19/05/2021
“အရေးပေါ်သောက်ရေ”
မင်းတပ်မြို့မှာ အရေးပေါ်ကယ်ဆယ်ရေးစခန်း Camps တချို့စဖွင့်နေပြီလို့ကြားသိရပါတယ်။
သောက်ရေကအစ အိမ်သာအဆုံးအခက်အခဲဖြစ်လာနိုင်ပါတယ်။
ဒီနေရာမှာ အများသောက်မယ့် သောက်ရေ အကြောင်း အနည်းငယ်ပြောပြပါရစေ။
စမ်းရေချောင်းရေဖြစ်ဖြစ် တနေရာက ရလာတဲ့ရေကို သောက်ရေဖြစ်အောင်လုပ်ဖို့ လိုပါတယ်။
ရေကိုကြိုချက်သောက်ဖို့ရန်ကလည်း လူအများအတွက် လုပ်ပေးရတာမို့ မလွယ်ကူနိုင်ပါ။ သောက်ရေသန့်စက်တွေနဲ့ Campမှာ ရေသန့်ပေးဝေဖို့ကလည်း အဆင်ပြေမယ်မထင်ပါ။ မြို့ထဲက ရေသန့်ပေးဝေရေးကနေ နေ့တိုင်း မနက်တခေါက် ညတခေါက် ရေဝေပေးဖို့ကလည်း ခက်ခဲနေဦးမှာပါ။
သောက်ရေရ/လုပ်ဖို့ နည်းလမ်းအများကြီးထဲက ကျနော်တို့ အကြံပြုချင်တာကတော့
၁ - Chlorination of Water (ကလိုရင်းဆေးထည့်ခြင်း)
၂ - Clay Vessel Filtration (မြေအိုးဖြင့်ရေစစ်ခြင်း ) ဆိုတဲ့ ဒီ (၂) နည်းပါ။
၁ - Chlorination of Water (ကလိုရင်းဆေးထည့်ခြင်း)
ရေ တလီတာ (1 Litre) ထဲကို Sodium Hypochlorite 500 milligram ထည့်ရမှာပါ။ ကိုယ်ရထားတဲ့ ကလိုရင်းဟာ ဘာအမျိုးအစားလဲ သေချာစိစစ်ပါ။ Calcium Hypochlorite, Sodium Hypochlorite ဆိုပြီးရှိတတ်ပါတယ်။
ကိုယ်ထည့်မယ့်ရေရဲ့ပမာဏကို အရင်သိအောင်လောက်ပြီး ဆေး ၅၀၀ မီလီဂရမ်ကို ရေတလီတာ နှုန်း နဲ့တွက်ချက်ပြီး ထည့်ရမှာပါ။ ကလိုရင်းထည့်ထားတဲ့ရေကို တချို့လူတွေကတော့ အနံ့အရသာ အနည်းငယ်လေး ပြောင်းတယ်လို့ ပြောကြပါတယ်။ ဒါပေမယ့် စိတ်ချလက်ချ သောက်လို့ ရပါတယ်။
၂ - Clay Vessel Filtration (မြေအိုးဖြင့်ရေစစ်ခြင်း)
မြေအိုး ဒါမှမဟုတ် အိုးတလုံးကို အောက်မှာ အပေါက်ဖောက်။ ပုံထဲမှာ ပြထားသလိုပဲ ကျောငက်စရစ်ချောတလွှာ သဲအကြမ်းတလွှာ သဲအချောတလွှာ ထည့်ပြီး ရေစစ်သောက်ရင်လည်းရပါတယ်။
အလှူရှင်တွေကလှူရင်လည်း Chlorine ဆေးလေးတွေ Handgel ကအစ အိမ်သာသုံးပစ္စည်းတွေကိုလည်း လှူစေချင်ပါတယ်ဗျာ
မင်းတပ်က သွေးချင်းတွေနဲ့ အနယ်နယ်အရပ်ရပ်က လူတွေ သိရအောင် Share ပေးကြပါဦး…
မင်းတပ်နဲ့ မြန်မာပြည်အရပ်ရပ်က ပြည်သူအားလုံး ကျန်းမာကြပါစေဗျာ…
Crd :EZ Care Team