Htet Wai Healthcare Shop

Htet Wai Healthcare Shop Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Htet Wai Healthcare Shop, Shopping & retail, Yangon.

ကျန်းမာခြင်းသည် ချမ်းသာခြင်းဖြစ်သည်။

အရိုးကျီးပေါင်း လေးဖြန်း လေးဘက် အကြောရောဂါအမျိုးမျိုး၊အရေပြားဝေဒနာအမျိုးမျိုး နှင့် ယားနာဝေဒနာအမျိုးမျိုး ဆေးဖြန့်ချီရေး။

ဝယ်ပြီးပစ္စည်းပြန်မလဲပေးပါ ငွေပြန်မအမ်းပါ ။

☎️ 09-952-900-975

ဆေးရည်လေးတော့ ဝင်ထားပါတယ်။ကပ်ခွါလေးကတော့ နောက်အပတ်လောက်ရောက်ပါမယ်။ကပ်ခွါမေးထားတဲ့ မိတ်ဆွေတွေ အကြောင်းပြန်ပေးပါမယ် ဆေးရည်...
07/09/2026

ဆေးရည်လေးတော့ ဝင်ထားပါတယ်။
ကပ်ခွါလေးကတော့ နောက်အပတ်လောက်ရောက်ပါမယ်။

ကပ်ခွါမေးထားတဲ့ မိတ်ဆွေတွေ အကြောင်းပြန်ပေးပါမယ် ဆေးရည်မေးထားတဲ့ မိတ်ဆွေတွေကိုလဲ မနက်ဖြန်တော့အကြောင်းပြန်ပေးပါမယ်။

သိလိုရာအကြောင်းအရာများအတွက်
Cb or 09952900975

ဘယ်ဟာက ဘယာကြော်လဲ😬
07/09/2026

ဘယ်ဟာက ဘယာကြော်လဲ😬

ရှမ်းဇီးသီး
06/09/2026

ရှမ်းဇီးသီး

 #ငါးကြီးဆီသောက်တဲ့အခါ Omega-3 နဲ့ Omega-3-6-9 ဘယ်ဟာက ပိုကောင်းလဲ? 💊🤔မင်္ဂလာပါခင်ဗျာ…..ဒေါက်တာရဲ ဖြစ်ပါတယ်။ ဆေးဆိုင်တွေမ...
30/08/2026

#ငါးကြီးဆီသောက်တဲ့အခါ
Omega-3 နဲ့ Omega-3-6-9 ဘယ်ဟာက ပိုကောင်းလဲ? 💊🤔

မင်္ဂလာပါခင်ဗျာ…..ဒေါက်တာရဲ ဖြစ်ပါတယ်။

ဆေးဆိုင်တွေမှာ ငါးကြီးဆီ သွားဝယ်တဲ့အခါ Omega-3 သီးသန့်ရှိသလို၊ Omega-3-6-9 ဆိုပြီး ဂဏန်း ၃ လုံးပါတဲ့ ဆေးဘူးတွေကိုပါ တွေ့ရတတ်ပါတယ်။ အဲ့ဒီအခါ လူတော်တော်များများက "ဂဏန်းတွေ အများကြီးပါလေ၊ ကိုယ်ခန္ဓာအတွက် ပိုပြီးပြည့်စုံလေ၊ ပိုကောင်းလေပဲ" လို့ ထင်ပြီး 3-6-9 ကို ရွေးဝယ်တတ်ကြပါတယ်။

ဒါပေမယ့် တကယ်ပဲ ဂဏန်းများတိုင်း ပိုကောင်းတာလား?
Omega 3 နဲ့ 3-6-9 ဘာတွေ ကွာခြားလဲဆိုတာ ဆက်ဖတ်ကြည့်လိုက်ရအောင်။

❓ Omega 3 နဲ့ Omega 3-6-9 ဘာကွာလဲ?
ကွာခြားချက်ကို သိဖို့ဆိုရင် ဒီ အဆီဓာတ် (၃) မျိုးရဲ့ သဘာဝကို အရင်သိဖို့ လိုပါတယ်။

* 🐟 Omega-3: သူက ခန္ဓာကိုယ်ကနေ သဘာဝအတိုင်း လုံးဝ မထုတ်လုပ်နိုင်တဲ့ အဆီတမျိုး (Essential fatty acid) ဖြစ်ပါတယ်။ ဒါကြောင့် ငါးဟင်းစားတာ၊ ငါးကြီးဆီသောက်တာတွေကနေ မဖြစ်မနေ ရယူရပါတယ်။ သူက ခန္ဓာကိုယ်တွင်း ရောင်ရမ်းမှုတွေကို ကျဆင်းစေပြီး နှလုံးနဲ့ ဦးနှောက်ကို အဓိက ကာကွယ်ပေးပါတယ်။

* 🌻 Omega-6: သူလည်း ခန္ဓာကိုယ်က မထုတ်လုပ်နိုင်ပါဘူး။ ဒါပေမယ့် သူက ကျွန်တော်တို့ နေ့စဉ်စားသောက်နေတဲ့ ဟင်းသီးဟင်းရွက်ဆီတွေ (နေကြာဆီ၊ ပဲဆီ၊ ပြောင်းဖူးဆီ) နဲ့ ကြော်လှော်ထားတဲ့ အစားအစာတွေမှာ အများကြီး ပါဝင်ပြီးသား ဖြစ်ပါတယ်။

* 🥑 Omega-9: သူကတော့ ခန္ဓာကိုယ်ကနေ သူ့အလိုလို ပြန်လည်ထုတ်လုပ်နိုင်တဲ့ (Non-essential) အဆီဓာတ်ပါ။ သံလွင်ဆီ၊ ထောပတ်သီး နဲ့ အခွံမာသီးတွေကနေလည်း အလွယ်တကူ ရနိုင်ပါတယ်။

🌟 Omega-3-6-9 ရဲ့ ကောင်းကျိုးများ
Omega-3-6-9 အားဆေးတွေမှာ ဒီအဆီဓာတ် (၃) မျိုးစလုံးကို အချိုးကျ ပေါင်းစပ်ထည့်သွင်းပေးထားပါတယ်။ သူ့ရဲ့ အဓိက ကောင်းကျိုးတွေကတော့ -
* နှလုံးသွေးကြောကျန်းမာရေးကို အထောက်အကူပြုခြင်း (Omega-3 & 9)
* အရေပြားခြောက်သွေ့ခြင်းကို သက်သာစေပြီး အသားအရေ စိုပြည်စေခြင်း (Omega-6 ရဲ့ အားသာချက်)
* ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးခြင်း
* ဦးနှောက်နဲ့ အာရုံကြော လုပ်ဆောင်မှုတွေကို ကောင်းမွန်စေခြင်း တို့ပဲ ဖြစ်ပါတယ်။

🚨 ဒါဆိုရင် ဘယ်ဟာကို ရွေးဝယ်သင့်သလဲ?
ဆေးပညာရှင်တွေနဲ့ အာဟာရပညာရှင်တွေရဲ့ အဆိုအရ သာမန်လူအများစုဟာ Omega-3-6-9 ကို ပိုက်ဆံပိုပေးပြီး သောက်ဖို့ မလိုအပ်ပါဘူး။

"Omega-3 (ငါးကြီးဆီ) သီးသန့်" ကိုသာ ရွေးချယ်သောက်သုံးသင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့... ကျွန်တော်တို့ မြန်မာလူမျိုးတွေရဲ့ နေ့စဉ် စားသောက်မှုပုံစံ (ဆီပြန်ဟင်းတွေ၊ ဆီကြော်စာတွေ) မှာ Omega-6 တွေ လိုအပ်တာထက်တောင် ပိုပြီး စားသုံးမိနေကြလို့ပါပဲ။ Omega-9 ကလည်း ကိုယ်ခန္ဓာကနေ အလိုလို ထုတ်ပေးနိုင်ပြီးသားပါ။ ဒါကြောင့် omega 6 နဲ့ 9 ကိုအထူးတလည် ထပ်သောက်စရာ မလိုပါဘူး။

ကိုယ်တကယ် လိုအပ်နေတာက Omega-3 သာလျှင် ဖြစ်တဲ့အတွက် ဂဏန်းများတိုင်း ပိုကောင်းတယ်ဆိုပြီး 3-6-9 ကို ဝယ်သောက်မယ့်အစား၊ အသားတင် Omega-3 (EPA & DHA ပါဝင်မှုများသော ငါးကြီးဆီ) ကိုသာ ရွေးချယ်ဝယ်ယူဖို့ အကြံပေးတိုက်တွန်းချင်ပါတယ်။

(အကယ်၍ ဆရာဝန်က သင့်ရဲ့ ရောဂါအခြေအနေအရ 3-6-9 သောက်ဖို့ အထူးညွှန်ကြားထားတယ် ဆိုရင်တော့ သောက်နိုင်ပါတယ်ခင်ဗျာ။)

ကဲ... အခုဆိုရင် omega 3 နဲ့ omega 3-6-9 ဘာတွေကွာခြားလဲ?ဆိုတာ သေချာသိသွားလောက်ပြီ ထင်ပါတယ်။ ဒီ Post လေးက သင့်အတွက် အကျိုးရှိတယ်ဆိုရင် တခြားသူတွေပါ သိသွားအောင် Share လုပ်ပြီး မျှဝေပေးလိုက်ပါဦး။

မိတ်ဆွေရော အခုလက်ရှိ Omega 3 သောက်နေတာလား 3-6-9 သောက်နေတာလားဆိုတာ comment မှာ ပြောပြခဲ့ပါဦးဗျ။

နေ့စဉ်နဲ့အမျှ လူတိုင်းအတွက် လက်တွေ့အသုံးတည့်မယ့် ဆေးပညာဗဟုသုတတွေကို ဆက်လက် တင်ဆက်ပေးသွားမှာမို့ Dr. Ye Page ကို Like & Follow လုပ်ထားပေးကြပါဦးခင်ဗျာ။

အားလုံးပဲ ကျန်းမာပျော်ရွှင်ကြပါစေ
ဒေါက်တာရဲ။


#ငါးကြီးဆီ #အားဆေးရွေးချယ်နည်း #ကျန်းမာရေးဗဟုသုတ
#ဒေါက်တာရဲ

မိုးအေးအေးနဲ့ အကြော်ပူပူလေး လိုက်ဖက်နေမှု့ကြီး 🥰
16/08/2026

မိုးအေးအေးနဲ့ အကြော်ပူပူလေး လိုက်ဖက်နေမှု့ကြီး 🥰

မဟာသမယသုတ် မြန်မာအသံထွက်ပါတာလေး။
16/08/2026

မဟာသမယသုတ် မြန်မာအသံထွက်ပါတာလေး။

၂၄နာရီအတွင်း ရာနှုန်းပြည့် မိုးကြီးမည့်ဒေသများအခုပိုစ့်တင်ချိန်မှ နောက်၂၄နာရီအတွင်း ရာနှုန်းပြည့် မိုးကြီးမယ့်ဒေသများကို...
09/08/2026

၂၄နာရီအတွင်း ရာနှုန်းပြည့် မိုးကြီးမည့်ဒေသများ

အခုပိုစ့်တင်ချိန်မှ နောက်၂၄နာရီအတွင်း ရာနှုန်းပြည့် မိုးကြီးမယ့်ဒေသများကိုသာ ဒီပိုစ့်ထဲမှာ ရွေးထုတ်တင်ပြထားတာပါ။ ကျနော့်မိုးသတင်း ပိုစ့်တိုင်းမှာ ပိုစ့်တင်တဲ့အချိန်ကို ပိုစ့်ရဲ့အောက်ဆုံးမှာ ထည့်သွင်းဖော်ပြပေးထားပါတယ်ဗျ။ ရာနှုန်းပြည့် မိုးကြီးမယ်ဆိုတာက သေချာပေါက် မိုးကြီးမယ်လို့ ပြောတာပါ။

ကချင်ပြည်နယ်
ရာနှုန်းပြည့် မိုးကြီးမည့်ဒေသ မရှိပါ။

ကယားပြည်နယ်
ဒေသအားလုံးတွင် ရာနှုန်းပြည့် မိုးကြီးမည်။

ကရင်ပြည်နယ်
ဒေသအားလုံးတွင် ရာနှုန်းပြည့် မိုးကြီးမည်။

ချင်းပြည်နယ်
ရေဇွာ၊ မတူပီ၊ ဆမီး၊ ပလက်ဝ၊ မင်းတပ်၊ ကန်ပက်လက်။

မွန်ပြည်နယ်
ဒေသအားလုံးတွင် ရာနှုန်းပြည့် မိုးကြီးမည်။

ရခိုင်ပြည်နယ်
ဒေသအားလုံးတွင် ရာနှုန်းပြည့် မိုးကြီးမည်။

ရှမ်းပြည်နယ်မြောက်ပိုင်း
မဘိမ်း၊ မိုးမိတ်၊ နောင်ချို။

ရှမ်းပြည်နယ်အရှေ့ပိုင်း
ရာနှုန်းပြည့် မိုးကြီးမည့်ဒေသ မရှိပါ။

ရှမ်းပြည်နယ်တောင်ပိုင်း
ဒေသအားလုံးတွင် ရာနှုန်းပြည့် မိုးကြီးမည်။

စစ်ကိုင်းတိုင်းအထက်ပိုင်း
တမူး၊ ခမ်းပတ်၊ ကောလင်း၊ ဝန်သို၊ ပင်လည်ဘူး၊ ကသာ၊ အင်းတော်၊ ထီးချိုင့်၊ ဗန်းမောက်။

စစ်ကိုင်းတိုင်းအောက်ပိုင်း
စစ်ကိုင်း၊ ဝက်လက်၊ ရွှေဘို၊ ရေဦး၊ ခင်ဦး၊ ဒီပဲယင်း၊ တန့်ဆည်၊ ကန့်ဘလူ၊ ကျွန်းလှ။

မန္တလေးတိုင်း
တကောင်း၊ သပိတ်ကျင်း၊ မိုးကုတ်၊ မတ္တရာ၊ ပုသိမ်ကြီး၊ မဟာအောင်မြေ၊ အောင်မြေသာစံ၊ ပြည်ကြီးတံခွန်၊ ချမ်းအေးသာစံ၊ ချမ်းမြသာစည်၊ ပလိပ်၊ မြစ်ငယ်၊ အမရပူရ၊ ပြင်ဦးလွင်၊ တံတားဦး၊ စဉ့်ကိုင်၊ ကျောက်ဆည်၊ ကူမဲ၊ မြစ်သား၊ ဝမ်းတွင်း၊ သဲတော၊ မိတ္ထီလာ၊ သာစည်၊ ပြည်ညောင်၊ ပျော်ဘွယ်၊ ရမည်းသင်း။

မကွေးတိုင်း
ဆော၊ ထီးလင်း၊ မြို့သစ်၊ နတ်မောက်၊ တောင်တွင်းကြီး၊ ဆင်ပေါင်ဝဲ၊ သရက်၊ မင်းတုန်း၊ အောင်လံ၊ ကျောက်ပန်းတောင်းရွာ၊ ရွှေပန်းတောရွာ၊ အောက်ကံမ။

နေပြည်တော်
ဒေသအားလုံးတွင် ရာနှုန်းပြည့် မိုးကြီးမည်။

ပဲခူးတိုင်းအရှေ့ပိုင်း
ဒေသအားလုံးတွင် ရာနှုန်းပြည့် မိုးကြီးမည်။

ပဲခူးတိုင်းအနောက်ပိုင်း
ဒေသအားလုံးတွင် ရာနှုန်းပြည့် မိုးကြီးမည်။

ရန်ကုန်တိုင်း
ဒေသအားလုံးတွင် ရာနှုန်းပြည့် မိုးကြီးမည်။

ဧရာဝတီတိုင်း
ဟင်္သတ၊ ဇလွန်၊ ကျုံပျော်၊ ရေကြည်၊ ကျောင်းကုန်း၊ အသုတ်၊ အထောင်၊ ပုသိမ်၊ ကန်ကြီးထောင့်၊ ငပုတော၊ သာပေါင်း၊ မအူပင်၊ ပန်းတနော်၊ ညောင်တုန်း၊ ဓနုဖြူ၊ မြောင်းမြ၊ အိမ်မဲ၊ ဝါးခယ်မ၊ ဖျာပုံ၊ ကျိုက်လတ်၊ ဒေးဒရဲ၊ လပွတ္တာ၊ ပြင်စလူ၊ ဟိုင်းကြီးကျွန်း၊ ငရုပ်ကောင်း၊ ချောင်းသာ၊ ငွေဆောင်၊ ရွှေသောင်ယံ။

တနင်္သာရီတိုင်း
ကလိန်အောင်၊ ရေဖြူ၊ မေတ္တာ၊ ထားဝယ်၊ လောင်းလုံး၊ သရက်ချောင်း၊ ပုလော၊ ပလောက်၊ ကျွန်းစု၊ မြိတ်။

ရာနှုန်းပြည့် မိုးရွာမယ့်ဒေသများနဲ့ ရာနှုန်းပြည့် မိုးကြီးမယ့်ဒေသများဆိုပြီး နှစ်ခုခွဲ တင်ပေးနေတာဖြစ်ပြီး ဒီစာရင်းထဲမှာတော့ ရာနှုန်းပြည့် မိုးကြီးမယ့်ဒေသတွေပဲ ပါဝင်ပါတယ်။ တချို့က နားမလည်ကြလို့ ထပ်တလဲလဲ မေးကြတာကြောင့် ပိုစ့်တင်တိုင်း သေသေချာချာ ရှင်းပြနေရတာ ဖြစ်ပါတယ်။ နောက်၂၄နာရီအတွင်း ရာနှုန်းပြည့် မိုးရွာမယ့်ဒေသတွေကိုတော့ လွန်ခဲ့တဲ့ နာရီပိုင်းလောက်က သီးသန့် ခွဲတင်ပေးပြီးပါပြီ။ ကျနော့်အကောင့်ထဲမှာ ဝင်ဖတ်လို့ရပါပြီဗျ။ ဒီစာရင်းထဲမှာ မိုးတိမ်တောင်တွေ အမြန်ဖြတ်သွားလို့ ယာယီမိုးကြီးတာမျိုး၊ ယာယီမိုးသည်းထန်တာမျိုး၊ နေရာကွက် မိုးကြီးတာမျိုး၊ နေရာကွက် မိုးသည်းထန်တာမျိုးတွေ မပါဝင်ပါဘူးဗျ။ ရာနှုန်းပြည့်မိုးကြီးမယ့်ဒေသတွေကိုသာ ရွေးချယ်တင်ပြပေးထားတာ ဖြစ်ပါတယ်ဗျ။ တစ်နာရီဝန်းကျင်လောက် ရေအိုးသွန်ချသလိုရွာပြီး မိုးရေချိန်များလို့ မိုးကြီးတာနဲ့ တစ်နေကုန် မိုးစွေရွာပြီး မိုးရေချိန်များလို့ မိုးကြီးတာဆိုပြီး နှစ်မျိုးရှိပါတယ်။ ဒီထဲမှာ နှစ်မျိုးစလုံး ပါဝင်ပါတယ်ဗျ။ နေ့လယ်က အစည်းအဝေးကြောင့် အပ်ဒိတ်တင်တာ နောက်ကျသွားတဲ့ မိုးသတင်းဖတ်ရှုသူ အားလုံးကို လေးလေးနက်နက် တောင်းပန်ပါတယ်ဗျ။

Issued Time: 9-08-2026/4:30PM
Derived from: Multi-Model Consensus (ECMWF, GFS, ICON, UKMO, GEM, JMA, WRF, PPD, ACCESS, GSM, CMA, NCUM, NCMRWF)
ဒေါက်တာ စိုင်းခွန်အာကာ

07/08/2026

စားချင်စဖွယ် 🤤

ရှီးပတီးအရိုးကျီးပေါင်းဆေးတပုလင်း - ၉၀၀၀ ကျပ်ဆယ်ပုလင်း - ၈၅၀၀ ကျပ်လိုအပ်ရင် Hello လိုက်ပါ။09952900975 or cb
03/08/2026

ရှီးပတီးအရိုးကျီးပေါင်းဆေး

တပုလင်း - ၉၀၀၀ ကျပ်
ဆယ်ပုလင်း - ၈၅၀၀ ကျပ်

လိုအပ်ရင် Hello လိုက်ပါ။

09952900975 or cb

ဘယ်မုန့်လေးပိုကြိုက်လဲ။
31/07/2026

ဘယ်မုန့်လေးပိုကြိုက်လဲ။

Address

Yangon

Opening Hours

Monday 08:00 - 21:00
Tuesday 08:00 - 21:00
Wednesday 08:00 - 21:00
Thursday 08:00 - 21:00
Friday 08:00 - 21:00
Saturday 09:00 - 21:00
Sunday 09:00 - 21:00

Telephone

+959952900975

Alerts

Be the first to know and let us send you an email when Htet Wai Healthcare Shop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share