ခုနှစ်စဉ်ကြယ် KSK

Call Directions

ခုနှစ်စဉ်ကြယ် KSK Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from ခုနှစ်စဉ်ကြယ် KSK, Shopping Service, Yangon.

16/01/2021

Good Night !

15/01/2021

Good Night!

လောကမှာအရာအားလုံးဆန့်ကျင်ဘက်နိယာမတွေရှိတယ်။အချစ် ≠ အမုန်းအနိုင် ≠ အရှုံးအမှန် ≠ အမှား အနိမ့် ≠ အမြင့်ချမ်းသာ ≠ ဆင်းရဲ......
17/09/2020

လောကမှာအရာအားလုံးဆန့်ကျင်ဘက်နိယာမတွေရှိတယ်။
အချစ် ≠ အမုန်း
အနိုင် ≠ အရှုံး
အမှန် ≠ အမှား
အနိမ့် ≠ အမြင့်
ချမ်းသာ ≠ ဆင်းရဲ...စသဖြင့်ပေါ့။

လူအများစုဟာ ကိုယ့်စိတ်ထဲမှာ #သူဟာကိုယ့်ထက်သာနေတယ်ဆိုတဲ့စိတ်ခံစားမှုရှိလာပြီဆိုရင် - မတူညီတဲ့စိတ်ခံစားမှုတွေဖြစ်လာကြတယ်။လူတချို့က #မနာလိုစိတ် ဝင်ကြတယ်၊ လူတချို့က #အထင်ကြီးစိတ် ဝင်ကြတယ်၊လူတချို့ကြပြန်တော့ #အားကျတဲ့စိတ် နဲ့အတုယူချင်စိတ်ဝင်ကြတယ်။

အကယ်၍များ " #သူဟာကိုယ့်ထက်နိမ့်ပါးတယ်လို့မြင်လာရင် - စိတ်ခံစားမှုတွေမတူညီကြပြန်ဘူး။ လူတချို့က #နှိမ့်ချကဲ့ရဲ့ချင်စိတ် ဝင်ကြတယ်။ လူတချို့က #ငြင်းပယ်အနိုင်ကျင့်ချင်စိတ် ဝင်ကြတယ်။ လူတချို့ကျတော့လဲ #သနားကြင်နာစိတ်နဲ့ ‌ဖေးမချင်ကြတယ်။

"လူတွေဟာ #ကျရှုံးသွားတဲ့လူတစ်ယောက်ရဲ့အတွေ့အကြုံထပ်အောင်မြင်ပြီးသားလူတစ်ယောက်ရဲ့အကြံပြုမှုကိုပဲနားထားချင်ကြတယ်။"

ကျရှုံးသွားတဲ့လူဟာလဲတစ်ချိန်က‌အောင်မြင်မှုတွေရခဲ့တဲ့ ချန်ပီယံတစ်ယောက်မဖြစ်နေနိုင်ဘူးလား?
တစ်ခါမှမရှုံးဖူးတဲ့အောင်မြင်ပြီးတဲ့အောင်မြင်နေတဲ့သူလား?

#ကျရှုံးသူရဲ့အတွေ့အကြုံဟာအောင်မြင်သူတစ်ယောက်ရဲ့အကြံပြုမှုထပ် ကျနော်တို့ကိုပိုပြီးအောင်မြင်လာစေမယ်လို့ယုံကြည်လိုရမလား။

ဥပမာဗျာ - ကျနော်တို့ငယ်ငယ်ကသင်္ချာမှာ (Diceတွေနဲ့တွက်တဲ့ပုစ္ဆာထင်တယ်) "Probability Theory" (ဖြစ်နိုင်ခြေသီအိုရီ)အရပေါ့
#ရှုံးနိမ့်စေတဲ့အမှားတွေဖယ်လိုက်ရင်အောင်မြင်ဖို့ပိုနီးစပ်လာနိုင်လေပဲ။
(ပန်းသီးတစ်လုံးရဲ့ ပုပ်နေတဲ့အပိုင်းကိုဖယ်လိုက်ရင်ကျန်နေတဲအပိုင်းဟာစားလို့ရတဲ့အပိုင်ဆိုတာသေချာသလောက်ပါပဲ)

#ကျရှုံးသူရဲ့အတွေ့အကြုံစကားတွေကိုRejectလုပ်ပြီး အောင်မြင်သူရဲ့စေညွှန်းရာ အောင်မြင်ရေးနည်းလမ်းတွေနောက်လိုက်ရင်းလိုက်ရင်း ခလုတ်တိုက်ပြီးမလဲကျဘူး ၊မကျရှုံးစေရဘူးလိုဘယ်နှစ်ရာနှုန်းအာမခံနိုင်မှာလဲ။ လဲကျပြီးပြန်ထနိုင်မထနိုင်ဆိုတာသေချာပါ့မလား။ ဒါဆိုရင်မလဲကျအောင် မရှုံးနိမ့်အောင်ဘယ်လိုလုပ်ရမလဲ? ဘယ်လိုလုပ်မှမလဲကျ မကျရှူံမှာလဲ ဆိုတဲ့ #ကျရှုံးသူရဲ့အတွေ့အကြုံဟာပိုပြီးမလိုအပ်ဘူးလား။ ဘောလုံးပွဲပဲဖြစ်ဖြစ် စစ်မြေပြင်ပဲဖြစ်ဖြစ် တိုက်စစ်ရော ခံစစ်ရောအရေးပါပါတယ်။ တိုက်စစ်ဆင်ဖို့တစ်ခုထဲနဲ့‌တော့အောင်မြင်မှုကိုရနိုင်ဖို့ဝေးပါတယ်။

(စာအုပ်ဆိုင်တွေရောက်ရင်ဖြစ်ဖြစ်onlineပေါ်မှာဖြစ်ဖြစ်အောင်မြင်ရေးနည်းလမ်းတွေအကြောင်းပဲတွေ့နေရတယ်။ "ကျရှုံးစေသောနည်းလမ်းများ" စာအုပ်ကိုကျနော်ရေးနေတယ်။😁😁)

ရဲ့အတွေးတစ
(17-Sep-2020)

08/06/2020

Online Shopping လေးလုပ်ဖို့စိတ်ကူးထားတယ်။ဘာတွေရောင်းရင်ကောင်းမလဲမိတ်ဆွေတို့။😁😁

Address

Yangon

Telephone

+959788700088

Website

Alerts

Be the first to know and let us send you an email when ခုနှစ်စဉ်ကြယ် KSK posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share