07/06/2026
အားလုံးပဲ မင်္ဂလာပါ...
ဗန်ပိုင်ယာ ပရိတ်သတ်ကြီး အားလုံး မင်္ဂလာပါခင်ဗျာ။ လတ်တလောအချိန်အထိ ကျွန်တော့်အနေနဲ့ အဆုံးထိ ဆက်မရေးပေးနိုင်သေးတဲ့အတွက် ဖတ်လက်စ ပရိတ်သတ်ကြီးကို အနူးအညွတ် တောင်းပန်အပ်ပါတယ်။
ကျွန်တော်ကိုယ်တိုင် ပြန်ရေးဖို့ စီစဉ်နေပေမဲ့ ခုချိန်ထိတော့ မတင်ဖြစ်နိုင်သေးပါဘူးခင်ဗျာ။
ပရိတ်သတ်ကြီးကို အားနာလို့ ဆက်ဖတ်လို့ ရနိုင်ရေးအတွက် ဆက်ပြန်ချင်လို့ လာပြောတဲ့ဆရာတွေကို ပေးဖို့ စဉ်းစားထားပါတယ်။
ဒါပေမဲ့ လာတောင်းတဲ့သူတိုင်းကိုတော့ လက်လွတ်စပယ်တော့ မပေးပါဘူး။ ဘာလို့လဲဆိုတော့ ကိုယ့်ပရိတ်သတ်တွေကို အရည်အသွေးမမီတဲ့ စာပေကို မပေးချင်လို့ပါ။ ဒါကြောင့် လာတောင်းတဲ့ဆရာတွေကို နမူနာ အနည်းငယ် တောင်းကြည့်ပြီး ဘာသာပြန် အရည်အသွေးကို ကျွန်တော့်အနေနဲ့ သုံးသပ်ပါတယ်။ အရည်အသွေး အဆင်ပြေတာ တွေ့ရတာနဲ့ အဲ့ဒီဆရာကို အပြီး ပေးလိုက်မှာပါ။
တကယ် ဆရာတစ်ယောက်ယောက်က ယူပြန်ချင်တယ်ဆိုရင်လည်း ကျွန်တော့်ဆီ လာပြောနိုင်ပါတယ်။ ဘာသာပြန်အဆင်ပြေတယ်ဆိုရင် ကျွန်တော် ပေးပါမယ်။ ဒါကလည်း ပရိတ်သတ်ကြီးအတွက်ပါ။
တကယ်လို့ တခြားပြန်တဲ့သူမရှိရင်တော့ ကျွန်တော် လက်ရှိ ဘာသာပြန်နေတဲ့ ယီထျန်းယွမ်ပြီးတာနဲ့ ဗန်ပိုင်ယာကို အပြီးအထိ ဆက်ရေးပေးသွားပါမယ်ခင်ဗျာ။
အားလုံးကို အားနာစွာဖြင့်
ကွင်း...