ချစ်စရာ Online Store

ချစ်စရာ Online Store Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from ချစ်စရာ Online Store, Shopping & retail, ဟံသာဝတီလမ်း, Yangon.

ကျတာဆိုလို့ စိတ်ဓါတ်ပဲ ကျန်တော့တာမို့ 😢🥲ရီစရာလေး တင်မိပါသည်။
29/05/2024

ကျတာဆိုလို့ စိတ်ဓါတ်ပဲ ကျန်တော့တာမို့ 😢🥲
ရီစရာလေး တင်မိပါသည်။

ကိုယ်တိုင်ရောသား၊သမီး မိသားစု၊ အသိုင်းအဝိုင်း၊ သူငယ်ချင်းတွေအပေါ် သတိပြုသင့်တာလေးဖြစ်သလို ဆင်ခြင်သင့်တာမို့ copy တင်ခြင်...
27/01/2024

ကိုယ်တိုင်ရော
သား၊သမီး မိသားစု၊ အသိုင်းအဝိုင်း၊ သူငယ်ချင်းတွေအပေါ် သတိပြုသင့်တာလေးဖြစ်သလို ဆင်ခြင်သင့်တာမို့ copy တင်ခြင်းဖြစ်ပါသည်။

"မိသားစုတွေထဲမှာ အပြစ်တင်ခြင်းဟာ
စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုပါ "

ကိုယ့်ကိုအပြစ်တွေ ခဏခဏအတင်ခံရတဲ့ ပတ်ဝန်းကျင်မှာ ဘယ်သူမှနေချင်ကြမှာ မဟုတ်ဘူးလေ ​။ ငါက သူ့ကို ကောင်းစေချင်လို့ စေတနာနဲ့ပြောနေတာကို မနေချင်လည်း နေပေါ့လို့ ပြောတတ်ကြတယ်။ တကယ်တော့ ဘယ်သူမှ မနေချင်ကြပါဘူး။

သေးသေးလေးကအစ အပြစ်မြင်နေရင် အပြောခံရသူဘက်ကလည်း တွေးလာတော့မှာပဲလေ။ ဘာလို့ အပြစ်မရှိမပြစ်ရှာနေတာလဲပေါ့။ ချစ်တဲ့မျက်စိနဲ့ကြည့်ရင် ပြောပုံဆိုပုံခြင်းတောင် ကွာတတ်ကြပါတယ်။

ဒီအချိန်မှာ အပြောခံရတာများလာတဲ့လူဟာလည်း
တခုခုဆို ပြန်တုံ့ပြန်ဖို့ပြင်နေပါပြီ ။ စိတ်လက်ပေါ့ပါးစွာနဲ့ စကားပြောဖို့တောင် သူ့အတွက်ခက်နေပါပြီ။ သူဘာပြောပြော သူဘာလုပ်လုပ် အပြစ်တင်ခံနေရတာလေ။ သူ့အတွေးထဲမှာ ငါ့ကို ဘယ်တော့များ အပြောခံရအုံးမလဲဆိုတဲ့ အတွေးတွေနဲ့။ အဲ့လူနားရောက်ရင် တင်းကျပ်နေပြီး မလုပ်ရဲမကိုင်ရဲနဲ့ ဘာအရည်အသွေးမှ ထွက်မလာတော့ပါဘူး ။

ဒါကို လောင်းရိပ်မိတယ်လို့လည်း သုံးနှုန်းတတ်ကြတယ်။ အမှန်ပါပဲ.. လောင်းရိပ်မိနေတဲ့သစ်ပင်ဟာ ကြီးထွားဖွံ့ဖြိုးဖို့ နှေးကွေးသလို အပြစ်တင်ခံနေရတဲ့ ပတ်ဝန်းကျင်မှာ ကြီးပြင်းလာတဲ့ကလေးတွေဟာ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုအားနည်းတတ်ပါတယ်။ တခြားအရာတွေအပေါ် အကောင်းမြင်စိတ်လည်း ပျောက်ကွယ်နေတတ်တယ်။ သူကိုယ်တိုင်က အဆိုးမြင်ခံနေရတော့ အကောင်းမြင်တယ်ဆိုတာ ဘာမှန်းမသိတော့ဘူး။ တခြားသူတွေကိုလည်း အဲ့လိုပဲဆက်ဆံသွားတော့တာ။ ပညာမတတ်... မျက်စိပွင့်နားပွင့်လည်းမရှိ...စာလည်းမဖတ်တဲ့ လူ့အသိုင်း အဝိုင်းတစ်ခုဟာ အ​ပြောအဆိုတွေ ရုန့်ရင်းကြမ်းတမ်းပြီး နောက်ဖြစ်လာတဲ့ မျိုးဆက်တွေကလည်း မုန့်လုံးစက္ကူကပ်နေတော့တာ။

ဒါကြောင့် မိသားစုအတွင်း...သူငယ်ချင်းတွေကြား ပေါင်းသင်းဆက်ဆံရေးအဆင်ပြေချင်တယ်ဆိုရင် အပြစ်တင်တာတွေ လျော့ကြပါလို့။ ဖြစ်လာတဲ့ကိစ္စတွေကို အပြစ်တင်နေတာထက် အတူရင်ဆိုင်ဖြေရှင်းပေးလိုက်ရင် ကောင်းမွန်တဲ့ဆက်ဆံရေးလေးတည်ဆောက်နိုင်ပြီး...အေးချမ်းမှုကို ခံစားရတဲ့ပတ်ဝန်းကျင်ကနေ ဘယ်သူမှထွက်သွားတော့မှာ မဟုတ်တော့ပါဘူး။ မိသားစုအတွင်းမှာလည်း အချင်းချင်း နားလည်နိုင်ကြပါစေလို့ ဆန္ဒပြုရင်း...။


မူရင်းရေးသားသူကို လေးစားလျှက်။

ပီကိုးလ်
Credit

Address

ဟံသာဝတီလမ်း
Yangon
01030

Telephone

+959420107838

Website

Alerts

Be the first to know and let us send you an email when ချစ်စရာ Online Store posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share