Tsukimi Bookstore

Tsukimi Bookstore Tsukimi Bookstore

🎀𝐓𝐬𝐮𝐤𝐢𝐦𝐢 𝐂𝐨𝐥𝐥𝐞𝐜𝐭𝐢𝐨𝐧 🎀မင်မင်တို့ဆီမှာ Instock ရနိုင်တဲ့စာအုပ်လေးတွေပါရှင့် 📚♥️💁🏻‍♀️
15/07/2026

🎀𝐓𝐬𝐮𝐤𝐢𝐦𝐢 𝐂𝐨𝐥𝐥𝐞𝐜𝐭𝐢𝐨𝐧 🎀

မင်မင်တို့ဆီမှာ Instock ရနိုင်တဲ့စာအုပ်လေးတွေပါရှင့် 📚♥️💁🏻‍♀️


Tsukimi Sensei ရဲ့ Kanji by Radical စာအုပ်လေးက Kanji ကို အလွတ်ကျက်တာထက် နားလည်ပြီး မှတ်မိလွယ်အောင် ကူညီပေးတဲ့ စာအုပ်လေးပ...
14/07/2026

Tsukimi Sensei ရဲ့ Kanji by Radical စာအုပ်လေးက Kanji ကို အလွတ်ကျက်တာထက် နားလည်ပြီး မှတ်မိလွယ်အောင် ကူညီပေးတဲ့ စာအုပ်လေးပါ🤎💁🏻‍♀️

အဓိကအားသာချက်တွေကတော့

- Radical အလိုက် စုစည်းထားတာ
Kanji တွေကို 部首 (radical) အလိုက် အုပ်စုဖွဲ့ထားလို့ ဆက်စပ်မှုကို မြင်လွယ်ပါတယ်။ ဥပမာ **氵 (ရေ)** radical ပါတဲ့ Kanji တွေက ရေနဲ့ သက်ဆိုင်တဲ့ အဓိပ္ပာယ်ရှိတတ်တာကို သဘောပေါက်လာစေပါတယ်။

- Kanji ကို ခွဲပြီးနားလည်နိုင်တယ်
Kanji တစ်လုံးကို အစိတ်အပိုင်းတွေခွဲကြည့်နိုင်လာတဲ့အတွက် အသစ်တွေ့တဲ့ Kanji တချို့ကိုလည်း ခန့်မှန်းနားလည်ဖို့ အထောက်အကူဖြစ်ပါတယ်။

- မှတ်မိလွယ်စေတယ်
ပုံစံတူ Kanji တွေကို တစ်စုတည်း သင်ရတာကြောင့် တစ်လုံးချင်း သီးသန့်ကျက်တာထက် ပိုစွဲမြဲတတ်ပါတယ်။

- ပြန်နွေးရလွယ်တယ်
မေ့သွားတဲ့အခါ radical တစ်ခုကို ပြန်ကြည့်ရုံနဲ့ အဲဒီ radical ပါတဲ့ Kanji အုပ်စုကို တစ်ခါတည်း ပြန်လည်သတိရနိုင်ပါတယ်။

- JLPT လေ့လာသူတွေအတွက် အသုံးဝင်တယ်
N5၊ N4 ကနေ N3 အထိ လေ့လာတဲ့သူတွေအတွက် Kanji အခြေခံကို ခိုင်မာစေဖို့ အထောက်အကူဖြစ်နိုင်ပါတယ်။

စာလုံးအရေအတွက် ဘယ်လောက်များများ ဘယ်လောက်ပဲမှတ်ပီးမေ့မေ့ ဘယ်လောက်ပဲစာလုံးတွေရောရော Kanji By Radical စာအုပ်နဲ့ သေချာလေ့လာမယ်ဆိုရင်တော့ Kanji ကျွမ်းကျင်သူဖြစ်သွားပါလိမ့်မယ်နော်….😎🤎

Price – ၁၀,၀၀၀ ကျပ်


“ထီမပေါက်ဘူးဆိုတော့ စာလုပ်မှဖြစ်မှာနော် ပန်းသီး”👀💕ဆိုတဲ့အမှာစကားလေးနဲ့အတူ ဒီ Accပိုင်ရှင်လေးအတွက် Kanji Radical စာအုပ်လေ...
07/01/2026

“ထီမပေါက်ဘူးဆိုတော့ စာလုပ်မှဖြစ်မှာနော် ပန်းသီး”👀💕ဆိုတဲ့အမှာစကားလေးနဲ့အတူ ဒီ Accပိုင်ရှင်လေးအတွက် Kanji Radical စာအုပ်လေးနဲ့ N1 Kanji Workbook စာအုပ်လေး Surprise gift ရထားပါတယ်ရှင့်🎉🙆🏻‍♀️

မင်မင်တို့ဆီကို လိပ်စာ ဖုန်းနံပါတ်လေးပို့ထားပေးပါဦးနော်♡📝

သိတဲ့သူလေးတွေရှိရင် mention ပေးပါဦးရှင့်🌿



Kanji မရလို့ စိတ်ညစ်နေကြတဲ့သူတွေရှိလား။😪ဂျပန်စာမှာ အခက်ဆုံးက ဘာလဲလို့မေးရင် ကျောင်းသားတော်တော်များများက Kanji လို့ပဲ ဖြေ...
23/09/2025

Kanji မရလို့ စိတ်ညစ်နေကြတဲ့သူတွေရှိလား။😪

ဂျပန်စာမှာ အခက်ဆုံးက ဘာလဲလို့မေးရင် ကျောင်းသားတော်တော်များများက Kanji လို့ပဲ ဖြေကြပါလိမ့်မယ်။

✅Kanj ရဖို့အတွက်ဆိုရင် များများချရေးပါ။ Kanji ကို အသံထွက်ပြီး ဖတ်ကြည့်ပါ။ 📖

ကလေးတွေက Kanji ရေးရတာကြိုက်ပေမယ့် ဆွဲချက်ရှာနေရတာနဲ့ ဘယ်လိုစရေးရမလဲ မသိတာတွေကြောင့် မရေးဖြစ်ဘဲဖြစ်နေပါတယ်။ Kanji ဆိုတာက ချပြီးရေးမှ ပိုမှတ်မိတာဆိုတော့ 𝗞𝗮𝗻𝗷𝗶 𝗪𝗼𝗿𝗸𝗯𝗼𝗼𝗸 လေးမှာ ဆွဲချက်တွေနဲ့ ဘယ်ကစရေးရမလဲဆိုတာလေးတွေ ပါပြီးသားဖြစ်တဲ့အတွက် စာတွေအများကြီး ရေးဖြစ်ပြီး စာတွေအများကြီး မှတ်မိလာမှာဖြစ်ပါတယ်။

စာအုပ်လေးမှာယူမယ်ဆိုရင် မင်မင်တို့ Page Messenger မှာ မှာယူလို့ရပါတယ်ရှင့်💞💁🏻‍♀️


Happy Birthday par Phoo လေး 🎂💕🎉မနေ့က Birthday မှန်းသိပေမဲ့ တစ်ရက်နောက်ကျသွားလို့ ごめんね ဘာကြိုက်တတ်မှန်းမသိပေမဲ့ ဒီစာအုပ်လ...
12/09/2025

Happy Birthday par Phoo လေး 🎂💕🎉
မနေ့က Birthday မှန်းသိပေမဲ့ တစ်ရက်နောက်ကျသွားလို့ ごめんね ဘာကြိုက်တတ်မှန်းမသိပေမဲ့ ဒီစာအုပ်လေး ဖတ်စေချင်လို့ Birthday present အနေနဲ့ ဖတ်ပေးပါနော် ရည်မှန်းသမျှ အရာအာလုံး အဆင်ပြေချောမွေ့ပါစေနော် Komei လေး 🤍🤍🤍ဆိုတဲ့အမှာစကားလေးနဲ့အတူ ဒီ Accပိုင်ရှင်လေးအတွက် ခေါင်းစည်းကွင်း စာအုပ်လေး Surprise gift ရထားပါတယ်ရှင့်🎁🙆🏻‍♀️

မင်မင်တို့ဆီကို လိပ်စာ ဖုန်းနံပါတ်လေးပို့ထားပေးပါဦးနော်♡📝

သိတဲ့သူလေးတွေရှိရင် mention ပေးပါဦးရှင့်🌿

#ခေါင်းစည်းကွင်းလေးဖြစ်ချင်တယ်

ငါ့အကို အားတဲ့အချိန်တိုင်းKanjiရေးဖို့👀ဆိုတဲ့အမှာစကားလေးနဲ့အတူ ဒီ Accပိုင်ရှင်လေးအတွက် N3 Kanji Workbook စာအုပ်လေး Surpr...
19/07/2025

ငါ့အကို အားတဲ့အချိန်တိုင်းKanjiရေးဖို့👀ဆိုတဲ့အမှာစကားလေးနဲ့အတူ ဒီ Accပိုင်ရှင်လေးအတွက် N3 Kanji Workbook စာအုပ်လေး Surprise gift ရထားပါတယ်ရှင့်🎁💕

စာအုပ်လေးကို မင်မင်တို့ Deliအပ်ပေးထားပါတယ်ရှင့်♡📝

သိတဲ့သူလေးတွေရှိရင် mention ပေးပါဦးရှင့်🌿



စာအတူလုပ်ရင်း ဂျပန်မှာ ပြန်လည်တွေ့ဆုံချင်ပါတယ်🤩ဆိုတဲ့အမှာစကားလေးနဲ့အတူ ဒီ Accပိုင်ရှင်လေးအတွက် Kanji Radical စာအုပ်လေး S...
04/07/2025

စာအတူလုပ်ရင်း ဂျပန်မှာ ပြန်လည်တွေ့ဆုံချင်ပါတယ်🤩ဆိုတဲ့အမှာစကားလေးနဲ့အတူ ဒီ Accပိုင်ရှင်လေးအတွက် Kanji Radical စာအုပ်လေး Surprise gift ရထားပါတယ်ရှင့်🎁💕

စာအုပ်လေးကို မင်မင်တို့ Deliအပ်ပေးထားပါတယ်ရှင့်♡📝

သိတဲ့သူလေးတွေရှိရင် mention ပေးပါဦးရှင့်🌿



20/04/2025

Tsukimi Sensei ရဲ့ ဂျပန်ဘာသာစကားဉာဏ်စမ်းပဟေဠိ အဖြေညှိ စာအုပ်လေးလည်း ရပါတယ်ရှင့်💕🙆🏻‍♀️

#ဂျပန်ဘာသာစကားဉာဏ်စမ်းပဟေဠိ

Level မြင့်လာတာနဲ့အမျှ တစ်ခါတစ်လေ Kanji တစ်လုံးတည်းကိုသိပေမယ့် တွဲလုံးဖတ်ရင် မမှတ်မိတာမျိုး မဖြစ်အောင် Kanji by Radical ...
20/04/2025

Level မြင့်လာတာနဲ့အမျှ တစ်ခါတစ်လေ Kanji တစ်လုံးတည်းကိုသိပေမယ့် တွဲလုံးဖတ်ရင် မမှတ်မိတာမျိုး မဖြစ်အောင် Kanji by Radical စာအုပ်လေးနဲ့ နေ့စဉ်ပုံမှန်လေ့လာကြည့်ပါနော်📖 🤎

N5 ကနေ N1 အထိ တူညီတဲ့ Radical (အစိတ်အပိုင်း) တွေနဲ့ Kanji တွေကို အလွယ်တကူ မှတ်သားနိုင်ဖို့အတွက် ဒီစာအုပ်လေးက အရမ်းအသုံးဝင်ပါတယ်။🔍

📖အိတ်ဆောင်အရွယ် size လေးမို့ ဘယ်နေရာပဲဖြစ်ဖြစ် ယူသွားလို့လည်း ရပါတယ်ရှင့်။ 🤎💁🏻‍♀️

Tsukimi Kanji By Radical (N5-N1) -10000ကျပ်


The silence of loveမဆက်သွယ်ခြင်းဖြင့် ချစ်သည် ❤️ဒီနှစ်ပိုင်းတွေမှာ ကျွန်တော့်ဘဝထဲကိုလူသစ်တွေအများကြီးဝင်ရောက်လာခဲ့ သလို ...
18/04/2025

The silence of love
မဆက်သွယ်ခြင်းဖြင့် ချစ်သည် ❤️

ဒီနှစ်ပိုင်းတွေမှာ ကျွန်တော့်ဘဝထဲကိုလူသစ်တွေအများကြီးဝင်ရောက်လာခဲ့ သလို လူဟောင်းတွေအများကြီးလည်း ကျွန်တော့်ဆီကထွက်သွားခဲ့ကြတယ်။

Social Mediaမှာသာမက၊ စိတ်ပိုင်းဆိုင်ရာမှာပါ ကျွန်တော့်ကို ဘလော့ခ်လုပ် သွားတဲ့သူတွေ ကျွန်တော်က
ဘလော့ခ် လိုက်ရတဲ့သူတွေ စသဖြင့်ပေါ့။

“မဆက်သွယ်ခြင်းဖြင့် ချစ်သည်။”❤️

အို~~ ဒါလေးက သိပ်ကိုအသုံးဝင်တဲ့စာသားလေးပဲ။

တကယ်တော့ လူတွေက ဆက်သွယ်ရခြင်းတွေကို နှစ်သက်ပါတယ်။ အတူတူ ပျော်ချင်ကြတယ်။
သိပ်ကိုသိချင် စိတ်ဝင်စားကြတာပေါ့။

ဒါဟာ နည်းနည်းသွေးအေးသလိုတော့ဖြစ်ကောင်းဖြစ်နေမယ်ဆိုပေမယ့် အခု နောက်ပိုင်း ကိုယ့်ရပ်ဝန်းလေးမှာမပျော်တော့တဲ့သူတွေကိုအလွယ်တကူထွက်သွားခွင့် ပြုလာနိုင်သလို၊ ကျွန်တော့်ကိုယ်တိုင်ကလည်း စိတ်အဆင်မပြေတော့ရင် အဲ့နေရာကနေထွက်ပြေးလာတတ်တော့တာပါပဲ။

သူဘာလို့ ဘလော့သွားတာလဲ၊ ဘာလို့အရင်လိုမခေါ်တော့တာလဲ၊ ဘာလိုစကားလာမပြောတော့တာလည်း
ဆိုတာတွေကို ကျွန်တော်လုံးဝမသိချင်သလို ကိုယ့်ဘက်ကလည်း အထူးတလည်ရှင်းပြပြီး မအားလို့ပါ။ ပင်ပန်းလို့ပါ..အကြောင်းပြချက်တွေပေးပြီး ဘယ်သူ့ကိုမှ
ဆွဲမထားရက်ပါဘူး။

အကြောင်းပြချက် ကြရပြီဆိုကတည်းက နားမလည်ပေးနိုင်တော့လို့ တစ်ဖက်လူအတွက် မတွေးပေးနိုင်လို့ မဟုတ်ဘူးလားနော်။

နားလည်ပေးနိုင်မှု ~~
မေတ္တာဆိုတာ အကြည်ရောင်လေးပါ။

မျှော်လင့်ခြင်းမပါတဲ့ချစ်ခြင်းတွေဆိုတာ တကယ်ကို ရှိတာပေါ့။❤️

မိဘက သားသမီးကိုချစ်သလို ကိုယ်က ကိုယ့်ရဲ့ Idolတွေကို ချစ်သလို ချစ်နေရ ရင်ပျော်နေတဲ့သူတစ်စုကလည်း ရှိကိုရှိပါတယ်။

တစ်ယောက်နဲ့တစ်ယောက် Energy တွေတိုက်ဆိုင်နေသ၍ စကားတွေပြော ကြမယ်။ Energy တွေမတူတော့တဲ့တစ်နေ့ မဆက်သွယ်ခြင်းဖြင့် Block လုပ်ခြင်းဖြင့် ချစ်ကြမယ်။

ဘယ်သူ့ကိုချစ်မှာလဲဆိုတော့ ကိုယ့်ကိုယ့်ကိုရော ကိုယ့်ရဲ့ရပ်ဝန်းလေးထဲကသူ တွေအားလုံးကိုပေါ့။

အလုပ်တွေပြီးဖို့ စာတွေကျက်နိုင်ဖို့ဆိုတာ စိတ်ရဲ့ Energy တွေအများကြီး ကောင်းနေဖို့လိုအပ်တယ်မဟုတ်လား။

အများကြီးမတွေးပါနဲ့။ နားလည်ပေးပါ ကိုယ့်ကိုယ်ကိုရော ကိုယ့်ရပ်ဝန်းလေး ကိုရော..မနက်ဖြန်တိုင်းက အများကြီးအဆင်ပြေတဲ့

ကောင်းသောနေ့လေးဖြစ်ပါစေ။💚🙆🏻‍♀️..

Price - 8000 ks

ခေါင်းစည်းကွင်းလေးလည်းလက်ဆောင်ပါတဲ့စာအုပ်လေးမို့ လက်ဆောင်ပေးရင်လည်းအရမ်းသဘောကျစေမဲ့စာအုပ်လေးပါ ခေါင်းစည်းကွင်းအရောင်လေးလည်းရွေးလို့ရပါတယ်ရှင့်💚🙆🏻‍♀️


#ခေါင်းစည်းကွင်းလေးဖြစ်ချင်တယ်

Address

Yangon
11051

Alerts

Be the first to know and let us send you an email when Tsukimi Bookstore posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category