Helen Lifestyle’s

Helen Lifestyle’s Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Helen Lifestyle’s, Yangon.

ဘန်ကောက်မှာ ချက်ပြုတ်စားသောက်ဖို့ဝယ်မယ်ဆိုရင်ဘယ်နေရာမှာသွားဝယ်ကြလဲ? Local Market MakroLotusBig CTopsFoodland MaxvaluDon ...
08/01/2026

ဘန်ကောက်မှာ ချက်ပြုတ်စားသောက်ဖို့ဝယ်မယ်ဆိုရင်ဘယ်နေရာမှာသွားဝယ်ကြလဲ?

Local Market
Makro
Lotus
Big C
Tops
Foodland
Maxvalu
Don Don Donki
Etc...

Local Market တွေက အသားငါး၊ ဟင်းသီးဟင်းရွက်အကုန်ရပါတယ်။ တစ်ချို့ဈေးတွေမှာဆိုရင် ငါးတွေ၊ပုဇွန်တွေ အရှင်ရောင်းတာတောင်ရှိပါတယ်။ ထူးခြားချင်အနေနဲ့ အသားငါးတွေရောင်းတဲ့ဈေးတန်းမှာ ယင်အုံနေတာမျိုးကိုသိပ်မတွေ့ရဘူးဗျ။ ရှိလဲ တစ်ကောင်စနှစ်ကောင်စလောက်ပဲရှိတတ်တယ်။

ဟင်းသီးဟင်းရွက်၊ အသားငါး လက်ကားဈေးဆိုရင်တော့ Khlong Toei ဈေးကတော်တော်လေးစုံတယ်၊ လတ်လဲလတ်တယ်လို့ပြောရမယ်။ အဲ့ဈေးမှာ လက်လီပြန်ရောင်းဖို့ဝယ်တဲ့ ဈေးသည်တွေလဲလာဝယ်ကြတယ်ပေါ့ဗျာ။ ကျန်တဲ့ဈေးတွေလဲရှိပါတယ် Bangkapi ဈေးတို့ဘာတို့ ပေါ့ဗျာ။

ကျနော့်တစ်ယောက်ထဲအမြင်အရပြောရရင် Local Market မှာဈေးဝယ်ရတာက အသီးအရွက်တွေကပိုလတ်သလိုပဲ။ အသားငါးကတော့ တစ်ချို့ဈေးငယ်လေးတွေကဆို သိပ်စိတ်တိုင်းမကျဘူး။ ခုဏကပြောခဲ့တဲ့ Khlong Toei, Bangkapi ဈေးတွေမှာတော့သိပ်မဆိုးဘူး။ ဒါတောင် Bangkapi ဆို ပင်လယ်စာလောက်ပဲပိုလတ်တာလို့ထင်တယ်ဗျာ။

ဆိုတော့ကျနော့်အနေနဲ့ Local Market မှာဆိုရင် ဟင်းသီးဟင်းရွက်ပဲဝယ်ဖြစ်တယ် 😅။

Makro တို့ Lotus တို့ Big C တို့ကျတော့ အသားငါးတွေကို Freezer ထဲထည့်ထားတာဖြစ်တဲ့အတွက် အထားလဲခံတယ်ပေါ့နော် ပြီးတော့ ပိုပြီးလဲလတ်တယ်။ တစ်ခုတော့ရှိတာပေါ့လေ တစ်ချို့ကြားရက်တွေ လူသွားလူလာနည်းတဲ့နေရာက ဆိုင်တွေဆို သိပ်အဆင်မပြေဘူး သိပ်မလတ်တော့ဘူးဗျာ ဝယ်တဲ့သူနည်းတော့။ အဲ့လိုကြုံလာရင်လဲ သူတို့ Stock ကိုလျော့လိုက်တာဆိုတော့ အမြဲတမ်းကြီးတော့ ဖြစ်မနေဘူးပေါ့လေ။ Makro မှာဆို ဝယ်ပြီးပြန်လာရင်လဲ လိုအပ်ရင် ရေခဲပါ အသားထဲညှပ်ထည့်ခဲ့လို့ရတာ ကတော်တော်လေးအဆင်ပြေတယ်ပြောရမယ်။ ဈေးဝယ်ပြီး မုန့်ဝင်စားတာတို့ ဘယတို့ဆို အဆင်ပြေတယ်လေနော့် 😁။ ဟင်းသီးဟင်း ရွက်ကျတော့ သူက‌ Local Market နဲ့ ယှဉ်ရင်ဈေးများသလို ပလတ်စတစ်ထုတ်ပြီး အအေးပေးထားတာဆိုတော့ အရွက်တွေက သိပ်ဖလန်းဖလန်းထမနေဘူးဗျာ။

ဆိုတော့ အသားငါးဝယ်မယ်ဆို Supermarket တွေမှာဝယ်ရတာပိုပြီးသဘောကျတယ်။ ဈေးလဲတန်တယ် ပစဃစည်းအထားအသိုကလဲ သန့်ရှင်းသပ်ရပ်တယ်။ ဈေးဝယ်တဲ့သူဝတွေအနေနဲ့ဆိုလဲ သိတဲအတိုင်း Local Market မှာက ဗွက်ထဲလျောက်နေရသလိုပဲ Supermarket တွေကျတော့ ပိုပြီး Smart ကျတယ်ပေါ့ဗျာ ဈေးချင်းတူရင်တောင်။ သေချာတာဝောာ့ Local Market တွေထက်ဈေးအများကြီးကွာနေတာမျိုးမဟုတ်ဘူးဗျာ။

နောက်တစ်ခုက Hala Food ဒါကတော့ Sukhumvit ထဲက Na Na, ပြီးတော့ Minburi နောက်တစ်ခုက Bangkapi ထဲမှာဆို Ramkhamhaeng ကတော့လူသိများတဲ့နေရာတွေ။ တစ်ချို့ Isalamတွေ ဘန်ကပိမှာ နေဖို့ရွေးချယ်ကြတဲ့အထဲမှာ Hala ဆိုင်တွေကြောင့်လဲပါတယ်။ Sukhumvit ထဲက နေရာတွေတော့ Middle East ကလူတွေနဲ့ South Asia ကလူတွေပိုများမယ်ထင်တယ်။ Ramkhamhaeng ကတော့ Musalim Community ပိုကြီးတယ်လို့ထင်ရတယ်။ Mall တွေ၊ ဈေးတွေကအစ Street Food တွေရောင်းတဲ့ Night Market မှာပါတွေ့ရနေရတယ်။

ဆိုတော့ Hala Food အတွက်ဆို ဘန်ကောက်ထဲမှာတော့ Ramkhamhaeng Area ကပိုကောင်းမယ်ထင်တာပဲ။ တခြားနေရာတွေရှိလဲ Comments မှာရေးသွားပေးကြအုံး။

ပြည်ပရောက် မြန်မာနိုင်ငံသူ/သား တွေအားလုံးအစစအရာရာအဆင်ပြေကြပါစေ။

ဘန်ကောက်မြို့ရဲ့အကြီးဆုံး wat market စျေးသက်သာတရ်ပြောကျလို့ မြန်မာပြည်မှာဆို ဒညင်းကုန်းစျေးကြီးပေ့ါ ကုန်စိမ်းနဲ့ပက်သက်တာ...
07/01/2026

ဘန်ကောက်မြို့ရဲ့အကြီးဆုံး wat market စျေးသက်သာတရ်ပြောကျလို့
မြန်မာပြည်မှာဆို ဒညင်းကုန်းစျေးကြီးပေ့ါ ကုန်စိမ်းနဲ့ပက်သက်တာဝယ်လို့ကောင်းပင်မဲ့ အသားငါးတော့ အနီးနားကစျေးတွေနည်းတူပါပဲရှင်☘️☺️


゚viralシfypシ゚viralシalシ



ပထမဆုံးည ဘန်ကောက်​မြို့ရဲ့လုဗ္ဗာန်နီပန်းခြံမြင်ကွင်းများ၁၂ရက်၊ ၁၂ညတိတိ ကျင်းပမည့်🎉 လုဗ္ဗာန်နီပန်းခြံစျေးပွဲတော်သို့Lumph...
11/12/2025

ပထမဆုံးည ဘန်ကောက်​မြို့ရဲ့လုဗ္ဗာန်နီပန်းခြံမြင်ကွင်းများ

၁၂ရက်၊ ၁၂ညတိတိ ကျင်းပမည့်🎉 လုဗ္ဗာန်နီပန်းခြံစျေးပွဲတော်သို့

Lumphini ပန်းခြံစျေးပွဲတော်ကို
ဒီဇင်ဘာလ ၁၁ရက်ကနေ ၂၂ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ပါတယ်။

လမ်းညွန်📌📌📌
BTS စီးမယ်ဆိုရင်🚆 Sala Daeng မှတ်တိုင်မှာ ဆင်းလို့ရသလို
MRT စီးမယ်သူက🚇 Lumphini မှာလဲ ဆင်းလို့ရပါတယ်

Bus🚃 စီးမယ်သူအတွက်ကြတော့
4, 14,13, 22, 45, 46, 447 ,67 ,74, 115, 41, 149, 167, 205, 507, 514
2-28 ,A3, 3-53, 4-35, 14/3-39, 15-4-2, 50, 74, 76, 77, 504, 514, 13, 17, 62, 76
စသည့် လုဗ္ဗာန်နီပန်းခြံရောက်ပါတယ်။ မိမိတို့ရဲ့ နီးစပ်ရာ ကားနံပါတ်ကို အလျင်းသင့်သလို စီးလို့ရပါတယ်။



゚viralシfypシ゚viralシalシ



အုန်းရေဟာ အရသာရှိပြီး ကျန်းမာရေးအတွက် ကောင်းတယ်လို့ လူတိုင်းသိကြပေမဲ့ အုန်းရေနဲ့ ပတ်သက်တဲ့ တကယ်ကို သိထားသင့်တဲ့ အံ့ဩစရာ ...
12/11/2025

အုန်းရေဟာ အရသာရှိပြီး ကျန်းမာရေးအတွက် ကောင်းတယ်လို့ လူတိုင်းသိကြပေမဲ့ အုန်းရေနဲ့ ပတ်သက်တဲ့ တကယ်ကို သိထားသင့်တဲ့ အံ့ဩစရာ အချက်တွေ ရှိနေပါတယ်။ ဒီအချက် (၁၂) ချက်ကို မသိသေးဘဲ အုန်းရေ သောက်သုံးနေတာမျိုး မဖြစ်ရအောင် ဖော်ပြပေးလိုက်ပါတယ်။
အုန်းရေရဲ့ မယုံနိုင်စရာ အမှန်တရားများ
၁။ သဘာဝအားဖြည့်အချိုရည်: အားကစားသမားတွေ သောက်တဲ့ အချိုရည်တွေထက် ပိုမိုကောင်းမွန်တဲ့ သဘာဝ electrolytes (ဆိုဒီယမ်၊ ပိုတက်ဆီယမ်) တွေ ပါဝင်ပါတယ်။
၂။ သွေးပေါင်ချိန် ကျစေနိုင်: ပိုတက်ဆီယမ် မြင့်မားစွာ ပါဝင်လို့ သွေးတိုးရှိသူတွေရဲ့ သွေးပေါင်ချိန်ကို ထိန်းညှိပေးရာမှာ အထောက်အကူပြုပါတယ်။
၃။ ကယ်လိုရီ နည်းပါး: အခြားအချိုရည်တွေနဲ့ ယှဉ်ရင် ကယ်လိုရီ သိသိသာသာ နည်းပါးလို့ ကိုယ်အလေးချိန် ထိန်းသူတွေအတွက် သင့်တော်ပါတယ်။
၎။ ကျောက်ကပ်ကျန်းမာရေး: အုန်းရေဟာ ဆီးကို ပိုမိုသွားစေပြီး ကျောက်ကပ်အတွင်း ကျောက်တည်ခြင်းကို ကာကွယ်ပေးနိုင်တယ်လို့ လေ့လာမှုတွေက ဆိုပါတယ်။
၅။ ဓါတ်တိုးဆန့်ကျင်ပစ္စည်း (Antioxidants) ကြွယ်ဝ: ခန္ဓာကိုယ်ထဲက ဆဲလ်တွေကို ပျက်စီးစေတဲ့ free radicals တွေကို တိုက်ထုတ်ပေးနိုင်တဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်ပါတယ်။
၆။ အရေပြားကို အစိုဓာတ်ပေး: ခန္ဓာကိုယ်အတွင်းရော အပြင်ပါ အစိုဓာတ်ကို ဖြည့်တင်းပေးလို့ အသားအရေ ကြည်လင်ဝင်းပစေပါတယ်။
၇။ အမျှင်ဓာတ် ပါဝင်: အုန်းရေမှာ အမျှင်ဓာတ် အနည်းငယ် ပါဝင်လို့ အစာခြေစနစ်ကို ကောင်းမွန်စေပါတယ်။
၈။ ခွဲစိတ်မှုမတိုင်မီ သတိထား: ခွဲစိတ်မှု ပြုလုပ်တော့မယ်ဆိုရင် သွေးပေါင်ချိန်ကို ထိခိုက်စေနိုင်တာကြောင့် ခွဲစိတ်မှုမတိုင်မီ ရက်သတ္တပတ် အနည်းငယ် အုန်းရေ သောက်တာကို ရှောင်သင့်ပါတယ်။
၉။ ပိုတက်ဆီယမ် အလွန်အကျွံ ဖြစ်နိုင်: ကျောက်ကပ်ပြဿနာ ရှိသူတွေဟာ ပိုတက်ဆီယမ်ဓာတ် များလွန်းတာကြောင့် ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ သောက်သင့်ပါတယ်။
၁၀။ သကြားဓာတ် ရှိနေသေး: သဘာဝသကြားဓာတ် (Natural Sugar) အနည်းငယ် ပါဝင်တာကြောင့် ဆီးချိုသမားတွေ အများကြီး မသောက်သင့်ပါ။
၁၁။ လတ်လတ်ဆတ်ဆတ်က အကောင်းဆုံး: ပုလင်း၊ ဘူးတွေထဲ ထည့်ထားတဲ့ အုန်းရေတွေထက် အသီးထဲက တိုက်ရိုက်သောက်တာက အာဟာရနဲ့ အကျိုးကျေးဇူး အပြည့်အဝ ရရှိစေပါတယ်။
၁၂။ ဝမ်းပျက်ဝမ်းလျှောဖြစ်ရင် သတိထား: အချို့သူတွေမှာ အုန်းရေ များများသောက်ရင် ဝမ်းပျက်ဝမ်းလျှော ဖြစ်စေနိုင်ပါတယ်။
ဒီအချက်တွေကို သိထားမယ်ဆိုရင် အုန်းရေကို ကိုယ့်ကျန်းမာရေးနဲ့ ကိုက်ညီစွာ သောက်သုံးနိုင်မှာ ဖြစ်ပါတယ်။
#ကျန်းမာရေး #သဘာဝဆေးနည်း #အုန်းရေ #ကျောက်ကပ် #သွေးပေါင်ချိန် #အုန်းသီး

ဘယ်နိုင်ငံကပဲလာလာထိုင်းကို14days နဲ့ရောက်လာပြီး ၁လ သက်တမ်းတိုးလိုပါက All in one service ရပါမယ်နော် သက်တမ်းတိုးမဲ့နေ့မှာ ...
11/11/2025

ဘယ်နိုင်ငံကပဲလာလာထိုင်းကို14days နဲ့ရောက်လာပြီး ၁လ သက်တမ်းတိုးလိုပါက All in one service ရပါမယ်နော် သက်တမ်းတိုးမဲ့နေ့မှာ Passport လေးကိုင်ပြီးလာရုံပါပဲရှင် ငွေကြိုချေစရာမလိုပဲ အလုပ်ပြီးမှငွေချေရုံပါပဲနော််
သံရုံးထောက်ခံစာ ,TM 30,visa ကြေးအပါ အပြီးအစီး3200ဘတ်
စာရွက်စာတမ်းတွေပဲပြင်ပေးပါ ကိုယ်တိုင်တိုးပါမယ်ဆိုတဲ့သူလေးတွေအတွက် စာရွက်စာတမ်းအပြီးအစီး 800ဘတ်
ထိုင်းဘက်ရော မြန်မာဘက်အခြမ်းမှာပါ Vip pass service လေးလဲရပါအူးမယ်နော်
ဝန်ဆောင်မှုလေးတွေကို ရယူလိုပါက cb /0900883529ကို ဆက်သွယ်လိုက်ပါရှင့်

11/11/2025

#သီးစုံပဲကုလားဟင်းချက်နည်း

ပါဝင်ပစွည်းများ........

* ကြက်သွန်ဖြူ+နီ အနည်းငယ်

* ငရုပ်သီးအစိမ်းမူန့်

* ဂျင်း+ ပျဉ်တော်သိမ်းရွက်+မာဆလာ

*အာလူးအနည်းငယ်

*ဘူးသီးတစ်စိမ့်

*ပဲသီးတစ်စည်း

*ဒန့်ဒလွန်သီး သုံးတောင့်

*ရွှေဖရုံသီး တစ်စိပ်

*ခရမ်းသီးရှည် တစ်လုံး

*ပန်းဂေါ်ဖီ အနည်းငယ်

*ရုံးပတေသီး နှစ်တောင့်

*မန်းကျည်းသီး အနည်းငယ်

*ငရုပ်သီးစိမ်း သုံးတောင့်

*ကုလားပဲ တစ်ဆယ်သား

😋ပြုလုပ်နည်း👇👇

(1)ကုလားပဲ ကို နူးအိနေအောင် ပြုတ်ရပါမယ် ပဲစိများ ကြေသွားသည်
ထိပြုတ်ပါ တကယ်လို့မကြေခဲ့ရင်
ပဲများကိုဆယ်ထုပ်ပီး ထောင်း+ကြိပ် ခြင်းပြုလုပ်ထားပါ။

(2) ကြက်သွန်ဖြူ+အနီ ဆီသပ်လို့နီးလျှင် ငရုပ်သီးအစိမ်းမူန့်ထည့်ပါ။
(3) ဂျင်း+ပျဉ်တော်စိမ်း+မာဆလာ တို့ကိုထဲ့ပီး အနံ့မွှေးလာသည်ထိ ဆီသတ်ပါ။

(4)အာလူး +ရွှေဖရုံသီး +ပဲသီး +ဒန့်ဒလွန်သီးနှင့် ဘူးသီး တို့ကို အနေတော် တုံး/စိပ်၍ ရေစင်အောင် ဆေးပြီးဆီသတ်ထားသောအိုးထဲသို့ ထဲ့ပါ။

(5) ခရမ်းသီးနှင့် ပန်းဂေါ်ဖီ တို့ကို အနေတော် လှီးပြီး ထဲ့ပါ။

(6) ကြေညပ်အောင် ထောင်း/ကြိပ် ထားသော ကုလားပဲကို ထည့်ပါ ရေလိုလျှင် ရေနွေကိုပြုတ်ပီး လိုသလောက် ထဲထည့်ပြီးမွှေပါ။

(7) ဟင်းခတ်မှုန့် အရသာမှုန့် နှင့် ငံပြာရည် တို့ကိုအရသာမြည်းပီး လိုသလောက် ထဲ့ပါ။
(၁၀မိနှစ်လောက်အဖုံးအုပ်ထားပေးပါ)

(8)အဖုံးအုပ်ထားသောအိုး ပွတ်ပွတ်ဆူလားပီးဆိုရင် ခရမ်းသီးနှင့် ငရုပ်သီးစိမ်း
(ရိုက်ပြာပီး ထက်ခြမ်းခွဲထားပါ) တို့ကို ထည့်ပါ။

(9) မန်းကျည်းရည် ကို အနဲငယ်သာ ထည့်ပီးကိုယ်ကြိုက်နှစ်သက်တဲ့ အရသာကို ပြုပြင်ပါ။ ၁၀မိနှစ်လောက်ကြာသွားရင်တော့ အရသာရှိတဲ့ ပဲကုလာဟင်းကို သုံးဆောင်လို့ရပါပီးဗျ။

(သတိပြုရန် ပဲများကို အနူးမြန်အောင် ညကထဲက ရေစိမ်ထားပေးပါ။ ပါဝင်အသီးနှံများကို အစုံမထည့်ပဲ မိမိကြိုက်တဲ့ အသံးနှံကိုပဲ ရွေးချယ်ထည့်နိုင်ပါတယ်။

゚viralシ
゚viralシfypシ゚viralシalシ





Address

Yangon

Telephone

+959403930524

Website

Alerts

Be the first to know and let us send you an email when Helen Lifestyle’s posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share