01/08/2026
♌️ August ♍️
သြဂုတ်လရဲ့မွေးလပန်းလေးတွေကတော့ Gladiolus (သစ္စာပန်း) နဲ့ Poppy Flower (ဘိန်းပန်း) လေးပါ
🌷 Gladiolus ... သစ္စာပန်းလေးကတော့ ခွန်အားရှိခြင်း၊ တည်တံ့ခိုင်မာခြင်း၊ ကိုယ်ကျင့်တရားကောင်းမွန်ခြင်း၊ ရိုးသားခြင်း၊ အောင်မြင်ခြင်းနဲ့ဂုဏ်သိက္ခာ ဆိုတဲ့အဓိပ္ပါယ်ပါ။
အနီရောင်သစ္စာ ... အချစ်နဲ့ စိတ်အားထက်သန်မှု ပန်းရောင်သစ္စာ ... ကရုဏာနှင့် မိခင်မေတ္တာ
အဖြူရောင်သစ္စာ ... အပြစ်ကင်းစင်မှုနှင့် သန့်ရှင်းစင်ကြယ်မှု
အဝါရောင်သစ္စာ ... မိတ်ဆွေဖွဲ့မှုနှင့် ဝမ်းမြောက်မှု
ခရမ်းရောင်သစ္စာ ... ကံကောင်းမှုနှင့် အလှအပ
🌟 သစ္စာပန်းရဲ့ထူးခြားချက်က ... (နှစ်) အကြိမ် ၄၀ မြောက်နှစ်ပတ်လည်နေ့တွေမှာ ပေးကြတဲ့ အထိမ်းအမှတ်လက်ဆောင်ပန်းပါတဲ့ရှင်
🥀 Poppy Flower ... ဘိန်းပန်းလေးက အောက်မေ့သတိရခြင်း၊ ငြိမ်းချမ်းခြင်း၊ စိတ်ကူးဉာဏ်ထက်သန်ခြင်းနဲ့ အေးချမ်းစွာအိပ်စက်နိုင်ခြင်းစတဲ့ အဓိပ္ပါယ်တွေရှိပါတယ်။
🌟 ထူးခြားချက်ကတော့ ... ပထမကမ္ဘာစစ်အပြီးမှာ ကျဆုံးသွားတဲ့စစ်သားများအတွက် အနီရောင်ဘိန်းပန်းလေးတွေဟာ ကမ္ဘာလုံးဆိုင်ရာ အောက်မေ့ဖွယ်သင်္ကေတပန်းတစ်ခုအဖြစ် သမိုင်းရာဇဝင်တွင်ခဲ့တာပါပဲ
Just for sharing 💚
☘️MagicLeaf