HG Bike accessories online shop

HG Bike accessories online shop bike accessories online shop

06/04/2024
အားလုံး မိသားစု အပေါင်း မဂ်လာပါဗျာ ကျနော် ဘာမှမလုပ်နိုင်သေးပေးမယ့် ကျနော့် ညီလေးရဲ့page မှာ pre order တွေ ကျွန်တော်တို့ ...
06/04/2024

အားလုံး မိသားစု အပေါင်း မဂ်လာပါဗျာ ကျနော် ဘာမှမလုပ်နိုင်သေးပေးမယ့် ကျနော့် ညီလေးရဲ့page မှာ pre order တွေ ကျွန်တော်တို့ နိုင်ငံမှာမရနိုင်သေးတာလေးတွေကို ကြာချိန်14ရက် ခန့် အတွင်း ကျနော် တင်ပေးထားတဲ့ page လေးမှာ ယုံကြည်စိတ်ချစွာ မှာလို့ရနေပါပြီဗျ။ကျနော့် ရဲ့ညီအကိုများလည်း စိတ်ချစွာဝယ်ယူနိုင်ဖို့ မူရင်း page လေး follow လုပ်ထားပြီး တိုက်ရိုက် ဝယ်လို့ရအောင် တင်ပေးလိုက်ပါတယ်ဗျ

18/07/2022
06/02/2022

ကာဘွန် Frame အကြောင်း အနဲငယ်
(စက်ဘီး ဖရိန်တို့၏ အားနဲအား သာချက်များ၃)

Thein Htike (Bike Shop)

စက်ဘီး တစီးရဲ့ အလေးချိန်ကို လျော့ချဖို့အတွက်
Carbon bike တွေကို ထုပ်လုပ်လာရာကနေ 21 ရာစု နောက်ပိုင်းမှာတော့ Carbon ဟာ အလွန်ပဲခေတ် စားလာပါပြီ ကျနော်က သိန်းထိုက်ပါ ဘာမှမဆိုင်လဲ ထည့်ရေးပါတယ်
ကာဘွန်စက်ဘီး တစီးရဲ့ ဈေးနှုန်:ကတော့ သာမာန် စက်ဘီး ချစ်သူတို့လက်လှမ်းမှီတဲ့ ဈေးနှုန်း တော့ မဟုတ်ပါဘူး ဖရိန် ဂွေ ကာဘွန်ပတ်လည်ကိုပဲ ဆယ်သိန်းအောက်နဲ့ ကောင်းကောင်း ရဖို့မလွယ်လှပါ ဘူး
ငုတ် |ထိုင်ပိုက်လို အရာတွေကလဲ ပစ္စည်းရွေးမှာဖြစ်တဲ့အတွက် သံအလွိုင်း ဖရိန်တွေလို အပိုပစ္စည်းလဲ မပေါပါဘူး ဈေးမပေါတာကို ပြောတာပါ
Frame တွေထဲမှာ Carbon ဟာ အပေါ့ဆုံးဖြစ်ပြီး
အင်မတန်မှလဲ မာကျောတဲ့အတွက် ဈေးကြီးသလို လူကြိုက်လဲများလှပါတယ်
ကာဘွန် ဖရိန်တွေဟာ မာကြောလွန်း ပေမယ့် မာလွန်းတဲ့အတွက်ပဲ
ခံနိုင် ဝန် လွန်သွားရင် ကျိုးပဲ့နိုင်ပါတယ် ဖြစ်တော့ ဖြစ်ခဲပါတယ် ဒီနေရာမှာ ခံနိုင်ဝန်ဆိုတာ တိုက်မိ ခိုက်မိတာလဲ ပါပါတယ်
ကာဘွန် ဖရိန်တွေရဲ့ အတွင်းပိုင်း ကျိုးပဲ့အားနည်းချက်တွေကို သံ/အလွိုင်း ဖရိန်တွေလို အလွယ်တကူ မတွေ့နိုင်ပါဘူး
ဓါတ်မှန်ရိုက်ကြည့်မှပဲ သိနိုင်ပါတယ်တဲ့ ဝိုးးးးး
လွယ်တော့မလွယ်ဘူးနော်
ဒီနေရာမှာ ကိုတရုပ်ကြီးတို့ ထုတ်လုပ်တာနဲ့ ဥရောပ အမေရိကနိုင်ငံတွေရဲ့ Hand made Limited Edition ဖရိန်တွေရဲ့ အရည်အသွေး ကတော့ ပိုးစိုးပက်စက် ကွာ နိုင်ပါတယ်
ကိုတရုပ်လား ကို urope လားတော့ ကျွမ်းကျင်သူပဲ ခွဲနိုင်မယ် ထင်ပါတယ်
အဲသလို အဲသလို တွေရှိတဲ့အတွက် touring bike လိုခရီးရှည်ကြီး စီးမယ့် ဘီးတွေ ကို carbon ကို မရွေးချယ်ကြပါဘူ:
လမ်းမှာ ပျက်သမျှ အပိုပစ္စည်း လွယ်လွယ် မရနိုင်တဲ့အတွက် ဖြစ်ပါတယ်
Road bike နဲ့ Moutain bike မှာသာ ကာဘွန် ဖရိန်ကိုအတွေ့များနိုင်ပါတယ်
ကာဘွန် ဘီးနဲ့ တခြား ဖရိန် ဘီးတွေဟာ အရှိန်နှုန်းနဲ့ စီးရတဲ့ အရသာ ရုပ်ထွက်
ပေါ့ပါးမှုတွေကတော့ သာလွန်တဲ့အတွက် စက်ဘီး ချစ်သူ ဘောစိတို့ ရွေးချယ်ကြတာ မမှားပါဘူး
စက်ဘီးချစ်သူများ လက်တချောင်းနဲ့ မ လို့ရတဲ့ ကာဘွန်း ဘီးလှလှလေးတွေ စီးနိုင်ကြပါစေ ....

ခရက်ဒစ်

21/01/2022
28/12/2021

၀ါသနာပါရင် သွားရောက်
ယှဥ်ပြိုင်နိုင်ပါကြောင်း
******ပုသိမ်မှာပါတဲ့ ******

"ကီလို (၂၀) စက်ဘီးစီးပြိုင်ပွဲ" တခုကြေငြာထားတာတွေ့လို့ ဝင်ပြိုင်ချင်တဲ့သူတွေအတွက် share ပေးလိုက်ပါတယ်📣📣📣

ပြိုင်ပွဲအမျိုးအစားများ 🚴🏽🚴‍♀️
(က)ပြိုင်စက်ဘီး ကျား + မ
(ခ) မောင်းတိန်းစက်ဘီး ကျား + မ
(ဂ) ရိုးရိုးစက်ဘီး ကျား + မ

စည်းကမ်းချက်များ❌
(၁) ပြိုင်စက်ဘီး လက်ကိုင်အကောက် ဖြစ်ရမည်
(၂) မောင်းတိန်း လက်ကိုင်အဖြောင့် ဖြစ်ရမည်
(၃) 700xC မောင်းတိန်းဖြစ်လျှင် တာယာဆိုဒ်မှာ 700x36C အထက်ကို မောင်းတိန်းသတ်မှတ်၍ 700x36C အောက်ကို ပြိုင်စက်ဘီးတန်းသတ်မှတ်မည်
(၄) ရိုးရိုးစက်ဘီးတန်းကို
26" / 27" / 28" တာယာဆိုဒ် သတ်မှတ်မည်

စာရင်းပေးသွင်းခြင်း📝
၂၈.၁၂.၂၀၂၁ မှစ၍ ၁.၁.၂၀၂၂ ရက်နေ့အတွင်း တိုင်းဒေသကြီးအားကစားနှင့် ကာယပညာဦးစီးဌာန ကိုးသိန်းအားကစားကွင်းအတွင်း "ပါဝင်ယှဉ်ပြိုင်မည့်ဘီးနှင့်အတူ" စာရင်းပေးသွင်းရမည်

ပြိုင်မည့်အစီအစဉ် ⏰
၃.၁.၂၀၂၂ ရက်နေ့ နံနက် ၀၆:၃၀ အချိန်တွင် တာလွှတ်မည်ဖြစ်သဖြင့် နံနက် ၀၅:၃၀ အချိန်တွင် ကိုးသိန်း ပြည့်သူ့အားကစားရုံအရှေ့သို့လာရောက်ရမည်

ယှဉ်ပြိုင်သူများအား ဦးရာလူစနစ်ဖြင့် အားကစားအကျီ ထောက်ပံ့မည်

"မည်သူမဆိုပါဝင် ယှဉ်ပြိုင်နိုင်သည်"

စုံစုံ တီးတီး ချစ်တီး ထမင်းဆိုင် (မြို့အဝင်) မှ ပံ့ပိုးကူညီသည်။

ခရက်ဒစ်

Address

Bayintnaung Kanner
Yangon

Telephone

+959421167561

Website

Alerts

Be the first to know and let us send you an email when HG Bike accessories online shop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to HG Bike accessories online shop:

Shortcuts

Share