Pann myo taw

Pann myo taw အရည်းအ​သွေးမှန်၊​စျေးမှန်၊အာမခံ 09450525363

08/05/2026

မင်းလိုချင်တဲ့ အရာထက်
လိုအပ်တဲ့အရာကိုပဲအရင် လုပ်သင့်တယ်

ခဏတာကို မကြည့်နဲ့
တစ်ဘ၀စာကို ကြည့်တတ်ပါစေ

တစ်ချို့ အရာတွေက လိုချင်,တပ်မက်ဖို့ကောင်းတယ်

ဒါပေမယ့်...
မင်းအတွက် အာမခံချက်မရှိဘူး
အဓိကနဲ့သာမည ခွဲခြားတတ်ပါစေ

ဘ၀ကိုစကားလုံးတွေနဲ့ ရေးသားလို့မရဘူး
လုပ်ဆောင်ချက်တွေနဲ့ပဲ ပုံဖော်တတ်သူဖြစ်ပါစေ

မျှော်လင့်ချက်အိမ်မက်တွေ ပျောက်ဆုံးသွားတဲ့အခါ
ပြန်လည်တည်ဆောက်ဖို့ ကြိုးစားပါ

ဘ၀ဆိုတာပြိုလဲဖို့ လွယ်ကူသလောက်
ပြန်တည်ဆောက်ဖို့ဆိုတာ အရမ်းကိုခက်ခဲပါတယ်

အိမ်မက်ဆိုတာဟာ အခမဲ့ မက်လို့ရပေမယ့်
အကောင်ထည် ဖော်ဖို့အတွက်တော့
အစွမ်းကုန်ပေးဆပ်ရလိမ့်မယ်

ကိုယ်သာလျှင် ကိုယ့်ရဲ့အားကိုးရာပါ
ကိုယ့်ကိုကိုယ် ယုံကြည်ချက်ရှိနေသရွေ့
ရှင်သန်ချိန်တိုင်းက အဓိပ္ပါယ်ရှိနေမှာပါ

ကိုယ်လျှောက်လှမ်းနေတဲ့ လမ်းတစ်လျှောက်မှာ
အခက်,အခဲတွေကြုံလို့. လက်လျှော့ချင်လာတဲ့အခါ
သင်ဘာကြောင့် စတင်ခဲ့သလဲဆိုတာ ပြန်သတိရပါ

သူများနဲ့မတူတဲ့အခက်,အခဲတွေကို
ရင်ဆိုင်ကျော်ဖြတ်ပီးတဲ့အခါ

သူများနဲ့မတူတဲ့ ခံစားခွင့်တွေ ရရှိလာမယ်ဆိုတာ
ဧကန်မုချ ယုံကြည်လိုက်ပါ မိတ်ဆွေ...

ထီးမပါတဲ့ကလေးဟာ မိုးထဲမှာပိုအပြေးမြန်တတ်ပါတယ်

ဦးတည်ချက်မရှိတဲ့လူဟာ
ဦးတည်ချက်ရှိတဲ့ လူအတွက် အလုပ်လုပ်ပေးရတယ်

ဘွဲ့ဒီဂရီဆိုတာ ကြေးတံဆိပ်
အရည်အချင်းဆိုတာ ငွေတံဆိပ်
လူမူဆက်ဆံရေး အတတ်ဟာ ရွှေတံဆိပ်ပါ

အချစ်ဆိုတာ ရိုးရိုးရှင်းရှင်းဖြစ်လို့ရတယ်
လွယ်လွယ်ကူကူတော့ မဖြစ်သင့်ဘူး

ယောက်ျားကောင်းဟာ
မြူဆွယ်မှုဒဏ်ကိုကောင်းကောင်းခံနိုင်စွမ်းရှိဖို့လိုသလို

မိန်းမကောင်းဟာလည်း
အထီးကျန်တဲ့ ဒဏ်ကို ခံနိုင်စွမ်းရှိရပါမယ်

လှပတဲ့ နတ်သမီးဆိုတာ လူ့လောကမှာ တကယ်မရှိပါဘူး
စိတ်နှလုံးလှတဲ့ မိန်းခလေးဆိုတာပဲ ရှိပါတယ်

အမုန်းခံရတဲ့လူဟာ ဘာမှထိခိုက်မူ မရှိပါဘူး
မုန်းတဲ့လူရဲ့ နှလုံးသားထဲမှာသာ
ဒဏ်ရာဒဏ်ချက် အပြည့်ဖြစ်နေတတ်ပါတယ်

သင်ကိုယ်တိုင် ဘ၀အခက်အခဲကို ရင်ဆိုင်ရဲတဲ့သတ္တိ
မရှိဘူးဆိုရင် သင့်အတွက် ရဲရင့်ပေးမဲ့လူ မရှိပါဘူး

ပြဿနာတွေ့ရင် မိမိကိုယ်ကို အရင်စမ်းစစ်ပါ
၀မ်းနည်းမှု အဆင်မပြေမှုနဲ့ ကြုံတိုင်းသာ
ကမ္ဘာမြေဆွဲအားကို အပြစ်ဖို့နေမယ်ဆိုရင်
ပြဿနာကဘယ်တော့မှ ပြီးတော့မှာ မဟုတ်ပါဘူး...

#စာတို #ကဗျာစာပေတွေကိုတန်ဖိုးထား

27/11/2023

🌸🌕 သူခိုးကြီးည လုံးဝမဟုတ်ပါ . . . (ကလေးတွေ သမိုင်းအမှားကြီးဖြစ်မှာစိုးလို့ပါ)

” (တန်ဆောင်မုန်းလပြည့် ညသည် သူခိုးကြီး ညဆိုတာ လုံးဝမဟုတ်ပါ။) တန်ဆောင်မုန်း လပြည့်ညသည် ဗုဒ္ဓဘာသာတို့၏ နေ့ထူးနေ့မြတ် ဖြစ်ပါသည် ။ မြတ်စွာဘုရား သည် အဇာတသတ် ဘုရင်အား သာမညဖလ သုတ်တော်ကို ဟောတော်မှု၍ ရှင်ဘုရင်နှင့်တကွ နောက်ပါပြည်သူ (၁) သိန်းခန့် ဗုဒ္ဓဘာသာ ဖြစ်တဲ့ညကြီးပါ။ ဒီလိုကြီးကျယ်ခမ်းနားတဲ့ ဗုဒ္ဓဘာသာနေ့ကြီးကို မသမာသူများက စုတ်ပျက်ကာ သွားရအောင် သူခိုးညဆိုပြီး နာမည်တပ် လိုက်တော့ အမှန်တရားက ပျောက်ကွယ်သလို ဖြစ်သွားပါတယ်။

တန်ဆောင်မုန်း လပြည့်ည၌ ပစ္စည်းခိုးရခြင်းအကြောင်း နှင့် ( ကျီးမနိုးပွဲ )။
ကျီးမနိုးပွဲ ဆိုသည်မှာ လွန်လေပြီးသော အခါက ယောင်္ကျားသားများ ရှင်လိင်ပြန်ကြရာဝယ် ဆေးမှင်ကြောင်ထိုးသည့် ဓလေ့သည် အထင်အရှား ရှိခဲ့၏။ ရှင်ဘုရင်မှ အစချီကာ မင်းညီမင်းသား ၊ မှူးမတ် ၊ သူကြွယ် ၊ ကုန်သည် ၊ လယ်လုပ် စသော လူယောကျာ်းတို့သည် ဆေးမှင်ထိုးကြလေသည်။ အခုခေတ်ကဲ့သို့ ကြုံသလို ထိုးကြခြင်း မဟုတ်ချေ။ အခါကောင်းကို စောင့်ဆိုင်းကာ မှောင်ခန်းခေါ် မှင်ထိုးသည့် အခန်းတွင် ပွဲပေး၍ ထိုးရပါသည်။

ထိုသို့ ထိုးခဲ့ပြီးသော ယောကျာ်းတို့သည် တန်ဆောင်မုန်လပြည့် နက္ခတ်စုံချိန်တွင် ကြောင်တက်ကြောင်ဆင်း ဆေးအစောင့်တို့သည် တန်ခိုးပြကြသည် ဟုအယူရှိသောကြောင့် အရှင်မသိသော ပစ္စည်းကို ခိုးယူကာ ခိုးကွင်း၌ ထားမြဲဖြစ်၏။ ခိုးကွင်းဆိုသည်မှာ ခိုးရာပါ ပစ္စည်းအား ဘယ်သူဘယ်ဝါအိမ်မှ ပစ္စည်းဖြစ်ကြောင်း ခိုးကွင်းတွင် စာကပ်၍ ထားကြသည်။ ထိုသို့ ခိုးရာတွင် အသက်ရှိ သောအရာကို ခိုးယူနိုင်စွမ်းသော သူက လူစွမ်းကောင်း ဖြစ်၏။

ရှေးအခါက နွားများနှင့် လူအိပ်နေသော ကုတင်ကို လူမနိုးအောင် ထမ်း၍ ခိုးကွင်း၌ လာထားကြသည်။ မနက်မိုးလင်းသော အခါပစ္စည်းရှင်များက သင်္ကန်းအစုံဖြင့် မိမိတို့၏ ပစ္စည်းများ ကို လာရွေးယူရပြီး ကထိန်ပွဲကို ဆင်နွဲကြသည်။

ပစ္စည်းခိုးလို့ လူမိသောအခါတွင် ထိုသူကိုဖမ်း၍ ခိုးကွင်းတွင် ကတုံးတုံးကာ ပြာလူး၍ ထားကြသည်။ ကထိန်ပွဲတွင် ထိုခိုးသားကို ရွာလူကြီးက တရားသူကြီးလုပ်ကာ တရားဆိုင်ခန်းဖြင့် ဟာသလုပ်ကြပြီး ရဟန်းဝတ် စေမြဲဖြစ်သည်။ ဒီဘက်ခေတ် ရောက်လာတော့ တန်ဖိုးရှိ ပစ္စည်းတွေကို တကယ် ခိုးလာကြတယ် ။ လမ်းတွေပေါ်မှာ ကျက် သရေ မင်္ဂလာမရှိအောင် ရုပ်ပျက်ဆင်းပျက် ဆိုင်းဘုတ်တွေ ဖြုတ်ချ ၊ အရက်ဘီယာ အသောက်စားတွေ ပလူးပျံအောင် ပြန့်ကျဲနေတယ်။ အပျော်ကနေ အပျက်ဘက် ကိုဦးတည် လာကြတယ်။ အမှန်တရားကို ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေ သိစေချင်၍ ရည်ရွယ်ရင်း…။

မူရင်း ကောက်နှုတ်ချက်အား လေးစားစွာဖြင့် ပြန်လည်ဖော်ပြအပ်ပါသည်…Crd..

06/08/2023
18/01/2023

သူဌေးတွေရဲ့ #ငွေစုနည်း

တကယ့် သူဌေး တွေဟာ ငွေကိုရှာပြီး
ပရမ်းပတာ သုံးစွဲနေတယ်လို့ သင်မထင်ပါနဲ့။
သူတို့ဟာ ငွေရှာနည်း ကို ကျွမ်းကျင်သလို ငွေသုံးစွဲနည်း ကိုလည်း ကျွမ်းကျင်ကြတာ အသေအချာပါပဲ။
အခုဖော်ပြပေးမှာတော့ သင့်အတွက်အသုံး၀င်စေနိုင်မယ့် ချမ်းသာသူတွေရဲ့ ငွေသုံးစွဲနည်း လျှို့ဝှက်ချက်တွေပဲ ဖြစ်ပါတယ်။

၁။ တကယ်မလိုအပ်တဲ့အရာတွေကို မ၀ယ်ယူမိပါစေနဲ့
တကယ့် သူဌေး တွေဟာ လူအထင်ကြီးစေဖို့အတွက်
သူတို့အတွက် တကယ်မလိုအပ်တဲ့အရာတွေကို
၀ယ်ယူလေ့မရှိကြပါဘူး။

၂။ အနာဂတ် အတွက် ငွေကြိုစုထားပါ။
ငယ်ရွယ်စဉ်မှာ ငွေ မရှိပဲနဲ့ နေနိုင်ပေမယ့် အသက်ကြီးတဲ့အခါမှာတော့ ငွေမရှိပဲနဲ့ နေလို့ မရပါဘူး။ ဒီအတိုင်းပဲ သူဌေး တွေဟာ အနာဂတ် အတွက် ငွေကြိုစုထားလေ့ရှိပါတယ်။

၃။ ထွက်ငွေ နဲ့ ၀င်ငွေ ကို စာရင်းပြုစုထားပါ။
သူဌေး တွေဟာ ထွက်ငွေ ၊ ၀င်ငွေ စာရင်း ကို ပြုစုထားလေ့ရှိကြပါတယ်။ ဒါမှသာ သုံးစွဲမှု တွေဟာ လိုအပ်လား၊ မလိုအပ်လား ချင့်ချိန်နိုင်မှာဖြစ်ပါတယ်။

၄။ အလုပ်ကြိုးစားပါ။
သူဌေး မို့လို့ အလုပ်သမား တွေလောက် အလုပ် မလုပ်ဘူးလို့သင်ထင်နိုင်ပါတယ်။
ဒါပေမယ့် တကယ့် ကိုယ်ထူးကိုယ်ချွန် သူဌေး တွေကတော့ သူ့ ၀န်ထမ်း တွေထက် ၂ဆလောက် အလုပ် ပိုလုပ်လေ့ရှိပါတယ်။
ဒီလိုလုပ်တဲ့အတွက် အလုပ်ပိုတွင်ကျယ်သလို ငွေကုန်သက်သာစေမှာ အမှန်ပါပဲ။

၅။ စျေးဆစ်ပါ။
သူဌေး တွေမို့လို့ ပစ္စည်း တွေကို စျေးမဆစ်ပဲ ၀ယ်ယူမှာပဲ လို့သင်ထင်နေရင်တော့ မှားသွားပါပြီ။
တကယ်တော့ သူဌေး တွေဟာ သာမန်လူထက် ပိုပြီးတောင် စျေးဆစ်တတ်ကြသေးပါတယ်။

၆။ သန်းကြွယ် သူဌေး ဖော်မြူလာ ကို သုံးပါ။
ရလာတဲ့၀င် ငွေ ထဲကနေ အကျိုးပြုလုပ်ငန်းတွေအတွက် တိကျတဲ့ရာခိုင်နှုန်း ကို ဖယ်ပါ။
သင့်လုပ်ငန်းတွေအတွက်လည်း တိကျတဲ့ရာခိုင်နှုန်း ကို ဖယ်ပါ။ ကျန်တာကို သုံးစွဲပါ။

၇။ ငွေယိုစိမ့်မှုတွေကို ပိတ်ပစ်ပါ။
သေးငယ်တဲ့ယိုပေါက်ကလေးတစ်ခုဟာ ကြီးမားတဲ့ သင်္ဘော ကို မြုပ်ပစ်နိုင်တယ်လို့ ဘင်ဂျမင်ဖရန်ကလင်းကတော့ ဆိုလေရဲ့။
ဒီစကားအတိုင်းပါပဲ ချမ်းသာသူ တွေဟာ မလိုအပ်ရင် ငွေကြေး အနည်းငယ်ကိုတောင် မသုံးကြပါဘူး။

အထက်က အချက်တွေဟာ လိုက်လံလုပ်ဆောင်ဖို့ ရိုးရှင်းလွယ်ကူလှပါတယ်။
တတ်နိုင်သလောက် လုပ်ဆောင်ကြည့်မယ်ဆိုရင် သင့်အတွက်အကျိုးရှိလာမှာ ဧကန်ပါပဲ။

၃ဆင့်ဘီရှည် /အောက်ပွ5-colorပေါင် -၁၁၀/၁၅၀price-8500Ph- 094505253833ထည်အထက် ပုဇွန်တောင်ပိုခfree
18/01/2023

၃ဆင့်ဘီရှည် /အောက်ပွ
5-color
ပေါင် -၁၁၀/၁၅၀
price-8500

Ph- 09450525383

3ထည်အထက် ပုဇွန်တောင်ပိုခfree

ဟာဝေယံ တို/ရှည်3 colorSize- 40price-9000Ph- 09450525383Cရုံ အပြင်တန်း ၁၀/၁၁ပုဇွန်တောင်ဈေး၃စုံအထက်ပုဇွန်တောင်မြို့နယ်ပို့...
18/01/2023

ဟာဝေယံ တို/ရှည်
3 color
Size- 40
price-9000
Ph- 09450525383
Cရုံ အပြင်တန်း ၁၀/၁၁
ပုဇွန်တောင်ဈေး

၃စုံအထက်ပုဇွန်တောင်မြို့နယ်
ပို့ခfree

ကလေးတစ်ယောက်ကို လူလားမြောက်အောင် ပြုစုပျိုးထောင်ပေးရတာ လွယ်ကူတဲ့ကိစ္စမဟုတ်ပါဘူး။ရုပ်ပိုင်းဆိုင်ရာ လိုအင်ဆန္ဒတွေ ဖြည့်ဆည်...
15/01/2023

ကလေးတစ်ယောက်ကို လူလားမြောက်အောင် ပြုစုပျိုးထောင်ပေးရတာ လွယ်ကူတဲ့ကိစ္စမဟုတ်ပါဘူး။
ရုပ်ပိုင်းဆိုင်ရာ လိုအင်ဆန္ဒတွေ ဖြည့်ဆည်းပေးရုံနဲ့ တော့ မိဘတာဝန် မကျေသေးဘူးနော်။

🔆အရေးကြီးဆုံးတစ်ခုဖြစ်တဲ့ ကလေးတွေကို ငယ်စဉ်ကတည်းက သူ့တာဝန်သူသိ၊ သူ့တာဝန်သူယူနိုင်အောင် လေ့ကျင့်သင်ကြားပေးထားဖို့လဲ လိုပါသေးတယ်။

☀️ကလေး အသက်အရွယ်အလိုက် သူလုပ်တတ်တာလေးတွေ တာဝန်ပေးကြည့်ပါ

ဥပမာအနေနဲ့ပြောရရင်
👶🏻👦🏻ကိုယ့်အိပ်ရာကိုယ် သိမ်းခိုင်းတာ၊ ထမင်းဝိုင်းကူပြင်ပေးတာ၊ ကိုယ်စားပြီးသားပန်းကန် ကိုယ်ဆေးတာ စသဖြင့် လေ့ကျင့်သင်ကြားပေးထားဖို့လိုပါမယ်။

☀️ဆူပူကြိမ်းမောင်း အပြစ်ပေးတာမျိုး မလုပ်မိပါစေနဲ့

ကလေးက ဒီလိုတာဝန်လေးတွေ သင်ယူပြီး ကြိုးစားလုပ်ကိုင်နေချိန်က သူတို့အတွက် မလွယ်ကူနေမှာတော့ မဟုတ်ပါဘူး။ သူတို့လုပ်တဲ့အရာလေးတွေ ကိုယ်မျှော်လင့်ထားလို့ ဖြစ်မလာတဲ့အခါ အပြစ်ပေးတာ၊ ဝေဖန် အပြစ်တင်တာမျိုးကို လုံးဝရှောင်ကြဉ်ရပါမယ်။ ပံ့ပိုးကူညီဖို့လဲ အသင့်ရှိနေပေးပါနော်။

☀️ကိုယ်ပိုင်ဆုံးဖြတ်ချက် လေးတွေလဲ ချမှတ်တတ်ပါစေ

ကိုယ့်ရဲ့ကလေးတွေကို ကိုယ်ပိုင် ရွေးချယ်ခွင့်ပေးတာက သူတို့လေးတွေရဲ့ စိတ်ပိုင်းဆိုင်ရာကိုပိုမို ဖွံ့ဖြိုးတိုးတက်စေပါတယ်။ အရာအားလုံးကို မိဘ ကလိုက်ဆုံးဖြတ်နေတာမျိုး မဖြစ်ပါစေနဲ့။

🔹ကလေးတွေကို ဒီလို လေ့ကျင့်သင်ကြားပေးခြင်းဖြင့် သူတို့လေးတွေက

🔆သတ္တိပိုရှိလာမယ်
🔆ကိုယ်ပိုင်ဆုံးဖြတ်ချက်ကောင်းတွေ ချမှတ်နိုင်လာမယ်
🔆ကိုယ့်ဘဝတက်လမ်း ကိုယ်ရှာနိုင်ပြီး မိဘတွေစိတ်ပူစရာမလိုတဲ့ ကလေးတွေအနေနဲ့ ကြီးပြင်းလာကြမှာပဲဖြစ်ပါတယ်။

ဒါကြောင့် မိဘတွေက ကိုယ့်သားသမီးရတနာတွေကို သူ့အရွယ်နဲ့သူ ကိုယ်ပိုင်လွတ်လပ်ခွင့်ပေးပြီး ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်တဲ့ လူကြီးတစ်ယောက် အဖြစ် ကြီးပြင်းလာဖို့ကိုပဲ ကူညီပေးပါ။

ဒါက သူတို့အနာဂတ်မှာ လူအများကို ကူညီတတ်ပြီး လေးစားမှုရှိတဲ့သူ ဖြစ်ဖို့အစပါပဲ…👨‍👩‍👧‍👦💞

#တာဝန်ကျေတဲ့မိဘ
#ရေးမယ်ထရိန်နင်


📍Youtube Channel
https://youtube.com/channel/UCZmNsBQb0Bm6zwLKqVsc91Q

📍Telegram Channel
https://t.me/yaymaltraining

📍Instagram Channel
https://instagram.com/yaymal_training?igshid=119xh0bd0nfp5

Share your videos with friends, family, and the world

15/01/2023

" လူငယ်တိုင်းဖတ်သင့်တဲ့ အချက် (၁၅) ချက် "

၁။မလိမ်ပါနဲ့

လူနှစ်ဦးရဲ့ ဆက်ဆံရေးဟာ ယုံကြည်မှုအပေါ်မှာ အခြေခံတယ်။
ဒါကြောင့် တဖက်သားကို လေးစားမှု ပြသောအားဖြင့် လူပီသစွာပြုမှု့ပါ၊
မလိမ်ညာပါနဲ့၊ ယုံကြည်မှုဆိုတာ ဆုံးရှုံးပြီးသွားရင် ပြန်ရခဲတယ်။

၂။လှည့်စား၊သစ္စာမဖောက်ပါနဲ့

အဆိုးရွားဆုံးလုပ်ရပ်ဖြစ်တယ်။
လူတစ်ယောက်ရဲ့ ဘ၀ကို ရှင်လျက်နှင့် အသေသတ်သလိုဖြစ်တတ်တယ်။

၃။မမုန်းပါနဲ့

ခဏတာရှင်သန်ရတဲ့ ဘဝလေးကို အမုန်းတွေနဲ့ မဖန်းတီးပါနဲ့။
ချစ်ပါ။ မိမိကိုကိုယ် နှင့် တဖက်သားကို ချစ်ပါ။

၄။စိတ်မပူပါနဲ့

ကိုယ့်ကိုကိုယ် ညှင်းပန်းတဲ့ နည်းတစ်မျို းဖြစ်တယ်။
အကောင်းမြင်တတ်အောင် ကြိုးစားပါ။
လောကမှာ ရှိတဲ့ ပြသနာတွေ၊ဒုက္ခတွေဟာ ဒုနှင့်ဒေးပါ။
ပြသနာ အစိတ်အပိုင်းလေးတစ်ခုအတွက်နဲ့ စိတ်ဆင်းရဲမခံပါနဲ့။

၆။အမြင့်ဆုံးမှန်းပါ

ခေါင်းလောက်မှန်းမှ ဒူးလောက်ရောက်တတ်တယ်။
အောင်မြင်ခြင်း အညွန့်အဖူးကို စားကြည့်စမ်းပါ။ဒါဟာရှင်သန်ခြင်းအရသာ တစ်မျိုးပဲ။

၇။လူတွေ ဆီက အနည်းငယ်သာ မျှော်လင့်ပါ

ကိုယ်မျှော်လင့်ထားတဲ့ အတိုင်း ဖြစ်မလာရင် ကိုယ်ပဲနာကျင်တတ်တယ်။
ပြီးတော့ တစ်ဖက်သားကိုလဲ မျော်လင့်ချက်တွေပေးပြီးပြန်မရုတ်သိမ်းပါနဲ့။
အကြီးမားဆုံး ရန်သူကို သင်ရတတ်တယ်။

၈။ရိုးစင်းစွာ ရှင်သန်ပါ

တန်ဖိုးကြီး နာရီ၀တ် ၊ ကားစီးနိုင်မှ လူရာ၀င်တာ မဟုတ်ဘူး။
ရထားတဲ့ဘ၀ကို ပျော်ပျော်နေ ၊ကျေးဇူးတင်တတ်ပါစေ။
ရွေးချယ်မှုတိုင်းကို ပျော်ရွှင်ခြင်းနှင့် အရင်တိုင်းတာ။
ရွေးချယ်မှုဆိုတာ တစ်ခါပဲ ဖြစ်တယ်။ ဒါကြောင့် တန်ဖိုးထား ပါ။

၉။များများပေးကမ်းပါ

ဒါဟာ လူ့ကျင့်၀တ်တစ်မျို းဖြစ်တယ်။
ခင်မင်ရင်နှီးမှုမှာ များစွာမှာ ပေးကမ်းခြင်းပါပြီး သစ္စာရှိတဲ့မိတ်ဆွေတွေကို သင်ပြန်ရတတ်တယ်။

၁၀။အမြဲတမ်းပြုံးပါ

ဒါဟာ ပတ်၀န်းကျင်နှင့် သင့်အကြားက တံခါးပဲ ဖြစ်တယ်။

၁၁။လက်မလျှော့နဲ့

ဆင်ခြေမပေးပါနဲ့။မတွေးနဲ့။လူကို နုံးပန်းစေသွားနိုင်တာဟာ ဆင်ခြေဆင်လက်တွေ ဖြစ်တယ်။
စတဲ့ခရီးကို အဆုံးထိသွားနိူင်အောင်ကြိုးစားပါ။
ပေးဆပ်မှုတိုင်းမှာ ကောင်းမွန်တဲ့ အဖူးအပွင့် ရှိတတ်တယ်။

၁၂။လက်လွှတ်တတ်ပါ။

ဖူးစာမှားကြီးကို ဆက်တွယ်ထားနေသ၍တော့ ဖူးစာမှန်ကိုတွေ့မှာမဟုတ်ဘူး။

၁၃။အခွင့်အရေးဟာ နှစ်ခါ မရကြောင်း နားလည်ပါ

လူတိုင်းဟာ ဒုတိယအခွင့်အရေးနှင့်တော့ ထိုက်တန်ပါတယ်။
ဒါပေမဲ့ နောက်ဆုံးအကြိမ် ဖြစ်ပါစေ။ ကိုယ့်ဘ၀ကို
နှစ်ကြိမ်စုံကန် နင်းထွက်သွားပြီ ဆိုရင်တော့သူဟာ
နောက်တစ်ကြိမ် ဒီလို လုပ်ဖို့ ၀န်လေးမှာ မဟုတ်ဘူး။

၁၄။ဝေဖန်ခြင်းကို လက်ခံတတ်ပါ

တဖက်သားရဲ့ မိမိအပေါ်အမြင်ဟာ အရေးမကြီးပါဘူး။
သို့သော် သူတို့ရဲ့ ဝေဖန်ချက်ဟာ တစ်ခါတစ်လေ အမှားကို ထောက်ပြတတ်တယ်။

၁၅။အချိန်ကို နေရာပေးပါ၊၊

မစောင့်ပါနဲ့

အချိန်ဟာ အရာအားလုံးနီးပါးကို ဖြေဖျောက်ပေးနိုင်ပါတယ်။
ဒါပေမဲ့ အချိန်ကို မစောင့်ပါနဲ့။ လုပ်စရာ ရှိတာကို ထလုပ်ပါ။
တွေးတောနေတာထက် အကောင်အထည်ဖော်ရင် အိပ်မက်ဟာပို ပီပြင်လာပါလိမ့်မယ်

မေတ္တာဖြစ်ပြန်လည်မျှဝေပါသည်။
Crd

Address

ပုဇွန်တောင်စျေး
Yangon

Telephone

+959967659859

Website

Alerts

Be the first to know and let us send you an email when Pann myo taw posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Pann myo taw:

Shortcuts

Share