Hsu - Online Shop

Hsu - Online Shop Welcome to Hsu -Online Shop

 #အလှူအတွက် အများကြီးမှာတဲ့သူတွေကို ဒီလိုလေး စတစ်ကာလေးတွေ လက်ဆောင်ကပ်ပေးပါတယ်နော်။မှာချင်တယ်ဆို Hello သာ လုပ်လိုက်ပါ။094...
06/07/2026

#အလှူအတွက်
အများကြီးမှာတဲ့သူတွေကို ဒီလိုလေး စတစ်ကာလေးတွေ လက်ဆောင်ကပ်ပေးပါတယ်နော်။

မှာချင်တယ်ဆို Hello သာ လုပ်လိုက်ပါ။

09456900060

၂၀၁၅ ခုနှစ်ကတည်းက ထုတ်ဝေဖြန့်ချိခဲ့တဲ့ ရောဂါနဲ့ဆေးဝါး စာအုပ်လေးကို update ပြန်လည်ပြင်ဆင်ပြီး  ရတနာသိုက်ပဲ့ကိုင်ရှင် ဆရာဦ...
29/06/2026

၂၀၁၅ ခုနှစ်ကတည်းက ထုတ်ဝေဖြန့်ချိခဲ့တဲ့ ရောဂါနဲ့ဆေးဝါး စာအုပ်လေးကို update ပြန်လည်ပြင်ဆင်ပြီး ရတနာသိုက်ပဲ့ကိုင်ရှင် ဆရာဦးနိုင်ကြီးရဲ့ ခွင့်ပြုချက်နဲ့ PN Publishing House ကနေ ထုတ်ဝေဖြန့်ချိတော့မှာ ဖြစ်တဲ့အကြောင်း သတင်းကောင်းလေး ပါးရင်း ဒီစာအုပ်လေးထဲမှာ ပါဝင်တဲ့အကြောင်းအရာလေးတွေကို နည်းနည်းလောက် မိတ်ဆက်ပေးပါရစေ...

ဒီစာအုပ်ထဲမှာ...

- ဆေးဝါးတွေကို လွဲမှားစွာ အသုံးမပြုစေဖို့...
- ဆေးဝါးတွေရဲ့ အာနိသင်၊ သုံးစွဲပုံအညွှန်းတျွေ
- ဖြစ်လေ့ရှိတဲ့ဘေးထွက်ဆိုးကျိုးတွေကို နားလည်သဘောပေါက်စေဖို့
- ကြိုတင်သတိပြုရမယ့်အချက်တွေ
- ခန္ဓာကိုယ်ထဲမှာရှိတဲ့ တည်ဆောက်မှုစနစ်နဲ့အတူ ရောဂါအမျိုးအစားအလိုက် ဆေးဝါးတွေ ဘယ်လိုအလုပ်လုပ်ကြသလဲဆိုတာတွေအပြင်

အဓိကအားဖြင့် ရောဂါနဲ့ ဆေးဝါးကို ထိထိရောက်ရောက် သုံးစွဲတတ်စေဖို့ ရည်ရွယ်ထားတဲ့ စာအုပ်ကောင်းတစ်အုပ်ဖြစ်ပါတယ်။

ဒီစာအုပ်ထုတ်ရတဲ့ရည်ရွယ်ချက်က စာဖတ်ပရိသတ်ပြည်သူတွေ ဆေးဝါးတွေအကြောင်း သိရှိနားလည်ပြီး ဆေးဝါးနဲ့ပတ်သက်တဲ့ ကောင်းကျိုးတွေ ရရှိအောင်၊ ဆိုးကျိုးတွေ လျော့ပါးအောင် ရည်ရွယ်ပြီး လိုအပ်လို့ သုံးစွဲရတော့မယ်ဆိုရင် ဆေးဝါးအကြောင်း သိထားရမယ့်၊ သိထားသင့်တဲ့အချက်တွေကို သိရှိနိုင်ဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။
ဘယ်ဆေးဝါးမဆို ကိုယ့်သဘောနဲ့ကိုယ် မသောက်သုံးဘဲ တတ်သိနားလည်တဲ့ ဆရာဝန်၊ ဆေးဝါးကျွမ်းကျင်ပညာရှင်တွေနဲ့ တိုင်ပင်ပြီးမှ သောက်သုံးပါလို့ တိုက်တွန်းပါရစေနော်...

ဒီရောဂါနဲ့ဆေးဝါးလမ်းညွှန်စာအုပ်ကို ဖတ်ရှုလေ့လာခြင်းဖြင့် ရောဂါအကြောင်းသာမက ခန္ဓာကိုယ်အတွင်းမှာရှိတဲ့ ဇီ၀ကမ္မဖြစ်စဉ်တွေကိုလည်း သိရှိနိုင်သလို ပါဝင်ဖွဲ့စည်းမှုတူညီပြီး တံဆိပ်နာမည်မျိုးစုံနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရရှိနိုင်တဲ့ ဆေးဝါးတွေကို လေ့လာခွင့်ရနိုင်မှာ ဖြစ်ပါတယ်။

ဒီရောဂါနဲ့ဆေးဝါးလမ်းညွှန်စာအုပ်ကို ကျန်းမာရေးလေ့လာလိုက်စားသူတွေ၊ ဆေးဝါးဗဟုသုတရှာမှီးလိုသူတွေ၊ ရောဂါဝေဒနာရှင်တွေ၊ ရောဂါဝေဒနာရှင်တွေကို ပြုစုစောင့်ရှောက်သူတွေ၊ ဆေးဆိုင်ဖွင့်လှစ်ရောင်းချသူတွေ၊ ဆေးကုမ္ပဏီမှာ အလုပ်လုပ်နေသူတွေ၊ သူနာပြုဆရာမတွေ၊ ဆေးကျောင်းသူဆေးကျောင်းသားတွေသာမက ဆရာဝန်တွေအတွက်ပါ အကျိုးရှိစေမယ့် စာအုပ်ကောင်းတစ်အုပ်အဖြစ် ဒေါက်တာမီမီကို M.B.B.S. (Mdy), Dip Med Sc Family Medicine က ညွှန်းပေးထားခဲ့ပါတယ်ရှင်။

မာတိကာလေးကတော့...
- ဆေးဝါးများအား ထိတွေ့နားလည်ခြင်းနှင့် အသုံးပြုခြင်း
- ခန္ဓာကိုယ်အတွင်းသို့ ဆေးများပေးသောနည်းများ
- ဆေးဝါးတွေကုသရာမှာ အထူးသတိပြုရမည့်သူများ
- ဆေးဝါးယဉ်ပါးခြင်းနှင့် ဆေးဝါးမှီခိုခြင်း
- ဆေးဝါးများနှင့်ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်များ
- ခန္ဓာကိုယ်အစိတ်အပိုင်းများနှင့် အဓိကဆေးဝါးအုပ်စုများ

- ဦးနှောက်အာရုံကြောစနစ်ဆိုင်ရာ ဆေးဝါးများ
- အကိုက်အခဲပျောက်ဆေးများ
- အိပ်ဆေးများ
- စိတ်ငြိမ်ဆေးများ
- စိတ်ကျရောဂါကုဆေးများ
- စိတ်ရောဂါကုဆေးများ
- တက်ရောဂါကုဆေး
- ပါကင်ဆန်ရောဂါကုဆေးများ
- သက်ကြီးသတိမေ့ရောဂါကုဆေးများ
- အာရုံကြောစနစ်လှုံ့ဆော်ဆေးများ
- ခေါင်းတစ်ခြမ်းကိုက်ဝေဒနာကုဆေးများ
- အော့အန်ပျောက်ဆေးများ

- အသက်ရှူလမ်းကြောင်းစနစ်ဆိုင်ရာ ဆေးဝါးများ
- လေပြွန်ကျယ်ဆေးများ
- ပန်းနာရင်ကျပ်ရောဂါကုဆေးများ
- နှာရည်ယို၊ နှာစေးနှာပိတ်သက်သာဆေး
- ချောင်းဆိုးပျောက်ဆေးများ

- နှလုံးနှင့် သွေးလည်ပတ်မှုစနစ်ဆိုင်ရာ ဆေးဝါးများ
- နှလုံးအားနည်းရောဂါကုဆေး
- Beta Blockers ဆေးများ
- သွေးကြောကျယ်ဆေးများ
- ဆီးရွှင်ဆေး
- နှလုံးစည်းချက်မှန်ဆေးများ
- နှလုံးစူးအောင့်သက်သာဆေးများ
- သွေးတိုးရောဂါကုဆေး
- သွေးတွင်းအဆီကျဆေး
- သွေးခဲခြင်းနှင့်ပတ်သက်သောဆေးဝါးများ

- အစာအိမ် အူလမ်းကြောင်းဆိုင်ရာ ဆေးဝါးများ
- အစာအိမ်ရောဂါကု အက်ဆစ်ဟန့်တားဆေးများ
- အစာအိမ်အနာရောဂါကုဆေးများ
- ဝမ်းပျက်ဝမ်းလျှောရောဂါကုဆေး
- အစာအိမ်အူလမ်းကြောင်းရောင်ရမ်းရောဂါကုဆေးများ
- စအိုပိုင်းဆိုင်ရာရောဂါကုဆေးများ
- သည်းခြေကျောက်တည်ရောဂါကုသဆေးများ

- ကြွက်သားနဲ့ အရိုးအဆစ်ရောဂါကုဆေးများ
- NSAIDs စတီးရွိုက်မဟုတ်သော အကိုက်အခဲပျောက် ရောင်ရမ်းကျဆေးများ
- လေးဖက်နာရောဂါကုဆေးများ
- ဒူးဆစ်နှင့် အရိုးအဆစ်ကြားထိုးသော စတီးရွိုက်ထိုးဆေးများ
- အဆစ်အမျက်ရောင်ဂေါက်ရောဂါကုဆေးများ
- အကြောပြေလျော့ဆေး
- မျက်နှာအကြောဆွဲရောဂါ Myasthenia Gravis ကုဆေးများ
- အရိုးရောဂါကုဆေးများ

- ဓာတ်မတည့်ရောဂါဆိုင်ရာ ကုဆေးများ
- ဓာတ်မတည့်ရောဂါကု ဟစ်စတမင်းဟန့်တားဆေးများ

- ကူးစက်ရောဂါများ
- ပဋိဇီဝပိုးသတ်ဆေးများ
- ဗက်တီးရီးယားသေဆေးများ
- တီဘီရောဂါကုဆေးများ
- ဗိုင်းရပ်စ်သေဆေးများ
- ပရိုတိုဇိုးဝါးသေဆေးများ
- ပရိုတိုဇိုးဝါးကြောင့်ဖြစ်သောရောဂါများနှင့် အသုံးများသော ဆေးဝါးများ
- ငှက်ဖျားရောဂါကုဆေး
- မှိုပိုးသတ်ဆေးများ
- သန်ချဆေးများ

- ကာကွယ်ဆေးများ
- အသုံးများသောကာကွယ်ဆေးများ

- ဟော်မုန်းနှင့် အင်ဒိုခရိုင်းစနစ်ဆိုင်ရာဆေးဝါးများ
- ခန္ဓာကိုယ်အနှံ့ ဟော်မုန်းထုတ်လုပ်ပေးသော ဂလင်းများနှင့် အင်္ဂါအစိတ်အပိုင်း
- စတီးရွိုက်ဆေးများ
- ဆီးချိုသွေးချိုရောဂါကုဆေးများ
- သိုင်းရွိုက်ရောဂါကုဆေးများ
- ပီကျူထရီချွတ်ယွင်းရောဂါကုဆေးများ
- ကျားဟော်မုန်းဆေးများ
- အမျိုးသမီးဟော်မုန်း (မဟော်မုန်း)ဆေးများ

- အလုံးအကျိတ်ကင်ဆာနှင့် ခုခံအားစနစ်ဆိုင်ရာရောဂါများ
- ကင်ဆာရောဂါကုဆေးများ
- ခုခံအားဖိနှိပ်ဆေးများ
- ခုခံအားကျဆင်းရောဂါကုဆေးများ

- မျက်စိနဲ့ နားရောဂါကုဆေးများ
- ရေတိမ်ရောဂါကုဆေးများ
- မျက်စိသူငယ်အိမ် ကျဉ်း/ ကျယ်ဆေးများ
- နားရောဂါကုဆေးများ

- မျိုးပွားမှုဆိုင်ရာ ဆီးလမ်းကြောင်းရောဂါကုဆေး
- ဓမ္မတာရာသီမမှန်ခြင်းနဲ့ အခြားပြဿနာများအတွက်
- ပဋိသန္ဓေတားသောက်ဆေးများ
- မျိုးဆက်မပွားနိုင်ခြင်းအတွက် ကုသဆေးဝါးများ
- ကလေးမွေးဖွားစဉ် သုံးသော ဆေးဝါးများ
- ဆီးသွားရခက်ခဲသော ရောဂါဝေဒနာများနှင့် ဆေးဝါးများ

- အရေပြားစနစ်ဆိုင်ရာ ဆေးဝါးများ
- ယားယံသက်သာဆေး
- စတီးရွိုက်လိမ်းဆေးများ
- အရေပြားပိုးသန့်စင်ဆေးများ
- အရေပြားကပ်ပါးပိုးစွဲကပ်ရောဂါကုသဆေးများ
- ဝက်ခြံရောဂါကုဆေးများ
- ဆိုရီယားစစ်ရောဂါကုဆေးများ
- နှင်းခူရောဂါကုဆေးများနှင့် ကုထုံးများ
- ဆံပင်ကျွတ်သက်သာဆေး
- နေလောင်ကာလိမ်းဆေးများ

- ဖြည့်စွက်အာဟာရများ
- ဗီတာမင်အားဆေးများ

မာတိကာလေးကို ဖတ်ပြီး ဒီစာအုပ်လေးကို ဘာကြောင့်ဝယ်ထား၊ ဆောင်ထားသင့်တယ်ဆိုတာလေး သိလောက်မယ်ထင်ပါရဲ့ရှင်။

လူတိုင်းနားလည်နိုင်မယ့် အသုံးအနှုန်းလေးတွေနဲ့ ပြုစုထားတာမို့ တစ်အိမ်တစ်အုပ်၊ ဆေးဆိုင်တစ်ဆိုင်တစ်အုပ် စသဖြင့် ဆောင်ထားသင့်ပါတယ်ဆိုတာလေး ပြောကြားရင်း စာအုပ်ထွက်မယ့်ရက်အတိအကျနဲ့ စျေးနှုန်းလေးကို ပြန်လည် ကြေညာပေးပါမယ်ရှင်။

#ရောဂါနဲ့ဆေးဝါးလမ်းညွှန်

18/06/2026

ကျန်းမာရေးဟာ လူတိုင်းအတွက် အရေးကြီးဆုံးအရာဖြစ်ပေမဲ့ တစ်ခါတလေမှာ ကိုယ့်ခန္ဓာကိုယ်အကြောင်းကို သေချာနားမလည်ဘဲ မှားယွင်းတဲ့ ဆေးဝါးသုံးစွဲမှုတွေ၊ အယူအဆအမှားတွေနဲ့ ဖြတ်သန်းနေတတ်ကြပါတယ်။
ဒီ ဆရာဝန်မရှိတဲ့နေရာ ဆိုတဲ့ စာအုပ်လေးဟာ ခက်ခဲတဲ့ ဆေးပညာဝေါဟာရတွေအစား လူတိုင်းနားလည်နိုင်တဲ့ အသုံးအနှုန်းတွေနဲ့ ရေးသားထားတာဖြစ်လို့ "ကိုယ့်ကျန်းမာရေးအတွက် ကိုယ်တိုင် ဂရုစိုက်နိုင်စေမယ့်" စာအုပ်....
အခြေခံကျန်းမာရေးဗဟုသုတနဲ့ အထွေထွေဆေးဝါးတွေအကြောင်း နားလည်သိရှိလိုသူတွေအတွက် တကယ်ကို အသုံးတည့်မယ့်စာအုပ်ကောင်းလေး ဖြစ်တဲ့အပြင်
ဆေးဆိုင်ဖွင့်ထားသူများ၊ ဆေးဆိုင်ဖွင့်လိုသူများ၊ ဆေးကုမ္ပဏီဝန်ထမ်းလုပ်လိုသူများ၊ ဆေးဝါးကျွမ်းကျင် (ဆေးဝါးအကူ) သင်တန်းသူ၊ သင်တန်းသားတွေအတွက် လက်စွဲစာအုပ်ကောင်းလေးအနေနဲ့အထောက်အကူဖြစ်စေမယ့် စာအုပ်ဖြစ်ပါတယ်။
၂၀,၀၀၀ ကျပ်
09456900060
#ဒေါက်တာမိုးဇော်အောင် #ဆရာဝန်မရှိတဲ့နေရာ #အထွေထွေဆေးဝါးများ

ကျန်းမာရေးဟာ လူတိုင်းအတွက် အရေးကြီးဆုံးအရာဖြစ်ပေမဲ့ တစ်ခါတလေမှာ ကိုယ့်ခန္ဓာကိုယ်အကြောင်းကို သေချာနားမလည်ဘဲ မှားယွင်းတဲ့ ...
18/06/2026

ကျန်းမာရေးဟာ လူတိုင်းအတွက် အရေးကြီးဆုံးအရာဖြစ်ပေမဲ့ တစ်ခါတလေမှာ ကိုယ့်ခန္ဓာကိုယ်အကြောင်းကို သေချာနားမလည်ဘဲ မှားယွင်းတဲ့ ဆေးဝါးသုံးစွဲမှုတွေ၊ အယူအဆအမှားတွေနဲ့ ဖြတ်သန်းနေတတ်ကြပါတယ်။
ဆေးဆိုင်တွေမှာ ဆရာဝန်ဆေးစာနဲ့မှ ဝယ်လို့ရသောက်ရတဲ့ ဆေးတွေရှိသလို ဆရာတွေက ဆေးညွှန်းပေးရုံနဲ့ ဝယ်လို့ရတဲ့ ဆေးတွေ ရှိတယ်။ အဲဒီဆေးတွေကို ကိုယ်က သိထားဖို့ကလည်း အရေးကြီးတယ်။ ဘာကြောင့်လဲဆိုတော့ ပိုးသတ်ဆေးလို ပဋိဇီ၀ဆေးတွေမှာတောင် ဝမ်းပျက်ရင် ဘယ်ပိုးသတ်ဆေး၊ အာသီးရောင်ရင် ဘယ်ပိုးသတ်ဆေး၊ နာတာရှည်ရောဂါဆို ဘယ်ပိုးသတ်ဆေး ... စုံစိနေအောင် များပြားလှသေးတော့ တကယ်မကိုက်ညီတဲ့ဆေးကိုများ ဝယ်သောက်မိရင်... ဘယ်လောက်အန္တရာယ်များလိုက်မလဲ။
ဒီ ဆရာဝန်မရှိတဲ့နေရာ ဆိုတဲ့ စာအုပ်လေးဟာ ခက်ခဲတဲ့ ဆေးပညာဝေါဟာရတွေအစား လူတိုင်းနားလည်နိုင်တဲ့ အသုံးအနှုန်းတွေနဲ့ ရေးသားထားတာဖြစ်လို့ "ကိုယ့်ကျန်းမာရေးအတွက် ကိုယ်တိုင် ဂရုစိုက်နိုင်စေမယ့်" စာအုပ်ပဲ ဖြစ်ပါတယ်။ နေထိုင်မကောင်းဖြစ်မှ ဖတ်ရမှာမဟုတ်ဘဲ မနာမကျန်းမဖြစ်ခင် ကြိုတင်ကာကွယ်နိုင်ဖို့အတွက်ပါ လမ်းပြပေးမယ့် မိတ်ဆွေကောင်းတစ်ဦး ဖြစ်ပါတယ်။
အထူးသဖြင့် ဆေးရုံ၊ ဆေးခန်းနဲ့ အလှမ်းဝေးတဲ့ဒေသတွေမှာနေထိုင်သူတွေ ဒါမှမဟုတ် အခြေခံကျန်းမာရေးဗဟုသုတကို ကိုယ်တိုင်သိရှိထားချင်သူတွေအတွက် အားကိုးထိုက်တဲ့ စာအုပ်ကောင်းတစ်အုပ်မို့ လူတိုင်းလူတိုင်းဖတ်ရှုနိုင်ဖို့ ညွှန်းပေးပါရစေနော်။
ဆရာဝန်မရှိတဲ့နေရာဆိုတဲ့ ဒီစာအုပ်လေးထဲမှာ
📒တကယ်ကျန်းမာရဲ့လား
📒ဆေးတွေအားလုံး အလွယ်တကူဝယ်ပြီး သောက်လို့ရလား
📒အလားတူဆေး
📒စတီးရွိုက်ဆေးအကြောင်း
📒ချောင်းဆိုးပျောက်ဆေးများ
📒အကိုက်အခဲပျောက်ဆေးများ
📒ကားမူးတတ်သူများ
📒ပွေးလား၊ ဝဲလား၊ ညှင်းလား
📒သွေးတိုးရောဂါ
📒ဆီးချို၊ သွေးချို
📒 အားဆေးသောက်ရင် ဝလာမှာလား
📒ပန်းကလေးနွမ်းနေလား
📒အမျိုးသားတွေရော သွေးဆုံးတတ်သလား
📒ကင်ဆာအကြောင်း
📒ဝတာ အပြစ်လား
📒အရေပြားရှိသူတိုင်းနှင့် သက်ဆိုင်သော
📒ဖြည်စွက်စာသောက်ဖို့ လိုအပ်သလား
📒အိပ်၍မပျော်သောညများ
စတဲ့ အကြောင်းအရာများ အပါအဝင် စုစုပေါင်း ၃၆ပုဒ် တိတိ ပါဝင်တဲ့ “ဆရာဝန်မရှိတဲ့နေရာ” _ “သိထားသင့်တဲ့ အခြေခံကျန်းမာရေး ဗဟုသုတနှင့် အထွေထွေဆေးဝါးများအကြောင်း” တွေကို ဒေါက်တာမိုးဇော်အောင်က အသေးစိတ် သေချာလေး ရေးပေးထားပါတယ်။
အခြေခံကျန်းမာရေးဗဟုသုတနဲ့ အထွေထွေဆေးဝါးတွေအကြောင်း နားလည်သိရှိလိုသူတွေအတွက် တကယ်ကို အသုံးတည့်မယ့်စာအုပ်ကောင်းလေး ဖြစ်တဲ့အပြင်
ဆေးဆိုင်ဖွင့်ထားသူများ၊ ဆေးဆိုင်ဖွင့်လိုသူများ၊ ဆေးကုမ္ပဏီဝန်ထမ်းလုပ်လိုသူများ၊ ဆေးဝါးကျွမ်းကျင် (ဆေးဝါးအကူ) သင်တန်းသူ၊ သင်တန်းသားတွေအတွက် လက်စွဲစာအုပ်ကောင်းလေးအနေနဲ့ အထောက်အကူဖြစ်စေမယ့် စာအုပ်
📖 စာအုပ်အမည်: ဆရာဝန်မရှိတဲ့နေရာ
(သိထားသင့်တဲ့အခြေခံကျန်းမာရေးဗဟုသုတနှင့်အထွေထွေဆေးဝါးများ)
📖 စာရေးသူ: ဒေါက်တာမိုးဇော်အောင်
📖 စာမျက်နှာ: ၂၈၀ မျက်နှာ
📖 တန်ဖိုး : ၂၀,၀၀၀ ကျပ်
🛒 မှာယူလိုပါက Page Messenger သို့မဟုတ် 09456900060 ကို ဆက်သွယ်မှာယူနိုင်ပါတယ်ရှင်။
ပြန်လည်ရောင်းချလိုသူများလည်း ဆက်သွယ်နိုင်ပါတယ်ရှင်။
#ဒေါက်တာမိုးဇော်အောင် #ဆရာဝန်မရှိတဲ့နေရာ #အထွေထွေဆေးဝါးများ

ကျန်းမာရေးဟာ လူတိုင်းအတွက် အရေးကြီးဆုံးအရာဖြစ်ပေမဲ့ တစ်ခါတလေမှာ ကိုယ့်ခန္ဓာကိုယ်အကြောင်းကို သေချာနားမလည်ဘဲ မှားယွင်းတဲ့ ...
14/06/2026

ကျန်းမာရေးဟာ လူတိုင်းအတွက် အရေးကြီးဆုံးအရာဖြစ်ပေမဲ့ တစ်ခါတလေမှာ ကိုယ့်ခန္ဓာကိုယ်အကြောင်းကို သေချာနားမလည်ဘဲ မှားယွင်းတဲ့ ဆေးဝါးသုံးစွဲမှုတွေ၊ အယူအဆအမှားတွေနဲ့ ဖြတ်သန်းနေတတ်ကြပါတယ်။

ဆေးဆိုင်တွေမှာ ဆရာဝန်ဆေးစာနဲ့မှ ဝယ်လို့ရသောက်ရတဲ့ ဆေးတွေရှိသလို ဆရာတွေက ဆေးညွှန်းပေးရုံနဲ့ ဝယ်လို့ရတဲ့ ဆေးတွေ ရှိတယ်။ အဲဒီဆေးတွေကို ကိုယ်က သိထားဖို့ကလည်း အရေးကြီးတယ်။ ဘာကြောင့်လဲဆိုတော့ ပိုးသတ်ဆေးလို ပဋိဇီ၀ဆေးတွေမှာတောင် ဝမ်းပျက်ရင် ဘယ်ပိုးသတ်ဆေး၊ အာသီးရောင်ရင် ဘယ်ပိုးသတ်ဆေး၊ နာတာရှည်ရောဂါဆို ဘယ်ပိုးသတ်ဆေး ... စုံစိနေအောင် များပြားလှသေးတော့ တကယ်မကိုက်ညီတဲ့ဆေးကိုများ ဝယ်သောက်မိရင်... ဘယ်လောက်အန္တရာယ်များလိုက်မလဲ။

ဒီ ဆရာဝန်မရှိတဲ့နေရာ ဆိုတဲ့ စာအုပ်လေးဟာ ခက်ခဲတဲ့ ဆေးပညာဝေါဟာရတွေအစား လူတိုင်းနားလည်နိုင်တဲ့ အသုံးအနှုန်းတွေနဲ့ ရေးသားထားတာဖြစ်လို့ "ကိုယ့်ကျန်းမာရေးအတွက် ကိုယ်တိုင် ဂရုစိုက်နိုင်စေမယ့်" စာအုပ်ပဲ ဖြစ်ပါတယ်။ နေထိုင်မကောင်းဖြစ်မှ ဖတ်ရမှာမဟုတ်ဘဲ မနာမကျန်းမဖြစ်ခင် ကြိုတင်ကာကွယ်နိုင်ဖို့အတွက်ပါ လမ်းပြပေးမယ့် မိတ်ဆွေကောင်းတစ်ဦး ဖြစ်ပါတယ်။

အထူးသဖြင့် ဆေးရုံ၊ ဆေးခန်းနဲ့ အလှမ်းဝေးတဲ့ဒေသတွေမှာနေထိုင်သူတွေ ဒါမှမဟုတ် အခြေခံကျန်းမာရေးဗဟုသုတကို ကိုယ်တိုင်သိရှိထားချင်သူတွေအတွက် အားကိုးထိုက်တဲ့ စာအုပ်ကောင်းတစ်အုပ်မို့ လူတိုင်းလူတိုင်းဖတ်ရှုနိုင်ဖို့ ညွှန်းပေးပါရစေနော်။

ဆရာဝန်မရှိတဲ့နေရာဆိုတဲ့ ဒီစာအုပ်လေးထဲမှာ

📒တကယ်ကျန်းမာရဲ့လား
📒ဆေးတွေအားလုံး အလွယ်တကူဝယ်ပြီး သောက်လို့ရလား
📒အလားတူဆေး
📒စတီးရွိုက်ဆေးအကြောင်း
📒ချောင်းဆိုးပျောက်ဆေးများ
📒အကိုက်အခဲပျောက်ဆေးများ
📒ကားမူးတတ်သူများ
📒ပွေးလား၊ ဝဲလား၊ ညှင်းလား
📒သွေးတိုးရောဂါ
📒ဆီးချို၊ သွေးချို
📒 အားဆေးသောက်ရင် ဝလာမှာလား
📒ပန်းကလေးနွမ်းနေလား
📒အမျိုးသားတွေရော သွေးဆုံးတတ်သလား
📒ကင်ဆာအကြောင်း
📒ဝတာ အပြစ်လား
📒အရေပြားရှိသူတိုင်းနှင့် သက်ဆိုင်သော
📒ဖြည်စွက်စာသောက်ဖို့ လိုအပ်သလား
📒အိပ်၍မပျော်သောညများ

စတဲ့ အကြောင်းအရာများ အပါအဝင် စုစုပေါင်း ၃၆ပုဒ် တိတိ ပါဝင်တဲ့ “ဆရာဝန်မရှိတဲ့နေရာ” _ “သိထားသင့်တဲ့ အခြေခံကျန်းမာရေး ဗဟုသုတနှင့် အထွေထွေဆေးဝါးများအကြောင်း” တွေကို ဒေါက်တာမိုးဇော်အောင်က အသေးစိတ် သေချာလေး ရေးပေးထားပါတယ်။

အခြေခံကျန်းမာရေးဗဟုသုတနဲ့ အထွေထွေဆေးဝါးတွေအကြောင်း နားလည်သိရှိလိုသူတွေအတွက် တကယ်ကို အသုံးတည့်မယ့်စာအုပ်ကောင်းလေး ဖြစ်တဲ့အပြင်

ဆေးဆိုင်ဖွင့်ထားသူများ၊ ဆေးဆိုင်ဖွင့်လိုသူများ၊ ဆေးကုမ္ပဏီဝန်ထမ်းလုပ်လိုသူများ၊ ဆေးဝါးကျွမ်းကျင် (ဆေးဝါးအကူ) သင်တန်းသူ၊ သင်တန်းသားတွေအတွက် လက်စွဲစာအုပ်ကောင်းလေးအနေနဲ့ အထောက်အကူဖြစ်စေမယ့် စာအုပ်

📖 စာအုပ်အမည်: ဆရာဝန်မရှိတဲ့နေရာ
(သိထားသင့်တဲ့အခြေခံကျန်းမာရေးဗဟုသုတနှင့်အထွေထွေဆေးဝါးများ)

📖 စာရေးသူ: ဒေါက်တာမိုးဇော်အောင်

📖 စာမျက်နှာ: ၂၈၀ မျက်နှာ

📖 တန်ဖိုး : ၂၀,၀၀၀ ကျပ်

🛒 မှာယူလိုပါက Page Messenger သို့မဟုတ် 09456900060 ကို ဆက်သွယ်မှာယူနိုင်ပါတယ်ရှင်။

ပြန်လည်ရောင်းချလိုသူများလည်း ဆက်သွယ်နိုင်ပါတယ်ရှင်။

#ဒေါက်တာမိုးဇော်အောင် #ဆရာဝန်မရှိတဲ့နေရာ #အထွေထွေဆေးဝါးများ

24/05/2026

ဗောဓိညောင်ပင် ၁၀ ပင် အဓိဋ္ဌာန်ကျင့်စဉ်စာအုပ်လေး ဆုဆီမှာ ပြန်မှာလို့ ရပါပြီရှင်။
စျေးလေးကတော့ ၂၅၀၀ ကျပ်ပါရှင့်။

မှာမယ်ဆို 09 456 9000 60 ကို ဆက်ပြီး မှာလို့ရပါတယ်ရှင်။

#ညောင်ဆယ်ပင်အဓိဋ္ဌာန်ကျင့်စဉ် #သစ်တံခါးဆရာတော်

မင်္ဂလာရှိတဲ့ နှစ်သစ်ကူးအချိန်အခါသမယမှာ အားလုံး ကျန်းမာပျော်ရွှင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းရင်း ပိတ်ရက်တွေထဲက အမှာတွေ...
18/04/2026

မင်္ဂလာရှိတဲ့ နှစ်သစ်ကူးအချိန်အခါသမယမှာ အားလုံး ကျန်းမာပျော်ရွှင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းရင်း ပိတ်ရက်တွေထဲက အမှာတွေကို ဒီနေ့စပြီး Deli အပ်ပါပြီရှင့်။
မှာယူအားပေးသူများအား ကျေးဇူးအထူးတင်ရှိပါတယ်ရှင်

စင်ကာပူကနေ ဖတ်ချင်တဲ့ ချစ်သောတို့အတွက် စင်ကာပူမှာ ဝယ်လို့ရပြီနော်။ အကြိုက်ဖတ်လို့ရပြီလို့။ Onboard မှာ ရောက်နေလို့ ဖတ်ချ...
11/04/2026

စင်ကာပူကနေ ဖတ်ချင်တဲ့ ချစ်သောတို့အတွက် စင်ကာပူမှာ ဝယ်လို့ရပြီနော်။ အကြိုက်ဖတ်လို့ရပြီလို့။ Onboard မှာ ရောက်နေလို့ ဖတ်ချင်သူတွေလည်း ခဏတာ ကမ်းကပ်တုန်းလေး ဝင်ဝယ်လို့ရပါကြောင်းရှင် 🥰🥰🥰

📖 လွမ်းမောမိသော အတိတ်နေ့ရက်များ 📖
PN Publishing House ကနေ တင်ဆက်ပေးလိုက်တာကတော့ ဆရာ လေပြည် (The Mariner) ရေးသားတဲ့ 📖 လွမ်းမောမိသော အတိတ်နေ့ရက်များ 📖 ဆိုတဲ့ စာအုပ်လေးပါပဲ။
ခံစားမှုရသပေးတဲ့ စာအုပ်တစ်အုပ်ဆိုတာထက်ကိုပိုတဲ့ ဒီစာအုပ်လေးထဲမှာ စာရေးဆရာ လေပြည် (The Mariner) က...
✍️Seaman တစ်ယောက်ရဲ့ Life နဲ့ ပျော်စရာ၊ လွမ်းမောစရာ၊ မိသားစုဘဝကို ဘယ်လိုစတေးခဲ့ရသလဲ ....
✍️ရင်းနှီးမြှုပ်နှံထားရတဲ့ ဖြစ်ချင်တာတွေကို ခဏထား ဘဝအရေး ဘယ်လိုတွေးပြီး ဖြတ်သန်းရလဲဆိုတာတွေ...
✍️ပင်လယ်ထဲမှာ သက်စွန့်ဆံဖျားဘယ်လို ရုန်းကန်ရှင်သန်ခဲ့ရသလဲဆိုတာတွေ...
✍️လူမျိုးခြားတွေရဲ့ အလယ်မှာ ကိုယ့်ကိုယ်ကိုယ် မပျောက်ဆုံးအောင် ဘယ်လိုကြိုးစားခဲ့ရလဲဆိုတာတွေ ...
✍️အရာရှိဖြစ်ဖို့ ကြိုးစားနေတဲ့ လူငယ်တွေ ကြုံရဆုံရမယ့်အခက်အခဲတွေကို ဘယ်လိုစိတ်ထားမျိုးနဲ့ ကျော်ဖြတ်ရမလဲ၊ ကျော်ဖြတ်သင့်သလဲဆိုတာတွေ...
ကို ကလောင်သွားထက်ထက်နဲ့ ဟာသအနှောလေးနဲ့ ရေးသားထားတာမို့ ခံစားမှုရသစုံစုံလင်လင်နဲ့ တစ်ပုဒ် ဘယ်လိုပြီးသွားမှန်းမသိအောင် ဖတ်ရမှာပါ။
စာရေးဆရာဟာ စာချစ်သူတို့ကို ဒီလိုလေး အမှာစကား ပါးထားပါသေးတယ်နော်။..
" အတိတ်ဆိုတာကို ပြန်ပြောင်းသတိရရုံသာ ကျွန်တော်တို့ တတ်နိုင်ကြပါတယ်။
လူတိုင်းကိုယ်စီမှာ အတိတ်အကြောင်းတွေ ရှိကြပါတယ်။
အဲ့သည်အတိတ်တွေမှာပဲ ကျွန်တော်တို့ရဲ့ သမိုင်းကိုရေးခဲ့ကြပါတယ်။ အတိတ်မှာ လောကဓံတွေ ရှိခဲ့ကြမယ်။
အတိတ်မှာ သောကဒဏ်ရာတွေ ရှိခဲ့ကြမယ်။
အတိတ်မှာ ပြောပြချင်တဲ့ အမှတ်တရတွေရှိခဲ့ကြမယ်။
ကျွန်တော်တို့ ပြန်မတွေးချင်တော့မယ့် အကြောင်းတွေ ရှိသလို အခါခါပြန်တွေးမိနေတဲ့ အကြောင်းတွေ ရှိမယ်။
တကယ်တော့ အတိတ်ဆိုတာ ကျွန်တော့်အတွက်တော့ အမှားတွေထဲက သင်ခန်းစာ ယူစရာ အတွေးကမ္ဘာလေး တစ်ခုထက် မပိုခဲ့ပါဘူး။ ကျွန်တော်က သင်္ဘောလိုက်နေသူ တစ်ယောက်ပါ။
သင်္ဘော လိုက်တဲ့ သက်တမ်းက အတော်ကြာခဲ့ပါပြီ။
သင်္ဘောပေါ်မှာ အရာရှိရာထူးနဲ့ တာဝန်ထမ်းဆောင်ဖို့ဆိုတာ အောက်ခြေ ဘဝက အစပြုရပါတယ်။ အ
ဖေက သူဌေးမို့လို့ သားက ကုမ္ပဏီ ဥက္ကဋ္ဌ ဖြစ်လာသလိုမျိုး မလွယ်ကူပါဘူး။
ကျွန်တော်တို့ ဘဝတွေဟာ အနိမ့်အမြင့် မညီတဲ့ လှေခါးထစ်တွေကို နင်းဖြတ်ခဲ့ရတာပါ။
ကျနော်တို့က ဘဝစုံခဲ့ပါတယ်။
မနက်မိုးလင်းတာနဲ့ လက်ဖက်ရည်ဆိုင် ထိုင်၊ အိမ်ကထည့်ပေးတဲ့ ထမင်းချိုင့်လေး ယူပြီး ရုံးသွား၊ အဲ့သည်လို ရိုးရှင်းတဲ့ဘဝမျိုးတော့ မဟုတ်ခဲ့ပါ။
အခု စာဖတ်သူဟာ ပင်လယ်ထဲ မရောက်ဖူးသူဆိုရင် စာဖတ်သူအတွေးထဲမှာ တစ်ခါမှ မတွေးဖူးတဲ့ ဘဝမျိုးတွေမှာ သင်္ဘောသားတွေက နေထိုင်ကြရသူတွေပါ။
ကျွန်တော်က သည်ခံစားချက်တွေကို မျှဝေချင်တာပါ။
သည်စာအုပ်ကလေး ထုတ်ဝေမယ်လို့ အစပြုလိုက်တော့ ရင်ထဲကနေ ဘယ်သူတွေကို ဖတ်စေချင်သလဲလို့ တွေးမိတယ်။
သင်္ဘောသားတစ်ယောက်က သည်စာအုပ်ကို ဖတ်မိရင် ကျွန်တော် ဘာကို ဆိုလိုသလဲ ချက်ချင်း သဘောပေါက်မှာပါ။
ကုန်းပေါ်က စာဖတ်ပရိသတ်အနေနဲ့ မကြုံဖူးတဲ့ ပင်လယ်ပြင် အတွေ့အကြုံကို သူတို့ ဘယ်လိုပုံဖော်မလဲ။
ကျွန်တော့်ရဲ့ စာတွေကပြောတဲ့ စကားတွေကို သူတို့ နားလည်ပါ့မလား။
အဲ့ဒါက ကျွန်တော့်အတွက် စိန်ခေါ်မှုတစ်ရပ်ပါပဲ။
ကျွန်တော်က စာဖတ်သူကို ရသပေးချင်သူပါ။
စာဖတ်သူရင်ထဲ ခံစားမှုတစ်စုံတစ်ရာကျန်ခဲ့စေချင်သူပါ။
ကျွန်တော် အတတ်နိုင်ဆုံး စာဖတ်သူ နားလည်ခံစားလို့ ရအောင် ကြိုးစားရေးသားထားပါတယ်။ စာအုပ်ကို ခံစားကြည့်ရင်း ရသ တစ်စုံတစ်ရာ ရင်ထဲကျန်ခဲ့တယ်ဆိုရင် ကျွန်တော့်အနေဖြင့် ရေးသားရကျိုးနပ်ပြီဟု ခံယူမိပါကြောင်း... "
------------
ဒီစာအုပ်လေးကို ဖတ်လိုက်ရတဲ့သူတွေအနေနဲ့ နိုင်ငံရပ်ခြားမှာ အလုပ်သွားလုပ်နေတဲ့ သူတစ်ယောက်ရဲ့ ခံစားချက်ကို သေချာပေါက် သိသွားမှာ၊ သေချာပေါက် နားလည်သွားမှာဖြစ်သလို ကိုယ်တိုင်ကလည်း တစ်နယ်တစ်ကျေးရောက်နေရသူဆိုရင်တော့ ဒီစာအုပ်ဟာ ကိုယ်နဲ့ထပ်တူပါလားဆိုတဲ့ စိတ်ခံစားချက်ကို ပေးမှာပါ။
Credit
#လွမ်းမောမိသောအတိတ်နေ့ရက်များ

Alberto Benveniste စာပေဆုရ ကာရိုလင်းဘွန်းဂရွန်းရဲ့ "ဘော့စဖိုက ကလေးငယ်" စာအုပ်ကို နီနီဦး (ပါရီ-ဆိုဘွန်းတက္ကသိုလ်)က ဘာသာပြ...
11/04/2026

Alberto Benveniste စာပေဆုရ ကာရိုလင်းဘွန်းဂရွန်းရဲ့ "ဘော့စဖိုက ကလေးငယ်" စာအုပ်ကို နီနီဦး (ပါရီ-ဆိုဘွန်းတက္ကသိုလ်)က ဘာသာပြန်ထားတဲ့ စာအုပ်...
----

ဒီစာအုပ်လေးကို Cover Design လုပ်ဖို့ဆိုပြီး ဖတ်လိုက်မိတဲ့အချိန်ကစလို့ ပြီးတဲ့အထိ လက်ကမချစတမ်းဖတ်မိသွားတယ်ဆိုရင် ယုံမယ်မထင်။
စာအုပ်ထုတ်ဝေသူတစ်ယောက်အနေနဲ့မဟုတ်ဘဲ စာဖတ်သူတစ်ယောက်အနေနဲ့ ပြောရရင် နင့်နင့်နဲနဲ ခံစားမှုရသတွေကို ပေးနိုင်တဲ့ စာအုပ်တစ်အုပ်ပါပဲ။
* စာအုပ်ရဲ့အစပိုင်းမှာ ဘာကြောင့်များ ကလေးလေး ဒီလိုဖြစ်ရတာလဲဆိုတဲ့ သိချင်ဇောနဲ့ ဖတ်မိတယ်။

* အလယ်လောက်ရောက်တော့ ကလေးလေးကို သူ့မိဘတွေ လက်လွှတ်ဆုံးရှုံးလိုက်ရတော့မှာလားဆိုတဲ့အတွေးနဲ့ သိချင်စိတ်တွေနဲ့ ဖတ်မိတယ်။

* ဟော နောက်တစ်နေရာရောက်တော့ ငယ်သေးတဲ့အရွယ်မှာတောင် တာဝန်ယူတတ်တဲ့သူ့ရဲ့စိတ်နဲ့ လူသားဆန်မှုကို ဂရုပြုမိတယ်။

* နောက်တစ်နေရာရောက်တော့ ကိုယ့်အတွက်ကိုယ်မကြည့်ဘဲ ဒုက္ခရောက်နေတဲ့ သူ့လူမျိုးတွေအတွက် ကြည့်ပြီး ကိုယ်ကျိုးစွန့်တဲ့သူ့ရဲ့လမ်းခရီးမှာ အဆင်ပြေချောမွေ့ပါ့မလားလို့ စိတ်တထင့်ထင့်...

* လူတိုင်းအထင်ကြီးနေတဲ့နေရာကို ရောက်််််််သွားတဲ့အခါမှာရော အထင်ကြီးအားကျစရာတကယ်ကောင်းရဲ့လား...

ဆက်ပြောရရင် တစ်အုပ်လုံးကို ချပြမိတော့မယ် 😄

ဒီစာအုပ်ထဲမှာ ကြောက်စရာကောင်းတဲ့စိတ်ထားတွေ၊ တစ်ကိုယ်ကောင်းဆန်မှုတွေ၊ အတ္တတွေကို မြင်ရမယ့်အပြင်

မိခင်တစ်ယောက်ရဲ့ မေတ္တာကိုလည်း လုံး၀ကွက်ကွက်ကွင်းကွင်းမြင်ရအောင်ကို ပုံဖော်ရေးသားနိုင်တဲ့ စာအုပ်ကောင်းလေးတစ်အုပ်ပါ။

ဘာသာပြန်စာအုပ်ကောင်းတစ်အုပ်ကို ဖတ်ဖို့ ရှာနေတယ်ဆိုရင်တော့...
ဒီစာအုပ်က လုံး၀ကို ရွေးချယ်သင့်တဲ့စာအုပ်လေးလို့ ပြောပါရစေ...

စာအုပ်စဖတ်မယ်လို့ ရည်ရွယ်ရင် ပိတ်ရက် သို့မဟုတ် နေ့လယ်နေ့ခင်း အချိန်လေးမှာ စပြီး ဖတ်ဖို့ အကြံပေးပါရစေ... ဘာကြောင့်လဲဆိုတော့ လက်ကနေစကိုင်ပြီးတာနဲ့ ချချင်မှာမဟုတ်တော့လို့ပါပဲ။

Alberto Benveniste စာပေဆုကို ဘာကြောင့် ထိုက်ထိုက်တန်တန်ရထားလဲဆိုတာ စာအုပ်လေးကို ဖတ်ကြည့်ပါလို့...

Preorder မှာယူသူတိုင်းကို Deli Free နဲ့ ပို့ပေးမှာ ဖြစ်ပါတယ်ရှင်။

စာအုပ်လေးက ဇန်နဝါရီလ ပထမပတ်မှာ ထွက်မှာ ဖြစ်ပါတယ်။

✍️ စာရေးသူ = နီနီဦး (ပါရီ-ဆိုဘွန်းတက္ကသိုလ်)
✍️ စာအုပ်အမည် = ဘော့စဖိုက ကလေးငယ်
✍️ စာမျက်နှာအရေအတွက် = ၆၁၀ မျက်နှာ
✍️ စာအုပ်တန်ဖိုး = ၂၂,၀၀၀ ကျပ်

စာအုပ်ထွက်တာနဲ့ အိမ်ရောက်ပို့တဲ့ Delivery Service တွေနဲ့ ချိတ်ဆက်ပြီး ပို့ပေးမှာဖြစ်တာမို့ PN Publishing House Page Messenger မှာ နာမည်၊ ဖုန်းနံပါတ်၊ လိပ်စာအပြည့်အစုံကို ပို့ထားပေးနော်။

Messenger Link : http://m.me/2115991718629897

'Enfant_du_Bosphore_Robert_Laffont_2004
#ဘာသာပြန်စာအုပ် #ဘာသာပြန်၀တ္ထု

Address

No. 125, 46th Street, Botahtaung Township
Yangon
11121

Opening Hours

Monday 09:00 - 17:30
Tuesday 09:00 - 17:30
Wednesday 09:00 - 17:30
Thursday 09:00 - 17:30
Friday 09:00 - 17:30
Saturday 10:00 - 18:30
Sunday 10:00 - 18:30

Website

Alerts

Be the first to know and let us send you an email when Hsu - Online Shop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share