်သာရှိပြီး ပခုံးဒဏ်ပိမှုကို လျှော့ချပေးတဲ့အတွက် ခရီးဝေးသွားရင်တောင် လူကို မပင်ပန်းစေပါဘူး။
Water-Resistant: အသားလိုင်းက တော်ရုံ မိုးဖွဲဖွဲနဲ့ ရေစိုဒဏ်ကို ခံနိုင်ရည်ရှိလို့ ခရီးသွားရင်း မိုးရွာရွာ၊ နှင်းကျကျ စိတ်ပူစရာမလိုဘဲ အကြမ်းသုံးလို့ ရပါတယ်။
💵 Price: 78,000 MMK
📦 Order Type: Preorder (July လကုန်လောက်မှ ရောက်ပါမယ်ရှင်)
"ကြာလည်းရတယ်၊ အေးအေးဆေးဆေး စောင့်နိုင်တယ်၊ ခရီးသွားရင် တကယ်အကြမ်းခံပြီး စမတ်ကျတဲ့ အိတ်ကောင်းတစ်လုံး လိုချင်တယ်" ဆိုတဲ့သူတွေအတွက် အကိုက်ညီဆုံးမို့ အမြန်ဆုံး Preorder တင်ထားလိုက်တော့နော်။
💬 မှာယူလိုပါက Message Box (သို့) Comment မှာ အသေးစိတ် မေးမြန်းနိုင်ပါတယ်ရှင်။